ဟေရှာယအနာဂတ္တိကျမ်း - ၃၅

ဇိအုန်၏အနာဂတ်ဘုန်းတော်
1တောနှင့် လွင်ပြင်သည် ဝမ်းမြောက်လိမ့်မည်။ ဆိတ်ညံသော အရပ်သည်လည်း ရွှင်လန်း၍၊ နှင်းပွင့်ကဲ့သို့ အပွင့်ပွင့်လိမ့်မည်။ 2အလွန်ပွင့်လန်း၍ ဝမ်းမြောက်ခြင်း၊ သီချင်းဆိုခြင်းနှင့်တကွ မြူးထူးလိမ့်မည်။ လေဗနုန်တောင်၏ ဘုန်းနှင့်လည်းကောင်း၊ ကရမေလတောင်၊ ရှာရုန်အရပ်တို့၏ တင့်တယ်ခြင်း အသရေနှင့်လည်းကောင်း ပြည့်စုံလိမ့်မည်။ ထာဝရဘုရား၏ ဘုန်းတော်ကိုလည်းကောင်း၊ ငါတို့ဘုရားသခင်၏တန်ခိုးအာနုဘော်တော်ကိုလည်းကောင်း မြင်ရကြလိမ့်မည်။
3အားမရှိသောလက်တို့ကို ခိုင်ခံ့စေကြလော့။ လှုပ်တတ်သော ဒူးတို့ကို မြဲမြံစေကြလော့။ 4အားယူကြလော့၊ မစိုးရိမ်ကြနှင့်ဟု ကြောက်တတ်သော သူတို့အား ဆိုကြလော့။ အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင်သည် အပြစ်ပေးလျက်၊ ဒဏ်စီရင်လျက် ကြွလာတော်မူလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင်ကြွလာ၍၊ သင်တို့ကို ကယ်တင်တော်မူလိမ့်မည်။ 5ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်းနှင့် လွတ်ကြလိမ့်မည်။ 6ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့်မည်။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည်။ အကြောင်းမူကား၊ တော၌စမ်းရေထွက်၍၊ လွင်ပြင်၌ မြစ်ရေစီးလိမ့်မည်။ 7တံလျှပ်သည် ရေကန်ဖြစ်လိမ့်မည်။ သွေ့ခြောက်သောမြေသည် စမ်းရေတွင်းဖြစ်လိမ့်မည်။ မြေခွေးအိပ်ရာနေရာ၌ ကျူပင်နှင့် ဂမာပင်အစား၊ မြက်ပင်ပေါက်လိမ့်မည်။ 8ထိုအရပ်၌ လမ်းမကြီးရှိလိမ့်မည်။ ထိုလမ်းကို သန့်ရှင်းရာလမ်းဟု သမုတ်ကြလိမ့်မည်။ မစင်ကြယ်သောသူသည် ထိုလမ်းကို မလျှောက်မသွားရ။ သွားသောသူတို့နှင့်အတူ ကိုယ်တော်တိုင်ခရီးသွားလျက်ရှိတော်မူသည်ဖြစ်၍၊ မိုက်သောသူသော်လည်း လမ်းမလွဲရ။ 9ထိုလမ်း၌ ခြင်္သေ့မရှိရ။ သားရဲတစ်ကောင်မျှ မတက်မလာရ။ ရှာ၍ မတွေ့ရ။ ရွေးနုတ်သောသူတို့သာလျှင် ခရီးသွားကြလိမ့်မည်။ 10ထာဝရဘုရားကယ်လွှတ်တော်မူသော သူတို့သည် ပြန်လာ၍၊ သီချင်းဆိုလျက်၊ ထာဝရဝမ်းမြောက်ခြင်း သရဖူကိုဆောင်းလျက်၊ ဇိအုန်မြို့သို့ရောက်ကြလိမ့်မည်။ ဝမ်းမြောက်ရွှင်လန်းခြင်း အခွင့်ကိုရကြ၍၊ ဝမ်းနည်းခြင်းနှင့် ညည်းတွားခြင်းသည် ပြေးသွားရလိမ့်မည်။

ဟေရှာယအနာဂတ္တိကျမ်း - ၃၅ (အနက်ဖွင့်)

၇။ ပေါ်ထွန်းလာမည့်နိုင်ငံတော်၏ဘုန်းတန်ခိုး(အခန်း၃၅)

၃၅:၁-၇ ပုန်ကန်ခြားနားသောတိုင်းနိုင်ငံသားများဖျက်ဆီးပစ်ပြီးသောအ ခါကယ်တင်ရှင်သခင်ယေရှုခရစ်တော်၏နိုင်ငံတော်သစ်ပင်ပေါ်ထွန်းလာမည်။  ထိုနေ့ရက်ကာလတွင်ဘုရားသခင်ကိုယ်တော်တိုင်ဘုန်းတန်ခိုးအပြည့်အစုံဖြင့်ယုံ ကြည်သူများနှင့်အတူတကွစိုးစံသဖြင့်ကမ္ဘာမြေထဲမှပဒေသာပင်ထွက်မည်။  သန့်ရှင်းသူများမျက်နှာသာရကောင်းစားရာဖြစ်သည်။ သုံစားမရ၊အရည်အ ချင်းမမှီသောဆိုးညစ်ခြင်းများအားလုံးဖယ်ရှားမည်။ ထွန်ယက်စိုက်ပျိုးမရ သောကန္တာရမြေသည်လည်းမြေဆီလွှာပြည့်ဝလျှက်ပျော်ရွှင်ဖွယ်ရာဖြစ်သွား မည်။

၃၅:၈-၁၀ မိုင်ပေါင်းရာချီရှည်လျားသောကန္တာရခရီးကြမ်းသည်ဖြောင့် မတ်စင်ကြယ်သောအဝေးပြေးလမ်းမကြီးဖြစ်သွားမည်။ ဘုရားသခင်ရွေးနှုတ် ထားသူများထိုလမ်းပေါ်တွင်လျှောက်လမ်းကြမည်။ ကမ္ဘာအနှံ့အပြားသို့ပြန့်ကြဲ သွားသောဣသရေလများပြန်လည်စုစည်းလာကြပြီးပျော်ရွှင်ခြင်းအောင်ပွဲခံ ကြမည်။ ယုံကြည်ထားသူများသည်ခမည်းတော်ဘုရား၏အိမ်တော်တွင်ယေရှု သခင်နှင့်အတူစိုးစံကြမည်။

အချို့ကျမ်းမူများတွင်ဤသင်ခန်းစာကို“အသင်းတော်၏ကောင်းကြီးမင်္ဂလာ” “ဣသရေလတို့အမင်္ဂလာ”ဟုခေါင်းစဉ်တပ်ကြသည်။ ဤကျမ်းပိုဒ် ၏အဓိကပစ်မှတ်ပရိသတ်သည်ဣသရေလလူမျိုးဖြစ်သည်။ ကောင်းကြီးမင်္ဂ လာလား၊ကျိန်ခြင်းအမင်္ဂလာလား၊အသင်းတော်အကြောင်းသည်နောက်ပိုင်းမှ လိုက်လာမည်။ Jennings ကဣသရေလများသို့ထိုသို့ပြောဆိုခြင်းသည်တရား မျှတမှုမရှိဟုဤသို့ရှင်းပြသည်။

ဓမ္မဟောင်းကျမ်းပရောဖက်ပြုချက်များကိုအားနည်းချက်၊မဟာမှား ယွင်းချက်များကိုသာထောက်ရှုကြသည်။ မှန်ပါသည်။ သို့သော်လည်းဘုရားသ ခင်၏ကတိတော်များသည်စာရှုသူနှင့်ကျွန်ုပ်အတွက်ပါဝင်သည်။ ယုံကြည်သူ အားလုံးသည်သခင်ခရစ်တော်အတူတကွ“အာမင်”ခေါ်ဆိုရမည့်သူများဖြစ် သည်။ ဣသရေလတို့၏မှားယွင်းခဲ့မှုများသည်ဘဝသင်ခန်းစာဖြစ်သည်။ ဣသ ရေလများကစကားတော်လက်မခံ၊ငြင်းပယ်ကြသည်။ အသုံးမပြုကြ။ အသုံးမ ပြုကြသည်နှင့်အညီခံစားကြသည်။ ဤသင်ခန်းစာတွင်ဣသရေလလူမျိုးတပါး တည်းသာဆိုလိုသည်မဟုတ်။ ဘုရားသခင်သည်ဝိညာဉ်အသိတရားကြွယ်ဝ၍ အသက်တာတွင်ယုံကြည်သစ္စာရှိသူများအားကျေးဇူးပြုပါသည်။ ဣသရေလလူ များကလောကရုပ်ဝတ္ထုများအားဘုရားပေးကောင်းကြီးမင်္ဂလာဟုယုံမှတ်သကဲသို့ယနေ့ယုံကြည်သူများသည်ဝိညာဉ်ရေးရာရတနာများအားတန်ဖိုးထားအပ် ပါသည်။ ဣသရေလလူမျိုးသို့ယေရှုခရစ်တော်ဖြင့်ပေးအပ်သောကတိတော် ပြည့်စုံခြင်းမရှိသေးပါ။ ထိုသို့ပြည့်စုံမည့်အကြောင်းသိသာကြစေရန်အသင်း တော်ပေးထားပါသည်။၄၂

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။