ဟေရှာယအနာဂတ္တိကျမ်း - ၂၈
ဟေရှာယအနာဂတ္တိကျမ်း - ၂၈ (အနက်ဖွင့်)
(စ)ဣသရေလနှင့်ယေရုရှလင်တို့ကျဆုံးခြင်းနှင့်ပြန်လည်ထမြောက်ကြခြင်း (အခန်း၂၈-၃၅)
၁။ ဧဖရိမ်၊ဣသရေလသို့အမင်္ဂလာ(အခန်း၂၈)
၂၈:၁-၄ ရှမာရိတို့သည် မာနသရဖူ၊ ဣသရေလ(ဧဖရိမ်)အရက်သမားတို့၏ ဘုန်းအသရေပန်းပွင့်သည် ညှိုးနွမ်းတတ်သည်။ တောင်ထိပ်မြို့တော်၏ ဘုန်းအသရေသည်အချိန်မတန်မီပွင့်၍အသီးမကောင်းသောအသီးကဲ့သို့ဖြစ်သွားမည်။ မြို့ကြီးသားများသည်မူးယဇ်သောက်စားလျက်ရုပ်ဝတ္တုပစ္စည်းနောက်သို့၎င်း၊ ကာမတဏှာနောက်၎င်းရမ္မက်ကြီးကြသောကြောင့်ကြွေရက်စောကြမည်။ အ သီးမတန်မီဆွတ်ချခံရသောသင်္ဘောသဖန်းပင်ကဲ့သို့ထို့မြို့တော်ကိုအာရှုရိသား များကတိုက်ခိုက်ဆွတ်ယူဖို့တကဲကဲပြင်ဆင်နေကြသည်။
၂၈:၅-၆ ထာဝရဘုရားသခင်၏အသရေတင့်တယ်သောဦးရစ်သရဖူသည် ညှိုးနွမ်းခြင်းမရှိသောကြောင့်ခရစ်တော်ဘုရားတဖန်ပြန်လည်ကြွလာ၍နိုင်ငံ တော်တည်ထောင်သောအခါကျန်ကြွင်းသောဣသရေလသားများကကျေနပ်စွာ ဆောင်းကြရမည်။ ဘုရားရှင်ကဧဖရိမ်ခေါင်းဆောင်များကိုစစ်တောင်းလော့၊အ စွမ်းသတ္တိ၊တရားစီရင်သောတန်ခိုးပေးသောကြောင့်ရန်သူများကိုအောင်မြင် ကြမည်။ ရန်သူမြို့တံခါးထိအောင်ပန်းဆင်ကြမည်။
၂၈:၇-၈ ယုဒလူများဘက်သို့တဖန်မြှားဦးလှည့်သည်။ ယုဒလူများသည် လည်းဣသရေလသားများကဲ့သို့ပင်မူးယဇ်သောက်စားလျက်စားပွဲကိုအန်ဖတ် ဖြင့်ပေကျံစေကြသည်။ ယဇ်ပုရောဟိတ်များနှင့်ပရောဖက်များသည်လည်းနှုတ် ကပတ်တော်နာခံခြင်းမရှိကြ။
၂၈:၉-၁၀ ဘာသာရေးခေါင်းဆောင်များက ဘုရားသခင်ကိုစော်ကားကြ သည်။ သူတို့ကိုဘုရားသခင်ကသူငယ်နှပ်စားများကဲ့သို့ ဆက်ဆံသည်ဟုဆင် ခြေဆင်လက်ပေးကြသည်။ ဘုရားသခင်ကထိုသူများကို လူမမယ်စာမမြောက် ဥခွံကျွတ်စကဲ့သို့အမှန်တကယ်သဘောထားပါသလား။ စကားတလုံးတည်း သာပြောတတ်သေးသောသူငယ်ကဲ့သို့မှတ်သလား(ဟေဗြဲကျမ်းတွင်)၃၆။
၂၈:၁၁-၁၃ ဘုရားသခင်က“ဟုတ်ကဲ့၊ထိုကဲ့သို့မှတ်ပါသည်”ဟုဆိုသည်။ “ငါ့စကားကိုနားလည်သော်လည်းနားမထောင်ချင်သောအချိန်မှစ၍သင်တို့ထံသို့ ရပ်ခြားသားကျူးကျော်ရေးသမား (အာရှုရိ)များကိုစေလွှတ်မည်”။ သူတို့၏ နှုတ်ထွက်စကားများသည်ဘုရားသခင်၏နှုတ်ကပတ်တော်မနာခံသူများအ တွက်တရားစီရင်ခြင်း အမိန့်အာဏာကဲ့သို့ပြင်းထန်သည်။ နှုတ်ကပတ်တော်ကို မနာခံ၊မခံယူသူများသည်အခြားလူများ၏စကားကိုနာခံစေမည်။ ဘုရားသခင် သည်ဘုရားဖြစ်သည့်အလျောက် အလိုတော်အတိုင်းစီရင်ပိုင်ခွင့်ရှိသည်။ ထိုစ ကားကို Jennings ဤသို့ထောက်ခံသည်။
အရှင်းလင်းဆုံး၊ အရိုးသားဆုံးစကားဖြစ်ပါသည်။ နှုတ်ကပတ်တော်မနာခံ၊ ငြင်းပယ်သူများတွင်တာဝန်ရှိပါသည်။ နှုတ်ကပတ်တော်မနာခံမှု သာမက၊ ငြင်းဆန်ကြသောကြောင့်အရေးယူခြင်းခံရမှာထိုက်တန်ပါသည်။၃၇
၂၈:၁၄-၁၅ ယုဒခေါင်းဆောင်များကအာရှုရိသားများ ကျူးကျော်တိုက် ခိုက်ခြင်းရန်မှကင်းလွတ်ရန် အဲဂုတ္တုနှင့်မဟာမိတ်ပြုခြင်းအပေါ်ဂုဏ်ယူဝင့် ကြွားကြသည်။ သို့သော်ထိုမဟာမိတ်ပြုခြင်းကသူတို့ကိုမရဏနိုင်ငံသို့ပို့ဆောင် သည်ကိုမသိကြ။ မုသာစကားနှင့်လှည့်စားခြင်းကိုယုံမှားကြပြီ။ သေမင်းနှင့်စာချုပ်ချုပ်ခြင်း၊ မရဏနိုင်ငံနှင့်အကျွမ်းဝင်ခြင်းဟူသောစကားသည် စာပေသဒ္ဒါ အားဖြင့်အနက်ကောက်ယူရန်မဟုတ်။ ယုဒပြည်သည်အဲဂုတ္တုပြည်နှင့်မိဿဟာ ယပြုသောကြောင့် ယာမမင်းကိုမကြောက်၊ မရဏာနိုင်ငံသို့သွားဖို့မစိုးရိမ်ဟုဆိုလိုသည်။ အချို့ကျမ်းစာပညာရှင်များက နောင်အနာဂတ်တွင် ယုဒပြည်နှင့်သားရဲတို့မဟာမိတ်ပြုကြမည့်အကြောင်းဖြစ်သည်ဟုအနက်ဖွင့်ကြသည်။ (ဒံ၉:၂၇)
၂၈:၁၆-၁၇ ဘုရားသခင်သည်မေရှိယတစ်ပါးတည်းကိုသာယုံကြည်ကိုးစား ကြဖို့၊ မလှုပ်နိုင်သောမြဲမြံသည့်တိုက်ထောက်မြစ်အဖြစ်ယုံကြည်စိတ်ချဖို့ပြော ထားသည်။ မေရှိယသခင်ကိုကိုးစားတည်မှီသူများသည်ဘယ်သောအခါယိုင်လဲ ခြင်းမရှိရ။ မေရှိယသခင်ကတရားမျှတခြင်း၊ ဖြောင့်မတ်စင်ကြယ်ခြင်းအုပ်စိုး မည်။ အပြစ်စီရင်ခြင်းခံစားစေသောယုံမှားခြင်းများကိုလည်းပယ်ရှားပေးမည်။
၂၈:၁၈-၂၂ ကျူးကျော်သူများဝင်ရောက်လာသောအခါယုဒတို့၏နိုင်ငံ ရေးတန်ခိုးအစွမ်းကပြည်သူများကိုကာကွယ်ခြင်းမပြုနိုင်။ ဝင်ရောက်လာ သော ရန်သူတိုင်းက အိမ်တွင်း ထိအောင် ကျူးကျော်ဝင်ရောက်လာကြမည်။ ထိုအခါယုဒပြည်သူများသည်ဘုရားသခင်၏သတိပေးစကားများကိုပြန်လည် အမှတ်ရကြမည်။ “ခုတင်သည်ကိုယ်မဆန့်လောက်အောင်တို၏။ စောင်သည် လည်းမခြုံလောက်အောင်ငယ်၏”ထိုစကားသည်ထိုသူများအားဘေးရန်လုံခြုံ ပေးမည့်ကတိတော်စောင့်ထိန်းဖို့ချို့ယွင်းကြသည့်အကြောင်းဖြစ်သည်။ သို့ သော်ထိုသူများ၏နောင်တစကားများသည်နောက်ကျနေပြီ။ ဘုရားသခင်သည် သူလူများ၏ရန်သူများတရားစီရင်သကဲ့သို့သူ့လူများကိုလည်းအရေးယူအပြစ် ပေးမည်။ အရေးယူချက်မှာတိုင်းတပါးသားများထဲသို့ဝကွက်အပ်နှံသည်။ ညှဉ်း ပန်းနှိပ်စက်ခြင်း၊ ဖိစီခြင်း၊ ကြိမ်းမောင်းခြင်းတနေ့ပြီးတနေ့ပိုမိုခံကြရမည်။
၂၈:၂၃-၂၉ ဤပရောဖက်ပြုချက်နှင့်ပတ်သက်၍ Herbert vandrer lugt ၏ဖွင့်ဆို ချက်ကို ဖတ်ရှုကြည့်ကြရအောင်။
ဘုရားသခင်က သူ့လူများနှင့်ဆက်ဆံပုံကိုလယ်သမားလုပ်ငန်းအသွင်အ ပြင်(၃)မျိုးဖြင့် ရှင်းပြထားသည်။ ပထမဦးစွာလယ်သမားသည် စိုက်ပျိုးဖို့အဆင် သင့်မဖြစ်မခြင်း၊ လယ်ကိုထွန်ယက်ချေမွသည်(ငယ်၂၄)။ ထိုကဲ့သို့ပင်ယုံကြည်သူများ၏အသက်တာတွင်လည်းအကြံအစည်တော်စံချိန်မမီမခြင်းလှုပ်နှိုးနေပါသည်။ မြေသားထွန်ယက်ပြီးသောအခါ လယ်သမားမျိုးစေ့ကိုအလုံအလောက် ကြဲသည်(ငယ်၂၅-၂၆)။ ထိုကဲ့သို့ပင်ဘုရားသခင်သည်စီချိန်စံညွှန်းမီသောမျိုး စေ့များကိုစနစ်တကျရွေးချယ်သည်။ ကန့်သတ်ချက်အရည်အသွေးပြည့်မီရန် လိုအပ်သောတန်ဆာပလာအရာများကိုလည်းအားဖြည့်ပေးသည်။ နောက်ဆုံး တွင်လယ်သမားသည်ကောက်နှံများကိုရိတ်သိမ်းသည်။ ကောက်လှိုင်းများချွေ ချသည်(ငယ်၂၇၊၂၈)။ ဘုရားသခင်သည်မတန်တဆအလေးများကိုမသုံးပါ။ ကောက်လှိုင်းများနှင့်တန်ရာတန်ရာကိရိယာများသုံးပါသည်။ ထိုကဲ့သို့ပင်ယုံ ကြည်သူများကိုလည်း မနိုင်မနင်းမတန်မဆဝန်များမထမ်းခိုင်းပါ။ တန်ရာတန် ရာခံနိုင်ရည်ရှိသလောက်သာခိုင်းပါသည်။၃၈
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။