ယေဇကျေလအနာဂတ္တိကျမ်း - ၇
ယေဇကျေလအနာဂတ္တိကျမ်း - ၇ (အနက်ဖွင့်)
(ဂ)ဗာဗုလုန်တို့ အလုံးအရင်းဖြင့် ကျူးကျော်ဝင်ရောက်အံ့ဆဲဆဲဖြစ်ခြင်း (အခန်း ၇)
၇:၁−၁၈ ဘုရားသခင်၏ စီရင်ခြင်းနေ့ရက်သည် မလွဲမသွေ ကျရောက်လာတော့မည်။ ထိုနေ့ရက်တွင် တရားစီရင်မည့်အရှင်မှာ ဘုရားသခင်ဖြစ်ကြောင်းမေးစရာလို မည်မဟုတ်ပါ (ငယ်၁−၁၃)။ ထိုနေ့ရက်၌ စစ်ချီဖို့တံပိုးခရာမှုတ်သော်လည်း အဘယ်သူမျှ စစ်မှုထမ်းဖို့မသွားကြ။ အံ့သြတုန်လှုပ်ဖွယ်ရာကပ်ဘေးဆိုးကြီးကြောင့် လူတို့၏ ရဲစွမ်းသတ္တိနှင့် ခွန်အားလည်းယုတ်လျော့ ကုန်ခန်းမည်(ငယ်၁၄−၁၈)။
၇:၁၉−၂၂ လူအသုံးအဆောင်၊ ရုပ်ဝတ္တုပစ္စည်းများ သုံးစားစရာမရှိ။ အချည်းနှီးဖြစ်ကုန်မည် (ငယ်၁၉)။ အဘယ်ကြောင့်ဆိုသော် ဗိမာန်တော် (တင့်တယ်သောတန်ဆာ)၌ ရုပ်တုများဖြင့် ပြည့်နှက်ညစ်နွမ်းခဲ့လေပြီ။ သူစိမ်းလူ ဗာဗုလုန်များလက်သို့ပေးအပ်မည်။ သူတို့လုယက်၍ ဖရိုဖရဲပြန့်ကြဲစေသဖြင့် ဗိမာန်တော်သည် ညစ်ညမ်းခဲ့လေပြီ(ငယ် ၂၀−၂၂)။
၇:၂၃−၂၇ ရှင်ဘုရင်၊ မင်းသား၊ ပရောဖက်များ၊ ယဇ်ပုရောဟိတ်များ၊ သက်ကြီးသူများနှင့် အရပ်သားပြည်သူ၊ လူတန်းစားအားလုံးအပေါ် ပျက်သုဉ်းမှုသက်ရောက်မည်။ အများပြည်သူတို့သည် ဘုရားသခင်အတွက် သက်သေခံဖြစ်ကြရမည်််ဖြစ်သော်လည်း ပျက်ကွက်ခဲ့ကြသည်။ ဘုရားအတွက်သက်သေခံစရာမှာ ဘုရားသခင်၏ တရားစီရင်ခြင်းသာလျှင် ရှိတော့သည်။ မည်မျှ လေးနက်တည်ကြည်သော နည်းလမ်းဖြစ်ပေသနည်း။ လူအလွှာအဆင့်အားလုံး နေရာဒေသအားလုံး အလုံးစုံအကြုံးဝင်သည်။ ဘုရားသခင်ကို သိကျွမ်းခြင်းမရှိသော လူတိုင်း၊ဘုရားရှင်ကို ငြင်းပယ်သူတိုင်း၊ သူတို့၏ပင်ကိုယ်လက္ခဏာများ ပျောက်ဆုံးလိမ့်မည်။ ဘေးဒုက္ခကျရောက်သောအခါ ကယ်မကူညီမည့်နည်းလမ်း ဘာမျှမရှိ။ တိုင်းနိုင်ငံများ၊ လူမျိုးများနှင့် လူတစ်ဦးစီတိုင်း အတူတူဖြစ်သည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။