ယေဇကျေလအနာဂတ္တိကျမ်း - ၂၃
ယေဇကျေလအနာဂတ္တိကျမ်း - ၂၃ (အနက်ဖွင့်)
(ဖ) ပြည့်တန်ဆာညီအမပုံဥပမာ (အခန်း ၂၃)
(၁) အစ်မအဟောလ (၂၃:၁−၁၀)
၂၃:၁−၄ ဤပြည့်တန်ဆာညီမအစ်မ ဇာတ်လမ်းသည် ပုံဥပမာသာဖြစ်သည်။ အစ်မသည် အဟောလ၊ ညီမသည် အဟောလိဗဟု အမည်ရသည်။ အစ်မအဟောလသည် ရှမာရိပြည်ဖြစ်၍ ညီမအဟောလိဗသည် ယေရုရှလင်မြို့ကို ကိုယ်စားပြုသည်။
၂၃:၅−၁၀ အဟောလ ဆိုသောစကားမှာ (မှုပိုင်) ဟုအဓိပ္ပါယ်ရ၍ ကိုယ်ပိုင်တဲ ဖြစ်သည်။ ရှမာရိတွင် သီးသန့်ဝတ်ပြုကိုးကွယ်ရာဌာန ရှိသည်။ ဘုရားသခင်၏ ဗိမာန်တော်မှာ ယေရုရှလင်၌ရှိသည်။၂၂ အဟောလသည် ကြည့်ကောင်းတပ်မက်ဖွယ် အာရှုရိမြင်းသည် တော်များနှင့် ပေါင်းဖော်သည်။ ရည်းစားများသည်။ ထိုကြောင့် အဝတ်အစားများကို ချွတ်ပစ်ပြီး ဓါးဖြင့် ခုတ်သတ်ပစ်ကြ သည်။
(၂)ညီမအဟောလလိဗ (၂၃:၁၁−၂၁)
အဟောလိဗ(သူမလက်ထဲတွင် ငါ့တဲရှိသည်ဟုအနက်ရ)သည် ရုပ်တုကိုးကွယ်ခြင်း၌ ပြည့်တန်ဆာမကဲ့သို့ ဖြစ်သည်။ အကျင့်စာရိတ္တ ဖောက်ပြန်သည်။ ဣသရေလသားများကဲ့သို့ အာရှုရိသားများကို ချစ်ခင်စုံမက်ခဲ့သည်(ငယ် ၁၂၊၁၃)။ ထို့နောက်ဗာဗုလုန်လူများ၏ ရုပ်တုကိုပုံဖော်လိုက်ပြန်သည်။ ထိုသူတို့ကို လိုချင်တပ်မက်သောကြောင့် သတင်းစကားလွှတ်လိုက်ပြန်သည်။ အလည်လာဖို့ ဖိတ်ခေါ်သည် (၄ရာ ၁၆:၇)။ အဲဂုတ္တုပြည်မှာ နုပျိုစဉ်ကအတိုင်း ငယ်မူငယ်သွေးဖြင့် ဗာဗုလုန်ကို ဖျားယောင်းမြူဆွယ်၍ စာရိတ္တဖောက်ပြန် ညစ်နွမ်းလေပြီ။
(၃) ဗာဗုလုန်တို့ကျူးကျော်လာခြင်း (၂၃:၂၂−၃၅)
ထိုသို့ စာရိတ္တဖောက်ပြန်စဉ် အဟောလိဗသည် သူ့ရည်းစားဗာဗုလုန်သားတို့၏ ဖျက်ဆီးခြင်းခံရမည်။ သူချစ်ခင်မြတ်နိုးသောရည်းစားက သူ့ကို မုန်းတီးစွာပြန်လည် ဆက်ဆံမည်။ ဘုရားသခင်အားမေ့လျော့ပြီး လောကီသာယာမူနှင့် အသွေးအသားတောင့်တမှုတို့၏ နောက်သို့ လိုက်သည်။ ထိုဒုစရိုက်မှုများမှာ တရားစီရင်ခြင်းခံရမည်။ အငယ် ၃၃နှင့် ၃၄ မှာ ပျက်စီးရသည့်အကြောင်းအရင်း ဖြစ်သည်။ ယနေ့ခေတ်၌လည်း ထိုနည်းအတိုင်း ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော် စမ်းရေကိုသောက်သုံးမှသာလျှင် ထာဝရရေငတ်ပြေမည်။ နောက်တဖန်ရေဆာမည်မဟုတ်။
(၄) အဟောလနှင့် အဟောလိဗတရားစီရင်ခြင်း (၂၃:၃၆−၄၉)
ထိုညီအစ်မနှစ်ယောက်စလုံး အပြစ်ဒုစရိုက်အတိမ်အနက်သည် အတူတူဖြစ်သည်။ မျောက်မထားခြင်း၊ လူ့အသက်သတ်ခြင်း၊ ယဇ်ပူဇော်ခြင်း(ငယ်၃၇) ဗိမာန်တော်ဂုဏ်သရေ ယုတ်ညံ့စေခြင်း၊ ဥပုသ်နေ့ချိုးဖောက်ခြင်း(ငယ် ၃၈)၊ ဘုရားသခင်နှင့် ရုပ်တုကိုးကွယ်မှုကို ရောနှောခြင်း(ငယ်၃၉)၊ နိုင်ငံရပ်ခြားတိုင်းတပါးသားများနှင့် ပေါင်းဖက်၍ ဝိညာဉ်ရေးရာတွင် ဖောက်ပြန်မျောက်မထားခြင်း(ငယ်၄၀−၄၄) စသည်တို့ ပြစ်မှားကျူးလွန်ကြသည်။ ဖြောင့်မတ်သူများ (ဘုရားသခင်ရွေးကောက်ထားသူများ) သည်လည်း ထိုပြည့်တန်ဆာညီအစ်မ တရားစီရင်ခြင်း ခံရသကဲ့သို့ ဖျက်ဆီးခြင်းခံ ကြရမည်(ငယ်၄၅−၄၉)။
ယုဒဘာသာတရား ယုံကြည်ခြင်းသည် စင်ကြယ်ခြင်းမရှိ။ ယေဟောဝါဘုရားကိုးကွယ်ရာတွင် ရုပ်တုဆင်းတုကိုးကွယ်ခြင်းနည်းနာများနှင့် ရောနှောနေသည်။ ယနေ့ခေတ်ကာလတွင်လည်း ထိုအဖြစ်မျိုးဝမ်းနည်းဖွယ်ရာ တွေ့ရသည်။ သမ္မာကျမ်းစာ သွန်သင်ချက်အတိုင်းမပြုကျင့်ကြ။ ယုဒဝါဒ၊ ရုပ်တုဆင်းတုဝါဒအရှေ့တိုင်း ဘာသာအယူအဆ၊ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေခြင်းဝါဒ၊ စိတ်ပညာစသည်တို့နှင့် ရောစပ်ပေါင်းဖက်နေကြသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။