ထွက်မြောက်ရာကျမ်း - ၃၉
ထွက်မြောက်ရာကျမ်း - ၃၉ (အနက်ဖွင့်)
(ဆ) ယဇ်ပုရောဟိတ်ဝတ်ရုံပြင်ဆင်ခြင်း (အခန်း ၃၉)
၃၉:၁–၇ ယဇ်ပုရောဟိတ်ဝတ်ဆင်မည့် ဝတ်ရုံ အကြောင်းပြောကြပါစို့။ အရောင်လေးရောင်ဖြင့် ရက်လုပ်ထားခိုင်းသည်။ ထိုအရောင်များသည် အသီးသီးအဓိပ္ပါယ်ရှိကြသည်။ အချို့က ခရစ်ဝင်ကျမ်း လေးကျမ်းဟု အနက်ကောက်ကြသည်။ ခရမ်းရောင်သည် ရှင်မဿဲခရစ်ဝင်ကျမ်းဖြစ်၍ အစခံကျွန်အဖြစ် ပင်ပန်းဆင်းရဲခံမှု၊ အဖြူရောင်သည် ရှင်ယောဟန်ကျမ်းဖြစ်၍ အပြစ်မဲ့လူသားတော်ကို ပုံဆောင်သည်။ အပြာရောင်မှာ ကောင်းကင်နိုင်ငံမှ ဆင်းသက်လာသော ဘုရားသားတော်ဟု အနက်ဖွင့်ဆိုကြသည်။ သင်တိုင်းအပေါ်တွင် ရွှေရောင် ခတ်ထားခြင်းသည် ဘုရားသခင်၏ ဇာတိတော် (ငယ် ၃)ပုံဆောင်သည်။ ပုခုံးတစ်ဖက်တစ်ချက်တွင် တင်ထားသော သင်တိုင်းပေါ်တွင် ကျောက်မျက်ပေါ်၌ ဣသရေလလူမျိုး (၁၂)ပါး၏ အမည်စာရင်း ထိုးထားသည်။
၃၉:၈–၂၁ ရင်ဖုံးကို အဖိုးတန်ကျောက်မျက် (၁၂)ပါးဖြင့်စီချယ်ထားသည်။ ထိုကျောက်မျက်တစ်ခုစီသည် ဣသရေလလူ (၁၂)မျိုး တစ်မျိုးစီ ကိုယ်စားပြုသည် (ငယ် ၁၀-၁၄)။ ဧဝံဂေလိဆရာကြီး ပေတရုက “ရင်ဖုံးအား ရင်ထဲမှ ချစ်မေတ္တာသည် ဘုရားသခင်၏ရှေ့တော်၌ ဘုရားသခင်၏နာမတော်၌ ယုံကြည်သူများ စုဝေးရောက်ရှိကြမည့်အကြောင်း အဓိပ္ပါယ်ဆောင်သည်” ဟု အနက်ဖွင့်ဆိုထားသည်။
၃၉:၂၂–၂၆ ဝတ်ရုံသင်တိုင်းအောက်တွင် အပြာရောင်အောက်ခံဝတ်ရုံဝတ်ရသည်။ ဝတ်ရုံအဖျားအမြိတ် ပတ်လည်တွင် ရွှေဆည်းလည်းနှင့် သလဲသီးပုံအပြာ၊ ခရမ်း၊ ကြက်သွေးရောင်အသီးများ တလုံးခြား တပ်ဆင်ထားသည်။ သလဲသီးပုံသည် ဝိညာဉ်ရေးရာပုံဆောင်၍ ယဇ်ပုရောဟိတ်ဆရာကြီးထဲတွင် တည်မှီလျှင် ဝိညာဉ်အသီးပြန်လည်သီးပွင့်ကြကြောင်း အဓိပ္ပါယ်ရသည်။
၃၉:၂၇–၂၉ သင်တိုင်းကို ပိတ်ချော ခါးပန်းဖြင့် စည်းရသည် (ဝတ် ၈:၇)။ ထို့နောက် ဘုန်းတန်ခိုးပြသရာ ဝတ်ရုံဆင်မြန်းရသည်။ ဘုရားရှင်သည် နောင်တရသောအပြစ်သားများကို ဖြောင့်မတ်ခြင်းတရားအလို့ငှါ ဦးစွာခေါ်ပါသည် (၂ကော ၅:၂၁)။ သခင်ယေရှု တဖန်ပြန်လည်ကြွလာသောအခါ သူ့လူများကို ဘုန်းတန်ခိုးဖြစ်စေသည်။
၃၉:၃၀–၃၁ ယဇ်ပုရောဟိတ်၏ ဗောင်းပေါ်တွင် ရွှေပြားပေါ်၌ ထာဝရဘုရားအား သန့်ရှင်းခြင်း ဟု ထင်ရှားပေါ်လွင်စွာ ရေးသားထားသည်။ မကောင်းသော အမှုအရာများကို ဘုရားရှင်ထံသို့ မရောက်မီ ဖယ်ရှင်းသန့်စင်ရသည် (ထွ ၂၈:၂၈)။ ထိုသို့သန့်စင်ပြီးမှ ဘုရားရှင်ထံ ဝင်ရောက်ရသော်လ်ည်း လူ့အကျင့် စရိုက်များသည် အပြီးအစီးသန့်စင် ကြည်လင်ခြင်းမရှိ။ ထို့အကြောင့် ယုံကြည်သူများ၏ ယဇ်ပုရောဟိတ်ကြီး အားဖြင့်သာလျှင် အဘဘုရားသခင်ထံတော်သို့ ဝင်ရောက်နိုင်သည်။
၃၉:၃၂–၄၃ ဣသရေလလူအပေါင်းသည် မောရှေညွှန်ကြားသည့်အတိုင်း လိုလေသေးမရှိအောင် အသေးစိပ်လုပ်ဆောင်ကြပြီးသောအခါ မောရှေက တဖန်စစ်ဆေးသည်။ ဘုရားသခင် မိန့်မှာသည့်အတိုင်း တသွေမတိမ်းပြည့်စုံခြင်းရှိမရှိ စစ်ဆေးသည်။ အတိအကျလုပ်ဆောင်ကြကြောင်းတွေ့သောကြောင့် လူအပေါင်းအား ကောင်းကြီးမင်္ဂလာပေးသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။