ထွက်မြောက်ရာကျမ်း - ၁၁
ထွက်မြောက်ရာကျမ်း - ၁၁ (အနက်ဖွင့်)
၆။ သားဦးများသေကြခြင်းနှင့်ဣသရေလတို့လွတ်မြောက်ခြင်း (၁၁:၁–၁၂:၃၀)
၁၁:၁–၁၀ မောရှေသည် ဖာရောမင်းထံမှ မခွါနိုင်သေး။ အပိုဒ်ငယ် ၄-၈ တွင် ဆက်လက် စကားပြောနေသည်။ ပထမပိုင်း အပိုဒ်ငယ် (၃)ခုသည် စကားချပ်ဖြစ်သည်။ နောက်ဆုံးနှင့် ဒဿမကပ်ဆိုး ရောက်ခါနီးဖြစ်သောကြောင့် ဣသရေလများအား အိမ်နီးနားချင်း အဲဂုတ္တုများထံမှ ရွှေတန်ဆာ၊ ငွေတန်ဆာများ တောင်းခိုင်းသည် (ငှါးခြင်းမဟုတ်၊ KJV)။ အဲဂုတ္တုလူမျိုးများ၏ သားဦးများ ညဉ့်နက်ယံတွင် သေဆုံးကြမည်ဟု မောရှေက ဖာရောမင်းအား သတိပေးသည် (၁၂:၆)။ သို့သော် ဣသရေလအမျိုးအား ချက်ချင်းထွက်ခွာကြရန် တောင်းပန်မည်။ မောရှေ၏စကားကို ကြားသိသောအခါ ဖာရောမင်းပိုမိုဒေါသထွက်လာသည်။ သို့သော် အလိုလိုက်လျော့ဖို့ ဂရုမစိုက်။ ဖာရောမင်း၏ စိတ်နှလုံးသည် ဒေါသနှင့် အတူ ခိုင်မာသထက်ခိုင်မာလာသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။