ဧသတာ၀တ္ထု - ၄

ကူညီရန်ဧသတာကတိပြုခြင်း
1ထိုအမှုရှိသမျှကို မော်ဒကဲသိသောအခါ၊ မိမိ အဝတ်ကို ဆုတ်၍ ပြာနှင့်လူးလျက်၊ လျှော်တေအဝတ်ကို ဝတ်လျက်၊ မြို့အလယ်သို့သွား၍ ကြီးကျယ်သောအသံနှင့် ငိုကြွေးလေ၏။ 2လျှော်တေအဝတ်ကို ဝတ်လျက် နန်းတော်တံခါးထဲသို့ အဘယ်သူမျှ မဝင်ရသောကြောင့်၊ နန်းတော်တံခါးရှေ့မှာ ရပ်နေ၏။ 3ရှင်ဘုရင်အမိန့်တော်စာ ရောက်လေသော အပြည်ပြည်တို့၌ ယုဒလူတို့သည် အလွန်ညည်းတွားခြင်း၊ အစာရှောင်ခြင်း၊ ငိုကြွေးမြည်တမ်းခြင်းကို ပြု၍၊ လူများတို့သည် ပြာနှင့်လျှော်တေအဝတ်၌ အိပ်ကြ၏။ 4မော်ဒကဲအမှုကို ဧသတာ၏ကျွန်မတို့နှင့် မိန်းမစိုးတို့သည် ကြားပြောသောအခါ၊ မိဖုရားသည် အလွန်ဝမ်းနည်းလျက်၊ မော်ဒကဲဝတ်သော လျှော်တေကိုပယ်၍ အခြားသောအဝတ်ကို ဝတ်စေခြင်းငှာ ပေးလိုက်သော်လည်း၊ မော်ဒကဲသည် မခံမယူဘဲနေ၏။ 5တစ်ဖန် ဧသတာသည် ရှင်ဘုရင်အမိန့်တော်နှင့် ခစားသော မိန်းမစိုးဟာတက်ကို ခေါ်၍၊ အဘယ်အမှု ရှိသနည်း။ အဘယ်ကြောင့် ဤသို့ပြုသနည်းဟု မော်ဒကဲကို မေးစေခြင်းငှာ စေလွှတ်သည်အတိုင်း၊ 6ဟာတက်သည် မော်ဒကဲရှိရာ နန်းတော်တံခါးရှေ့၊ မြို့တော်လမ်းသို့သွား၍၊ 7မော်ဒကဲသည် မိမိ၌ရောက်သောအမှု ရှိသမျှကိုလည်းကောင်း၊ ဟာမန်သည် ယုဒလူတို့ကို ဖျက်ဆီးခြင်းငှာ၊ ငွေမည်မျှကို ဘဏ္ဍာတော်တိုက်ထဲသို့ သွင်းပါမည်ဟု ကတိထားကြောင်းကိုလည်းကောင်း ကြားပြောလျက်၊ 8ယုဒလူတို့ကို ဖျက်ဆီးခြင်းငှာ၊ ရှုရှန်နန်းတော်၌ထုတ်သော အမိန့်တော်စာလက်ခံကို ဧသတာအားပြဖို့ပေး၍၊ ဧသတာသည် မိမိလူမျိုးအဖို့ တောင်းလျှောက်ခြင်းငှာ၊ ရှင်ဘုရင်ထံသို့ ဝင်ရမည်အကြောင်း မှာလိုက်လေ၏။ 9ဟာတက်သည်လည်း လာ၍ မော်ဒကဲစကားကို ဧသတာအား ပြန်ပြော၏။
10တစ်ဖန် ဧသတာသည် ဟာတက်အားဖြင့်၊ မော်ဒကဲကို မှာလိုက်သည်ကား၊ 11ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ရှင်ဘုရင်ခေါ်တော်မမူဘဲ အတွင်းတံတိုင်း၊ ရှင်ဘုရင်ထံတော်သို့ ဝင်မိသောသူသည် အသက်ချမ်းသာရမည်အကြောင်း၊ ရွှေရာဇလှံတံကို ကမ်းတော်မမူလျှင်၊ အမှန်သေရမည်အကြောင်း အမိန့်တော်ရှိသည်ကို၊ ရှင်ဘုရင်၏ ကျွန်တော်မျိုးများနှင့် နိုင်ငံတော် ပြည်သူပြည်သားများအပေါင်းတို့သည် သိကြ၏။ အကျွန်ုပ်ကိုကား အရက်သုံးဆယ်ပတ်လုံး၊ ရှင်ဘုရင်ထံတော်သို့ ခေါ်တော်မမူဟု၊ 12ဧသတာစကားကို မော်ဒကဲအား ပြန်ပြောသောအခါ၊ မော်ဒကဲက၊ အခြားသော ယုဒလူ အသက်မလွတ်လျှင်၊ 13နန်းတော်၌နေသော်လည်း သင့်အသက်လွတ်မည်ဟု မထင်နှင့်။ 14ယခုကာလ သင်သည် တိတ်ဆိတ်စွာနေလျှင်၊ သင်နှင့်သင်၏ အဆွေအမျိုးသည် ပျက်စီး၍၊ ယုဒလူတို့ အသက်ရှင်ခြင်း၊ ကယ်တင်ခြင်းအကြောင်း တစ်စုံတစ်ခု ပေါ်လိမ့်မည်။ ယခုအမှုကိုဆောင်ဖို့ရာ သင်သည် မိဖုရားအရာကိုရသည်ဟု ထင်စရာရှိသည်မဟုတ်လောဟု ဧသတာအား ပြန်ပြောစေခြင်းငှာ မှာလိုက်၏။ 15-17ဧသတာကလည်း၊ ရှုရှန်မြို့၌ရှိသော ယုဒလူအပေါင်းတို့ကို စုဝေးစေခြင်းငှာ သွားပါ။ နေ့ညမပြတ် သုံးရက်ပတ်လုံး မစားမသောက်ဘဲနေ၍၊ အကျွန်ုပ်အဖို့ အစာရှောင်ခြင်းအကျင့်ကို ကျင့်ကြပါ။ အကျွန်ုပ်သည်လည်း ကျွန်မတို့နှင့်တကွ အစာရှောင်ခြင်းအကျင့်ကို ကျင့်ပါမည်။ ထိုနောက် အာဏာတော်ကို ဆန်ရသော်လည်း၊ ရှင်ဘုရင်ထံတော်သို့ ဝင်မည်။ သေလျှင် အသေခံပါမည်ဟု မော်ဒကဲအား ပြန်ပြောစေခြင်းငှာ မှာလိုက်သမျှအတိုင်း၊ မော်ဒကဲသည် သွား၍ ပြုလေ၏။

ဧသတာ၀တ္ထု - ၄ (အနက်ဖွင့်)

(မော်ဒကဲက မိဖုရားကြီးအားတွေ့ဆုံခြင်း (အခန်း )

 : ယုဒလူများသည် တိုင်းပြည်ပြင်ပ၌ ပျံ့နှံ့ကြသည်။ အုပ်စိုးမှုစနစ် မကောင်းသောတိုင်းပြည်တွင် လူဖြစ်ရခြင်းသည် ဝမ်းနည်းကြေကွဲဖွယ်ရာဖြစ်သည်။ လူဖြစ်ရှုံးကြသည်။ မော်ဒကဲသည် စုတ်ပြဲရွတ်တွသော အဝတ်အစားအစုတ်ကို ဝတ်ဆင်လျက် ဘုရင့်တံခါးဝတွင် စောင့်နေသည်။ အဘယ်ကြောင့်ဆိုသော် ဟာမန်၏ ပစ်မှတ်သည်သူဖြစ်ကြောင်း သိရှိသည်။ သူ့အတွက်ကြောင့် ယုဒတမျိုးသားလုံး ဆင်းရဲဒုက္ခရောက်ကုန်ပြီ။ သေကြေပျက်စီးကြရတော့မည်။

 : ဧသတာသည် နန်းတွင်းထုံးစံရှိသည့်အတိုင်း အဝတ်စုတ် ဝတ်ဆင်သူအား မေးမြန်းစုံစမ်းသည်။ နန်းတော်ထဲသို့ အဝတ်စုတ်ဖြင့်ဝင်ခွင့်မရှိ။ အသတ်ခံရသည်။ သို့ကြောင့် မော်ဒကဲအား အဝတ်အစားလဲခိုင်းသည်။ မော်ဒကဲက လက်မခံ။ ဧသတာ၏ ကိုယ်စောင့်တော်ဟာတက်က သွားရောက်မေးမြန်းသောအခါ ယုဒလူမျိုး၏ အန္တရာယ်စိုးဖြစ်ကြောင်း ကုန်စင်ကို မော်ဒကဲက ပြောပြလိုက်သည်။ ဟာမန်ထုတ်ပြန်သော အမိန့်စာ မိတ္တူကိုလည်း ဧသတာထံသို့ ပေးခိုင်းလိုက်သည်။

 :၁၀၁၂ ဘုရင်က မဖိတ်ခေါ်ဘဲနှင့် ဘုရင့်ထံတော်သို့ ခစားခွင့်မရှိကြောင်းနှင့် အကယ်၍ အရဲစွန့်ခစားပြီး ဘုရင့်စိတ်တော်နှင့် မတွေ့လျှင် သံလျက်တော်အောက်တွင် အသက်ပျောက်နိုင်ကြောင်း ဧသတာကပြန်ကြားလိုက်သည်။ ဘုရင်ကသူ့အား မခေါ်သည်မှာ ရက်ပေါင်း(၃၀)ရှိနေပြီ။ သဘောတော်ကျပုံ မရသောကြောင့် ဘုရင်မင်းအား ခစားရန် အန္တရာယ်ကြီးမားသည်။

:၁၃၁၄ မော်ဒကဲမှ ဧသတာသို့ ထပ်မံပြန်ကြားချက်ကို လိုရင်းတိုရှင်း ဖော်ပြပါမည်။ အကယ်၍ ဟာမန်က ယုဒလူများအား ဆက်လက်သတ်ဖြတ်လျှင် ဧသတာလည်း လွတ်မည်မဟုတ်။ ဧသတာက ဤကိစ္စဆောင်ရွက်ရန် ငြင်းပယ်လျှင် ထိုထက်ဆိုးဝါးသော ကံကြမ္မာဆိုးရောက်ရှိမည်။ ဧသတာမိဖုရားဖြစ်ခြင်းသည် သူ့လူများအား ကယ်တင်ရန် ဘုရားပေးသောအခွင့်အရေးဖြစ်သည်။ အပိုဒ်ငယ် ၁၄သည် ယနေ့ ယုံကြည်သူများကိုလည်း ဖိတ်ခေါ်ခြင်းဖြစ်သည်ကို သတိပြုပါ။

ယခုခေတ်ကာလ၌ သင်သည် တိတ်ဆိတ်စွာနေလျှင် သင်နှင့်သင်၏ အဆွေအမျိုးသည် ပျက်စီးဘို့ရောက်လိမ့်မည်။ ယုံကြည်သူတိုင်းသည်လည်း ဧသတာ၏နေရာတွင် ဝင်ရောက်နေရာယူကြည့်ပါ။ ဘုရားသခင်၏ အကြံအစည်တော်ကို လုပ်ဆောင်ကြည့်ကြပါ။

 :၁၅၁၇ ဧသတာသည် စိတ်ဒုန်းဒုန်းချ စိတ်ပိုင်းဖြတ်၍ ()ရက်တိတိ ယုဒတမျိုးသားလုံး အစာရှောင် ဆုတောင်းခိုင်းသည်။ ထို့နောက်အရဲစွန့်လျက် ရှင်ဘုရင်ရှေ့တော်သို့ ခစားသည်။

ဧသတာ၏ လူမျိုးအပေါ် စိတ်သဘောထား ငါသေလျှင် သေပါစေ ဟူသောစကားကို Matthew Poole က ဤသို့ချီးမွမ်းသည်။

အသက် အန္တရာယ် မည်မျှပင် ကြီးပါစေ၊ နန်းတွင်းစည်းကမ်း မည်မျှတင်းကြပ်ပါစေ၊ မိဖုရားဝါရှတိက လမ်းပြခဲ့ပါစေ၊ ဘုရင်အမျက်တော် ရှချင်ရှပါစေ၊ ငါ့လူမျိုးအတွက် ဘုရားသခင်ကို အားကိုး၍ ဘုရင်မင်းထံ ခစားဝင်မည်။ ဘုရားသခင်ကို အားကိုး၍  ဘုရင်မင်းထံ ခစားဝင်မည်။ ဘုရားလက်ထဲ၌ အသက်ကိုနှင်း၍ ယုံကြည်ခြင်းဖြင့် ဝင်ရောက်မည်။

ယုံကြည်သူ ခရစ်ယာန်များ ဆင်းရဲဒုက္ခ ကြုံတွေ့ခြင်းသည် ကံဆိုးမိုးမှောင်ကြခြင်း၊ ကံခေခြင်းမဟုတ်ပါ။ အကောင်းမြင် ရှုထောင့်ဖြင့်ကြည့်ပါ။ သင့်ကြိုးစားမှု၊ ယုံကြည်မှုအပေါ် ဘုရားသခင်က ဆုလက်ဆောင်ချီးမြှင့် လိုခြင်းဖြစ်သည်။ သစ္စာမပျက်၊ မဖောက်ပြန်ဘဲ၊ ကြံကြံခံအားတင်းထားပါ။ အချိန်တင်လျှင် အဖြေမှန်ရောက်လာပါမည်။ ယုံကြည်ခြင်းအားဖြင့် ရှေ့သို့ချီတက်ပါ။ “ငါတို့သည် သနားခြင်း ကရုဏာကို၎င်း၊ တော်လျော်သော မစခြင်းကျေးဇူးတော်ကို၎င်း၊ ခံရမည့်အကြောင်း၊ ရဲရင့်သောစိတ်နှင့် ကျေးဇူးတော်ပလ္လင်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့” (ဟေဗြဲ ၄:၁၆)

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။