တရားဟောရာကျမ်း - ၂၈
တရားဟောရာကျမ်း - ၂၈ (အနက်ဖွင့်)
၂၈:၁–၁၄ အပိုဒ်ငယ် ၁သည် အခန်း ၂၆ နိဂုံးစကား “ဘုရားသခင်ကမြင့်သောအရပ်သို့ထားတော်မူပြီ” နှင့်ဆက်စပ်သည်။ ထိုစကားအတိုင်းအရ ဆိုလျှင် အခန်းကြီး ၂၇သည် စကားညှပ်ဖြစ်သည်။ ကျမ်းစာပညာရှင်ခပ်များများက အခန်းငယ် ၃-၆တွင် ပါရှိသော ကောင်းကြီးမင်္ဂလာသည် ဂေရဇိမ်တောင်ပေါ်မှ လူမျိုးခြောက်မျိုးနှင့် မသက်ဆိုင်ဟု ကန့်ကွတ်ကြသည်။ သို့သော် ဣသရေလလူမျိုးများသို့ မောရှေမိန့်မြွတ်သော စကားဖြစ်သည်။ ပထမပိုင်း အခန်းငယ်(၁၄)ခုသည် နာခံသူများပေါ်သို့ ကောင်းကြီးမင်္ဂလာမြစ်ရေ စီးဆင်းမည့်အကြောင်း ဖြစ်သည်။ နောက်ပိုင်း အခန်းငယ်(၅၄)ခုသည် ဘုရားသခင်၏ နာမတော်ရှုတ်ချသူများ အပေါ်သို့ ကျရောက်မည့်ကျိန်ခြင်း အမင်္ဂလာအကြောင်းဖြစ်သည်။
ကောင်းကြီးမင်္ဂလာကတိတော်တွင် ဣသရေလတိုင်းနိုင်ငံသားများအပြင် ရုပ်ဝတ္ထုပစ္စည်း ချမ်းသာကြွယ်ဝခြင်း၊ စိုက်ပျိုးသီးနှံစည်ပင်ဝပြောခြင်း၊ မြေဆီမြေနှစ်ဖြစ်ထွန်းခြင်း၊ ကောက်ပဲသီးနှံ အောင်မြင်ခြင်း၊ စစ်ပွဲအောင်မြင်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်ဝယ်ရေးတွင်စီးပွား ဖြစ်ထွန်းအောင်မြင်ခြင်းများ ပါဝင်သည်။
၂၈:၁၅–၃၇ ကျိန်ခြင်းအမင်္ဂလာတွင် စိတ်ဆင်းရဲခြင်းဝေဒနာ၊ ကျတ်တီးမြေဖြစ်ခြင်း၊ သီးနှံပျက်စီးခြင်း၊ ကာလနာကပ်ဘေးဆိုက်ခြင်းရောဂါ ကျရောက်ခြင်း၊ အပင်ရောဂါပိုးကျရောက်ခြင်း၊ မိုးခေါင်ခြင်း၊ တိုက်ပွဲရှုံးနိမ့်ခြင်း၊ ရူးသွပ်ခြင်း၊ ကြောက်လန့်စိုးရိမ်ခြင်း၊ ဘေးဒုက္ခရောက်ခြင်း၊ ကပ်ဆိုးသင့်ခြင်း၊ စွမ်းအားအင်ချိနဲ့ခြင်း(ငယ် ၁၅-၃၂)တို့ပါဝင်သည်။ အပိုဒ်ငယ် ၃၃-၃၇တွင် ပင်လယ်ရပ်ခြားသို့ ဖမ်းဆီးကျွန်ပြုခံရခြင်းအမင်္ဂလာြဖစ်၍ အာရှူးရီးယားနှင့် ဗာဗုလုန်နိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရကြရသဖြင့် ပရောဖက်ပြုချက်ပြည့်စုံခဲ့သည်။ ထာဝရဘုရားသခင်က ဣသရေလလူမျိုးကို ဆောင်သွားတော်မူသော အပြည်ပြညတို့၌ အံ့ဩရာ၊ ပုံခိုင်းရာ၊ ကဲ့ရဲ့ရာဖြစ်ကြမည်။
၂၈:၃၈–၄၆ ကျိန်ခြင်းအမင်္ဂလာသင့်သူများသည် ကောက်ပဲသီးနှံများကျိုင်းကောင်ကိုက်ဖြတ်မည်။ စပျစ်ပင်များပိုးကျ၍ သံလွင်သီးများ နုကင်းချိန်တွင် ကြွေကျကုန်မည်။ ကလေးသူငယ်များလည်း ဖမ်းဆီးကျွန်ပြုခြင်းခံကြမည်။ အပင်များပိုးမွှားကျ၍ ပျက်စီးကုန်မည်။ အခြားလူမျိုးများတိုးတက်သထက် တိုးတက်ချိန်တွင် ကျိန်စာသင့် ဣသရေလတို့နိမ့်ကျသထက်နိမ့်ကျမည်။ အပိုဒ်ငယ် ၁၂နှင့် ၄၄သည် ဝိရောဓိမဖြစ်ပါ။ အကယ်၍ ဣသရေလတို့သည်နာခံခြင်းရှိလျှင် ကမ္ဘာ့နိုင်ငံများ အလယ်တွင် ခေါင်းဆောင်များဖြစ်လာကြ၍ နာခံခြင်းမရှိလျှင် ဧည့်သည်များထံမှ တောင်းရမ်းစားကြရမည်။
၂၈:၄၇–၅၇ ကြောက်လန့်ဖွယ်ရာ ဖမ်းဆီးကျွန်ပြုခံကြရမည့်ကြောင်းကို အငယ် ၄၉-၅၇တွင် ရှင်းပြထားသည်။ ကမ္ဘာမီးလောင်၍ အချင်းချင်းဇာတ်တူသားစားရကိန်း ကြုံတွေ့မည်။ ယေရှုရှလင်မြို့ကို ဗာဗုလုန်တို့ ဖမ်းဆီးကျွန်ပြုကြပြီးနောက် တဖန်ရောမအင်ပါယာကြီးထွားချိန်တွင် ကျွန်ပြုခံရခြင်းဖြင့် ထိုပရောဖက်ပြုချက်ပြည့်စုံသွားခဲ့သည်။ ထိုအဖြစ်အပျက်ဖြစ်ပွားသည့် ကာလနှစ်ခုစလုံးတွင် ဣသရေလလူတို့ အနှံ့အပြား၌ ဇာတ်တူသားစားသည့်အဖြစ်ဆိုးကြုံခဲ့ကြရသည်။ လူလူချင်းအငြိုးအတေးထား ကလဲ့စားချေကြသည်။ အထိမခံ ရွှေပန်းကန်စိတ်သဘောထားဖြင့် အချင်းချင်းခုတ်ထစ်ရိတ်လှီးကြသည်။
၂၈:၅၈–၆၈ ပလိပ်ရောဂါနှင့် ကာလနာရောဂါဆိုးကျရောက်သဖြင့် ဣသရေလလူတို့ လူဦးရေ မတိုးသည့်အပြင် လျော့နည်းကြသည်။ ညှဉ်းပန်းနှိပ်စက်ခြင်းခံရသဖြင့် ကမ္ဘာ့တစ်ဝှမ်းသို့ ခြေဦးတည့်ရာထွက် ပြေးပုန်းရှောင်ကြသည်။ ဘုရားသခင်က သူ့လူများကို အဲဂုတ္တုပြည်သို့ သင်္ဘောဖြင့် တဖန်ယူဆောင်သွားမည်။ တိတုခေတ်ကာလတွင် ယောရှဖတ်က ဣသရေလတို့အား အဲဂုတ္တုပြည်သို့ သင်္ဘောဖြင့် သယ်ဆောင်သွားသောကြောင့် အထက်က ပရောဖက်ပြုချက် အစိတ်အပိုင်းပြည့်စုံခဲ့သည်။ ဤနေရာတွင် အဲဂုတ္တုဟူသောစကားသည် ခိုင်းဖတ်ဘဝကို ဆိုလိုဟန်ရှိသည်။ ဘုရားရှင်က ဣသရေလတို့အား အဲဂုတ္တုပြည်မှ ကယ်ထုတ်လာခဲ့ဖူးသည်။ သို့သော် ဘုရားသခင်ကို မချစ်ကြသော်လည်း အောင့်ကာနမ်း၍ စကားတော် နာခံကြသည်။ အကယ်၍ နာခံခြင်းမရှိ၊ စောင့်ထိန်းခြင်းမရှိ၊ ရတနာကဲ့သို့ မတည်တံ့ကြလျှင် အခြားတိုင်းနိုင်ငံသားများကဲ့သို့ အဖြစ်ဆိုးနှင့်ကြုံရမည်။ ကျေးကျွန်ဘဝသို့ ပြန်လည်ရောင်းစားခြင်းခံရမည်။ ဝယ်မည့်သူကလည်း ကျွန်အဖြစ်မဝယ်ချင်ကြသောကြောင့် ကျွန်သဘောက်ဖြစ်ကြဦးမည်။
“အကြင်သူသည် များစွာသောကျေးဇူးခံရ၏ ထိုသူသည် အများကိုစပ်ရ၏ (ဂလာ၁၂:၄၈)ဟု ဆိုထားပါသည်။ ဣသရေလတို့သည် အခြားတိုင်းနိုင်ငံများထက် ကောင်းကြီးမင်္ဂလာအခွင့်ထူးခံစားသူများ ဖြစ်သည်။ ထိုသို့အခွင့်အရေးကပိုထူးသကဲ့သို့ ပေးဆပ်ရမည့်တာဝန်ဝတ္တရားသည် ကြီးမားပါသည်။
ကျိန်ခြင်းအမင်္ဂလာတွင် ဘုရားသခင်၏ အမျက်ဒေါသသင့်ခြင်းသည် အံ့မခန်းဖြစ်ပါသည်။ ပြောစကားမကျန်၊ အသေးစိတ်ပြောစရာမကုန်နိုင်အောင် ကြောက်မက်ဖွယ်ရာဖြစ်ပါသည်။ မောရှေက ထင်ရှားပြတ်သားစွာ ရှင်းပြထားပါသည်။ နားမထောင်ခြင်း၏ ဆိုးပြစ်များကို ဣသရေလလူတို့ သိရှိနားလည်ဖို့ သင်တို့ဘုရားသခင်က သတိပေးထားသည်ဟု မိန့်မှာသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။