တရားဟောရာကျမ်း - ၂၇

ယဇ်ပလ္လင်
(ထွ၊ ၃၈:၁-၇)
1တစ်နည်းကား၊ အလျားငါးတောင်၊ အနံငါးတောင်ရှိ၍ စတုရန်းလေးထောင့်ဖြစ်သော ယဇ်ပလ္လင်ကို၊ အကာရှသားနှင့် လုပ်ရမည်။ အမြင့်လည်း သုံးတောင်ရှိရမည်။ 2ယဇ်ပလ္လင်လေးထောင့်အပေါ်မှာ၊ ဦးချိုလေးချောင်းကို အကာရှသားနှင့်လုပ်၍ ကြေးဝါနှင့်မွမ်းမံရမည်။ 3ပြာခံစရာအိုးနှင့်တကွ တူးရွင်းပြား၊ အင်တုံ၊ အမဲသားချိတ်၊ လင်ပန်းအစရှိသော ယဇ်ပလ္လင်နှင့်ဆိုင်သော တန်ဆာရှိသမျှတို့ကို ကြေးဝါနှင့်လုပ်ရမည်။ 4ကြေးဝါဆန်ခါကိုလည်းကောင်း၊ ဆန်ခါလေးထောင့်အပေါ်မှာ ကြေးဝါလေးကွင်းကိုလည်းကောင်း လုပ်ပြီးလျှင်၊ 5ယဇ်ပလ္လင်ခါးပန်းအောက်၊ အလယ်၌ထားရမည်။ 6ယဇ်ပလ္လင်ထမ်းစရာ အကာရှသားထမ်းပိုးတို့ကိုလုပ်၍ ကြေးဝါနှင့်မွမ်းမံပြီးမှ၊ 7ယဇ်ပလ္လင်ကိုထမ်းစရာဖို့ တစ်ဖက်တစ်ချက်ကွင်းများ၌ လျှိုထားရမည်။ 8တောင်ပေါ်မှာ သင့်အားပြသည်အတိုင်း၊ ထိုယဇ်ပလ္လင်ကို အပေါ်အောက် ဟင်းလင်းဖြစ်စေခြင်းငှာ၊ ပျဉ်ပြားနှင့်လုပ်ရမည်။
တဲတော်ဝင်းအကာအရံ
(ထွ၊ ၃၈:၉-၂၀)
9တဲတော်ဝင်းကာရန်မူကား၊ အလျားအတောင်တစ်ရာရှိသော ပိတ်ချောနှင့် တောင်ဘက်၌ ကုလားကာကိုလုပ်ရမည်။ 10ထိုကုလားကာဖို့ တိုင်နှစ်ဆယ်၊ တိုင်ခြေစွပ်နှစ်ဆယ်ကို ကြေးဝါနှင့်လုပ်၍ တိုင်တံစို့၊ တိုင်တန်းတို့ကို ငွေဖြင့်ပြီးစေရမည်။ 11ထိုနည်းတူ၊ မြောက်ဘက်၌ကာရန် အလျားအတောင်တစ်ရာရှိသော ကုလားကာနှင့်တကွ ငွေတံစို့၊ ငွေတန်းပါသောကြေးဝါတိုင်နှစ်ဆယ်၊ ကြေးဝါခြေစွပ်နှစ်ဆယ် ရှိရမည်။ 12ဝင်းအနောက်ဘက်အနံ၌ကာရန်၊ အလျားအတောင်ငါးဆယ်ရှိသော ကုလားကာနှင့်တကွ တိုင်တစ်ဆယ်၊ ခြေစွပ်တစ်ဆယ်ရှိရမည်။ 13ဝင်းအရှေ့ဘက်၌လည်း အနံအတောင်ငါးဆယ်ရှိရမည်။ 14တံခါးဝတစ်ဖက်တစ်ချက်၌ ကာရန်၊ အလျားဆယ်ငါးတောင်ရှိသော ကုလားကာနှင့်တကွ တိုင်သုံးတိုင်၊ 15ခြေစွပ်သုံးခုရှိရမည်။ 16ဝင်းတံခါးဝ၌ကာရန်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ချယ်လှယ်သော ကုလားကာအတောင်နှစ်ဆယ်နှင့်တကွ တိုင်လေးတိုင် ခြေစွပ်လေးခုရှိရမည်။ 17ဝင်းပတ်လည်၌တိုင်ရှိသမျှတို့သည် ငွေတံစို့၊ ငွေတန်း၊ ကြေးဝါခြေစွပ်နှင့် ပြည့်စုံရမည်။ 18ဝင်းသည် အလျားအတောင်တစ်ရာ၊ အနံငါးဆယ်၊ အမြင့်ငါးတောင်ရှိ၍၊ ပိတ်ချောနှင့် ကြေးဝါခြေစွပ်ဖြင့်ပြီးရမည်။ 19အမှုတော်ထမ်းဖို့ တဲတော်အသုံးအဆောင်ရှိသမျှကိုလည်းကောင်း၊ တဲတော်တံသင်၊ ဝင်းနှင့်ဆိုင်သော တံသင်ရှိသမျှကိုလည်းကောင်း ကြေးဝါနှင့်လုပ်ရမည်။
မီးခုံဆိုင်ရာပညတ်ချက်
(ဝတ်၊ ၂၄:၁-၄)
20ပရိသတ်စည်းဝေးရာတဲတော်တွင်၊ သက်သေခံချက်ထားရာအရပ်ကိုကာသော ကုလားကာပြင်မှာ၊ မီးခုံ၌ အစဉ်မပြတ်မီးထွန်းစရာဖို့၊ သံလွင်သီးကို ထောင်း၍ယူသောသံလွင်ဆီစစ်ကို၊ ဣသရေလအမျိုးသားတို့သည် ဆောင်ခဲ့ရကြမည်အကြောင်း ဆင့်ဆိုလော့။ 21အာရုန်နှင့် သူ၏သားတို့သည်၊ ညဉ့်ဦးမှသည် နံနက်တိုင်အောင်၊ ထာဝရဘုရားရှေ့တော်၌ ထိုအမှုကိုစီရင်ရမည်။ ဣသရေလအမျိုးတို့သည်၊ သားအစဉ်အဆက်စောင့်ရသော ပညတ်တော်ဖြစ်သတည်း။

တရားဟောရာကျမ်း - ၂၇ (အနက်ဖွင့်)

(ကျိန်ခြင်းအမင်္ဂလာနှင့်ကောင်းကြီးမင်္ဂလာ (အခန်း ၂၇၂၈)

          ၂၇: ယော်ဒန်မြစ်ကို ဖြတ်ကူး၍ ကတိတော်မြသို့ ခြေချသောအခါ အောင်ခြင်းအမှတ်တရ ကျောက်တိုင် စိုက်ထူရမည်။ အင်္ဂတေဖြင့် မွမ်းမံ၍ ထိုကျောက်တိုင်ပေါ်တွင် ပညတ်တရားများကို ရေးသားရမည်။ ကျောက်တိုင်ကို ဧဗလတောင်ပေါ်မှာ စိုက်ထူရမည်။ ထိုကျောက်တိုင်အနီးတွင် သဘာဝကျောက်ဆောင်ဖြင့် ပူဇော်သက္ကာယဇ်ပလ္လင်တည်ရမည်။

၂၇:၁၀ ဣသရေလလူမျိုးသည် ဘုရားသခင်ရွေးကောက်တော်မူသော လူမျိုးဖြစ်သည်။ ယခုပြည်တော်သို့ ဝင်ရောက်ပြီးသောအခါ ဘုရားသခင်၏လူ” ဟု ခေါ်ဝေါ်ရသည်။ နာခံခြင်းဖြင့် ဘုရားသခင်၏ အချစ်တော် လူမျိုးဖြစ်ကြရသည်။

၂၇:၁၁၁၃ ဣသရေလလူမျိုး (၆)မျိုးအား ကောင်းချီးမင်္ဂလာ “အာမင်” ထိုးဖို့ ဂေရဇိမ်တောင်ပေါ်သို့ တက်ခိုင်းသည်။ ထိုလူမျိုးများမှာ လေအာနှင့်ရာခေလမှ ဆင်းသက်ပေါက်ဖွားလာသောလူမျိုးများဖြစ်သည်။ အခြားသောလူမျိုး(၆)မျိုး ကျိန်ခြင်းအမင်္ဂလာမှန်ကန်ကြောင်း အတည်ပြုကြဖို့ ဧဗလတောင်သို့တက်စေသည်။ ဤကျမ်းချက်တွင် ဧဖရိမ်နှင့် မနာရှေလူမျိုးတို့အား သီးသန့်ဖော်ပြခြင်းမပြုသည်ကို သတိပြုပါ။ သို့သော် ယောသပ်၏နာမည်ပေါ်လွင်သည်။ ရုဗင်သည် ဣသရေလ၏သားဦးဖြစ်သော်လည်း သားဦးအရိုက်အရာ ပျောက်ဆုံးနေသည်။ လေအာ၏သားထွေး ဇေဗုလုန်သည် အခြားသားများနှင့်အတူ ဧဗလတောင်သို့ ပါသွားသည်။ မျက်နှာသာရသောသားများသည် ဂေရဇိမ်တောင်သို့ပါသွားကြသည်။

၂၇:၁၄၂၆ လေဝိအမျိုးသားများ (ငယ်၉)သည် ထိုတောင်နှစ်လုံးအကြား မြေနိမ့်လွင်ပြင်ရှိနေကြသည်။ တောင်တစ်လုံးက ကောင်ကြီးပေးကြ၍ အခြားတောင်တစ်လုံးက ကျိန်ခြင်းအမင်္ဂလာပေးကြသည်။ အဆုံးတွင် အာမင် လိုက်ဆိုကြသည်။ ကျိန်ခြင်းအမင်္ဂလာပေးကြပုံကို ငယ် ၁၅-၂၆ တွင် ရေးမှတ်ထားသည်။ ရုပ်တုဆင်းတု ပြုလုပ်ကိုးကွယ်ခြင်း၊ မိဘကျိန်ဆဲခြင်း(ငယ်၁၆)၊ နယ်ခြားမှတ်တိုင်အား မရိုးမဖြောင့်သော သဘောဖြင့် ရွှေ့ခြင်း(ငယ်၁၇)၊ မျက်စိကန်းသူအား နောက်ပြောင်ခြင်း(ငယ်၁၈)၊ မရှိဆင်းရဲသားနှင့် ခိုးကိုးရာမဲ့သူများ အနိုင်ကျင့်ခြင်း(ငယ်၁၈)၊ မရှိဆင်းရဲသားနှင့် ခိုကိုးရာမဲ့သူများ အနိုင်ကျင့်ခြင်း(ငယ်၁၉)၊ သွေးသားနီးစပ်သူအမျိုးမျိုးနှင့် လင်မယားနေခြင်း(ငယ် ၂၀၊၂၂၊၂၃)၊ တိရစ္ဆာန်နှင့်သံဝါသပြုခြင်း(ငယ်၂၁)၊ လူစ်ဦးအား လျှို့ဝှက်စွာလုပ်ကြံခြင်း၊ အပြစ်မရှိသူ၏ အသက်သတ်ခြင်း (ငယ်၂၅)၊ ဘုရားသခင်၏ ပညတ်တော်ချိုးဖောက်ခြင်း(ငယ်၂၆)များသည် ကျိန်ခြင်းအမင်္ဂလာသင့်သည်။ ထိုအမှုအရာများနှင့်ပတ်သက်၍ ယောရှု ၈:၃၀ နှင့် နောက်ပိုင်းတွင် တွေ့ရှိရသည်။ ယောရှု၏ ပညတ်တရားလိုက်နာပုံကို ဆင်ခြင်ကြည့်ပါ။

ကျိန်ခြင်းအမင်္ဂလာအကြောင်းကို အခန်းကြီး(၂၇)တွင်သာ တွေ့ရသည်။ ရှင်ပေါလုကလည်း ဂလာ ၃:၁၀ တွင် “ပညတ်တရား၏ အကျင့်ကို အမှီပြုသောသူရှိသမျှတို့သည် ကျိန်ခြင်းနှင့်စပ်ဆိုင်ကြ၏” ဟု သတိပေးထားပါသည်။ ပညတ်တရားကိုစောင့်ထိန်းကျင့်ကြံသူများသည် ကျဉ်းကြပ်သည်သာမက ပညတ်တရား ဝန်ပိသူများ ဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။