တရားဟောရာကျမ်း - ၂၂

ပြန်လည်ပေးဆပ်ခြင်းဆိုင်ရာပညတ်
1လူသည် သိုးနွားကိုခိုး၍ သတ်သည်ဖြစ်စေ၊ ရောင်းသည်ဖြစ်စေ၊ နွားတစ်ကောင်အတွက် နွားငါးကောင်ကိုလည်းကောင်း၊ သိုးတစ်ကောင်အတွက် သိုးလေးကောင်ကိုလည်းကောင်း ပြန်ပေးရမည်။ 2သူခိုးသည် အိမ်ကိုထွင်းဖောက်စဉ်၊ သူတစ်ပါးတွေ့၍ သေအောင်သတ်သော်လည်း၊ သေစားမသေစေရ။ 3သို့သော်လည်း နေထွက်လျှင် သေစားသေစေရမည်။ အကြောင်းမူကား၊ ပြန်ပေးစရာအကြောင်းရှိ၏။ ဥစ္စာအလျှင်းမရှိလျှင်၊ ခိုးသည်ဥစ္စာအတွက် ကိုယ်ကိုရောင်းရမည်။ 4သူခိုးလက်၌ ခိုးသောနွား၊ သိုးကိုအသက်ရှင်လျက် အမှန်တွေ့လျှင်၊ နှစ်ဆပြန်ပေးရမည်။
5သူ့လယ်၊ သူ့စပျစ်ဥယျာဉ်ကို စားစေသော်လည်းကောင်း၊ မိမိတိရစ္ဆာန်ကို သူ့လယ်၌ထိန်းကျောင်းသော်လည်းကောင်း၊ မိမိလယ်၊ မိမိစပျစ်ဥယျာဉ်ထဲကအကောင်းဆုံးကို ထုတ်၍ ပြန်ပေးရမည်။ 6မီးရှို့သောအခါ မြက်ပင်ကြောင့် အစဉ်အတိုင်းလျှောက်၍လောင်လျက်၊ ကောက်လှိုင်း၊ စပါးပင်၊ လယ်၌ရှိသောအရာတို့ကို လောင်လျှင်၊ မီးရှို့သောသူသည် အမှန်လျော်ရမည်။
7လူတစ်ဦးသည် အိမ်နီးချင်းတစ်ဦး၌ ရွှေငွေအစရှိသော ဥစ္စာတစ်စုံတစ်ခုကိုအပ်နှံ၍၊ အပ်နှံခံသောသူ၏အိမ်မှ သူခိုးခိုးသွားလျှင်၊ သူခိုးကိုတွေ့မိသောအခါ နှစ်ဆလျော်စေ။ 8သူခိုးကိုမတွေ့လျှင်၊ အိမ်ရှင်သည် မိမိအိမ်နီးချင်းဥစ္စာကို ယူသလော၊ မယူလောဟု ဘုရားသခင့်ရှေ့တော်၌ အစစ်ခံရမည်။ 9သူ့ဥစ္စာကို ပြစ်မှားသည်အမှုမှာ၊ နွား၊ မြည်း၊ သိုး၊ အဝတ်အစရှိသော ပျောက်သော ဥစ္စာတစ်စုံတစ်ခုကိုတွေ့၍၊ ဤဥစ္စာကား၊ ငါ၏ဥစ္စာဖြစ်သည်ဟု တစ်စုံတစ်ယောက်ဆိုလျှင်၊ အမှုသည်နှစ်ဦးတို့သည် ဘုရားသခင်ရှေ့တော်၌ အစစ်ခံရ၍၊ တရားရှုံးသောသူသည် နှစ်ဆလျော်ရမည်။ 10လူသည် အိမ်နီးချင်းလယ်၌ မြည်း၊ နွား၊ သိုးအစရှိသော တိရစ္ဆာန်တစ်စုံတစ်ခုကို အပ်နှံ၍၊ ထိုတိရစ္ဆာန် သေသော်လည်းကောင်း၊ ထိခိုက်၍ နာသော်လည်းကောင်း၊ သက်သေမရှိဘဲ သူတစ်ပါးမောင်း၍သွားသော်လည်းကောင်း၊ 11အပ်နှံခံသောသူသည် ငါ့အိမ်နီးချင်း၏ဥစ္စာကို ငါမယူဟု နှစ်ဦးသဘောတူလျက်၊ ထာဝရဘုရားရှေ့မှာ အကျိန်ခံရလျှင်၊ ဥစ္စာရှင်သည် ဝန်ခံရမည်။ အပ်နှံခံသူလည်း မလျော်ရ။ 12သို့ရာတွင် သူတစ်ပါးခိုးသွားလျှင်၊ အပ်နှံခံသူသည် ဥစ္စာရှင်အားပြန်ပေးရမည်။ 13သားရဲကိုက်လျှင် သက်သေဖို့ အသေကောင်ကိုပြစေ။ ပြနိုင်လျှင် အလျော်မခံရ။ 14လူသည်အိမ်နီးချင်း၌ တစ်စုံတစ်ခုကိုငှား၍ ဥစ္စာရှင်မပါဘဲ သေသော်လည်းကောင်း၊ ထိခိုက်၍နာသော်လည်းကောင်း၊ အမှန်လျော်ရမည်။ 15ဥစ္စာရှင်ပါလျှင်၊ ငှားသောသူသည် မလျော်ရ။ အခနှင့် ငှားလျှင်မူကား၊ ဥစ္စာရှင်သည် အခကိုသာတောင်းရမည်။
ကျင့်ဝတ်နှင့်ဘာသာရေးဆိုင်ရာပညတ်
16မပေးစားလိုသောအပျိုကို၊ အကြင်ယောက်ျားသည် ချော့မော့၍သင့်နေလျှင်၊ ကန်တော့ဥစ္စာကိုပေး၍ ထိုမိန်းမကို မယားအရာ၌ မြှောက်ထားရမည်။ 17မိန်းမ၏အဘ သဘောမတူ မပေးစားလိုလျှင်၊ ကန်တော့ရသည်နှင့်အမျှ ငွေကို လျော်ရမည်။ 18စုန်းမကို အသက်ရှင်စေခြင်းငှာ အခွင့်မပေးရ။ 19တိရစ္ဆာန်နှင့်သင့်နေသောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ 20ထာဝရဘုရားမှတစ်ပါး အခြားသောဘုရားရှေ့မှာ ယဇ်ပူဇော်သောသူကို ရှင်းရှင်းဖျက်ဆီးရမည်။
21တစ်ပြည်တစ်နိုင်ငံသားဖြစ်သော ဧည့်သည်ကို မနှောင့်ယှက်မညှဉ်းဆဲရ။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ကြဖူးပြီ။ 22မိဘမရှိသောသူငယ်နှင့် မုဆိုးမကို သင်တို့သည်မနှောင့်ယှက်ရ။ 23နှောင့်ယှက်ခြင်း တစ်စုံတစ်ခုကိုပြု၍ သူတို့သည် ငါ့အားအနည်းငယ်အော်ဟစ်လျှင်၊ ငါသည် ထိုအသံကိုအမှန်ကြား၍၊ 24ငါအမျက်ပြင်းစွာထွက်လျက် သင်တို့ကို ဓားဘေးဖြင့်ကွပ်မျက်မည်။ သင်တို့မယားများသည်လည်း မုဆိုးမဖြစ်၍၊ သားသမီးများသည်လည်း မိဘမရှိသော သူငယ်ဖြစ်ကြလိမ့်မည်။
25ငါ့လူဖြစ်သော ဆင်းရဲသားအိမ်နီးချင်းအား သင်သည်ငွေကိုချေးလျှင်၊ အတိုးစားသောသူကဲ့သို့ သူ၌မပြု၊ အတိုးကိုမတောင်းရ။ 26အိမ်နီးချင်းသည် မိမိစောင်ကို သင်၌ပေါင်ထားလျှင်၊ မိုးမချုပ်မီ ပြန်ပေးရမည်။ 27အကြောင်းမူကား၊ အခြားသောခြုံစရာမရှိ။ ကိုယ်ခြုံဖို့ဖြစ်၏။ သူသည် အဘယ်သို့အိပ်နိုင်သနည်း။ ငါ့အားအော်ဟစ်လျှင် ငါကြားမည်။ ငါသည် သနားသောသဘောရှိ၏။
28ဘုရားသခင်ကို လွန်ကျူး၍မပြောရ။ သင်၏အမျိုးကို အုပ်စိုးသောမင်းကို မကျိန်ဆဲရ။ 29အဦးမှည့်သောအသီး၊ အဦးညှစ်သောအရည်ကို မထိမ်မဝှက်ဘဲ ဆက်ကပ်ရမည်။ အဦးဖွားသော သားယောက်ျားကိုလည်း ငါ့အားဆက်ကပ်ရမည်။ 30ထိုနည်းတူ သိုးနွားတို့ကိုပြုရမည်။ ခုနစ်ရက်ပတ်လုံး သိုးနွားသငယ်ကို အမိနှင့်အတူနေစေ၍၊ အဋ္ဌမနေ့ရောက်မှ ငါ့အားဆက်ကပ်ရမည်။ 31သင်တို့သည် ငါ့ထံ၌ သန့်ရှင်းသောသူဖြစ်ရကြမည်။ တော၌ သားရဲကိုက်သော အမဲသားကိုမစားရ။ ခွေးတို့အားပစ်ပေးရမည်။

တရားဟောရာကျမ်း - ၂၂ (အနက်ဖွင့်)

(အမူအယာပညတ်ချက်ကိုးပါး (၂၂:၁၂)

          ၂၂: အခန်းကြီး ၂၂သည် ဝတ် ၁၉:၁၈ပါ “သင်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့” ဟူသော ပညတ်ချက်အား ထပ်မံရှင်းပြသည်။ သင့်ရန်သူနှင့်ဆိုင်သောပစ္စည်းများကို ပိုင်ရှင်ထပ်မံရှင်းပြသည်။ သင့်ရန်သူနှင့်ဆိုင်သောပစ္စည်းများကို ပိုင်ရှင်ထံသို့ပြန်ပေးပါ (ထွ ၂၃:၄-၅)ဟု ဆိုသည်။ အိမ်နီးနားခြင်းများ၏ ပျောက်ဆုံးသောပစ္စည်းများ တွေ့ရှိကောက်ရလျှင်လည်း မနှေးအမြန်ပြန်ပေးရသည်။ တိရစ္ဆာန်ဖြစ်စေ၊ အဝတ်အစားဖြစ်စေ၊ တစ်စုံတစ်ခုဖြစ်စေ၊ သိမ်းဆည်းကောက်မိလျှင် ပိုင်ရှင်မပေါ်မခြင်း၊ မိမိနေအိမ်တွင် စနစ်တကျ သိမ်းဆည်းထားပေးရမည်။

          ၂၂: တစ်စုံတစ်ဦး၏ တိရစ္ဆာန်များ ဒုက္ခရောက်သည်ကိုတွေ့လျှင် မမြင်ချင်ယောင်မဆောင်ရ။ ကူညီပေးရမည်။

၂၂: ယောက်ျားများသည် မိန်းမအဝတ်အစားများ မဝတ်ရ။ အပြန်အလှန်ဝတ်ဆင်ခြင်းလည်းမပြုရ။ ဘုရားသခင် မုန်းတီးသည်။

၂၂: ငှက်ငယ်များကို ငှက်သိုက်မှသိမ်းယူနိုင်သော်လည်း မိခင်ကိုလွှတ်ပေးရမည်။ သို့မှသာလျှင် နောက်တစ်သားပေါက်ဖွားစေနိုင်မည်။

          ၂၂: အိမ်ခေါ်င်မိုးပေါ်မှ လိမ့်ကျခြင်းသည် နိမိလက္ခဏာမကောင်း၊ သို့ကြောင့် ထိုသို့လိမ့်ကျမသေအောင် အရံအတားကြိုလုပ်ထားရမည်။ အိမ်ခေါင်မိုးသည် မိသားစုလွမ်းခိုရာအရိပ်ဖြစ်သည်။ ထိုကဲ့သို့ပင် ယနေ့ခေတ်ကာလတွင်လည်း မြင့်မာသော တိုက်တာအဆောင်အဦးပေါ်မှ ကလေးသူငယ်များ လိမ့်ကျမသေအောင် ဂရုစိုက်ရမည်။

၂၂:၁၁ အောက်ပါအချက်များကို တားမြစ်ထားသည်။ (၁) လယ်ယာခွင်တွင် မတူသော မျိုးစေ့ ရောစိုက်ခြင်း၊ (၂)နွားတစ်ဖက်၊ ကျွဲတွစ်ဖက် လယ်ထွန်ခြင်း(မစင်ကြယ်သောသတ္တဝါနှင့် စင်ကြယ်သောသတ္တဝါ မရောရဟုဆိုလိုသည်)။ ထမ်းပိုးညီရမည်။ (၃)သိုးမွေးထည်နှင့် ပိုးထည်ရောမရက်ရ။ ပထမတားမြစ်ချက်သည် စစ်မှန်သော နှုတ်ကပတ်တော်မျိုးစေ့ကို ရည်ညွှန်းသည်။ ဒုတိယတားမြစ်ချက်သည် မတူညီသော ထမ်းပိုးထမ်းခြင်းဖြစ်သည်။ တတိယအချက်သည် ယုံကြည်သူများအသက်တာတွင် ဖြောင့်မတ်စင်ကြယ်ခြင်းနှင့် လောကီအကျင့်မရောဖို့ သွန်သင်ခြင်းဖြစ်သည်။

၂၂:၁၂ အဝတ်စွန်းလေးဘက်၌ ပန်းပွားတပ်ဆင်ရသည်။ နှုတ်ကပတ်တော်နာခံခြင်းအမှတ်အသား ဖြစ်သည်(တော ၁၅:၃၇-၄၁)။ ထိုသို့ပန်းပွားတတ်ဆင်ရခြင်းအကြောင်းကို လာမည့်ကျမ်းပိုဒ်နှင့်တော ၁၅:၃၇ တို့တွင် ရှင်းပြထားသည်။

(ကာမေသုမေစ္ဆာစာရရှောင်ကြဉ်ခြင်း (၂၂:၁၃၃၁)

          ၂၂:၁၃၂၁ အမျိုးသမီးနှင့် လက်ထပ်ထိမ်းမြားပြီး အပျိုမမှန်ကြောင်း သံသယရှိခြင်းအမှု ကိစ္စဖြစ်သည်။ ထိုမိန်းမသည် အပျိုရည်စစ်မှန်ကြောင်း ပထမဆုံး အိပ်ယာခင်းကို သက်သေပြရမည်။၁၄ အကယ်၍ အပျိုကညာစစ်မှန်ကြောင်း မိဘများက သက်သေပြနိုင်လျှင် ထိုယောက်ျားသည် ငွေဒင်္ဂါးအကျပ်တစ်ရာ ဒဏ်ဆောင်ရသည့်အပြင် ထိုမိန်းမကိုလည်း တစ်သက်လုံးပေါင်းသင်းရမည်။ အကယ်၍ ထိုမိန်းမသည် ထိုယောက်ျားနှင့် အိမ်ထောင်မပြုမီ အခြားယောက်ျားနှင့် အတူတူအိပ်ကြောင်း ထင်ရှား သက်သေတွေ့လျှင် ကျောက်ခဲဖြင့်ပေါက်သတ်ခြင်းခံရမည်။

၂၂:၂၂၃၀ မစင်ကြယ်သော မိစ္ဆာကာမအမျိုးမျိုးကြောင်းဖြစ်သည်။ (၁)ကြာကူလီမှု၌ ဖောက်ပြားသောသူနှစ်ဦးစလုံးသည် သေဒဏ်အပြစ်ခံရမည်။ (၂) ယောက်ျားကအတင်းအဓမ္မပြု၍ ထိုမိန်းမကလည်း အကူအညီအော်မတောင်းလျှင် နှစ်ယောက်စလုံးကာမေသုမေစ္ဆာစာရကျူးလွန်ရာ ရောက်သဖြင့် နှစ်ယောက်စလုံးသေဒဏ်ခံရမည်။ (၃)အကယ်၍ မြို့ပြင်မှာ အဓမ္မမှုဖြစ်၍ အကူအညီတောင်းအော်ခေါ်၍ မကြားသောနေရာဖြစ်လျှင် ယောက်ျားသည် သေဒဏ်ခံရမည်။ မိန်းမသည် အပြစ်ကင်းစင်သည်။

(၄) အပျိုကညာတစ်ဦးအား လက်ထပ်ခြင်းမပြုဘဲ လင်မယားအတူနေလျှင် မိဘသို့ ဒဏ်ကြေးငွေ အကျပ်ငါးဆယ်ဆောင်၍ ထိုအမျိုးသမီးအား လက်ထပ်ထိမ်းမြားရမည်။ (၅) အပိုဒ်ငယ် (၃၀)သည် သွေးသားနီးစပ်သော ဆွေမျိုးသားခြင်းများနှင့် လင်မယားအတူမနေဖို့ တားမြစ်ချက်ဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။