တရားဟောရာကျမ်း - ၂၁

ကျွန်နှင့်ဆိုင်သောပညတ်
(တရား၊ ၁၅:၁၂-၁၈)
1ထာဝရဘုရားကလည်း၊ သင်သည် ဣသရေလအမျိုးသားတို့၌ စီရင်ရသော ဓမ္မသတ်ဟူမူကား၊ 2ဟေဗြဲအမျိုးဖြစ်သော ကျွန်ကိုဝယ်လျှင်၊ ခြောက်နှစ်သာအစေကျွန်ခံစေရမည်။ သတ္တမနှစ်ရောက်သော်၊ ကိုယ်ဖိုးကို မတောင်းဘဲလွှတ်ရမည်။ 3ကျွန်ခံစက တစ်ယောက်တည်းခံလျှင်၊ တစ်ယောက်တည်းထွက်ရမည်။ လင်မယားနှစ်ယောက်ခံလျှင်၊ မယားနှင့်တကွထွက်စေရမည်။ 4သို့မဟုတ် သခင်ပေးစားသောမယားရှိ၍ ထိုမယားသည် သားသမီးကိုဖွားမြင်လျှင်၊ မယားနှင့်သားသမီးတို့ကို သခင်ပိုင်ရမည်။ ကျွန်မူကား၊ တစ်ယောက်တည်းထွက်ရမည်။ 5သို့မဟုတ် ကျွန်က၊ ကျွန်တော်သခင်နှင့် မယားသားသမီးတို့ကို ကျွန်တော်ချစ်ပါ၏။ မထွက်မသွားလိုပါဟု အတည့်အလင်းပြောဆိုလျှင်၊ 6သခင်သည် ဘုရားသခင်ရှေ့တော်သို့လည်းကောင်း၊ အိမ်တံခါးတိုင်သို့လည်းကောင်း ဆောင်ယူ၍၊ နားရွက်ကို စူးဖြင့်ဖောက်ပြီးမှ၊ ထိုကျွန်သည် အစဉ်အမြဲကျွန်ခံရမည်။
7အဘသည် သမီးကိုကျွန်ခံစေခြင်းငှာရောင်းလျှင် ထိုမိန်းမသည် ကျွန်ယောက်ျားကဲ့သို့ လွတ်ရသည်မဟုတ်။ 8သခင်သည် ထိုမိန်းမကို သိမ်းယူ၍မကြိုက်လျှင်၊ ရွေးစေခြင်းငှာ အခွင့်ပေးရမည်။ သူ့ကို လှည့်ဖြားမိသောကြောင့်၊ တစ်ပါးအမျိုးသားတို့သို့ ရောင်းချပိုင်သောအခွင့်မရှိ။ 9မိမိသား၌ပေးစားလျှင်မူကား၊ သမီးကဲ့သို့ပြုစုရမည်။ 10အခြားမိန်းမကိုသိမ်းပြန်လျှင်၊ အရင်သိမ်းသော မိန်းမ၏အဝတ်အစားနှင့် မယားဝတ်ကိုမလျှော့ရ။ 11ထိုသုံးပါးကိုမပြုလျှင်၊ ကိုယ်ဖိုးကို မတောင်းဘဲလွှတ်ရမည်။
ထိခိုက်နာကျင်စေမှုဆိုင်ရာပညတ်
12လူကိုအသေသတ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ 13အသေသတ်မည်အကြံမရှိဘဲ၊ သူ၏လက်၌ လူအသက်ကို ဘုရားသခင်အပ်တော်မူလျှင်၊ ပြေးရသောအရပ်ကို ငါခန့်ထားမည်။ 14အိမ်နီးချင်းကို သတ်မည်အကြံရှိ၍ အနိုင်တိုက်သောသူကိုကား၊ ငါ့ယဇ်ပလ္လင်၌ ခိုလှုံသော်လည်း၊ ဆွဲယူ၍သတ်ရမည်။ 15မိဘကိုအသေသတ်သောသူသည်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ 16လူကိုခိုးသောသူသည်၊ ရောင်းသည်ဖြစ်စေ၊ သူ၏လက်၌ရှိသည်ဖြစ်စေ၊ အသေသတ်ခြင်းကိုအမှန်ခံရမည်။ 17မိဘကိုကျိန်ဆဲသောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ 18လူချင်းခိုက်ရန်ပြု၍ တစ်ယောက်သည် ကျောက်ခဲနှင့် ထုသည်ဖြစ်စေ၊ လက်သီးနှင့်ထိုးသည်ဖြစ်စေ၊ အရိုက်ခံရသောသူသည် မသေသော်လည်း၊ အိပ်ရာ၌ တုံးလုံးနေရလျှင်လည်းကောင်း၊ 19တစ်ဖန်ထ၍တောင်ဝှေးနှင့်သွားလျှင်လည်းကောင်း၊ ရိုက်သောသူကို အပြစ်လွှတ်ရမည်။ သို့ရာတွင် နာသောသူသည် အလုပ်ပျက်ရသည်အတွက်၊ အနာပျောက်စေခြင်းငှာ ကုသရသည်အတွက်၊ ငွေကိုလျော်ရမည်။ 20သခင်သည် ကျွန်ယောက်ျား၊ ကျွန်မိန်းမကိုတုတ်နှင့်ရိုက်၍ ထိုကျွန်သေလျှင်၊ သခင်သည် လေးသောဒဏ်ကိုခံရမည်။ 21သို့ရာတွင် ကျွန်သည် တစ်ရက်နှစ်ရက်နာ၍ မသေဘဲနေလျှင်၊ သခင်သည် ထိုကျွန်ကိုပိုင်သောကြောင့်၊ ဒဏ်နှင့်လွတ်ရမည်။
22လူချင်းခိုက်ရန်ပြုကြ၍၊ ကိုယ်ဝန်ဆောင်သောမိန်းမကို ထိခိုက်သဖြင့် ကိုယ်ဝန်ပျက်၍ အခြားသောအနာမဖြစ်လျှင်၊ မိန်းမလင်စီရင်သည်အတိုင်း ဒဏ်ခံရမည်။ မင်းစီရင်သည်အတိုင်းလည်း ငွေကိုလျော်ရမည်။ 23အခြားသောအနာဖြစ်လျှင်၊ အသက်အတွက် အသက်ကိုလည်းကောင်း၊ 24မျက်စိအတွက် မျက်စိကိုလည်းကောင်း၊ သွားအတွက် သွားကိုလည်းကောင်း၊ လက်အတွက် လက်ကိုလည်းကောင်း၊ ခြေအတွက် ခြေကိုလည်းကောင်း၊ 25မီးလောင်ခြင်းအတွက် မီးလောင်ခြင်းကိုလည်းကောင်း၊ ရှနခြင်းအတွက် ရှနခြင်းကိုလည်းကောင်း၊ ဒဏ်ချက်ရာအတွက် ဒဏ်ချက်ရာကိုလည်းကောင်း ခံရမည်။ 26သခင်သည် ကျွန်ယောက်ျား၊ ကျွန်မိန်းမ၏မျက်စိကို ပျက်အောင်ရိုက်လျှင်၊ မျက်စိပျက်သည်အတွက် လွှတ်ရမည်။ 27ထိုအတူ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၏သွားကို ကျိုးအောင်ရိုက်လျှင်၊ သွားကျိုးသည်အတွက် လွှတ်ရမည်။
တိရစ္ဆာန်ပိုင်ရှင်တို့၏တာဝန်
28နွားသည် လူယောက်ျား၊ မိန်းမကိုခွေ့၍ လူသေလျှင်၊ စင်စစ်ထိုနွားကို ကျောက်ခဲနှင့်ပစ်၍သတ်ရမည်။ အသားကိုလည်း မစားရ။ နွားရှင်ကိုကား၊ အပြစ်လွှတ်ရမည်။ 29၎င်းနည်း နွားသည် အထက်ကခွေ့ဖူး၍၊ ခွေ့ကြောင်းကို နွားရှင်ကြားသိလျက် မချည်မနှောင်အလွတ်ထား၍၊ နွားသည် ယောက်ျား၊ မိန်းမကိုသတ်မိလျှင်၊ ထိုနွားကို ကျောက်ခဲနှင့် ပစ်သတ်ရမည်။ နွားရှင်ကိုလည်း အသေသတ်ရမည်။ 30သို့မဟုတ် ငွေလျော်စေဟုစီရင်လျှင်၊ စီရင်သည်အတိုင်း မိမိအသက်ရွေးရန် အဖိုးကိုလျော်ရမည်။ 31သူတစ်ပါး၏သားသမီးကို ခွေ့လျှင်၊ စီရင်သည်အတိုင်းခံရမည်။ 32ကျွန်ယောက်ျား၊ ကျွန်မိန်းမကိုခွေ့လျှင်မူကား၊ နွားရှင်သည် ကျွန်ရှင်အား ငွေအကျပ်သုံးဆယ်ကိုလျော်ရမည်။ နွားကိုလည်း ကျောက်ခဲနှင့်ပစ်သတ်ရမည်။ 33လူသည် တွင်းကိုဖွင့်၍ ထားသည်ဖြစ်စေ၊ တွင်းကိုတူး၍ မပိတ်ဘဲထားသည်ဖြစ်စေ၊ သူတစ်ပါး၏မြင်း၊ နွားသည် ထိုတွင်း၌ကျလျှင်၊ 34တွင်းရှင်သည် မြင်း၊ နွားအဖိုးကိုလျော်၍ အသေကောင်ကိုယူရမည်။ 35အကြင်သူ၏နွားသည်၊ သူတစ်ပါး၏နွားကို အသေခွေ့လျှင်၊ နွားရှင်နှစ်ဦးတို့သည်၊ အသက်ရှင်သော နွားကိုရောင်း၍ အဖိုးကိုဝေယူရမည်။ သေသောနွားကိုလည်း ဝေယူရမည်။ 36၎င်းနည်း နွားသည် အထက်ကခွေ့ဖူးကြောင်းကို၊ နွားရှင်သိလျက်နှင့် မချည်မနှောင် အလွတ်ထားလျှင်၊ နွားသေကောင်ကို ကိုယ်တိုင်ယူရမည်။ ထိုနွားတစ်ကောင်အတွက် တစ်ကောင်ကိုအမှန်လျော်ရမည်။

တရားဟောရာကျမ်း - ၂၁ (အနက်ဖွင့်)

(အထွေထွေပညတ်ချက်များ (အခန်း ၂၁၂၅)

(လက်သည်မပေါ်သောလူသတ်မှုပြဿနာ (၂၁:)

          ၂၁: လူသေအလောင်းတွေ့ရှိ၍ လူသတ်တရားခံရှာမတွေ့လျှင် အနီးစပ်ဆုံးရှိ လူကြီးသူမများသည် သူတို့တရားခံမဟုတ်ကြောင်း ဘုရားသခင်ရှေ့၌ ဝန်ခံယဇ်ပူဇော်ရသည်။ နွားဒန်းတစ်ကောင်ကို ရေစီးသော စမ်းချောင်းနားတွင် ယဇ်ပူဇော်ရသည်။ ထိုနွားမအပေါ်သို့ စမ်းချောင်းရေဖြင့် လက်ဆေးကြသည်။ သူတို့ရပ်ရွာတွင် တာဝန်မရှိကြောင်းနှင့် ထိုသို့သွေးမြေခခြင်းသည် မိမိတို့နှင့်မဆိုင်ကြောင်း ဝန်ခံပြန်သည်။ ထိုရပ်ရွာသည် အပြစ်ဒုစရိုက်နှင့် ကင်းစင်ကြောင်းသစ္စာပြုကြရသည်။ လူသတ်မှုနှင့်အနီးစပ်ဆုံးမြို့၏ဝတ္တရား ဖြစ်သည်။

အချို့က ဤကျမ်းချက်ကို “ဘုရားသခင်က သားတော်အပေါ် ပြုသောအမှုမျိုးဖြစ်သည်” ဟု ဆိုကြသည်။ သခင်ယေရှုအသေခံခြင်းသည် ဣသရေလတို့နှင့် တော်စပ်ပတ်သက်၍ တရားလမ်းမှန်သို့ စင်ကြယ်စေသည်။

(စစ်သုံ့ပန်းအမျိုးသမီး (၂၁:၁၀၁၄)

          ၂၁:၁၀၁၄ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသောအမျိုးသမီးကို ချစ်ကြိုက်လျှင် ယုဒထုံးစံအတိုင်းစင်ကြယ်စေပြီးပါက မယားအဖြစ် သိမ်းပိုက်ခွင့်ပြုသည်။ (ခါနန်ပြည်သူများနှင့်မသက်ဆိုင်) သို့သော်ယာယီလည်း ခွင့်ပြုထားသည်။ မကြိုက်မနှစ်သက်လျှင် ပြန်လည်ကွာရှင်းသော်လည်း ရောင်းစားခွင့် မရှိ။ ရက်စက်စွာဆက်ဆံခြင်းမပြုရ။

(သားဦး၏အခွင့်အရေး (၂၁:၁၅၁၇)

          ၂၁:၁၅၁၇ သူ့မိခင်ကို နှစ်နှစ်ကာကာ မချစ်သော်လည်း ချစ်ခင်နှစ်သက်သော မိန်းမထက် ဦးစွာ သားမွေးလျှင် ထိုသားဦးသည် သားဦးအခွင့်အရေးပိုင်ဆိုင်သည်။ ဤကျမ်းပိုဒ်သည် မယားငယ်၊ မယားပြိုင်ကို အသိအမှတ်ပြုခြင်းမဟုတ်။ လူမှုဘောင်မှာ ရှုပ်ထွေးတတ်သော သားဦးအခွင့်အရေးကို ပြဌာန်းခြင်းဖြစ်သည်။ တစ်ခါတရံ ဘုရားသခင်ကိုယ်တိုင်လည်း အကြီးထက်အငယ်များကို အခွင့်အရေးပိုပေးသည်လည်း ရှိပါသည်။ ဥပမာအားဖြင့် ယာကုပ်နှင့်ဧသော၊ ဧဖရိမ်နှင့် မနာရှေ။ ထိုသူများသည် ဘုရားသခင်၏ ရွေးချယ်ခြင်းဖြစ်၍ ခြွင်းချက်ဖြစ်သည်။ ဤဓမ္မသတ်ပြဌာန်းချက်နှင့်မဆိုင်။

(ခေါင်းမာပုန်ကန်သောသားများ (၂၁:၁၈၂၁)

          ၂၁:၁၈၂၁ လူကြီးသူမများစစ်ဆေး၍ ပုန်ကန်သောသားဖြစ်ကြောင်း ထင်ရှားလျှင် ခဲဖြင့် ပေါက်သတ်ပစ်ရမည်။ လု ၁၅တွင် ရှင်းပြသည့်သားပျောက် နောင်တရခြင်းနှင့် နှိုင်းယှဉ်ဖတ်ရှုပါ။

(ကားစင်တင်ခြင်း (၂၁:၂၂၂၃)

          ၂၁:၂၂၂၃ ကျမ်းချက်၏ အနှစ်သာရသည် ခရစ်တော်ဖြစ်သည်။ ခရစ်တော်ကိုယ်တိုင်၌ အပြစ်ဒုစရိုက် မရှိသော်လည်း ကားစင်တင်ခံရသည်။ ကျိန်ခြင်းအမင်္ဂလာများကို သယ်ထုတ်သွားသည်။ အလောင်းကို တစ်ညဉ့်လုံး လက်ဝါးကပ်တိုင်ပေါ်၌ မတင်ထားကြ(ယော ၁၉:၃၁ ကိုကြည့်ပါ)။

လူသားများဝိညာဉ်ဖို့၊ ကိုယ်တော်ဝိညာဉ်

ကားစင်ပေါ်မှာ ဝေဒနာခံရရှာ။

ကောင်းကြီးမင်္ဂလာချီးမွမ်းထိုက်ရာထိုအရှင်

သိုးသူငယ်တော်အသေခံရရှာ။

ကိုယ်တော်၌ အကြွင်းမဲ့ပြည့်စုံ

ဘုန်းတန်ခိုးအာနုဘော်အလျှံ

သိုးသူငယ်တော်အသေခံရရှာ။

James Montgomery.

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။