ဒံယေလအနာဂတ္တိကျမ်း - ၉
ဒံယေလအနာဂတ္တိကျမ်း - ၉ (အနက်ဖွင့်)
၉။ ရက်သတ္တပါတ်ခုနှစ်ဆယ်၊ တပါးအမျိုးသားများ ကြီ:စိုးမည့်အကြောင်း ဒံယေလ၏ ဗျာဒိတ်ရူပါရံ (အခန်း ၉)
၉:၁-၂ မေရိပြည်တွင် ဒါရိမင်း နန်းစံချိန်မှ အဖြစ်အပျက်များဖြစ်သည်။ ယေရမိအနာဂတ္တိကျမ်းအရ ဒံယေလ၏ မြင်ရသော ရူပါရုံသည် နှစ်ပေါင်း(၇၀) ဖမ်းဆီးခံရသည့်ကာလ အဆုံးသတ်တော့မည်အကြောင်း ဖြစ်သည်။
၉:၃-၁၉ သူ၏အပြစ်နှင့်သူ့လူများ၏ အပြစ်ဒုစရိုက်များကို (ကျွန်ုပ်တို့ဟု သုံးနှုန်းသည်) ဝန်ချတောင်းပန်ပြီးသောအခါ ယေရုရှလင်နှင့် ယုဒပြည် အပေါ်သို့ပြုထားသောကတိတော် ပြည့်စုံမည့်အချိန်ကာလကို သိချင်သည်။ ပရောဖက်၏ဆုတောင်းချက်ကို ဘုရားသခင်ကြားနာ၍ အဖြေစကားပေးသည်မှာ “ရက်သတ္တပေါင်းခုနှစ်ဆယ်” ဖြစ်သည်။ “သမ္မာကျမ်းစာ ၏ကျောရိုးပရောဖက်ပြုချက်” ဟုလည်းဆိုကြသည်။
ဒံယေလ၏ အာရုံပြုဆုတောင်းချက်မှာ ဘုရားသခင်ကောင်းမြတ်ခြင်းလက္ခဏာ (ကောင်းမြတ်ခြင်း၊ ဥပေက္ခာပြုတတ်ခြင်း၊ သစ္စာတော်၊ ဖြောင့်မတ်ခြင်း၊ အပြစ်ခွင့်လွှတ်ခြင်း၊ ဂရုဏာတော်နှင့်) သူ့လူမျိုးအပေါ်စိတ်ပါဝင်စားမူ (ကိုယ်တော်၏ လူစု၊ ကိုယ်တော်၏ မြို့၊ ကိုယ်တော်၏ သန့်ရှင်းသောတောင်၊ ကိုယ်တော်၏ စင်ကြယ် သောဌာနတော်) ဖြစ်သည်။
၉:၂၀-၂၃ ဒံယေလက အာရုံပြုဆုတောင်းနေစဉ် ဂါဗြေလသည် လျင်မြန်စွာပျံလာ၍ ညဦးယံပူဇော်ချိန်၌ ဒံယေလ၏ဉာဏ်ပညာတိုးပွားစေမည့်အကြောင်း လာပြောသည်။ သင်သည် အလွန်ချစ်အပ်သောသူဖြစ်သည်။ ဗျာဒိတ်တော်အချက်ကို ဆင်ခြင်၍ နားလည်ရသောအခွင့်ရှိ၏ဟုဆိုသည်။ ထို့နောက် ယုဒလူမျိုးတို့ အနာဂတ်ကုသိုလ်ကံ၊ ရက်သတ္တတပတ်ပေါင်း ခုနှစ်ဆယ်အကြောင်းကို ရူပါရုံပေးလိုက်သည်။ ဤနေရာတွင် “ရက်သတ္တတပတ်” သည် ခုနစ်နှစ် ကာလညီမျှမည်။ ဘုရားသခင်ပေးသော ဗျာဒိတ်ရူပါရုံသည် အထိမခံရွှေပန်းကန်၊ အတိမ်းအစောင်းမခံနိုင်သောကြောင့် စကားစုတစု၊ တပိုဒ်ပြီးတပိုဒ် အသေးစိတ်လေ့လာရန် လိုအပ်ပါသည်။
၉:၂၄ အလွန်သန့်ရှင်းသောအရပ်ဌာနကို လိမ်းစေခြင်းငှါ၎င်း၊ သီတင်းခုနှစ်ဆယ်ကို သင်၏အမျိုးသားနှင့်သင်၏ သန့်ရှင်းသောမြို့အဘို့ ဆုံးဖြတ်ခြင်းရှိ၏။ ပရောဖက်ပြုချက်ပါ သီတင်းပတ်သည်နှစ်များဖြစ်ကြောင်း သမိုင်းကြောင်းအရ သိရှိပြည့်စုံလာခဲ့သည်။ သီတင်းပတ် (၇၀)ကို နှစ်ပေါင်း(၄၉၀)ဖြစ်သွားသည်။ သီတင်းပတ်(၇၀)ကို (၇)ပတ်စီဖြင့်ပိုင်းခြားပြီးလျှင် (၆၂)ပတ် ထပ်ပေါင်းပါက တပတ်ပိုလိမ့်မည်။ ဤရက်သတ္တပတ်(၇၀) ကုန်ဆုံးလွန်မြောက်သောအခါ အောက်ပါအဖြစ်အပျက်များ ကြုံတွေ့ကြမည်။
အပြစ်ဒုစရိုက်ကိုဖြေရှင်းခြင်း။ ဤကျမ်းပိုင်းသည် ယေဘုယျအားဖြင့် ဣသရေလလူမျိုးများ၏ အပြစ်ဒုစရိုက်အကြောင်းဖြစ်၏။ အထူးသဖြင့် မေရှိယသခင်အား ငြင်းပယ်ခဲ့ကြသည့်မူလစရိုက်၏ အရင်းအမြစ်ဖြစ်သည်။ ခရစ်တော်ဘုရား ဒုတိယအကြိမ်ကြွလာသောအခါ ယုံကြည်ခြင်းဖြင့် ခရစ်တော်ထံသို့ပြန်လည်ရောက်ရှိ၍ ဣသရေတို့၏ အပြစ်ဒုစရိုက်များ ခွင့်လွှတ်မည့် အကြောင်းဖြစ်သည်။
လွန်ကျူးခြင်းအမှုကို ဆီးတားခြင်း။ လွန်ကျူးသောအမှုများ ဆီးတားဖို့ရန်သည် ကရာနီတရားပေါ်တွင်သာ အခြေပြုသည်။ သို့သော်လည်း အနာဂတ်ကာလတွင် ဣသရေလလူများသည် ခရစ်တော်၏ ပြည့်စုံသော အမှုတော်ကို ယုံကြည်လက်ခံကြသောကြောင့် အကျိုးဖြစ်ထွန်း ကောင်းစားကြရမည်။
ထာဝရကုလိုလ်သွင်းစေခြင်း၊ ဤအချက်သည်လည်း ခရစ်တော်စကား ဒုတိယအကြိမ်ပြန်လည်ကြွလာခြင်းနှင့် အနှစ်တထောင် အုပ်စိုးခြင်းအပေါ်၌ အခြေတည်သည်။ ထိုကာလရောက်သောအခါ ခရစ်တော်ဘုရားသည် ဖြောင့်မတ်ခြင်းအရင်းအမြစ်စိုးစံမည်။ နိုင်ငံတော် ထာဝရတည်သကဲ့သို့ ကိုယ်တော်ဘုရား၏ ဖြောင့်မတ်ခြင်းသည်လည်း နိစ္စ ထာဝရတည်တံ့နေပေမည်။
ရူပါရုံနှင့်ပရောဖက်ပြုချက်များ တံဆိတ်ခတ်နှိပ်ခြင်း။ ဓမ္မဟောင်း၏ အဓိကမဏ္ဍိုင်ပရောဖက်ပြုချက်မှာ ကမ္ဘာပေါ်သို့ ခရစ်တော်ဘုရား ဆင်းသက်လာမည့်အကြောင်း၊ နိုင်ငံတော်တည်ထောင်မည့်အကြောင်း ဖြစ်သည်။ သို့ကြောင်း သီတင်းပတ် (၇၀)အဆုံးတွင် ပရောဖက်ပြုချက်မှန် သမျှသည်ပြည့်စုံလာလိမ့်မည်.။
အလွန်သန့်ရှင်းသောအရပ်ဌာနကို လိမ်းစေခြင်း။ ခရစ်တော်ဘုရား၏ အနှစ်တထောင်နိုင်ငံတော်စတင်သောအခါ ဗိမာန်တော်သည် ဆီလူးဘိသိက်မင်္ဂလာပေးရမည့်အကြောင်း၊ ယေရုရှလင်မြို့သည် ကျက်သရေမင်္ဂလာပြည့်စုံမည့်အကြောင်း ယေဇ ၄၀-၄၄တွင် ပရောဖက်ပြုထားပါသည်။ ဘုန်းတန်ခိုးဟူသမျှသည် ကိုယ်တော်ဘုရားထံတွင် ပြည့်စုံလာကြမည်(ယေဇ ၄၃:၁-၅ )။
၉:၂၅ ထို့ကြောင့် ယေရုရှလင်မြို့ကို တဖန်တည်ထောင်ပြုစေခြင်းငှါအမိန့်တော်ရှိသည်။ ထိုကာလသည် ဘီစီ ၄၄၅ ခုနှစ် အာတဇေရဇ်မင်း Artexerxes လက်ထက်ဖြစ်သည် ။ (နေ ၂:၁-၈)
ခရစ်တော်လက်ထက်တိုင်အောင်။ ဤကျမ်းစကားသည် ခရစ်တော်ဘုရား ပထမအကြိမ် ကြွလာခြင်းကာလကို ဆိုလိုခြင်းမဟုတ်။ ကိုယ်တော်ဘုရားအသေခံတော်မူသည့်နေ့ရက်ကာလထိ အကျူံးဝင်သည်(ငယ် ၂၆ ကိုလည်းကြည့်)။
ခုနှစ်သီတင်း ၄၉ နှစ်နှင့် ခြောက်ဆယ့်နှစ်ပတ် (၄၃၄၅၆) ကြာလိမ့်မည်။ ခြောက်ဆယ့်ကိုးသီတင်းနှင့် ခြောက်ဆယ်နှစ်သီတင်းပေါ်ထွက်လာမည်။
မြို့လမ်းကို တဖန်တည်ထောင်ပြုစုရမည်။ အနှောင့်အယှက်များပြားထူပြောသည့် ကာလအကြား မှာပင် မြို့ပြပြည်ရွာ လမ်းတံတားတည်ဆောက်ကြမည်။ ယေရုရှလင်မြို့အား (ပထမသီတင်းခုနှစ်ပတ်အတွင်းတွင်) ပြည်သူ့ရင်ပြည်နှင့် မြိုပြအင်္ဂါစုံလင်စွာ အတားအဆီးအနှောင့်အယှက်မရှိ ချောမောစွာပြန်လည် တည်ဆောက်သည်။
၉:၂၆ သီတင်းပတ် ၆၂ ပတ် လွန်မြောက်သောအခါဆိုသည်မှာ အချိန်ကာလခွဲဝေပိုင်းခြားခြင်း ဖြစ်သည်။ စင်စစ် ၆၉ သီတင်းတွင် အချိန်ကာလစေ့သည်။ ထိုကာလစေ့သောအခါ မေရှိယသခင်ကို အကျိုးအကြောင်း ခိုင်လုံခြင်းမပြည့်စုံဘဲ အသေသတ်ကြမည်။ ခရစ်တော်ဘုရားလက်ဝါးကပ်တိုင်ပေါ်တွင် မရှုမလှ အသေခံခဲ့ပုံကို သတိရသင့်သည်။
လွန်ခဲ့သော နှစ်တရာခန့်တွင် ရေးသားသည့် Sir Robert Anderson ၏ “The Coming Prince” စာအုပ်တွင် ခြောက်ဆယ့်ကိုး သီတင်းကို “ပရောဖက်နှစ်များ” ဟုဆိုထားသည်။ ဝါထပ်ရက်များကြောင်း ရက်လပြက္ခဒိန်သည် ဘီစီမှ အေဒီသို့ပြောင်းလဲခဲ့သည်။ ခြောက်ဆယ့်ကိုး သီတင်းသည် ယေရုရှလင်မြို့သို့ ခရစ်တော်ဘုရား အောင်ပွဲခံဝင်ရောက်သည့် နေ့ရက်သည် အဆုံးသတ်ခဲ့သည်။ ခရစ်တော်ဘုရား အသေမခံမီ (၅) ရက်စောသွားသည်။၁၁
“သို့သော်လည်း သူ့အတွက်အလျဉ်းမဟုတ်။” ဆိုခြင်းမှာ စာကဗျာဖြင့်ရေးရလျှင် မည်သည့်အကျိုးခံစားခွင့်မှမယူဟု အဓိပ္ပါယ်ရသည်သည်။ ခရစ်တော်ဘုရားကြွလာခြင်းသည် ဣသရေလသူများထံမှ မည်သည့်အကျိုးရလာဒ်မှ မရရှိပါ။ သို့မဟုတ် ဣသရေလလူမျိုးကြောင့် ဒဏ်ခတ်ခြင်းခံရသည် (ဟေရှာ ၅၃:၈) သို့မဟုတ် ကိုယ်တော်ဘုရား၏ အောက်ကျို့နှိမ့်ချပုံ တင်စာခြင်းဖြစ်သည်။ ကိုယ်ပေါ်ရှိအဝတ်တလွှာမှလွဲ၍ မကျန်ရစ်ခဲ့ပါ။
ထိုနောက်မှလာသောသခင်လူတို့ ဆိုခြင်းမှာ ခရစ်တော်ကို ပှန်ကန်တော်လှန်သော အန္တိခရစ် ရောမအင်ပါယာကို ဆိုလိုသည်။ ဘေးဒဏ်ကြီးကာလတွင် စိုးမိုးသောင်းကျန်းကြမည်။ သူ့လူတို့ဆိုခြင်းမှာ ရောမလူမျိုးများ ဖြစ်သည်။
မြို့တော်ကို၎င်း၊ သန့်ရှင်းရာဌာနတော်ကို၎င်း၊ ဖြိုဖျက်ကြလိမ့်မည်။ တိတုလက်ထက်တွင် ရောမတို့သည် အေဒီ ၇၀ခုနှစ်၌ ရောမမြို့ကို ဖျက်ဆီးကြသည်။ ဗိမာန်တော်ကိုလည်း အုတ်တခဲမကျန်အောင် မီးရှို့ဖျက်ဆီး ကြသည်။
ရေလွှမ်းမိုးခြင်းဖြင့် ဆုံးကြလိမ့်မည်။ မြို့တော်ပြားပြားဝပ်၍ ရေပြင်ညီရှိခြင်းကို ဆိုလိုသည်။ ဗိမာန်တော်သည်လည်း အုတ်တချပ်ပေါ်တစ်ချပ်ဆင့်တည်ခြင်းမရှိတော့ပါ။ စစ်သားများအား တိတုမင်းက တားမြစ်တော်လည်း တားမနိုင်ဆီးမရ ဆိုးသွမ်းကြသည်။ ဗိမာန်တော်ရှိ ရွှေများအား အရည်ကြိုကြသည်။ အုတ်ကြိုအုတ်ကြား အင်္ဂတေပြားရှိ ရွှေစရွှေစုများ ခွာကြသည်။ မြေလှန်ကြသည်။ ထိုအဖြစ်တနည်းဆိုးသည် ယေရုရှလင်ဗိမာန်တော် ပြိုလဲပျက်ဆီးမည့်အကြောင်း၊ အုတ်တခဲမကျန်၊ ပျက်စီးမည့်အကြောင်း ခရစ်တော်ဘုရား၏နှုတ်တော်ထွက်စကား မ ၂၄:၁−၂ နှင့် ဒံယေလ၏ ပရောဖက်ပြုချက် ပြည့်စုံခြင်းအကြောင်း ဖြစ်သည်။
အဆုံ:တိုင်အောင် စစ်တိုက်ခြင်း ၊ ပျက်စီးခြင်းနှင့်ဆိုင်သော စီရင်ခြင်းရှိလိမ့်မည်။ ထိုအချိန်မှာစ၍ ယေရုရှလင်မြို့သည် စစ်သလင်းမြေဖြစ်လျက်လုံးဝပျက်စီး ပျက်သုဉ်းသွားသည်။ ဤကျမ်းပိုဒ်တွင် ပါရှိသည့်အဆုံးတိုင်အောင် ဆိုခြင်းမှာ တပါးအမျိုးသားများ၏ ခေတ်ကာလအဆုံးကို ဆိုလိုသည်။
၉:၂၇ ခုနှစ်ဆယ်မြောက်သော ရက်သတ္တပတ်ထဲသို့ ဝင်ရောက်လာကြပြီ။ အထက်တနေရာတွင် ဆိုခဲ့သည့်အတိုင်း ခြောက်ဆယ့်ကိုးနှင့်ခုနှစ်ဆယ်ကြား တွင် ကြားကွက်လပ်ရက်သတ္တပတ်တပတ်ရှိသည်။ ထိုကာလသည် အသင်းတော်ကာလကို ရည်းညွှန်းသည်။ ပင်တေကုတ္တေနေ့မှ အသင်းတော်ချီဆောင်ခြင်းကာလ ကိုဆိုလိုသည်။ ထိုအကြောင်းကို ဓမ္မဟောင်းကျမ်းတွင် ထုတ်ဖော်ပြသခြင်းမရှိ။ လျှို့ဝှက်ထားသည်။ ဓမ္မသစ်ကာလ ရောက်မှသာလျှင်တပည့်တော်များနှင့် ပရောဖက်များက ထုတ်ဖော်သည်။ ထိုကြားကာလအကြောင်းကို ဓမ္မဟောင်းကျမ်းတွင် ထုတ်ဖော်ထားခြင်းမရှိ။လျှိုဝှက်ထားသည်။ ကမ္ဘာဦးမှစ၍ ဖုံးကွယ်သိမ်းဆည်းထားသည် ဓမ္မသစ်ကာလ ရောက်မှသာလျှင်တပည့်တော်များနှင့် ပရောဖက်များက ထုတ်ဖော်ခဲ့သည်။ ထိုကြားကာလအကြောင်းကို ခရစ်တော်ဘုရားက နာဇရက်တရားစရပ်တွင် (လု၄:၁၈-၁၉) မိန့်ဆိုခဲ့သည်။ ခရစ်တော်က ဟေရှာ၆၁:၁-၂ ကို ကိုးကားခြင်း ဖြစ်သော်လည်း အနှစ်သာရကိုသာယူ၍ “နှစ်လိုဖွယ်ရာ ဘုရားသခင်၏နှစ်” (ကိုယ်တော်ဘုရားဒုတိယကြွလာခြင်း)ဟု ဆိုသည်။ တရားစီရင်ရန် ဒုတိယအကြိမ်ကြွလာခြင်း ဘုရားသခင်၏ ကလဲ့စားချေမည့်နေ့(ဟေရှာ ၆၁:၂ခ)ကို ချန်လှပ်ထားသည်။ ဤကြားကာလကို အသင်းတော်ခေတ်ဟုဆိုသည်။
ထို့နောက်သူသည် (ရောမမင်း) လူအများ (မယုံကြည်သူဣသရေလလူမျိုးများ) နှင့် သီတင်းတပတ် (ဘေးဒဏ်ကြီးကာလ ၇ နှစ် ပဋိညာဉ်ဖွဲ့ကြမည်။ သို့သော် လူမှုပေါင်းသင်းဆက်ဆံရေးအရ ပေါင်းဖက်သည်။ စစ်မဟာမိတ်ပြုခြင်းမဟုတ်၊ ဣသရေလအားကျူးကျော်တိုက်ခိုက်ရန် စစ်မဟာမိတ်ပြုခြင်းရှိကြမည်မဟုတ်။
ထိုသီတင်းပတ်တပတ်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းပပျောက်စေမည်။ ရောမအစိုးရသည် ဤသရေလလူမျိုးအား ရွံရှာမုန်းတီးစွာ ဆက်ဆံမည်။ ယေဟောဝါဘုရားသခင်အား ဆက်ကပ်ပူဇော်ခြင်း ချီးမွမ်းခြင်းဟူသမျှ တားဆီးပိတ်ပင်မည်။
ရွံရှာဖွယ်သော အရာတို့၏ အထွဋ်ဆိုသည်မှာ စက်ဆုပ်ရွံရှာဘွယ်ရာ ရုပ်တုဆင်းတု၊ နတ်ရုပ်များဗိမာန်တော်၌ နေရာယူကြမည့်အကြောင်း ဖြစ်၏။ ထိုအရုပ်များကို ရှိခိုးကိုးကွယ်ခိုင်းမည့်အကြောင်း။ မ ၂၄:၁၅ တွင် တွေ့ရသည်။ အချို့က ထိုအထွဋ်(အတောင်) ဆိုသည်မှာ ဗိမာန်တော်ဖြစ်သည်ဟု ယူဆကြသည်။
“စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်းသည် ပျက်စီးအပ်သောသူတို့ကို မလွှမ်းမိုးမီတိုင်အောင် ထိုသို့ ဖြစ်လိမ့်မည်။” ခုနှစ်ဆယ်သီတင်း၏ ဒုတိယပိုင်းကာလတွင် ကြောက်ရွံတုန်လှုပ်ဖွယ်ရာ ဘေးအန္တရာယ်ကြီးများ ဣသရေလလူမျိုးအပေါ် သက်ရောက်မည်။ ထိုကာလကို ဘေးဒဏ်ကြီးကာလဟု နားလည်ကြသည်။ ထို့နောက်ရောမအင်ပါယာ (ပျက်စီးအပ်သောသူ)သည် ကိုယ့်အကြောင်းနှင့်ကိုယ် ပျက်စီးဖို့ ဘုရားသခင်က ကံကြမ္မာ ဖန်ဆင်းထားသည်။ မီးအိုင်ထဲသို့ ပြစ်ချခြင်းခံရမည်(ဗျာ ၁၉:၂၀)။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။