အာမုတ်အနာဂတ္တိကျမ်း - ၉

ထာဝရဘုရား၏စီရင်ချက်များ
1တစ်ဖန် ငါကြည့်ရှု၍ ဘုရားရှင်သည် ယဇ်ပလ္လင်ပေါ်မှာ ရပ်လျက် မိန့်တော်မူသည်ကား၊ ရှိသမျှသောသူတို့၏ ခေါင်းပေါ်သို့ တံခါးတိုင်လှုပ်၍ ပြိုကျစေခြင်းငှာ တံခါးထုပ်ကို ရိုက်လော့။ သူတို့သားမြေးများကိုလည်း ဓားနှင့် ငါကွပ်မျက်မည်။ ပြေးသောသူသည် မလွတ်ရ။ လွတ်သောသူသည်လည်း ချမ်းသာကို မတွေ့ရ။ 2မရဏနိုင်ငံတိုင်အောင် တွင်းတူးသော်လည်း ငါနုတ်ယူမည်။ မိုးကောင်းကင်သို့ တက်သော်လည်း ငါချမည်။ 3ကရမေလတောင်ထိပ်၌ ပုန်းရှောင်သော်လည်း၊ ငါရှာ၍ ထုတ်မည်။ ငါနှင့်လွတ်အံ့သောငှာ သမုဒ္ဒရာအောက်၌ ပုန်းရှောင်သော်လည်း၊ ငါသည် နဂါးကိုမှာလိုက်၍ ကိုက်စေမည်။ 4ရန်သူတို့သည် သိမ်းသွားသော်လည်း၊ အခြားသောအရပ်၌ ငါသည် ဓားကိုမှာလိုက်၍ သတ်စေမည်။ ကျေးဇူးမပြု၊ အပြစ်ပြုခြင်းငှာသာ ငါကြည့်ရှုမည်။ 5ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရားသခင် ထာဝရဘုရားသည် မြေကိုထိတော်မူလျှင်၊ မြေသည် အရည်ဖြစ်၍ မြေသားအပေါင်းတို့သည် ညည်းတွားကြလိမ့်မည်။ မြစ်ကဲ့သို့ တစ်ပြည်လုံးထပြီးလျှင်၊ တစ်ဖန် အဲဂုတ္တုမြစ်၌ မြုပ်သကဲ့သို့ မြုပ်လိမ့်မည်။ 6အထက်အခန်းတော်တို့ကို ကောင်းကင်၌ဆောက်၍၊ အောက်တိုက်တော်ကို မြေကြီးပေါ်မှာ တည်တော်မူ၏။ သမုဒ္ဒရာရေကိုခေါ်၍ မြေကြီးပြင်၌ သွန်းလောင်းတော်မူ၏။ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရားတည်းဟူသော ဘွဲ့နာမရှိတော်မူ၏။ 7အို ဣသရေလအမျိုးသားတို့၊ သင်တို့သည် ငါ၌ ကုရှအမျိုးသားကဲ့သို့ ဖြစ်ကြသည်မဟုတ်လော။ ဣသရေလအမျိုးကို အဲဂုတ္တုပြည်မှ ငါနုတ်ဆောင်သကဲ့သို့၊ ဖိလိတ္တိလူတို့ကို ကတ္တောရပြည်မှလည်းကောင်း၊ ရှုရိလူတို့ကို ကိရပြည်မှလည်းကောင်း ငါနုတ်ဆောင်ပြီမဟုတ်လောဟု ထာဝရဘုရား မိန့်တော်မူ၏။ 8အရှင်ထာဝရဘုရားသည် အပြစ်ရှိသော တိုင်းနိုင်ငံကို ကြည့်ရှုလျက်၊ ထိုတိုင်းနိုင်ငံကို မြေကြီးပြင်မှ ငါသုတ်သင်ပယ်ရှင်းမည်။ သို့သော်လည်း၊ ယာကုပ်အမျိုးကို ရှင်းရှင်းမဖျက်ဆီးဟု မိန့်တော်မူ၏။ 9တစ်ဖန် ငါအမိန့်တော်ရှိသဖြင့် ဆန်ကို ဆန်ခါနှင့် ချသကဲ့သို့၊ ဣသရေလအမျိုးကို ခပ်သိမ်းသောအမျိုးတို့တွင် ဆန်ခါနှင့် ငါချမည်။ ဆန်တစ်စေ့မျှ မြေသို့မကျရ။ 10ဘေးဥပဒ်သည် ငါတို့ကို မမီနိုင်၊ မဆီးတားနိုင်ဟုဆိုလျက်၊ အပြစ်များသော ငါ၏လူအပေါင်းတို့သည် ဓားဖြင့် သေရကြလိမ့်မည်။
ဒါဝိဒ်၏နိုင်ငံပြန်လည်ထူထောင်ခြင်း
11ကျန်ကြွင်းရစ်သော ဧဒုံအမျိုးသားမှစ၍ ငါ၏နာမဖြင့် သမုတ်သော တစ်ပါးအမျိုးသားအပေါင်းတို့ကို သိမ်းယူစေခြင်းငှာ၊ 12လဲလျက်ရှိသော ဒါဝိဒ်၏တဲကို ထိုကာလ၌ ငါဆောက်တည်ပြန်မည်။ အက်ကွဲရာများကို စေ့စပ်မည်။ ပြိုပျက်ရာများကိုလည်း ပြုပြင်ပြီးလျှင်၊ ထိုတဲကို ရှေးကာလ၌ရှိသကဲ့သို့ မတ်စေပြန်မည်ဟု၊ ဤအမှုအရာကို စီရင်တော်မူသော ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိ၏။ 13ထာဝရဘုရား မိန့်တော်မူသည်ကား၊ လယ်ထွန်သောသူသည် စပါးရိတ်သော သူကိုလည်းကောင်း၊ စပျစ်သီးနယ်သောသူသည် မျိုးစေ့ကြဲသော သူကိုလည်းကောင်းမီလျက်၊ တောင်တို့မှ ချိုသောစပျစ်ရည်ယို၍၊ ကုန်းရှိသမျှတို့လည်း အရည်ဖြစ်ရသောကာလ ရောက်လိမ့်မည်။ 14သိမ်းသွားခြင်းကိုခံရသော ငါ၏လူ ဣသရေလအမျိုးသားတို့ကို တစ်ဖန်ငါဆောင်ခဲ့သဖြင့်၊ သူတို့သည် ပျက်စီးသောမြို့များကို ပြုပြင်၍ နေကြလိမ့်မည်။ စပျစ်ဥယျာဉ်များကိုစိုက်၍ စပျစ်ရည်ကို သောက်ကြလိမ့်မည်။ လယ်ယာများကို ပြုစု၍ အသီးတို့ကို စားကြလိမ့်မည်။ 15သူတို့ကို နေရင်းအရပ်၌ ငါစိုက်ထားမည်။ ငါပေးသောပြည်မှ နောက်တစ်ဖန် အဘယ်သူမျှ မနုတ်ရဟု၊ သင်၏ဘုရားသခင် ထာဝရဘုရား မိန့်တော်မူ၏။
ပရောဖက်အာမုတ်စီရင်ရေးထားသောအနာဂတ္တိကျမ်းပြီး၏။

အာမုတ်အနာဂတ္တိကျမ်း - ၉ (အနက်ဖွင့်)

(တံခါးထုပ်များခိုင်ခံ့စေခိုင်ခြင်း (:၁၀)

: ဘုရားသခင်၏ တရားစီရင်ခြင်းကို ယဇ်ပလ္လင်မှ အစပြုမည်။ ထိုယဇ်ပလ္လင်သည် ယဇ်ပလ္လင်အတု ဗေသေလယဇ်ပလ္လင် ဖြစ်ကောင်းဖြစ်နိုင်သည်။ လူအပေါင်းတို့သည် ပြေးစရာ၊ ပုန်းစရာနေရာမရှိ။ ဘေးဒုက္ခကြမ္မာငင်ကြမည်။ “ကရမေလတောင်ထိပ်၌ ပုန်းရှောင်သော်လည်း ထုတ်ဖော်မည်။ သမုဒ္ဒရာပင်လယ်အေက်ခြေ၌ ပုန်းသော်လည်း မလွတ်။ ရန်သူဓါးသွားများက ထပ်ချမကွာလိုက်ရှာမည်။” ထာဝရဘုရားသခင် အမျက်တော်ရှပုံကို “ငါသည်ကျေးဇူးမပြု၊ အပြစ်ပြုခြင်းငှါသာ ငါကြည့်ရှုမည်။” ဟု ဆိုသည်။ ထိုကာလတွင် ဣသရေလတို့သည် ဘေးအန္တာရာယ်ဆိုးကြီးနှင့် မလွဲမသွေ ရင်ဆိုင်ရမည်။

          :၁၀ ဘုရားသခင်၏ အမျက်ဒေါသ တဘက်တွင် မည်သူရပ်နေနိုင်မည်နည်း။ အထက်အခန်းတော်တို့ကို ကောင်းကင်၌ဆောက်၍ အောက်တိုက်တော်ကို မြေကြီးပေါ်မှာတည်တော်မူသည်။ ဤနေရာတွင် ဣသရေလအမျိုးကို ဒုစရိုက်နိုင်ငံ အဲသယောပိနှင့် နှိုင်းယှဉ်ထားသည်။ တစ်ခွပြစ်နှစ်သောစကား ဖြစ်၏။ ရရှိထားသော အခွင့်အရေးများကို အချည်းနှီး ဖြစ်စေခဲ့ကြသည်။ ဆန်ကိုဆန်ခါချကဲ့သို့ အပြစ်ဒုစရိုက်သား ဣသရေလအမျိုးကို ဆန်ခါဖြင့် စစ်ချမည်။ ဆန်တစေ့မျှမြေသို့မကျရ။ အများစုသည် ဖျက်သိမ်းခံကြရသော်လည်း ဘုရားသခင်၏ ကရုဏာတော်သည် အကုန်အစဉ်ပျောက်ကွယ်သွားခြင်း မဟုတ်။

၄။ အနာဂတ်တွင် ဣသရေလတို့ပြန်လည် တည်ထောင်မည့်အကြောင်း (:၁၁၁၅)

:၁၁၁၂ ဣသရေလတို့ပြန်လည်ကောင်းစားမည့် အနာဂတ်အကြောင်းကို အငယ် ၁၁ -၁၅တွင် ရှင်းပြထားသည်။ ဒါဝိဒ်သို့ ပြုထားသော ကတိတော်ပြည့်စုံလာမည်။ အချို့ကျမ်းတတ်ဆရာများက ဤအပိုဒ်ငယ် ၁၁ ကို ဣသရေလနှင့် အသင်းတော် ပေါင်းစည်းခန်းအဖြစ် ဟောပြောသွန်သင်ကြသည်။ အသင်းတော်သည် ယခုကာလတွင် ပြင်ဆင်ဆဲ “တဲတော်” ဖြစ်သည်။ အနှစ်တစ်ထောင်နိုင်ငံတော်ထဲသို့ ဣသရေလလူမျိုးနှင့် တပါးအမျိုးသားများ တပေါင်းတစည်းတည်း ခေါ်ဆောင်သွားမည့်သူ ဖြစ်သည်။ ထိုအကြောင်းကို Scofield က ဤသို့ဆိုထားသည်။

ဒါဝိဒ်မင်းဆက်ကို တဲတော်ဖြင့်ပုံဖော်ထားသည်။ ယိုယွင်းပျက်စီးပြီ။ ဆာ ၁၁:၁နှင့် ယှဉ်ဖတ်ကြည့်ပါ။ ဤကျမ်းပိုဒ်ကို Talmudic rabbis များက Messiah Bar Naphli (ကျဆုံးခြင်း၏သားဟု ဆိုကြသည်။ သို့သော် ရှင်ပြန်ထမြောက်လိမ့်မည် (မာလခိ၊၄:)

          :၁၃ စပျစ်ပင်၊ ဂျုံ၊ သံလွင်အစရှိသော ကောက်ပဲသီးနှံ။ သစ်သီးဝလံများသည်လည်း အံ့မခန်းလိလိကြီ:ထွားဖြစ်ထွန်းလာကြမည်။ မြို့ကြီးပြကြီးများ စည်ပင်ဝပြောလာကြမည်။ ဘုရားသခင်သည်လည်း သူ့လူများကို နောက်တဖန် အပြစ်ပေးအရေးယူခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်း ရှိတော့မည်မဟုတ်။ သူ့လူများကို ပြန်လည်ကြည့်ရှုမည်။

မှတ်စု

၁။ (နိဒါန်း)သိုးထိန်းဟူသောစကားလုံးကို roeh ဟုခေါ်၍ သိုးမွေးမြူရေးသမားကို noged ဟုခေါ်သည်။

၂။ (၁:၃-၅) J. Sidlow Baxplore, Explore the Book, p. 130.

၃။ (၂:၆-၈) အပေါင်ထားသောစောင်ကို အိပ်ယာခင်းအိပ် သည်ဆိုသည်မှာ မရှိမဲ့ရှိမဲ့ပစ္စည်းကို ပစ်စလက်ခတ်ညစ်နွမ်းစေရန် အလွှဲသုံးခြင်း ဖြစ်သည် (တရား၊ ၂၄:၁၂-၁၃)။

၄။ (၄:၄-၁၃) မည်သို့ဖြစ်စေ ဧဝံဂေလီစကား ဟေကြားရာတွင် သတိပေးထားသည်။ ဧဝံဂေလိဆရာကြီး D. L. Moody က ဤအရာလေးပါးကို ဥပမာယူ၍ (က) ဘုရားသခင်တပါး (ခ) ရေတွက်ဝင်သူများ (ဂ)ကိုယ်တော့်အားကြုံတွေ့ရမည် (ဃ) ပြင်ဆင်ထားရမည့် အချက်ဟုဆိုသည်။ (Notes from My Bible.92).

၅။ (၆:၉- ၁၀) Page H. Kelly, Amos, Prophet of Social Justice, P. 97.

၆။ (၉:၁၁-၁၂) The New Scofield Study Bible, New King James Version,  p. 1056.

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။