ယောရှုမှတ်စာ - ၂
ယောရှုမှတ်စာ - ၂ (အနက်ဖွင့်)
(ခ) ယေရိခေါသူလျှိုများ (အခန်း ၂)
၂:၁ ပြည်တော်သို့ဝင်ရောက်ဖို့ရန် စစ်ရေးကင်းထောက်ဖို့ နုန်၏သားယောရှုသည် သူလျှိုနှစ်ယောက်အား ရှိတ္တိမ်မြို့မှ ယေရိခေါမြို့သို့ စေလွှတ်လိုက်သည်။ ထိုသို့စေလွှတ်ခြင်းသည် ဘုရားရှင်အား ယုံကြည်မှု အားနည်းသောကြောင့်မဟုတ်။ ဘုရားပေးစစ်နည်းဗျူဟာကျင့်သုံးခြင်းဖြစ်သည်။ ခါနန်တစ်ပြည်လုံးအား ထောက်လှမ်းဖို့ မဟုတ်။ ရှေ့လုပ်ငန်းစဥ် စနစ်တကျ ရေးဆွဲနိုင်ဖို့ လိုအပ်သော ကုန်ကြမ်းအချက်အလက်များ ကြိုတင်ပြင်ဆင်ဖို့ ဖြစ်သည်။
၂:၁ ခ –၂၄ လွှတ်လိုက်သောသူလျှိုနှစ်ယောက်သည် ပြည့်တန်ဆာမ ရာခပ်အိမ်၌ ပုန်းခိုကြသည်။ Keil နှင့် Delitzsch က “လူအများမထင်မှတ်သည့် အိမ်သို့ ချဉ်းကပ်ခြင်းဖြစ်သည်” ဟု ကောက်ချက်ချကြသည်။၃ ယုဒလူမျိုးများ ဘဝတိုက်ပွဲအောင်မြင်ဖို့ ထိုပြည့်တန်ဆာမရာခပ်အား ဘုရားသခင်အသုံးပြုခြင်းဖြစ်ပါသည်။ (ငယ် ၈-၁၁)။ ရာခပ်က သူလျှိုတို့၏ ဘုရားသခင်သည် စစ်မှန်သော ဘုရားဖြစ်သည်ဟု ယုံကြည်လက်ခံသည်။ ကြာလာသောအခါ ရာခပ်သည်လည်း အသက်တာပြောင်းလဲလာသည် ဣသရေလသူလျှိုများကို အကွယ်အကာ ပေးခြင်းဖြင့် သူ၏ယုံကြည်မှုကို သက်သေပြသည်။ မိမိတိုင်းပြည်ကို သစ္စာဖောက်ရာရောက်သော်လည်း ဘုရားရှင်ကိုသာ ဦးစားပေးခဲ့သည်။
ဣသရေလစစ်ကြောင်း ယေရိခေါမြို့ထဲသို့ ဝင်ရောက်လာသောအခါ သိရှိနိုင်ရန် ပြတင်းပေါက်တွင် အဝတ်စကြိုးနီ တွဲလောင်းချထားဖို့ သူလျှိုများက ရာခပ်အား မှာကြားခဲ့သည် (ငယ် ၆-၂၁)။ အဝတ်စကြိုးနီသည် အသွေးတော်ပုံဆောင်သည်။ ပသခါညဉ့်က အဖြစ်အပျက်မျိုးဖြစ်သည် (ထွ ၁၂)
ယေရိခေါမင်းက ထိုသူလျှိုများ သတင်းမေးမြန်သောအခါ မြို့ပြင်သို့ထွက်ကြပြီဟု ရာခပ်ဖြေခဲ့သည်(ငယ်၅)။ ယေရိခေါလူများက ထိုသူလျှိုများ ယော်ဒန်သွားလမ်းတလျှောက် မွှေနှောက်ရှာဖွေကြသောအခါ ရာခပ်က အနောက်ဘက်ဆင်ခြေလျှောက်တွင် ဝှက်ထားသည်။ သုံးရက်လွန်သောအခါ သူလျှိုတို့သည် ယော်ဒန်မြစ်တစ်ဘက်ကမ်းသို့ ကူးမြောက်သွားကြသည်။ ယောရှုထံသို့ ယုံကြည်ခြင်းစကားသတင်းပြန်ပို့ကြသည် (ငယ် ၂၂-၂၄)။
ရာခပ်သည် အပြောဖြင့်မဟုတ်၊ အလုပ်ဖြင့်သက်သေထူသူဖြစ်သည် (ယာ၂:၂၅)။ သမ္မာကျမ်းစာကရာခပ်၏ လှည့်စားမှုကို မရှုတ်ချပါ(ငယ်၄၊၅)။ သူမ၏ယုံကြည်ခြင်းကိုသာ မီးမောင်းထိုးပြသည် (ဟေဗြဲ ၁၁:၃၁)။ ရှင်ယာကုပ်တွင်လည်း သူမ၏ ယုံကြည်ခြင်းကိုသာ အမွှန်းတင်သည် (ယာ၂:၂၅)။ ဘုရားသခင်၏ အချုပ်အခြာ ဘုန်းတန်ခိုးကြီးမားပုံကို ယုံကြည်သောကြောင့် မိမိအသက်ကို ရင်း၍ဣသရေလ သူလျှိုများကို ကယ်ဆယ်ခဲ့သည်။ သို့ကြောင့် သခင်ယေရှုဘုရားကလည်း ကိုယ်တွေ့မျက်မြင်ကြုံတွေ့၍ ယုံကြည်ခြင်းထက် မမြင်ဘဲလျက် ယုံကြည်သူသည် ပို၍ မင်္ဂလာရှိသည်ဟု ဟောကြားခဲ့သည်(လု၇:၂-၉)။ ယုံကြည်ခြင်းအားကြီးသူသည် ယုံကြည်ခြင်း၏ ဆုလက်ဆောင်အမှန်ရရှိကြသည်(အခန်း ၆ကိုကြည့်)။ ထိုသို့သော ယုံကြည်ခြင်းသည် အလိုတော်နှင့်ပြည့်စုံသော ယုံကြည်ခြင်းဖြစ်သည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။