ဝတ်ပြုရာကျမ်း - ၁၀
ဝတ်ပြုရာကျမ်း - ၁၀ (အနက်ဖွင့်)
(ဂ) နာဟပ်နှင့်အဘိဟူကမလေးမခန့်ပြုခြင်း (အခန်း ၁၀)
၁၀:၁–၃ ယဇ်ပုရောဟိတ်များဖြစ်ကြသော အာရုန်၏သား နာဒပ်နှင့်အဘိဟုသည် မိမိတို့တာဝန် ရှိသည့်အတိုင်း အမွှေးတိုင်လင်ဗန်းကိုသုံးကြသည်။ ထိုမီးသည် ကြေးယဇ်ပလ္လင်မှ ကူးယူခြင်း မဟုတ်နိုင်ဖွယ် အကြောင်းရှိသည်။ ထိုယဇ်ပလ္လင်သည် ကရာနီကုန်းပေါ်မှ လက်ဝါးကားတိုင်ကိုပုံဆောင်သည်။ အချို့က ထိုကားတိုင်ပေါ်တွင် ခရစ်တော် ပြုတော်မူခဲ့သော အမှုတော်အစား အခြားနည်းလမ်းဖြင့် ကယ်တင်ခြင်းရှာကြသည်။ ထို့ကြောင့်အသန့်ရှင်းဆုံးသော ဌာနတော် ကျက်သရေဆောင်မှ မီးတောက်လာပြီး ပုရောဟိတ်နှစ်ပါးကို လောင်ကျွမ်းသဖြင့် သန့်ရှင်းရာဌာနတော်တွင်ငုတ်တုတ် သေကြသည်။ ထို့ကြောင့် မောရှေက အာရုန်အား ဘုရားသခင် တားမြစ်ချက်များကို ဆန့်ကျင်ဖောက်ဖျက်ပုန်ကန်ခြင်း အလျဉ်းမပြုရန် ကြပ်တည်းစွာ တားမြစ်သတိပေးထားသည်။ ယနေ့ခေတ်ကာလတွင်လည်း သမ္မာကျမ်းစာတွင် တားမြစ်ချက်များကို လိုရာဆွဲတွေး၊ ဖောက်ဖျက်ဆန့်ကျင်ခြင်းမပြုရန် အရေးကြီးသည်။ သိလျက်နှင့် တမင်ဖောက်ဖျက်ခြင်းအတွက် အပြစ်ခွင့်လွှတ်စရာမရှိ၊ သေဒဏ်သာရှိကြောင်း တော ၁၅:၃၀ တွင် ပြဌာန်းထားသည်။
၁၀:၄–၇ အာရုန်၏ ဘထွေး ဩဇေလသား မိရှေလနှင့်ဧလဇာဖန်တို့က ထိုအလောင်းများကို ပရိသတ်စည်းဝေးရာတဲတော်ရှေ့မှ တပ်ပြင်သို့ဆွဲထုတ်သွားကြသည်။ ထိုအဖြစ်အပျက်ကို ကြည့်ရှု၍ မောရှေက အာရုန်အား ကြေကွဲဝမ်းနည်းခြင်းရှိနေမည့်အစား ဣသရေလတစ်မျိုးသားလုံး၏ တဲတော်ကို ပိုမိုအောက်မေ့ရန်နှင့် ဘုရားသခင်၏ အမျက်တော်မသင့်အောင် မိန့်မှာချက်များလိုက်နာဖို့ သတိပေးလိုက်သည်။
၁၀:၈–၁၁ အချို့က ထိုနာဒပ်နှင့် အဘိဟုတို့သည် ယဇ်ပလ္လင်အမှုတော်ထမ်းဆောင်ရန် တဲတော်သို့ မဝင်ရောက်မီ စပျစ်ရည်သောက်စားခဲ့ကြသည်ဟု ထင်ကြသည်။ ထိုသို့မူးယစ်သောကြောင့် အမှားအမှန် ဝေခွဲ ဆုံးဖြတ်ခြင်း မပြုနိုင်ဘဲ၊ ထူးဆန်းသောမီးသုံးခြင်းဖြစ်မည်ဟု ဆိုကြသည်။
၁၀:၁၂–၁၈ မောရှေက အာရုန်နှင့် အခြားသား ဧလာဇာနှင့် ဣသမာတို့အား ဘောဇဉ်ပူဇော်သက္ကာပြုခိုင်းသည် (ငယ် ၁၂၊၁၃)ချီလွှဲသောရင်ဘတ်၊ ချီမြောက်သောပုခုံးကို ဝေစုယူစားသုံးခွင့် ပြုသည်(ငယ်၁၄၊၁၅)။ အပြစ်ဖြေရာယဇ်ကောင်အဖြစ် ယူဆောင်လာသော ဆိတ်ကို မောရှေ လိုက်လံ ကြည့်ရှုသောအခါ မတွေ့။ ပရိသတ်အပြစ်ဖြေရာယဇ်အဖြစ် မီးရှို့နှင့်ကြပြီ။ ဧလာဇာနှင့်ဣသမာတို့သည် ထိုယဇ်ကောင်သားကိုမစားသုံးဘဲ မီးရှို့ရာယဇ်ပူဇော်နေကြသည် (သူတို့အစ်ကိုများ သေဆုံးခဲ့ကြသောကြောင့် ဘုရားသခင်၏ အမျက်တော် သင့်မှာ ကြောက်လန့်နေကြခြင်းဖြစ်နိုင်သည်)။ လုပ်ထုံးလုပ်နည်းအရ အပြစ်ဖြေရာ ယဇ်ကောင်၏ အသွေးကို သန့်ရှင်းရာဌာနတော်ထဲသို့ ယူဆောင်၍ မီးရှို့ပူဇော်လေ့ရှိသည် (၆:၃၀)။ သို့သော် မစားရ(၆:၂၆)။ ယခုမူကား ထိုယဇ်ကောင်၏အသွေးကို သန့်ရှင်းရာဌာနတော်ထဲသို့ ယူသွင်းခြင်းမပြုကြ၊ အသားကိုစားသုံးခြင်းမပြုကြသောကြောင့် မောရှေက သတိပေး ဆုံးမသည်(ငယ်၁၆၊၁၈)။
၁၀:၁၉–၂၀ အပြစ်ဖြေရာယဇ်နှင့်မီးရှို့ရာယဇ်ပူဇော်ကြပြီးဖြစ်၍ ဤအပြစ်ဖြေပူဇော်သက္ကာ ယဇ်ကောင်သားကို စားသုံးခွင့်ရှိပါသလားဟု အာရုန်က မောရှေအားမေးသည်။ မောရှေကလည်း ပြုမှားမိသော အပြစ်က ဘုရားသခင်ကခွင့်လွှတ်ပြီဖြစ်၍ စားသုံးနိုင်သည်ဟု ပြန်ဖြေသည်။
အခန်း(၁၀)တွင်ပါရှိသော ယဇ်ပုရောဟိတ်အမူအရာများ ဤနေရာတွင် တခန်းရပ်ပြီးဆုံးသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။