ထွက်မြောက်ရာကျမ်း - ၃၆
ထွက်မြောက်ရာကျမ်း - ၃၆ (အနက်ဖွင့်)
၃၆:၂–၇ ထိုလက်မှုပညာသည် ကျွမ်းကျင်အဆင့်ရှိသူများသည် သန့်ရှင်းရာဌာနတော်ကို ဆောက်လုပ်ကြသည်။ စိတ်ပါဝင်စားသူလူများကလည်း ပါဝင်ကူညီကြသည်။ ပရိသတ်များပေးကမ်းလှူဒါန်းသော ရွှေထည်၊ ငွေထည်များသည် လိုအပ်သည်ထက်များစွာပိုလျှံလာသဖြင့် ခဏရပ်ထားရန် တဖန်ပြန်ထားရသည်။
၃၆:၈ မှအခန်းကြီး ၃၉ အဆုံးတိုင်အောင် တဲတော်တည်ဆောက်ချယ်မှုန်းကြပုံ အသေးစိပ်ရှင်းပြထားသည်။ ထိုကဲ့သို့ပင် ဘုရားသခင်၏ သားတော်ယေရှုခရစ်တော်သည်လည်း ယုံကြည်သူများ အတွက် မမောနိုင်မပန်းနိုင်အောင် လိုလေသေးမရှိ ပြုလုပ်ဆောင်ရွက်ပေးပါသည်။
၂။ တဲတော်ကာရံထားသောပိတ် (၃၆:၈–၁၉)
၃၆:၈–၁၉ တဲတော်အတွင်းရှိ ကုလားကာကို ပိတ်ချောများဖြင့် ကာရံထားသည် (ငယ် ၈)။ ထို့နောက် ဆိတ်မွှေးဖြင့်ရက်လုပ်ထားသော ပိတ်သားဖြင့် အမိုး(ငယ် ၁၄)လုပ်ကြသည်။ ဆိတ်မွှေး သို့မဟုတ် တဟာရှသားရေ (လင်းပိုင်သားရေဟုလည်းခေါ်ကြသည်)ကို အမိုးအဖြစ် သုံးကြသည် (ငယ် ၁၉)။
၃။ သုံးဖက်သုံးလံအကာများ (၃၆:၂၀–၃၀)
၃၆:၂၀–၃၀ သန့်ရှင်းသောဌာနတော် ဆောက်လုပ်ရန် အသုံးပြုသော သစ်သားမှာ အကာရှသား တစ်မျိုးတည်းသာဖြစ်သည်။ အကာရှပင်သည် ခြောကသွေ့သော ဒေသတွင်သာလျှင် ပေါက်ရောက်၍ လှပခန့်ညားသော အပင်ဖြစ်သည်။ အသားကျစ်လစ်ခိုင်မာ၍ တော်ရုံတန်ရုံဖြင့် မပျက်စီးနိုင်။ နှစ်လ ရှည်ကြာခံသည်။ ထိုကဲ့သို့ပင် သခင်ယေရှုသည်လည်း အမြစ်နက်နက်စွဲအောင် ခြောက်သလောင်းထသော လူမျိုးအကြေား၌ အပြစ်စွဲတည်သည် (ဟေရှာ ၅၃:၂)။ သပ္ပါယ်ကြည်ညိုဖွယ်ရာအကောင်းဆုံး တစ်ပါးတည်းသော ထာဝရဘုရားသခင်ဖြစ်သည်။
၄။ အကာအရံအတွက်ကြွက်လျှောက်တန်းများ (၃၆:၃၁–၃၄)
၃၆:၃၁–၃၄ အတန်း(၄)တန်းကို မြင်နိုင်ပြီး တစ်တန်းကိုမမြင်နိုင်။ အဘယ်ကြောင့်ဆိုသော် အကာအရံပြား သစ်သားပြား၏ အလယ်တွင် ညှပ်ထားသည်။ မမြင်ရသော သစ်သားတန်းများသည် ယုံကြည်သူများနှင့် အတူတူရှိနေသည်။ သန့်ရှင်းသော ဝိညာဉ်တော်ပုံဆောင်သည်။ “သခင်ဘုရားအလို့ငှါ သန့်ရှင်းသော ဗိမာန်တော်ဖြစ်သည်” (ဧ ၂:၂၁)။ အခြားတန်းလေးတန်းမှာ ယုံကြည်သူများ၏ အသက်တာချစ်ခြင်းမေတ္တာရပ်တည်ရာနေရာနှင့် ဘုရားရှင်အား ဝန်ခံခြင်းပုံဆောင်သည်။ ဘုရားသခင်၏ လူများလက်မလွှတ်ဘဲ ကိုင်တွယ်ရမည့်အရာ၊ ခရစ်ယာန်အသက်တာ ခိုင်မာတည်တံ့စေဖို့ ငြမ်းတန်းများဖြစ်သည်။
၅။ အသန့်ရှင်းဆုံးဌာနတော်ကျက်သရေဆောင်ကုလားကာ (၃၆:၃၅၊၃၆)
၃၆:၃၅–၃၆ ထိုကုလားကာသည် သခင်ယေရှု၏ ခန္ဓာကိုယ်ပုံဆောင်သည် (ဟေဗြဲ ၁၀:၂၀) ထိုကုလားကာ ဖွင့်လှစ်လျှင် အသန့်ရှင်းဆုံးဌာနတော် ထဲသို့ ဝင်လိုက်ရသကဲ့သို့ ဘုရားသခင်ထံတော်သို့ တိုးဝင်ချဉ်းကပ်နိုင်ရန် ကရာနီကုန်းပေါ်တွင် ပြုတော်မူသော ခရစ်တော်၏ အမှုတော် ကုလားကာ ဖြစ်သည်။ ပိတ်ကားပေါ်ရှိ ခေရုဗိမ်များသည် ဘုရားသခင်၏ ဖြောင့်မတ်စင်ကြယ်သော ပလ္လင်တော်က ကွယ်ကာစောင့်ရှောက်ခြင်း သရုပ်ဖော်ထားသည်။
၆။ အသန့်ရှင်းဆုံးနေရာ အဝင်လိုက်ကာ (၃၆:၃၇၊၃၈)
၃၆:၃၇–၃၈ ထိုလိုက်ကာသည်လည်း အထက်တွင်ဖော်ပြခဲ့သည် ကုလားကာကဲ့သို့ပင် အဓိပ္ပါယ်ရှိသည် ဘုရားသခင်ထံတော်သို့ ဝင်ရောက်ဖို့ရန် ကာရံထားသော ယေရှုခရစ်တော်ပုံဆောင်သည်။ ထိုကုလားကာကို ကျော်ဖြတ်၍ အထဲသို့ဝင်ရသကဲ့သို့ ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်ထံတော်သို့ ရောက်ရှိရသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။