ရှင်ယောဟန်ခရစ်ဝင် - ၁၆

1သင်တို့သည် စိတ်မပျက်စေခြင်းငှာ ဤစကားကို ငါဟောပြော၏။- 2လောကီသားတို့သည် သင်တို့ကို တရားဇရပ်မှ နှင်ထုတ်လိမ့်မည်။ သင်တို့ကို သတ်သောသူမည်သည်ကား၊ ဘုရားဝတ်ကို ငါပြုပြီဟု မိမိထင်မှတ်သောအချိန်ကာလ ရောက်လိမ့်မည်။- 3ခမည်းတော်ကိုမသိ၊ ငါ့ကိုလည်း မသိသောကြောင့် ထိုသို့ပြုကြလိမ့်မည်။- 4ထိုအချိန်ကာလရောက်သောအခါ၊ ငါသည်အထက်က ဤသို့ပြောပြီးသည်ကို သင်တို့အောက်မေ့စေခြင်းငှာ ယခုပင် ငါဟောပြော၏။ အစအဦး၌ သင်တို့နှင့်အတူ ငါရှိသောကြောင့် ဤသို့မပြောဖူးသေး။
သန့်ရှင်းသောဝိညာဉ်တော်၏ဆောင်ရွက်ချက်
5ငါ့ကို စေလွှတ်တော်မူသောသူထံသို့ ယခု ငါသွားရမည်ဖြစ်၍၊ အဘယ်အရပ်သို့ သွားမည်နည်းဟု သင်တို့မမေးကြ။- 6ဤအကြောင်းအရာတို့ကို ငါဟောပြောသောကြောင့် သင်တို့သည် အလွန်ဝမ်းနည်းခြင်းသို့ ရောက်ကြ၏။
7ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်။- 8ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကိုလည်းကောင်း၊ အပြစ်ကင်းခြင်းကိုလည်းကောင်း၊ အပြစ်စီရင်ခြင်းကိုလည်းကောင်း၊ လောကီသားတို့အား ထင်ရှားစွာဖော်ပြမည်။- 9ငါ့ကို မယုံကြည်ကြသောကြောင့် ဒုစရိုက်အပြစ်ကို ဖော်ပြမည်။- 10ငါသည် ခမည်းတော်ထံသို့ သွားမည်ဖြစ်၍၊ သင်တို့သည် နောက်တစ်ဖန် ငါ့ကိုမတွေ့မမြင်ရသောကြောင့်၊ အပြစ်ကင်းခြင်းကို ဖော်ပြမည်။- 11ဤလောကကို အစိုးရသောမင်းသည် အပြစ်စီရင်ခြင်းကိုခံရသောကြောင့် အပြစ်စီရင်ခြင်းကိုဖော်ပြမည်။
12သင်တို့အား ငါပြောစရာစကား အများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။- 13သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြသလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက် ဟောပြောမည်အဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။- 14ထိုသူသည် ငါ့ဘုန်းကိုထင်ရှားစေလိမ့်မည်။ အကြောင်းမူကား၊ ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အား ဖော်ပြလိမ့်မည်။- 15ခမည်းတော်နှင့်စပ်ဆိုင်သမျှသည် ငါနှင့်စပ်ဆိုင်၏။ ထိုကြောင့် ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အားဖော်ပြလိမ့်မည်ဟု ငါပြော၏။
ဝမ်းနည်းခြင်း၊ ဝမ်းမြောက်ခြင်း
16ခဏကြာပြီးမှ သင်တို့သည် ငါ့ကိုမမြင်ရကြ။ တစ်ဖန် ခဏကြာပြီးမှ ငါ့ကိုမြင်ပြန်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည်ခမည်းတော်ထံသို့ သွားမည်ဟု မိန့်တော်မူ၏။- 17တပည့်တော်အချို့ကလည်း၊ ခဏကြာပြီးမှ သင်တို့သည်ငါ့ကို မမြင်ရကြ။ တစ်ဖန် ခဏကြာပြီးမှ ငါ့ကို မြင်ပြန်ကြလိမ့်မည်ဟူ၍လည်းကောင်း၊ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံသို့ သွားမည်ဟူ၍လည်းကောင်း၊ မိန့်တော်မူသောစကားသည် အဘယ်သို့နည်း။- 18ခဏဟူ၍မိန့်တော်မူသော် အဘယ်သို့ဆိုလိုသနည်း။ မိန့်တော်မူသောစကားကို အကျွန်ုပ်တို့သည် နားမလည်ဟု အချင်းချင်းပြောဆိုကြ၏။- 19တပည့်တော်တို့သည် မေးလျှောက်လိုသည်ကို ယေရှုသိမြင်တော်မူလျှင်၊ ခဏကြာပြီးမှ သင်တို့သည် ငါ့ကိုမမြင်ရကြ။ တစ်ဖန် ခဏကြာပြီးမှ ငါ့ကိုမြင်ပြန်ကြလိမ့်မည်ဟု ငါပြောသောစကားကို သင်တို့သည် အချင်းချင်း ဆင်ခြင်ကြသလော။- 20ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် ငိုကြွေးမြည်တမ်းခြင်း ရှိကြလိမ့်မည်။ လောကီသားတို့သည် ဝမ်းမြောက်ခြင်းရှိကြလိမ့်မည်။ သင်တို့မူကား ဝမ်းနည်းခြင်းရှိသော်လည်း ထိုဝမ်းနည်းခြင်းသည် တစ်ဖန် ဝမ်းမြောက်ခြင်း ဖြစ်လိမ့်မည်။- 21မိန်းမသည်သားကို ဖွားစဉ်အခါ ဖွားရသောအချိန်စေ့သောကြောင့် ဝမ်းနည်းခြင်းရှိ၏။ ဖွားမြင်ပြီးမှ ဤလောက၌ လူတစ်ယောက်ကိုဖွားမြင်သောကြောင့် ဝမ်းမြောက်ခြင်းရှိ၍၊ အထက်ခံရသောဝေဒနာကို မေ့လျော့တတ်၏။- 22ထိုနည်းတူ၊ ယခုတွင် သင်တို့သည် ဝမ်းနည်းခြင်းရှိကြသော်လည်း၊ နောက်တစ်ဖန် သင်တို့ကို ငါတွေ့မြင်သဖြင့် သင်တို့သည် စိတ်နှလုံးဝမ်းမြောက်ခြင်း ရှိကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကို အဘယ်သူမျှ လုယူဖျက်ဆီးခြင်းငှာ မတတ်နိုင်။- 23ထိုနေ့၌ သင်တို့သည် ငါ့ကိုအလျှင်းမမေးမြန်းရကြ။ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် ငါ၏နာမကို အမှီပြု၍ ခမည်းတော်မှာ ဆုတောင်းသမျှတို့ကို ခမည်းတော်သည် ပေးတော်မူမည်။- 24ယခုတိုင်အောင် ငါ၏နာမကိုအမှီပြု၍ သင်တို့သည် အဘယ်ဆုကိုမျှ မတောင်းကြသေး။ သင်တို့သည် ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှာ တောင်းကြလော့။ ထိုသို့တောင်းလျှင် ရကြလိမ့်မည်။
လောကကိုအောင်ခြင်း
25ဤအရာတို့ကို ပုံဥပမာအားဖြင့် ငါဟောပြော၏။ ပုံဥပမာအားဖြင့် မဟောမပြောဘဲ၊ ခမည်းတော်နှင့် စပ်ဆိုင်သောအရာတို့ကို သင်တို့အား အတည့်အလင်းဖော်ပြသောအချိန်ကာလ ရောက်လိမ့်မည်။- 26ထိုကာလ၌ သင်တို့သည် ငါ၏နာမကိုအမှီပြု၍ ဆုတောင်းကြလိမ့်မည်။ သင်တို့အဖို့အလိုငှာ ငါသည် ခမည်းတော်ကို တောင်းမည်ဟုမဆို။- 27အကြောင်းမူကား၊ သင်တို့သည်ငါ့ကိုချစ်ကြ၍၊ ငါသည် ဘုရားသခင်အထံတော်မှ ကြွလာသည်ကို ယုံကြည်သောကြောင့် ခမည်းတော်သည် ကိုယ်တော်တိုင် သင်တို့ကိုချစ်တော်မူ၏။- 28ငါသည် ခမည်းတော်ထံမှထွက်၍ ဤလောကသို့ကြွလာပြီ။ တစ်ဖန် ဤလောကမှထွက်၍ ခမည်းတော်ထံသို့ သွားဦးမည်ဟု မိန့်တော်မူ၏။- 29တပည့်တော်တို့ကလည်း၊ ကိုယ်တော်သည် ယခုတွင်ပုံဥပမာကိုမဆောင်ဘဲ အတည့်အလင်း ဟောပြောတော်မူ၏။- 30အလုံးစုံတို့ကို သိတော်မူသည်ကိုလည်းကောင်း၊ အဘယ်သူမျှကိုယ်တော်ကို မေးမြန်းစေခြင်းငှာ အလိုတော်မရှိသည်ကိုလည်းကောင်း၊ ယခုတွင် အကျွန်ုပ်တို့သိကြပါ၏။ အကျွန်ုပ်တို့သည် ဤအကြောင်းကိုထောက်၍ ကိုယ်တော်သည် ဘုရားသခင့်အထံတော်မှ ကြွတော်မူသည်ကို ယုံပါသည်ဟု လျှောက်ကြ၏- 31ယေရှုကလည်း၊ ယခုတွင်ယုံကြပြီလော။- 32သင်တို့သည် ကွဲပြား၍ ငါ့ကို တစ်ကိုယ်တည်းနေစေခြင်းငှာ စွန့်ပစ်လျက်၊ အသီးအသီးမိမိတို့နေရာသို့ ပြေးသွားမည့်အချိန်ကာလသည် လာ၍ယခုပင်ရောက်ပေ၏။ သို့သော်လည်း ငါသည် တစ်ကိုယ်တည်းနေသည်မဟုတ်။ ခမည်းတော်သည် ငါနှင့်အတူရှိတော်မူ၏။- 33သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှာ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကိုအောင်ပြီဟု မိန့်တော်မူ၏။

ရှင်ယောဟန်ခရစ်ဝင် - ၁၆ (အနက်ဖွင့်)

၁၆:၁ တပည့်တော်များ၏ စကားကြောင့် ယုဒများည် မေရှိယနိုင်ငံပေါ်ထွန်းတော့မည့်အ ကြောင်းနှင့် ထိုမေရှိယသခင်၏ တန်ခိုးဖြင့် ရောမအင်ပါယာပျက်သုဉ်းမည်ဟု မိုးကောင်းကင် အိပ်မက် မက်နေကြသည်။ သို့သော် သခင်ယေရှုစကားတော်သည် ထိုလမ်းကြောင်းသို့ မရောက်။ အသေခံမည်။ ရှင်ပြန်ထမြောက်မည်။ ကောင်းကင်ဘုံသို့ပြန်ကြွမည်။ သန့်ရှင်းသော ဝိညာဉ်တော် ရောက်လာပြီး၊ တပည့်တော်များ၌ တည်ကာ ကမ္ဘာအနှံ့သို့ ခရစ်တော်၏ အကြောင်း သက်သေခံကြမည်။ ထိုသို့ သက်သေ ခံကြသောအခါ လောကသားများကမုန်းတီးကြမည်။ လောကသားများက မုန်းတီးရန်ရှာသောအခါ ကြောက်လန့်အားငယ်ခြင်းမရကြဖို့ သခင်ယေရှုက ကြိုတင်သတိပေးထားသည်။

၁၆:၂-၃ ယုဒများ ရိုးရာထုံးတမ်းစဉ်လာတွင် တရားဇရပ်မှ မောင်းထုတ်ခြင်းသည် ခါးသီး သောအမွေပြတ်ခြင်းဖြစ်သည်။ အဆိုးရွားဆုံးဖြစ်သည်။ တပည့်တော်များသည် ထိုအဖြစ်ဆိုးနှင့် ကြုံတွေ့ ကြရမည်။ ခရစ်ယာန်များအားမုန်းတီးခြင်းသည် ယုဒဘုရား၏ အလိုတော်နှင့် ညီသည်ဟု ထင်မှတ်ကြပုံရ သည်။ လူ့အတွေးသည် မည်မျှ ယုတ်ကမ်း၍ ၊ မည်မျှ မှားယွင်းကြောင်း ဤနေရာတွင် တွေ့ရပြန်သည်။

ခရစ်တော်၏ ဇာတိတော်အားအသိအမှတ်မပြုကြ။ လက်မခံငြင်းပယ်ကြသည်။ ထိုသို့ ရက်စက်ခြင်းသည် ခမည်းတော်ဘုရားကိုလည်း ငြင်းပယ်ခြင်းဖြစ်သည်။

၁၆:၄ သခင်ဘုရားက ကြိုတင်သတိပေးထားပြီး ဖြစ်သောကြောင့် ထိုအဖြစ်ဆိုးနှင့်ကြုံ တွေ့ရသော် လည်း တပည့်တော်များသည် တုန်လှုပ်ကြောက်ရွံ့ခြင်းမရှိကြတော့ပါ။ သခင်ဘုရားပြောခဲ့ သောညှင်းပန်းနှိပ်စက်ခြင်းခံကြရမည့်အကြောင်းမှတ်မိကြသည်။ အစောပိုင်းကာလတွင် တပည့်တော်များ နှင့် အတူခရစ်တော်ရှိနေသောကြောင့် ကြိုတင်သတိပေးခြင်းဖြစ်သည် သို့သော် ယခုတွင်မူ သခင်ဘုရား ထွက်ခွာသွားမည်။ ကိုယ်တော် သွားရာလမ်းသိအောင် သဲလွန်စခြေရာပေးခဲ့ရသည်။

(ဓ) သမ္မာတရား၏ ဝညာဉ်ရောက်ရှိလာခြင်း (၁၆:၅-၁၅)

၁၆:၅ ဤကျမ်းပိုဒ်သည် တပည့်တော်များ၏ စိတ်အားထက်သန်ပုံထုတ်ဖော်သည်။ သခင်ဘုရားမည်သည့်နေရာသို့၊ မည့်သို့သွားမည့်အကြောင်းမမေးကြသဖြင့် သခင်ဘုရားအာမလိုအားမရ ဖြစ်နေသည်။

၁၆:၆ တပည့်တော်များသည် သခင်ခရစ်တော်၏ အရေးထက်၎င်းတို့၏ ကံကြမ္မာကို တွေး ပူနေကြသည်။ ခရစ်တော်ဘုရားအသေမခံရသေး။ မသင်္ဂြိုဟ် ရသေးပါ။ ခရစ်တော်အတွက် ညှင်းပန်း နှိစက်ခြင်းမခံရကြသေးပါ။ ခရစ်တော်ကြုံရမည့် ဆင်းရဲဒုက္ခအတွက် အားငယ်နေကြသည်။ သောကဗျာပါ ဒရောက်နေကြသည်။


၁၆:၈ သန့်ရှင်းသော ဝိညာဉ်တော်က လောကသားများအား အပြစ်အကြောင်း၊ သမ္မာတ ရားကြောင်းများကိုသွန်သင်မည်။ ဆိုလိုသည်မှာ လူတိုင်းသူတိုင်းအား ထိုအကြောင်းများကို ဆင်ခြင့် တုံ တရားဖြင့် ထိုးထွင်းသိမြင်လာကြမည့်အကြောင်းဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်ကို လူသားများက ငြင်းပယ်လျှင်၊ ဤနေရာတွင်တွေ့ရှိနိုင်မည်မဟုတ်။ ယေရှုသည် လောကသာများက ငြင်းပယ်သော ကြောင့် ကောင်းကင်ဘုံသို့ ပြန်ကြွသွားသည်။ ယခုတဖန် ခရစ်တော်၏ နေရာတွင် သန့်ရှင်းသော ဝိညာဉ် တော်ရောက်ရှိလာသည်။

၁၆:၉ သန့်ရှင်းသော ဝိညာဉ်တော်က လူသားများ၏ ခရစ်တော်ငြင်းပယ်ခြင်းအပြစ်ကို ထင်ဟပ်စေသည်။ ခရစ်တော်သည် ကိုးကွယ်ရာအရှင်ဖြစ်သည်။ လူသားများက မယုံကြည်နိုင်စရာအ ကြောင်းမရှိ။ သို့သော် အတင်းအဓမ္မငြင်းပယ်ကြသည်။ ထိုငြင်းပယ်ခြင်းအပြစ်ကို သန့်ရှင်းသော ဝိညာဉ် တော်က ထောက်ပြသည်။

၁၆:၁ဝ ခရစ်တော်ဘုရားသည် ဖြောင့်မတ်စင်ကြယ်သူဖြစ်သော်လည်း လူသားများက နတ်ဆိုးအဖြစ်ရာရာစစ ကဲ့ရဲ့ကြသည်။ ထို့ကြောင့် ဘုရားသခင်က “ငါ၏သားတော်သည် ဖြောင့်မတ်စင် ကြယ်သူဖြစ်ကြောင်း၊ သေခြင်းမှ ရှင်ပြန်ထမြောက်စေခြင်းဖြင့် သက်သေထူမည်” ဟုဆိုသည်။ ထို့ကြောင့် သန့်ရှင်းသော ဝိညာဉ်က ခရစ်တော်ဖြောင့်မတ်ခြင်းအကြောင်းနှင့် လောကသားများ မှားယွင်းကြောင်း ထောက်ပြသည်။

၁၆:၁၁ လောကသားများ အပြစ်စီရင်ခြင်းရောက်လာမည့်အကြောင်း သန့်ရှင်းသော ဝိညာဉ်တော်က သွန်သင်သည်။ လက်ဝါးကပ်တိုင်အမှုကို ရှုတ်ချသူများနှင့် ကယ်တင်ရှင်ကိုလက်မခံငြင်း ပယ်သောစာတန်နှင့် အပေါင်းအပါများတရားစီရင်ခြင်းခံရမည်။

၁၆:၁၂ သခင်ဘုရားက တပည့်တော်များအား ပြောစရာများစွာ ရှိနေသေးသည်။ သို့သော် ခံယူနိုင်ကြမှာမဟုတ်သောကြောင့် မပြောတော့ဘူးဟုဆိုသည်။ ဤအချက်သည်လည်း သွန်သင်ခြင်းပြုရာ တွင် အတုယူအပ်သော အရေးကြီးသင်ခန်းစာ ဖြစ်သည်။ နာခံသူများ လက်ခံနိုင်သလောက်ကိုသာ သွန်သင်ရသည်။ သခင်ဘုရားသည် တပည့်တော်များကို နားလျှံအောင်သွန်သင်ခြင်းမပြု။ လှည်းနှင့် တန် လျှင်လည်း၊ ကားနှင့် တန်လျှင်ကား တန်ရာတန်ရာ သွန်သင်ရသည်။

၁၆:၁၃ သခင်ဘုရားပြုခဲ့သော အမှုတော်မြတ်ကို သန့်ရှင်းသော ဝိညာဉ်တော်က ဆက်လက်အကောင်းအထည်ဖော်ပါမည်။ သမ္မာတရားအကြောင်းစုံကို ဖွင့်ပြမည်။ ထိုစကားအရတပည့် တော်များသည် သူတို့အသက်တာတွင် သမ္မာတရားအားလုံးစုံကြားသိရသည်ဟု ခံယူရသည်။ ထိုခံယူသမျှ ကို ပေးအက္ခရာပေါ်တင်ကြရာဓမ္မသစ်ကျမ်းပေါ်ထွန်းလာသည်။ လူသားတော်ရာက်ရှိခြင်းဖြင့် ဓမ္မဟောင်း ကျမ်းစကားပြည့်စုံသွားသည်။ သန့်ရှင်းသောဝိညာဉ်တော်မကူ ဘုရား၏ လူများအား သမ္မာတရားအစုံ ဖွင့်ပြသ်ည။ သို့သော်ခမည်းတော်နှင့် သားတော်၏ ဖွင့်ပြခြင်းဖြစ်သည်။ ဖြစ်ထွ်းလာမည့် အရာခပ်သိမ်း ပြောကြမည်ဆိုသည်မှာ ဓမ္မကျမ်းစာပါ အချက်အလက် များဖြစ်၍ အထူးသဖြင့် ဗျာဒိတ်ကျမ်းကို ဆိုလိုသည်။

၁၆:၁၄ သန့်ရှင်းသောဝိညာဉ်တော်၏ အဓိကအမှုတော်သည် ခရစ်တော်ဘုရား၏ ဘုန်း အသရေထွန်းတောက်ဖို့ဖြစ်သည်။ နှုတ်ကပတ်တော်သွန်သင်ခြင်း၊ ဟောကြားခြင်းများသည် ထိုခရစ်တော် ဘုန်းအသရေထွန်းတောက်ခြင်းပေတံဖြင့် တိုင်းတာရသည်။ သန့်ရှင်းသောဝိညာဉ်တော်ပါရှိလျှင် နှုတ်က ပတ်တော်သွန်သင်ချက်များ၊ တရားဒေသနာများသည် ထိရောက်မှုရှိသည်။ င့ါထံမှ ရရှိသောသတင်းစကား ဆိုသည်မှာ ခရစ်တော်၏ ဘုန်းအသရေကြီးမားပုံကို ဆိုလိုသည်။ ထိုမင်္ဂလာသတင်းစကားများသည် မည် သည့်အခါတွင်မူ မပျက်စီးနိုင်သောတရားများဖြစ်သောကြောင့် ယုံကြည်သူများသို့ သွန်သင်သည်။

၁၆:၁၅ ခမည်းတော်နှင့် စပ်ဆိုင်သမျှသည် သားတော်နှင့် လည်းစပ်ဆိုင်သည်။ ထိုစကား သည် အခန်းငယ် ၁၄ဖြည့်ဆည်းခြင်းဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သခင်ယေရှု၏ ပြည့်စုံ ခြင်းများအားလုံးကို တပည့်တော်များသို့ မထိန်းမချန် ဖွင့်ပြပေးသည်။

(န) ဝမ်းနည်းခြင်းမှ ဝမ်းမြောက်ခြင်းသို့ (၁၆:၁၆-၂၂)

၁၆:၁၆ ဤကျမ်းပိုဒ်တွင်မှ “အချိန်” သည် ကန့်သတ်ချက်မရှိ။ ခဏဆိုသည်မှာ (၃)ရက် ဖြစ်၍၊ နောက် (၃)ရက်တွင် ရှင်ပြန်ထမြောက်ပြီ။ အဘဘုရားသခင်ထံ ကောင်းကင်ဘုံသို့ တက်ကြွကာ မကြာမီ ဒုတိယအကြိမ်ကြွရောက်လာမည်ကို ဆိုလိုခြင်းဖြစ်နိုင်သည်။ တခဏ အကြာတွင် ပြန်တွေ့မည် ဆိုသည်မှာ ပင်တေကုတ္တေနေ့တွင် သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် တွေ့မြင်ရခြင်းကို ဆိုလိုခြင်းလည်းဖြစ် နိုင်သည်။

၁၆:၁ရ တပည့်တော်များသည် နားလည်နိုင်အောင်စိတ်ရှုပ်ထွေးကြသည်။ အငယ် ၁ဝတွင် “ငါသည် ခမည်းတော်ထံသို့သွားရမည်ဖြစ်၍ ငါ့ကိုမြင်ကြရတော့မည်မဟုတ်”ဟု ဆိုထားသည်။ ယခုတဖန် “ခဏကြာသောအခါ င့ါကို မြင်ရမည်မဟုတ်၊ တဖန်ခဏကြာသောအခါ င့ါကို မြင်ရကြမည်”ဟု ဆိုပြန်သည်။ သဘောမပေါက်နိုင်ကြ။

၁၆:၁၈ ခဏဆိုသည်မှာ ဘာလဲဟု အချင်းချင်းမေးမြန်းကြသည်။ ယနေ့ကာလတွင်လည်း ထိုကဲ့သို့ဖြစ်နေသည်။ ထိုခဏတာကာလသည် ရှင်ပြန်ထမြောက်ခြင်းမရှိမီ (၃)ရက်ကာလလား၊ ပင်တေကု တ္တေနေ့မရောက်မီ နှစ်ပေါင်း (၁၉၀၀)ကိုဆိုလိုသလား၊ အသေအချာနည်းမလည်းနိုင်။

၁၆:၁၉-၂ဝ သခင်ဘုရားသည် ဘုရားသခင်ဖြစ်သည့်အားလျှော်စွာ တပည့်တော်များ၏ ရှုပ်ထွေးမှု၊ ဇဝေဇဝါဖြစ်မှု အကုန်အစင်ထိုးထွင်းသိမြင်သည်။

သို့သော်လည်း တပည့်တော်များ၏ သိချင်စိတ်ကို တည့်တိုးအဖြေမပေး။ လောကသား များဝမ်းမြောက်ကြမည်ဟုဆိုသည်။ ထိုစကားသည် ယေရှုကို လက်ဝါးကပ်တိုင်တွင် ပို့ဆောင်နို်င်ကြသော ကြောင့် လောကသားများဝမ်းမြောက်ကြသော်လည်း၊ တပည့်တော်များလည်း ခဏကြာသောအခါ ဝမ်း မြောက်ကြမည်ဆိုခြင်းမှာ သခင်ဘုရားရှင်ပြန်ထမြောက်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်ရောက်ရှိလာ မည့်အကြောင်းဖြစ်သည်။ ယေရှုကို တဖန်ပြန်တွေ့သောအခါ ယုံကြည်သူများနှင့် တပည့်တော်များ တဖန် ဝမ်းမြောက်ရွှင်လန်းကြမည်။

၁၆:၂၁ ဝေဒနာများတွင် မီးဖွားခြင်းဝေဒနာသည် အပြင်းထန်ဆုံးဖြစ်သည်။ သို့သော် မီးဖွားသန့်စင်ပြီးသောအခါ ဝမ်းမြောက်ရွှင်လန်းသည်။ ထိုကဲ့သို့ပင် တပည့်တော်များသည်လည်း သခင် ဘုရားလက်လွှတ်ဆုံးရှုံးရသောအခါ ပြင်းစွာသောဝေဒနာခံစားရကြသော်လည်း၊ တဖန်ပြန်တွေ့ သောအခါ ဝမ်းသာကြရသည်။

၁၆:၂၂ တဖန်နားမလည်နိုင်သောခရစ်တော်၏ “ခဏကြာသော်”ဟူသောစကားကို တွေ့ရပြန်သည်။ “ခဏကြာသော်င့ါကိုမြင်ကြရလိမ့်မည်”ဟု ဆိုသည်။ ရှင်ပြန်ထမြောက်ခြင်းလား၊ ပင်တေကုတ္တေနေ့တွင် သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်လာခြင်းလား။ မည်သည့် အချက်ဖြစ်ပါစေ။ အားလုံးဝမ်းမြောက်စရာသတင်းဖြစ်သည်။ ထိုဝမ်းမြောက်ဖွယ်ရာသတင်းကို မည်သူကမှ လုယူဖျက်ဆီး ခြင်းမပြုနိုင်ကြ။

(ပ) ယေရှုနာမတော်ဖြင့် ခမည်းတော်ထံဆုတောင်းခြင်း (၁၆:၂၃-၂၈)

၁၆:၂၃ ထို့ကြောင့် တပည့်တော်များက သိရှိလိုချက်များကိုယခုမှစ၍ ဆုတောင်းခြင်းဖြင့် အဖြေတောင်း ခံရသည်။ သခင်ဘုရားသည် တပည့်တော်များနှင့် အတူ လူ့ခန္ဓာဖြင့်ကြာကြာနေရတော့မည် မဟုတ်သဖြင့် သိချင်သည်များလည်း မေးနိုင်ရတော့မည်မဟုတ်။ သို့သော် မည့်သူ့ကိုမှ စကားမေးမရခြင်း မဟုတ် ထိုနေ့ရက်ရောက်သောအခါ ခမည်းတော်ဘုရားသို့ တောင်းလျှောက်နိုင်သည်။ ယေရှုနာမတော် ဖြင့် တောင်းလျှောက်ချက်များကို အဖြေပေးမည်။ ဆုတောင်းသမျှကို ရကြမည်။ ယုံကြည်သူများသည် ကြွယ်ဝသောအသက်တာရှိကြသော်လည်း သခင်ဘုရားက ပိုမိုပြည့်စုံသည်။

၁၆:၂၄ တပည့်တော်များသည် သခင်ယေရှု နာမတော်ဖြင့်ဆုတောင်းခြင်း တခါမှမပြုဘူး ခဲ့ကြပါ။ ယခုဆုတောင်းဖို့လိုအပ်နေသည်။ ယေရှုနာမတော်ဖြင့် တောင်းသမျှသည် အဖြေရရှိကြမည်။

၁၆:၂၅ သခင်ဘုရား၏ သွန်သင်ချက်များသည် အစဉ်သဖြင့် တည့်တိုးမပြော။ ဥပမာ ဥပမေယျပေ၍ သွန်သင်လေ့ရှိသည်။ ထိုသို့ ဥပမာပေးသွန်သင်ခြင်းမှာ ဒုံးဝေးသောလူသားများ နားလည် သဘောပေါက်ဖို့ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ခမည်းတော်ဘုရားအကြောင်း သွန်သင်ချက် များသည် ပိုမိုနားရှင်းကြမည်။ တမန်တော်နှင့် ဩဝါဒစာစောင်များသည် သမ္မာတရားကို ရှင်းပြသော ကျမ်းချက်များဖြစ်သည်။

၁၆:၂၆ ထိုနေ့ရက်သည် သန့်ရှင်းသော ဝိညာဉ်တော်နေ့ရက်၊ ယခုကာလကိုဆိုလိုသည်။ ယုံကြည်သူများရပိုင်ခွင့်သည် ယေရှု၏ နာမတော်ဖြင့် ခမည်းတော်ဘုရားထံ ဆုတောင်းခြင်းဖြစ်သည်။ သခင်ယေရှုက “သို့သော် ငါတောင်းမည်မဟုတ်”ဆိုသည်မှာ သခင်ဘုရားယုံကြည်သူများ၏ ဆုတောင်း ချက်ကို မထောက်ခံဟုဆိုခြင်းမဟုတ်။ သခင်ဘုရားသည် ဘုရားသခင်နှင့် အပြစ်လူသားများအား စေ့စပ် ဖြန်ဖြေပေးသူဖြစ်သည်။ သူ၏ လူများအား ဘုရားသခင် ပလ္လင်တော်ရှေ့တွင် ရှေ့နေအကျိုးတော်ဆောင် လိုက်ပေးသူဖြစ်သည်ကို သတိရနေရမည်။

၁၆:၂ရ တပည့်တော်များသည် သခင်ခရစ်တော်ကိုလက်ခံ၍၊ ကတိတော်ကိုယုံကြည်ကြ သောကြောင့် ခမည်းတော်ဘုရား၏ ချစ်ခြင်းမေတ္တာခံယူကြသူများဖြစ်သည်။ ထို့ကြောင့် သခင်ယေရှုက ကြားခံ၍လိုက်မပြောပေ။။ သန့်ရှင်းသော ဝိညာဉ်တော် ရောက်လာသောအခါ အဘဘုရားခမည်းတော်နှင့် နီးကပ်စွာဆက်ဆံခွင့် ရရှိကြသည်။ သားတော်ကို ချစ်သောကြောင့် ခမည်းတော်ကိုလည်း ရင်းနှီးချစ်ခင်စွာ တိုးဝင်ချဉ်းကပ်ကြသည်။

၁၆:၂၈ ဤကျမ်းပိုဒ်တွင်လည်း သားတော်နှင့် ခမည်းတော်ဘုရား တန်းတူရည်တူဖြစ် ကြောင်း တွေ့ရသည်။ ဘုရားသခင်စေလွှတ်သော ပရောဖက်ကဲ့သို့ သခင်ဘုရားသည် ဘုရားသခင်ထံမှ ထွက်လာသည်မဟုတ်။ ခမည်းတော်ထံမှ ထွက်လာခြင်းဖြစ်သည်။ ထိုကျမ်းစကားသည် ဘုရားသခင်နှင့် သားတော်၏ ထာဝရတော်စပ်ပုံ၊ ဘုန်းတန်ခိုးတူညီပုံပြသသည်။ ဤလူ့လောကသို့ မဆင်လာမှီ သခင်ဘု ရားသည် အစဉ်ထာဝရတည်ရှိနေသူဖြစ်သည်။ ဤလောကမှပြန်ကြွမြန်းသောအခါ တွင် ခမည်းတော်ထံသို့ ပြန်သွားသည်။ ခရစ်တော် ဘုရား၏ ဇာတိတော်အကျဉ်းတည်း။

(ဖ) ဆင်းရဲဒုက္ခနှင့် ငြိမ်သက်ခြင်း (၁၆:၂၉-၃၃)

၁၆:၂၉-၃ဝ တပည့်တော်များသည် ထိုအချိန်မှစ၍ သခင်ဘုရားအား ပွင့်လင်းစွာနားလည်နိုင်ကြမည်ဟုထင်ကြသည်။ ခက်ခဲနက်နဲသော စကားများပုံဆောင်စကားများ သိရ တော့မည်မဟုတ်ဟုပြောကြသည်။

ခရစ်တော်ဘုရား၏ နက်နဲသော ဇာတိတော်ကို ရိပ်မိကြသည်။ သခင်ဘုရားသည် ခမည်း တော်ထံမှ ရောက်ရှိလာသူဖြစ်သောကြောင့် အရာခပ်သိမ်းကို သိရှိသည်။ သို့သော် သခင်ဘုရားသည် ခမည်းတော်၏ ဦးဆောင်မှုဖြင့် သုံးပါးတဆူဖြစ်ကြောင်း သိကြသလား။

၁၆:၃၁ မကြာသေကလာမှာ သခင်ဘုရားသည် ဖမ်းဆီးခြင်း၊ လက်ဝါးကပ်တိုင်ပေါ်သို့ မြောက်ချီခြင်းခံရမည်။ ထိုအခါ တပည့်တော်များသည်ကြက်ပျောက် ငှက်ပျောက် ပျောက်ကြဦးမည်။ သို့သော် ကိုယ်တော်ဘုရားသည် စိတ်ပျက်အားငယ်ခြင်းမရှိ။ ကိုယ်တော်နှင့် အတူ ခမည်းတော်နှင့် သားတော် ၏ တလုံးတဝတည်းဖြစ်ခြင်းတည်း။ တပည့်တော်များအသက်ဖက်ထုတ်၍ ကစဉ့်ကလျား ထွက် ပြေးကြသည့် အချိန်တွင် ခမည်းတော်၏ အားပေးနှစ်သိမ့်ခြင်းဖြစ်သည်။

၁၆:၃၂ ဤကျမ်းပိုဒ်သည် တပည့်တော်များအားအမိမဲ့သား၊ ရေမည်ငါးပမာ အားငယ် ခြင်းမရှိဖို့ နှစ်သိမ့်သောစကားဖြစ်သည်။ လူများက အမျိုးမျိုးစွပ်စွဲညှင်းပန်းနှိပ်စက်ဖမ်းဆီးကြလျှင်လည်း ကိုယ်တော်ကို အောက်မေ့၍ ငြိမ်သက်ခြင်းရစေသည်။ ယေရှုသည် ကရာနီကုန်းပေါ်မှ လောကကို အောင် မြင်ခဲ့သည်။ ဆင်းရဲဒုက္ခမျိုးစုံဖြင့် ညှင်းပန်းနှိပ်စက်ခဲ့ကြသော်လည်း ကိုယ်တော် ဘုရားသည် အောင်ပွဲခံ မြဲခံလျက်ရှိသည်။

ထိုကဲ့သို့ပင် သန့်ရှင်းသောဝိညာဉ်တော်ရောက်လာသည့်အချိန်တွင် တပည့်တော်များကို အားသစ်၊ အင်သစ် သတ္တိသွေးများပေးမည်။ ရဲရင့်ခြင်းဖြင့် ရန်သူများကို အနိုင်ယူအောင်ပွဲခံကြရဦးမည်။

၁၆:၃၃ တပည့်တော်များ ငြိမ်သက်ချမ်းသာခြင်းမရှိကြသောကြောင့် ဤကဲ့သို့ ဆုံးမဩ ဝါဒအားပေးခြင်းဖြစ်နိုင်သည်။ လူအများက မုန်းတီး၊ ညှဉ်းပန်းနှိပ်စက်၊ မဟုတ်မတရားစွပ်စွဲ၊ နှိမ်ချ၊ ပုတ်ခတ်ကြစေကာမူ၊ ခရစ်တော်၌ တည်လျှင် ငြိမ်သက်ချမ်းသာကြမည်။ ကိုယ်တော်သည် လက်ဝါးကပ် တိုင်ပေါ်မှ တကမ္ဘာလုံးကို အနိုင်ယူခဲ့ပြီ။ တပည့်တော်များသည် ဘေးအန္တရာယ်ရင်ဆိုင်ကြသော်လည်း အောင်နိုင်သူများဖြစ်သည်။

သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်လာ၍ တန်ခိုးအသစ် ထပ်မံရရှိကြသောအခါ ရန်သူများကို ပိုမိုအောင်မြင်နိုင်စွမ်းရှိကြသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။