အာမုတ်အနာဂတ္တိကျမ်း - ၆
အာမုတ်အနာဂတ္တိကျမ်း - ၆ (အနက်ဖွင့်)
(င) ဒုတိယအမင်္ဂလာ (အခန်း ၆)
၆:၁– ၈ ဇိမ်ခံခြင်း၊ ချမ်းသာခြင်း၊ သာယာခြင်းနှင့် ဘဝလုံခြုံခြင်းများကို အနိုင်အထက်အပြုခံရမည်။ “ဆင်စွယ်ကုတင်မွေ့ယာပေါ်မှာလဲလျောင်းတတ်သူများ ၊ မြိန်ပေ့၊ ကောင်းပေ့ဟူသော အစားအသောက်ကို သောက်စားယစ်ကြူးသူများ၊ အဖိုးတန်နံ့သာရေမွှေးနှင့် ပန်းကုံးကမ်းခြင်းခံရသူများ အမင်္ဂလာသင့်ကြပြီ။ ထို့ကြောင့်ထာဝရဘုရားက “ယာကုပ်၏မာနကို ငါရွံရှာ၍ သူတို့ဗိမာန်ကို မုန်းသောကြောင့် မြို့တော်၌ ရှိသမျှကို ငါစွန့်ပစ်မည်” ဟုဆိုသည်။ ရှမာရိလူများသည် အာရှုရိများလက်ထက်သို့ ကျရောက်သွားကြမည်။
၆:၉–၁၀ ဤကျမ်းပိုဒ်အား Page H. Kelly ကဤသို့ရှင်းပြသည်။ မမျှော်လင့်သော ကပ်ရောဂါဆိုး ကျရောက်သဖြင့် မြေပြင်တဝှမ်းလုံးတွင် ဒုက္ခရောက်ကြမည်။ သမရိုးကျမြေမြှုပ်သင်္ဂြိုင်ခြင်းမပြုနိုင်အောင် သေကြေကြသဖြင့် အလောင်းများကို မီးပုံရှို့ကြရမည်။ အလောင်းထုတ်ဖို့ ချဉ်းကပ်လာကြသော ဆွေမျိုးသားခြင်းများလည်း မီးကူးလောင်ကျွမ်းရမည်။ ထိုမြင်ကွင်းကြောင့် အချို့သည် ပုန်းကွယ်နေကြမည်။ အိမ်သူအိမ်သားများက ထွက်လာရန်အော်ခေါ်ကြမည်။ထိုလူများသည် အတိတ်ကအပြစ်များကြောင့် ဘုရားသခင်၏ နာမတော်အားမခေါ်ဝံ့ကြ။ ဘုရားသခင်၏ အမျက်ဒေါသ သင့်ကြသည်။ ယနေ့ခေတ်ကာလတိုင် အော်သိုဒေါက်ဂျူးများသည် ဣသရေလတို့၏ ဘုရားသခင်နာမတော်အား မခေါ်ဝံ့ကြသကဲ့သို့ ဖြစ်ပေမည်။၅
၆:၁၁–၁၄ ဣသရေလတို့၏ အပြုအမူများသည် ကျောက်ပေါ်မှာ နွားဖြင့်လယ်ထွန်သကဲ့သို့ မိုက်ရူးနေကြသည်။ သူတို့၏တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းများသည် ရယ်မောဟားတိုက်စရာသာဖြစ်သည်။ စစ်အင်အားပေါ်တွင် ဂုဏ်ယူမာန်တက်၍ Lo Debar နှင့် Karnaim ကို သိမ်းပိုက်နိုင်မည် ထင်ကြသည်။ သို့သော် စင်စစ်တွင် အာရှုရိများက မြောက်ဘက်ဝင်ပေါက်ဟာမတ်မြို့မှ တောင်ဘက်နယ်နိမိတ်အဆုံး အာရာဗလွင်ပြင်တိုင်အောင် တိုက်ခိုက်သိမ်းပိုက်ကြလိမ့်မည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။