ရာဇဝင်ချုပ်ဒုတိယစောင် - ၂၇
ရာဇဝင်ချုပ်ဒုတိယစောင် - ၂၇ (အနက်ဖွင့်)
(ဋ) ယောသံမင်း (အခန်း၂၇)
၂၇:၁–၄ ယောသံမင်းသည် ခမည်းတော်သြဇိမင်းကဲ့သို့ လက်ရုံးရည်နှလုံးရည်ပြည့်စုံသူဖြစ်သည်။ တိုင်းပြည်ကိုအေးချမ်းသာယာအောင် အုပ်စိုးသည်။ မြို့တော်တခွင်တည်ဆောက်ပြုပြင်၍ မြို့ကြီးပြကြီးများတည်သည်။ ဗိမာန်တော်ထဲသို့ဝင်ခြင်းမှလွဲ၍ ဖခင်ပြုခဲ့သော လုပ်ငန်းကြီးစဉ်အတိုင်း ဆောင်ရွက်သည်။ ဗိမာန်တော်အထက် တံခါးပေါက်ကိုလည်း ပြုပြင်မွမ်းမံသည်။ ပြည်သူများဆင်းရဲပျက်စီးခြင်းမရောက်အောင် ထိန်းသိမ်းစောင့်ရှောက်သည်။
၂၇:၅–၉ သြဇိမင်းက အမ္မုန်လူများနှိမ်နှင်းပြီး(၂၆:၈) ဖြစ်သော်လည်း ခေါင်းထောင်ပုန်ကန်လာကြပြန်သည်။ အခွန်အခမဆက်သတော့ဘဲ ၊ ယောသံမင်းက အာခံလာကြသည်။ သို့ဖြင့် ယောသံမင်းက နောက်ထပ်တဖန် စီးနင်းနှိပ်ကွပ်ရပြန်သည်။ ဘုရားသခင်ကို အဓိကထားမှီတည်သောကြောင့် ပြုလေရာတိုင်း၌ တင့်တယ်သည်။ ကံတော်ကုန်သောအခါ ဒါဝိဒ်၏မြို့တော်၌ သဂြိုဟ်ကြ၍ သားတော် အာခတ်မင်းနန်းမွေဆက်ခံသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။