ရာဇဝင်ချုပ်ဒုတိယစောင် - ၂၈

ယုဒဘုရင်အာခတ်
(၄ရာ၊ ၁၆:၁-၄)
1အာခတ်သည် အသက်နှစ်ဆယ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တစ်ဆယ်ခြောက်နှစ် စိုးစံလေ၏။ ထိုမင်းသည် အဘဒါဝိဒ်ကဲ့သို့ မကျင့်၊ ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုမပြု။ 2ဣသရေလရှင်ဘုရင်တို့ လိုက်သောလမ်းသို့လိုက်၍၊ ဗာလဘုရားတို့အဖို့ ရုပ်တုဆင်းတုများကို သွန်းလေ၏။ 3ထာဝရဘုရားသည် ဣသရေလအမျိုးသားရှေ့မှ နှင်ထုတ်တော်မူသော တစ်ပါးအမျိုးသားတို့၏ ရွံရှာဖွယ် ထုံးစံအတိုင်း၊ ဟိန္နုံသားချိုင့်၌ နံ့သာပေါင်းကိုမီးရှို့၍၊ မိမိသားတို့ကိုလည်း မီးဖြင့်ပူဇော်၏။ 4မြင့်သောအရပ်၊ တောင်ပေါ်၊ သစ်ပင်အောက်တို့၌ ယဇ်ပူဇော်၍၊ နံ့သာပေါင်းကို မီးရှို့တတ်၏။
ရှုရိပြည်၊ ဣသရေလပြည်တို့နှင့်စစ်ဖြစ်ခြင်း
(၄ရာ၊ ၁၆:၅)
5ထိုကြောင့်၊ သူ၏ဘုရားသခင် ထာဝရဘုရားသည်၊ သူ့ကို ရှုရိရှင်ဘုရင်လက်သို့ အပ်တော်မူသဖြင့်၊ ရှုရိလူတို့သည် လုပ်ကြံလျက်၊ များစွာသောလူတို့ကိုဖမ်းဆီး၍၊ ဒမာသက်မြို့သို့ သိမ်းသွားကြ၏။ 6တစ်ဖန် ဣသရေလရှင်ဘုရင်လက်သို့ အပ်တော်မူသဖြင့်၊ ထိုရှင်ဘုရင်ရေမလိသား ပေကာသည် ကြမ်းတမ်းစွာလုပ်ကြံ၍၊ ရဲရင့်သောယုဒအမျိုးသား တစ်သိန်းနှစ်သောင်းကို တစ်နေ့ချင်းတွင် သတ်လေ၏။ အကြောင်းမူကား၊ သူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို စွန့်ကြသတည်း။ 7ခွန်အားကြီးသော ဧဖရိမ်သား ဇိခရိသည်၊ ရှင်ဘုရင်သား မာသေယ၊ နန်းတော်အုပ် အာဇရိကံ၊ ရှင်ဘုရင်နောက် ဒုတိယမင်း ဧလကာနကိုသတ်၏။ 8ဣသရေလအမျိုးသားတို့သည်လည်း၊ မိမိတို့နှင့် ပေါက်ဖော်တော်သော ယောက်ျား၊ မိန်းမ၊ သား၊ သမီးပေါင်းနှစ်သိန်းကို ဖမ်းဆီးသိမ်းသွားကြ၏။ များစွာသောဥစ္စာကိုလည်း လုယူ၍ ရှာမာရိမြို့သို့ ဆောင်သွားကြ၏။
ပရောဖက်သြဒက်
9ဩဒက်အမည်ရှိသော ထာဝရဘုရား၏ပရောဖက်တစ်ပါးရှိ၍၊ ရှမာရိမြို့သို့ ပြန်လာသောတပ်ကို ဆီးကြိုလျက်၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားသည် ယုဒပြည်ကိုအမျက်တော်ထွက်သောကြောင့်၊ သင်တို့လက်၌ အပ်တော်မူသဖြင့်၊ သင်တို့သည် မိုးကောင်းကင်သို့ထိသော ဒေါသအဟုန်နှင့် သူတို့ကို သတ်ကြပြီတကား။ 10ယခုတွင်လည်း၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သား ယောက်ျား၊ မိန်းမတို့ကို အစေခံကျွန်လုပ်၍၊ နှိပ်စက်မည့်အကြံ ရှိကြသည်တကား။ သို့ပြုလျှင် သင်တို့၏ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားရာသို့ရောက်သည် မဟုတ်လော။ 11ငါ့စကားကို နားထောင်ကြလော့။ သင်တို့သည် ယခုဖမ်းဆီး၍ သိမ်းယူခဲ့သော သင်တို့၏ညီအစ်ကိုများကို လွှတ်လိုက်ကြလော့။ သို့မဟုတ် ထာဝရဘုရား၏ ပြင်းစွာသောအမျက်တော်သည် သင်တို့အပေါ်မှာ သက်ရောက်လိမ့်မည်ဟု သတိပေး၏။ 12ထိုအခါ ဧဖရိမ်အမျိုးသားအကြီးအကဲ၊ ယောဟနန်သား အာဇရိ၊ မေရှိလေမုတ်သား ဗေရခိ၊ ရှလ္လုံသား ဟေဇကိ၊ ဟာဒလဲသား အာမသာတို့သည် စစ်တိုက်ရာမှလာသော သူတို့ကို ဆီးတား၍၊ 13သင်တို့သိမ်းယူခဲ့သော သူတို့ကို ဤမြို့ထဲသို့ မသွင်းရ။ ငါတို့သည် ထာဝရဘုရားကို ပြစ်မှားပြီ။ အပြစ်ရင်းအပေါ်မှာထပ်၍ ပြစ်မှားစေဦးမည်ဟု သင်တို့ ကြံစည်ကြသည်တကား။ ယခုတွင် ငါတို့အပြစ်ကြီးလှ၏။ ဣသရေလအမျိုး၌ ပြင်းစွာအမျက်ထွက်လျက်ရှိသည်ဟု ဆိုသောကြောင့်၊ 14စစ်သူရဲတို့သည် သိမ်းယူခဲ့သောလူများနှင့် လုယူခဲ့သောဥစ္စာများကို မင်းတို့ရှေ့၊ ပရိသတ်တို့ရှေ့မှာ ထားကြ၏။ 15အထက်ဆိုခဲ့ပြီးသောသူတို့သည် ထလျက်၊ သိမ်းယူခဲ့သော သူတို့ကိုခေါ်၍၊ အဝတ်မရှိသောသူတို့ကို လက်ရဥစ္စာဖြင့် ဝတ်ဆင်စေကြ၏။ ခြေနင်းကို စီးစေကြ၏။ စားသောက်စရာဖို့ပေးကြ၏။ ဆီနှင့် လိမ်းစေကြ၏။ အားမရှိသောသူအပေါင်းတို့ကို မြည်းပေါ်မှာတင်၍၊ သူတို့ ပေါက်ဖော်ရှိရာ ယေရိခေါမြို့တည်းဟူသော စွန်ပလွံပင်မြို့သို့ ပို့ပြီးမှ၊ ရှမာရိမြို့သို့ ပြန်သွားကြ၏။
အာခတ်အကူအညီတောင်းခြင်း
(၄ရာ၊ ၁၆:၇-၉)
16ထိုအခါ အာရှုရိရှင်ဘုရင်လာ၍ကူမစေခြင်းငှာ၊ အာခတ်မင်းကြီးသည် သံတမန်ကို စေလွှတ်လေ၏။ 17အကြောင်းမူကား၊ ဧဒုံလူတို့သည် လာပြန်သဖြင့်၊ ယုဒပြည်ကို လုပ်ကြံ၍၊ လူများကို ဖမ်းဆီးသိမ်းသွားကြပြီ။ 18ဖိလိတ္တိလူတို့သည်လည်း၊ နိုင်ငံအောက်ပိုင်းနှင့် ယုဒပြည်တောင်ပိုင်း၌ရှိသော မြို့တို့ကိုတိုက်၍၊ ဗက်ရှေမက်မြို့၊ အာဇလုန်မြို့၊ ဂေဒရုတ်မြို့၊ ရှောခေါမြို့ရွာ၊ တိမနာမြို့ရွာ၊ ဂိမဇောမြို့ရွာများကို ယူ၍ နေရာချကြ၏။ 19ယုဒရှင်ဘုရင်အာခတ်ကြောင့် ထာဝရဘုရားသည် ယုဒပြည်ကို အလွန်နှိမ့်ချ၏။ ထိုမင်းသည် ယုဒပြည်၏ အဝတ်တန်ဆာကိုချွတ်၍၊ ထာဝရဘုရားကို ကြမ်းတမ်းစွာ ပြစ်မှား၏။ 20အာရှုရိရှင်ဘုရင် တိဂလတ်ပိလေသာ လာသော်လည်း၊ အားကိုမပေး၊ သာ၍ဆင်းရဲစေ၏။ 21အကြောင်းမူကား၊ အာခတ်သည် ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာမှစ၍၊ မှူးမတ်အိမ်တို့၌ရှိသော ဥစ္စာများကိုခွဲပြီးလျှင်၊ အာရှုရိရှင်ဘုရင်အား ပေးသော်လည်း၊ ထိုရှင်ဘုရင်သည် ကျေးဇူးပြန်၍မပြု။
အာခတ်ကျူးလွန်သည့်အပြစ်များ
22အာခတ်မင်းကြီးသည် ဆင်းရဲဒုက္ခခံရသောအခါ၊ ထာဝရဘုရားကို သာ၍ပြစ်မှား၏။ 23ငါ့ကိုဒဏ်ပေးသော ဒမာသက်မြို့၏ဘုရားတို့ကို ငါဆည်းကပ်မည်ဟူ၍လည်းကောင်း၊ ရှုရိရှင်ဘုရင် ကိုးကွယ်သော ဘုရားတို့သည် ကျေးဇူးပြုတတ်သောကြောင့်၊ ငါ၌လည်း ကျေးဇူးပြုစေခြင်းငှာ၊ ထိုဘုရားတို့အား ယဇ်ပူဇော်မည်ဟူ၍လည်းကောင်း ဆိုသော်လည်း၊ ထိုဘုရားတို့သည် အာခတ်မင်းနှင့် ဣသရေလအမျိုး အကျိုးနည်းစရာအကြောင်း ဖြစ်သတည်း။ 24တစ်ဖန် အာခတ်သည် ဗိမာန်တော်တန်ဆာတို့ကို စုထား၍ အပိုင်းပိုင်း ချိုးဖြတ်၏။ ဗိမာန်တော်တံခါးတို့ကိုလည်း ပိတ်ထား၏။ ယေရုရှလင်မြို့ထောင့်များ၌ ယဇ်ပလ္လင်တို့ကို တည်၏။ 25အခြားတစ်ပါးသောဘုရားတို့အား နံ့သာပေါင်းကို မီးရှို့စရာဖို့၊ ယုဒမြို့အသီးအသီးတို့၌ မြင့်သောအရပ်တို့ကို တည်၍ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်လေ၏။
26အာခတ်ကျင့်ကြံပြုမူသော အမှုအရာကြွင်းလေမျှ အစအဆုံးတို့သည် ယုဒရာဇဝင်နှင့် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။ 27အာခတ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ယေရုရှလင်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံရသော်လည်း၊ ဣသရေလရှင်ဘုရင်တို့ သင်္ချိုင်း၌ မသင်္ဂြိုဟ်ကြ။ သားတော်ဟေဇကိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။

ရာဇဝင်ချုပ်ဒုတိယစောင် - ၂၈ (အနက်ဖွင့်)

(အာခတ်မင်း (အခန်း ၂၈)


ရုပ်တုဘုရားတု ကိုးကွယ်ခြင်း၌ ရှိသမျှအချိန်ဖြုန်းတီးသည်။ ဘိုးတော်ဒါဝိဒ်မင်း၏ ခြေရာမရှာဘဲ ၊ ဣသရေလဘုရင်တိုင်း၏ ဆိုးယုတ်မှု ကြံဖန်အမွေဆက်ခံသည်။ ဟိန္နုံချိုင့်ဝှမ်းတွင် လူကိုယ်တိုင်သူ့သားကိုမီးရှို့ယဇ်ပူဇော်သည်။ ရှောလမုန်ဘုရင် ဆောက်တည်သော မောသုတ်ဘုရားတုအား လက်တွေ့ကိုးကွယ်ကျင့်သုံးလာကြသည် (၃ရာ ၁၁:၇)။ အာခတ်မင်းလက်ထက်တွင် အပြစ်ဒုစရိုက်ပေါင်းစုံ၊ ညစ်ညမ်းရွံရှာဘွယ်ရာ ရုပ်တုဘုရားတု ကိုးကွယ်ခြင်း အမျိုးမျိုးကိုယ်ထင်ရာလုပ်ကြသည်။

၂၈:–  သို့ဖြင့် ထာဝရဘုရားသခင်သည် ယုဒလူမျိုးများအား ပြဿနာများစွာကြုံတွေ့စေသည်။ ရှုရိဘုရင် ရေဇိန်နှင့် ဣသရေလ ပေကာတို့သည် စစ်မဟာမိတ်ဖွဲ့လျက် ယေရှုရှလင်ကို တိုက်ခိုက်ရန် ပြုကြသည်။ မသိမ်းပိုက်နိုင်သော်လည်း ယေရှုရှလင်မြို့ကို အကြီးအကျယ်ပျက်စီးစေသည်။ ဣသရေလတို့သည် ယုဒလူတစ်သိန်းနှစ်သောင်းအား တစ်ရက်တည်းတွင် ခုတ်ပိုင်းကြသည်။ လူအမြောက်အများ ဖမ်းဆီးခေါ်ဆောင်သွားကြသည်။ လူကြီးသူမပညာတတ်အများအပြား သေကြေကြသည်။ ထိုသို့ ရေဇိန်နှင့် ပေကာမင်းတို့က အာခတ်မင်းအား ချောက်ခြားတုန်လှုပ်စေခြင်းသည် ဣသရေလ လူမျိုးတွင် ဘုရားသခင်၏ ကျေးဇူးတော် သက်ရောက်မည့်အကြောင်း အပျိုကညာက ဧမာနွေလဘုရားဖွားမြင်မည့်အကြောင်း ကတိတော်ကြားသိခြင်းမျိုးဖြစ်သည် (ဟေရှာ ၇:၁၄)။

၂၈:၁၅ ဣသရေလလူများသည် နောင်တော်ယုဒလူများကို ကျွန်ပြုဖို့ စိတ်ကူးကြသော်လည်း မောရှေပညတ်ကျမ်းအတိုင်း ထိုကဲ့သို့ မပြုလုပ်ကြရန် ပရောဖက်တစ်ပါးကတားမြစ်သည်။ ဘုရားသခင်က ဣသရေလလူတို့ကို ယုဒလူများအား တရားစီရင်ရန် တန်ဆာပလာအဖြစ် အသုံးပြုသည်။ သို့သော် သူတို့၏ရက်စက်ကြမ်းကြုတ်မှုများကို အသိအမှတ်မပြု။ ဧဖရိမ်လူ ခေါင်းဆောင်အချို့သည် ပရောဖက်သြဒက်ကို စေလွှတ်၍ ဖမ်းဆီးရမိသုံ့ပန်းများအား မြို့ထဲသို့မသွင်းစေဘဲ၊ ပြန်လွှတ်ကြရန် ပြောခိုင်းသည်။ သို့ဖြင့် ထမင်းဟင်း ကျွေးမွေးပြီး ပြန်လွှတ်လိုက်ကြသည်။

၂၈:၁၆၂၇ ဖခင်ယောသံမင်းချမ်းသာခွင့်ပေးထားသော ဧဒုံနှင့်ဖိလိတ္တိလူများက အာခတ်မင်းအား ပုန်ကန်ခြိမ်းခြောက်လာပြန်သည်။ အာခတ်မင်းသည် ဘုရားသခင်ကို ဖက်တွယ်ရမည့်အစား အာရှုရိဘုရင်တိဂလတ်ပိလေသာမင်းကို အားကိုးတကြီးစစ်ကူခေါ်သည်။ နန်းတော်နှင့် ဗိမာန်တော်ရှိရွှေများဖြင့် အာရှုရိစစ်သားများကို ငှားသည်။ အာရှုရိဘုရင်က ရှုရိစစ်သားများကို တိုက်ထုတ်ပေး၍ ဒမာသတ်မြို့တွင် ရေဇိန်ဘုရင်၏ ဦးခေါင်းအား ဖြတ်ပစ်သည် (၄ရာ ၁၆:၉) ။ ဒမာသတ်မြို့သို့ အာခတ်မင်းသွားရောက်တွေ့ဆုံသောအခါ ရှုရိမင်းများ၏ ရုပ်တုဘုရားများကို ယူဆောင်လာသည်။ အာခတ်မင်းနှင့် အာရှုရိဘုရင်တို့ မဟာမိတ်ဖြစ်သွားကြသော်လည်း အာရှုရိဘုရင်က အထက်စီးမှ ဆက်ဆံသည်။ ရှုရိတို့၏ ရုပ်တုဘုရားတုများ ယူဆောင်လာကြသောအခါ ဘုရားသခင်သည်ယုဒမင်းအပေါ် ပိုမို၍ အမျက်ဒေါသသင့်သည်။ ယုဒပြည်တပြည်လုံးတွင်လည်း ရုပ်တုဘုရားတု သက်ဝင်ယုံကြည်စေသည်။ အာခတ်မင်းကွယ်လွန်သောအခါ ယုဒဘုရင်များ၏ သုဿန်မြေတွင် သဂြိုဟ်ခြင်းမခံရ။၂၆ အပိုဒ်ငယ် ၁၉တွင် အာခတ်မင်းကို ဣသရေလတို့၏ ဘုရင်က ပုတ်ခတ်သရော်သည်။ ယုဒဘုရင်များသည်လည်း တခါတရံ ဣသရေလလူနှင့် နာမည်တူသည်လည်း ရှိသည် (၆ရာ ၂၁:၂ကိုကြည့်)။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။