ရာဇဝင်ချုပ်ဒုတိယစောင် - ၁၁
ရာဇဝင်ချုပ်ဒုတိယစောင် - ၁၁ (အနက်ဖွင့်)
၃။ယုဒနိုင်ငံ တော်(၁၁:၁–၃၆:၁၉)
(က) ရောဗောင် မင်း (အခန်း၁၁၊၁၂)
၁၁:၁–၄ ယေရုရှလင်မြို့ သို့ ရောဗောင် မင်း ပြန်ရောက်လာသောအခါ ဘုရားသခင်က ပရောဖက် ရှေမာယအား ရောဗောင် မင်းထံ စေလွှတ် ၍ ပြည်တွင်းစစ်မဖြစ်ဖို့ တားမြစ်ခိုင်းသည်။ ‘ဤအမှုကို ငါစီရင်ပြီ‘ ဟုဆိုသည်။ တချိန်က လူကြီးသူမများ ၏ အကြံပေးချက် ကို နားမထောင်သော်လည်း ဘုရားသခင်၏ စကား တော် ကိုမူ မငြင်း သာ။ သို့ဖြင့်နှစ်နိုင်ငံ ကြား နိုင်ငံရေး တင်းမာမှု ပြင်းထန်နေသည် (၁၂:၁၅)။ သို့သော် လက်နက်စွဲကိုင်၍ လူမိုက်နည်း ဖြင့် ပြဿနာဖြေရှာခြင်း မပြုကြ။ အပိုဒ်ငယ်(၃) တွင်ပါရှိသည်။ ယုဒခရိုင် နှင့် ဗင်္ယာမိန်ခရိုင် တွင်ရှိသော ဣသရေလ လူအပေါင်း တို့ ဆိုသည်မှာ တောင်ပိုင်းနိုင်ငံ ရှိ ဒါဝိဒ်မင်း နန်းစဉ် ထောက်ခံ အားပေး သူများ ဖြစ်သည်။
၁၁:၅–၁၂ ရှင်ဘုရင်သည် ယုဒပြည်လုံခြုံရေး အတွက် ခံတပ်တည်ဆောက်ရာ တွင် ရှိသမျှ အချိန်ကုန်သည်။ အဲဂုတ္တုပြည်ရန်ကို စိုးရိမ်သောကြောင့် ယေရုရှလင် မြို့တောင်ဘက်တွင် ခံတပ်များ အခိုင်အမာ တည်ဆောက်သည်။
၁၁:၁၃–၁၇ ထိုအချိန်တွင် မြောက်ပိုင်း ဣသရေလ နိုင်ငံ၌ ရုပ်တုဘုရားတုဝါဒီ ယေရောင်ဗောင်မင်းမူ ခေါင်းထောင်နေသည်(၃ရာ၁၂)။ ထို့ကြောင့် ယေဟောဝါဘုရား ကိုင်းရှိုင်းသော လေဝိအမျိုး အစုလိုက်အပြုံလိုက် ထွက်ပြေးကြသည်။ ဘုရားသခင်ကို ယုံကြည်သော ဆွေမျိုး သားချင်းများလည်း သိုက်မြုံ ယံလိုက် ထွက်ပြေး လာကြသည်။ သို့ဖြင့် ယုဒဘုရင် ရောဗောင်ထံ၌ အင်းအား တောင့်တင်း လာသည်။ စည်းစိမ်းဘဏ္ဌာ၊ လယ်ယာမြေနှင့် မိတ်ဆွေကောင်းများ ကို ကျောခိုင်းပြီး ယေရုရှလင်သို့ ခိုလှုံလာကြသည်။
၁၁:၁၈–၂၃ ရောဗောင်မင်းသည် လည်း ဘိုးမျိုးဘတူ မယားသောက်သောက် လဲယူသည်။ သို့သော် ရှောလမုန်မင်း စံချိန်မမှီ။ တရားဝင် မိဖုရား(၁၈) ပါး၊ မောင်းမမိဿံ(၆ဝ) ရှိ၍ သား(၂၈)ယောက်နှင့် သမီး(၆ဝ) ထွန်းကားသည်။ မိဖုရားများသည် ဣသရေလတော်ဝင်နန်းမျိုးနွယ်များ ဖြစ်သည်။ အုတ်ကြား မြက်ပေါက်များ မပါ။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။