၁သက် - ၁

1ပေါလု၊ သိလွာနု၊ တိမောသေတို့သည် ခမည်းတော်ဘုရားနှင့် သခင်ယေရှုခရစ်၌ တည်ရှိသော သက်သာလောနိတ်မြို့သား အသင်းတော်ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
သက်သာလောနိတ်အသင်းတော်၏ယုံကြည်ခြင်း
2-4ငါတို့အဘတည်းဟူသော ဘုရားသခင့်ရှေ့တော်၌၊ သင်တို့သည် ယုံကြည်သောစိတ်နှင့် အကျင့်ကိုကျင့်ခြင်း၊ ချစ်သောစိတ်နှင့် ကြိုးစားအားထုတ်ခြင်း၊ ငါတို့သခင်ယေရှုခရစ်ကို မျှော်လင့်သောစိတ်နှင့် တည်ကြည်ခြင်းတို့ကို ငါတို့သည် အစဉ်မပြတ် အောက်မေ့လျက်၊ ဘုရားသခင်ချစ်တော်မူသော ညီအစ်ကိုတို့၊ သင်တို့ခံရသော ရွေးကောက်တော်မူခြင်းကို သိလျက်၊ သင်တို့အပေါင်းကို အကြောင်းပြုသဖြင့်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ကာလအစဉ်ချီးမွမ်း၍၊ သင်တို့အဖို့ အလိုငှာ ဆုတောင်းပတ္ထနာပြုလျက် နေကြ၏။
5ငါတို့သည် သင်တို့နှင့်အတူနေသောအခါ သင်တို့အတွက် အဘယ်သို့သောသူ ဖြစ်သည်ကို သင်တို့ သိကြသည်နှင့်အညီ၊ ငါတို့ဟောပြောသော ဧဝံဂေလိတရားသည်၊ သင်တို့၌ စကားသက်သက်ဖြစ်သည် မဟုတ်။ တန်ခိုးနှင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် လည်းကောင်း၊ ဝိစိကိစ္ဆာမရှိဘဲ အမှန်သိခြင်းနှင့်လည်းကောင်း ပြည့်စုံသောတရားဖြစ်၏။- 6သင်တို့သည် ကြီးစွာသောဆင်းရဲခြင်းကို ခံရသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်ဆိုင်သော ဝမ်းမြောက်ခြင်းနှင့်တကွ နှုတ်ကပတ်တရားတော်ကို ခံယူ၍၊ ငါတို့ကဲ့သို့သောသူ၊ သခင်ဘုရားကဲ့သို့သောသူ ဖြစ်ကြ၏။- 7သို့ဖြစ်၍၊ မာကေဒေါနိပြည်၊ အာခါယပြည်၌ ယုံကြည်သောသူ အပေါင်းတို့အား သင်တို့သည် ပုံသက်သေပေးသောသူ ဖြစ်ကြ၏။- 8အဘယ်သို့နည်းဟူမူကား၊ သင်တို့ထံက၊ သခင်ဘုရား၏ နှုတ်ကပတ်တရားတော်အသံသည်၊ မာကေဒေါနိပြည်၊ အခါယပြည်၌ ကျော်စောသည်သာမက၊ ဘုရားသခင်ကို သင်တို့ ယုံကြည်ခြင်း၏ သတင်းသည် အရပ်ရပ်တို့၌ နှံ့ပြားလေ၏။ သို့ဖြစ်၍ ငါတို့သည် တစ်စုံတစ်ခုကိုမျှ ပြောစရာအကြောင်းမရှိ။- 9ငါတို့သည် သင်တို့အထဲသို့ အဘယ်သို့ ဝင်ကြသည် အကြောင်းအရာကို သူတို့သည် ကိုယ်တိုင်ကြားပြောကြ၏။ အသက်နှင့် ပြည့်စုံလျက် မှန်တော်မူသော ဘုရားသခင်၏အမှုတော်ကို သင်တို့သည် ဆောင်ခြင်းငှာလည်းကောင်း၊- 10ရောက်လတ္တံ့သော ဘေးဒဏ်မှ ငါတို့ကို ကယ်နုတ်သော သခင်ယေရှုတည်းဟူသော သေခြင်းမှ ဘုရားသခင် ထမြောက်စေတော်မူသော သားတော်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်အရာကို ငံ့လင့်ခြင်းငှာလည်းကောင်း၊ ရုပ်တုဆင်းတုတို့ကို ပစ်ပယ်၍၊ ဘုရားသခင့်အထံတော်သို့ ပြောင်းလဲကြသည် အကြောင်းအရာကိုလည်း ကြားပြောကြ၏။

၁သက် - ၁ (အနက်ဖွင့်)

၁။နှုတ်ခွန်းဆက်ခြင်း(:)

ဤဩဝါဒစာစောင်ကို ကမ္ဘာကြီးမှောက်လှန်မည့်သူများဟု စွပ်စွဲသည့်လူ(၃)ယောက် နာမည်ဖြင့် စတင် ဖွင့်လှစ်လိုက်သည်။ ထိုသို့ပြောရာတွင် နောက်ပြောင်ခြင်း မဟုတ်။ တကယ်ပြောခြင်း ဖြစ်သည်။
ပေါလုသည် ကျမ်းစာရေးသားသူဖြစ်၍ သိလွှာနုနှင့်တိမောသေသည် ပေါလုနှင့်အတူ လိုက်ပါသူများဖြစ်သည်။ ထိုသူများနာမည်ကိုလည်း ထည့်သွင်းထားသည်။ သိလွှာနုသည် ဖိလိပ္ပိတွင် ပေါလု ထောင်ကျနေစဉ် သိလနှင့် အတူ စုံတွဲသီချင်း ဆိုသူဖြစ်သည် (တ၁၆:၂၅)။ တိမောသေသည် သက်သာလောနိတ်သို့ ပေါလု ပထမခရီးမသွားခင်က သိရှိရသော ကုတ္တရမြို့မှ ညီအရင်းလို ချစ်ခင်သောသူ ဖြစ်သည် (တ၁၆:၁)။ ဤစာသည် သက်သာလောနိတ် အသင်းတော်သို့ ဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်၏ နာမတော်ဖြင့်ရေးသားသော ဩဝါဒစာဖြစ်သည်။ အသင်းတော်ဟုဆိုရာတွင် မည်ကဲ့သို့သော အသင်းတော်ဟု မရှင်းပြနိုင်သော်လည်း၊ ဘုရားသခင်ကို အဘအဖြစ်၎င်း၊ ယေရှုခရစ်တော်ကိုသခင်အဖြစ်၎င်း ခံယူသောပူပူနွေးနွေးအသင်းတော် ဖြစ်နိုင်သည်။ ကျေးဇူးတော် နှင့် ငြိမ်သက်ခြင်းသည် ကောင်းကင်နိုင်ငံ၌ ပျော်ရွှင်နိုင်ဖို့ရာ အကောင်းဆုံးသော ကောင်းကြီးမင်္ဂလာများ ဖြစ်သည်။ ကျေးဇူးတော်ဆိုသည်မှာ အသက်တာတွင် လိုအပ်သောအရာများ ဖြည့်ဆည်းပေးခြင်း ဖြစ်သည်။ ငြိမ်းသက်ခြင်း၏ အကြောင်းအရင်းသည် ကျေးဇူးတော် ဖြစ်သည်။ ထိုမင်္ဂလာတရားနှစ်ခုသည် တန်းတူရည်တူ ရှိသည်ဟု ပေါလုကဆိုသည်။ ဤကျမ်းပိုဒ်တွင် ကောင်းကြီးမင်္ဂလာများသည် အဘဘုရားသခင်ထံမှ လာသည်ဟုဆိုသည်။

၂။သက်သာလောနိတ်သားများအားပုဂ္ဂိုလ်ရေးအရပတ်သက်မှု(::၁၃)

(က)သက်သာလောနိတ်သားများအားချီးမွမ်းခြင်း(:၁၀)

:၂၊၃ ရှင်ပေါလု ဆုတောင်းသည့်အခါတိုင်း သက်သာလောနိတ်သားများအတွက် ဆုတောင်းလေ့ ရှိသည်။ (ကျွန်ုပ်တို့သည်လည်း ဆုတောင်းတိုင်း ခရစ်ယာန်ညီအကိုမောင်နှမများအား သတိရသင့်သည်) ထိုသူများ၏ ယုံကြည်စိတ်၊ ချစ်ခြင်းမေတ္တာနှင့် မျှော်လင့်သောစိတ်ဖြင့် တည်ကြည်ခြင်းများအပေါ် ကျေးဇူးတင်ကြောင်း ပြောလေ့ရှိသည်။

ယုံကြည်သောစိတ်နှင့် အကျင့်ကို ကျင့်ခြင်းဆိုသည်မှာ အဓိကအားဖြင့် ဘုရားသခင်ထံတော်ပါးသို့ ပြောင်းလဲကြခြင်း ဖြစ်သော်လည်း ဤယုံကြည်သော စိတ်ဖြင့် အကျင့်ကျင့်ခြင်းနှင့် ပတ်သတ်၍ ယေရှုအား တခြားသူများက မေးမြန်းကြပုံကို သတိရစေပါသည်။ “ယုံကြည်သောစိတ်နှင့် အကျင့်ဟုဆိုရာတွင် ဘာလုပ်ကြမည်နည်း” ဟု မေးကြသည်။ ယေရှုက “ဘုရားသခင်စေလွှတ်တော်မူသော သူကို ယုံကြည်ခြင်းအကျင့်ကား၊
အလိုတော်နှင့်ညီသော အကျင့်တည်း”ဟုမဆိုင်းမတွဖြေပါသည် (ယော၆:၂၈-၁၉)။ ဤကျမ်းစကားအရ ယုံကြည်ခြင်းသည် အမှန်တရားနှင့် လုပ်ဆောင်ဖွယ်ရာ ဖြစ်သည်။ သို့သော် လူ့အစွမ်းအစဖြင့် မရမက လုပ်ဆောင်စရာ မဟုတ်ပါ။ လူသည် ခရစ်တော်၏ ဖေးမကူညီခြင်းမှတပါး မိမိကိုယ်ကို ဘာမှမစွမ်းဆောင်နိုင်သည့် သတ္တဝါဖြစ်ကြောင်း ဝန်ခံရသည်။ ယုံကြည်ခြင်းသည် ဖန်ဆင်းရှင်သခင်အား သိရှိကိုးစားခြင်းဖြစ်သည်။ ယုံကြည်ခြင်းနှင့်
ဆိုင်သောအကျင့်သည် ယုံကြည်ခြင်း အသက်တာဖြစ်၍ ကိုယ်တော်နောက်သို့ လိုက်ခြင်းဖြစ်သည်။

ယုံကြည်ခြင်းနှင့် ဆိုင်သောအကျင့်နောက်တွင် ချစ်သောစိတ်နှင့် ကြိုးစားအားထုတ်ခြင်းက လိုက်ပါသည်။ ဤစကားက သခင်ယေရှုအား ချစ်မြတ်နိုးသည့် စိတ်ပေါ်ထွန်းစေပါသည်။ ခရစ်ယာန်အသက်တာသည် တာဝန်ဝတ္တရားအောက်၌ ရှင်သန်ခြင်း မဟုတ်ပါ။ ချစ်ခင်မြတ်နိုးစိတ်ဖြင့် လုပ်လိုခြင်း ဖြစ်သည်။ အစေခံက သခင်အား လွတ်လပ်စွာ လုပ်ကျွေးခြင်းမျိုး ဖြစ်သည်။

နောက်ဆုံးအချက်အနေဖြင့် မျှော်လင့်သောစိတ်နှင့် တည်ကြည်ခြင်းကို ချီးမွမ်းသည်။ ထိုစကားမှာ ယေရှုကို စိတ်ရှည်စွာ စောင့်မျှော်ခြင်းအကြောင်း ဖြစ်သည်။ ခရစ်တော်ဘက်၌ ရပ်တည်ခဲ့ကြသောကြောင့် ညှဉ်းဆဲခြင်း ခံခဲ့ကြသည်။ သို့သော်လည်း ယခုအချိန်တွင် အက်ကြောင်းပင်မထင်။ ဖိလစ်စကားမရဆိုလျှင် မဆုတ်မနစ်သော ဇွဲဖြင့် အောင့်အီးသီးခံကြသည်။

အထူးအမှတ်ရစေသည်မှာ အဘဘုရားသခင်ဘက်မှ လုံးဝရပ်တည်ခြင်း ဖြစ်သည်။ အဘ ဘုရားသခင်ထံသို့ ရှင်ပေါလုဆုတောင်းသည့်အခါ ဝိညာဉ်၌ မွေးဖွားခြင်း၊ သန့်ရှင်းသူအသက်တာ၌ ကြီးထွားခြင်း၊ ယုံကြည်မှု၊ ချစ်ခြင်းမေတ္တာနှင့် မျှော်လင့်ခြင်းများအတွက် မေတ္တာပို့၍ ကျေးဇူးတော်ချီးမွမ်းလေ့ရှိသည်။

: ဤသန့်ရှင်းသူများသည် ကမ္ဘာမတည်မီကပင် ရွေးကောက်တော်မူထားသူများ ဖြစ်သည်ဟု တမန်တော်ကြီးက ယုံကြည်သည်။ မည်သို့သိရှိပါသနည်း။ တမန်တော်တွင် သဘာဝလွန် အသိပညာ ရှိသလား။ မဟုတ်ပါ။ သတင်းကောင်းကို လက်ခံကြသောကြောင့် ရွေးကောက်သူများ ဟုခေါ်ဆိုခြင်း ဖြစ်သည်။
ရွေးကောက်ထားသည်ဟု ဆိုရာတွင် ကမ္ဘာမတိုင်မီကပင် ဘုရားသခင်က ခရစ်တော်၌ ရွေး
ကောက်ထားသူများ ရှိသည်(ဧ၁:၄)။ ထိုစကားက အချို့သူများကို အပြစ်စီရင်ဖို့ ရွေးချယ်သည်ဟု ဆိုလိုရာ
မရောက်ပါ။ အကယ်၍ လူသားများနောက်ဆုံးတွင် ပျောက်ဆုံးလျှင်လည်း ကိုယ်အပြစ်နှင့်ကိုယ်၊ ကိုယ့်ထိုက်
ကိုယ်ကံဖြစ်သည်။

ထိုကျမ်းပိုဒ်က လူသည်ရွေးချယ်ပိုင်ခွင့် ရှိကြောင်းထပ်မံသွန်သင်ပါသည်။ ဘုရားသခင်ကလူတိုင်းအား စေ့စပ်သေချာသော ကယ်တင်ခြင်းကို ရွေးဖို့ ကမ်းလှမ်းပါသည်။ ထိုကမ်းလှမ်းချက်ကို လက်ခံသူတိုင်းအား လှိုက်လှဲစွာ လက်ကမ်းကြိုဆိုနေပါသည်။

ဤရွေးချယ်ပိုင်ခွင့်နှင့် လွတ်လပ်ခြင်းကို သေချာစွာ မခွဲခြားတက်ကြ။ မည်သူတွေကို ကမ္ဘာအနှံ့ ဧဝံဂေလိတရားဟောရန် ရွေးကောက်ကြောင်း မသိရပါ။ အပြစ်သားများသည် ရွေးကောက်ခြင်းနှင့် မထိုက်တန်ပါ။ အကယ်၍ နောင်တရပြီး သခင်ယေရှုခရစ်ကို ယုံကြည်လျှင်မူ ဘုရားသခင်က ကယ်တင်မည်။

: ရှင်ပေါလုဟောပြောသော ဧဝံဂေလိတရားသည် အခြားတမန်တော်များ ဟောပြောချက်နှင့် ကွဲလွဲခြင်းမရှိပါ။ တရားဟောသည် အတူတူဖြစ်သည်။ ဒေသနာဆရာသာ ကွာသည်။ သက်သာလောနိတ်သား လက်ခံသည်။ နှုတ်ဖြင့်ကြားနာရုံမျှသာ မကပါ။

ဧဝံဂေလိတရားသည် တန်ခိုးနှင့်၎င်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်၎င်း၊ ဝိစိတိစ္ဆာမရှိဘဲ အမှန်သိခြင်းနှင့် ပြည့်စုံ၏။ (၁)တန်ခိုးရှင်ဆိုသည်မှာ ထိုသတင်းကောင်းသည် သဘာဝလွန်ဖြစ်ရပ်ထက်၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်း၊ ဝိစိတိစ္ဆာ မရှိဘဲ အမှန်သိခြင်းနှင့်ပြည့်စုံ၏။ (၁)တန်ခိုးနှင့် ဆိုသည်မှာ ထိုသတင်းကောင်းသည် သဘာဝလွန်ဖြစ်ရပ်ထက်၊ နောင်တရခြင်း၊ ပြောင်းလဲခြင်းကို ဆိုလိုသည်။ (၂)သန့်ရှင်းသောဝိညာဉ်တော်နှင့် ဆိုသည်မှာ သန့်ရှင်းသောဝိညာဉ်တော်က ထုတ်ဖော်ခြင်းကို ဆိုလိုသည်။ (၃)ဝိစိတိစ္ဆာ မရှိဘဲ အမှန်သိခြင်း ဆိုသည်မှာ စေ့စပ်သေချာခြင်း ဖြစ်သည်။ ရှင်ပေါလုသည် ဧဝံဂေလိတရားကို ယုံကြည်စိတ်ချစွာ ဟောပြောသူဖြစ်သည်။ သက်သာလောနိတ်သားများကလည်း ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်ကြောင်း ယုံကြည်လက်ခံကြသည်။ အသက်တာအတွက် ယုံကြည်စိတ်ချမှု ရှိကြသည်။

ရှင်ပေါလုရှိနေလျှင် ငြိမ်သက်ချမ်းမြေ့ကြသည်။ ပေါလုသည် သွန်သင်ခြင်းသာမက အသက်တာဖြင့်လည်း ဦးဆောင်လမ်းပြသည်။ အကောင်းဆုံးသော ဒေသနာသည် စင်ကြယ်သောအသက်တာ ဖြစ်သည်။

: သို့ကြောင့်ရှင်ပေါလုက “သင်တို့သည်လည်း ငါတို့ကဲ့သို့သော သခင်ဘုရားကဲ့သို့သောသူ ဖြစ်ကြ၏”ဟု ဆိုသည်။ တချို့က ငါတို့ထက် သခင်ဘုရားကို ရှေ့မှာရေးသင့်သည်ဟု ဆိုကြသည်။ ဤနေရာတွင်မူ အတွေ့အကြုံကို ဦးစားပေးသည်။ အသက်တာနမူနာတွင်မူ သခင်ယေရှုကိုသာ ဦးစားပေးရသည်။ အသက်တာတွင် ယေရှုခရစ်တော်ကို တွေ့မြင်နိုင်ဖို့ရန် ယဉ်ကျေးပျူငှာရသည်။ ပေါလုကဲ့သို့ “ငါသည် ခရစ်တော်နည်းတူကျင့်သကဲ့သို့ သင်တို့သည်လည်း ငါ့နည်းတူ ကျင့်ကြလော့”(၁ကော ၁၁:၁)ဟုပြောနိုင်ရသည်။

သက်သာလောနိတ်သားများသည် နှုတ်ကပတ်တော်ကို ဆင်းရဲဝမ်းသာဖြင့် လက်ခံကြသည်။ ထိုသို့လက်ခံခြင်းမှာ သခင်ယေရှုနှင့် တမန်တော်ကြီးကို လက်ခံခြင်းဖြင့် သက်သေထူကြသည်။ ဆင်းရဲခြင်း ဆိုသည်မှာ ပြင်ပလက္ခဏာတွင် ညှဉ်းဆဲခြင်းဖြစ်၍ ဝမ်းသာခြင်း ဆိုသည်မှာ စိတ်နှလုံးပျော်ရွှင်ခြင်း ဖြစ်သည်။ တပြိုင်တည်း မခံစားနိုင်ပါ။ လောကလူသားများအတွက် ပျော်ရွှင်မှုတလှည့်၊ ဆင်းရဲခြင်းတလှည့် ကြုံတွေ့ရသည်မှာ အဆန်းမဟုတ်။ ကြုံကြဆုံကြ ရင်ဆိုင်ကြစမြဲ ဖြစ်သည်။ ဆင်းရဲခြင်းသည် ပျော်ရွင်ခြင်း၏ ဆန့်ကျင်ဘက် ဖြစ်သည်။ ခရစ်ယာန်များသည် သန့်ရှင်းသောဝိညာဉ်တော်၌ ပျော်ရွှင်၍၊ လောကသားများသည် အပြစ်၌သာ ပျော်ရွှင်ကြသည်။

ဆင်းရဲခြင်း ဆိုသည်မှာ အသက်တာပြောင်းလဲဖို့ ပေးဆပ်ရသော ညှဉ်းပန်းနှိပ်စက်ခြင်း ဖြစ်သည်။

: သက်သာလောနိတ် ယုံကြည်သူများသည် စံနမူယူထိုက်သူများ ဖြစ်သည်။ ညှဉ်းပန်းနှိပ်စက်ခံနေရသည့် အကြားမှ ပျော်ရွှင်နိုင်ကြခြင်းသည် မာကေဒေါနိနှင့် အခါယပြည်သာမက ဂရိပြည်သားများတိုင်အောင် နမူနာပြခဲ့သည်။

: သက်သေခံချက်များနှင့် မပြီးသေး။ ခရစ်ယာန်များကိုလည်း မွေးထုတ်ကြသေးသည်။ ရေအိုင်အလယ်က လှိုင်းလုံးသဖွယ် နှုတ်ကပတ်တော်ဖြင့် ပတ်ဝန်းကျင်ကို လှုပ်နိုးစေပါသည်။ မာကေဒေါနိ၊ အခါယပြည်မှတဆင့် အရပ်ရပ်အနယ်နယ်သို့ ပြန့်ပွားစေသည်။ ကိုယ့်သမီးလှလျှင် မိဘများချီးမွမ်းစရာမလို၊ တကယ်လှလျှင် အရပ်ထဲကချီးမွမ်းလိမ့်မည် ဆိုစကားအတိုင်း ရှင်ပေါလုသည်ကိုယ့်ငါးချဉ်ကို မချဉ်ပါ။ အနီးအနား၊ အိမ်နီးချင်း တိုင်းနိုင်ငံများက သိကြသည်။

ထိုသို့ဆိုရာတွင် ကောင်းကြီးမင်္ဂလာခံစားရကြောင်း ကြွားဝါခြင်းမဟုတ်ပါ။ အခြားသူများသို့ နှုတ်ကပတ်တော် စီးဆင်းစေခြင်းသာ ဖြစ်သည်။ ဘုရားသခင်၏ အလင်းခံစားကြသောကြောင့် တပါးသူများသို့ ထပ်ဆင့်ရောင်ပြန်ဟပ်ခြင်း ဖြစ်သည် (၂ကော ၄:၆၊ JND)။ အကယ်၍ ကယ်တင်ခြင်း အသက်စမ်းရေကို သောက်ရလျှင်၊ အသက်စမ်းရေမြစ်သည် မိမိမှတဆင့် ပတ်ဝန်းကျင်သို့ ဆက်စီးလေ့ရှိသည် (ယော  ၇:၃၇-၃၈)။
: တမန်တော်ကြီးရှင်ပေါလုနှင့် အဖွဲ့အား သောင်းသောင်းဖျဖျ ကြိုဆိုကြသောကြောင့် သက်သာလောနိတ်သားများ အကြီးအကျယ်ပြောင်းလဲကြခြင်း ဖြစ်သည်။ သမ္မာတရားသိရှိလာကြသောကြောင့် ပျက်စီးတက်သော ရုပ်တုဆင်းတုကိုးကွယ်ရာမှ ဘုရားသခင်၏ အစေခံရန် ဆက်ကပ်အပ်နှံကြသည်။
စင်စစ်ရုပ်တု ကိုးကွယ်ရာမှ ဘုရားသခင်ထံသို့ သာပေါင်းညာစားခြင်း မဟုတ်ပါ။ ဘုရားစစ်တရားမှန်ဘုရားထံ ပြောင်းလဲခြင်း ရောက်ရှိလာခြင်း ဖြစ်သည်။ အခွင့်အရေးကြုံကြိုက်၍ ပြောင်းလဲခြင်းမဟုတ်။ ရုပ်တုဆင်းတုများကို ပစ်ချခဲ့ပြီး ဘုရားရှင်တော်ထံသို့ ရည်ရွယ်ချက်ရှိရှိ တိုးဝင်ချဉ်းကပ်ခြင်း ဖြစ်သည်။

ရှင်ပေတရုကဲ့သို့ အရည်ပျော်ခြင်း

သတေဖန်၏ မျက်နှာမြင်ခြင်း

မာရီ၏နှလုံးသားကြားမှ မျက်ရည်မျိုးသာ

ရုပ်တုကိုးကွယ်ခြင်းမှ ဝေးကွာနိုင်သည်။

Ora Rowan.

ပေါလုတို့တောရိုင်းမြေထဲသို့ ဝင်သွားကြသည်။ ဝိညာဉ်တော်တန်ခိုးဖြင့် သတင်းကောင်း ဟောပြောကြသည်။ အံ့ဩဖွယ်ရာ မျိုးဆက်သစ်များက မျိုးဆက်ခံကြသည်။ မြို့ခံလူပျိုလူအိုများ ကိုးကွယ်နေကျ ရုပ်တုကို စွန့်ပစ်ကာ သခင်ရှင်၏ ချီဆောင်ခြင်းခံရဖို့ ရောက်လာကြသည်။ ထို့နောက်ဒေသန္တရထဲသို့ အသင်းတော် ထူထောင်၍ ယုံကြည်သူများအဖြစ်ဖြင့် ဘုရားသခင်ကို ချီးမွမ်းကြသည်။ဖြောင့်မတ်ခြင်း၌ အသက်ရှင်ကြသည်။
ညှဉ်းဆဲခြင်းကို သတ္တိရှိရှိသီးခံကြသည်။ ထိုသို့ဖြင့် အခြားသူများကို ခရစ်တော်၌အောင်မြင်ကြသည်။ အမှန်စင်စစ် သခင်ဘုရား၏ အမှုတော်သည် အိမ်ရှေ့မင်းသား၏ တော်ဝင်ခေါ်သံဖြစ်သည်။ သတိလက်လွှတ်ခြင်းမရရှိ
ဘဲ အမြဲမှတ်မိကြပါစို့။

:၁၀ သက်သာလောနိတ်သားများသည် ဘုရားစစ်ဘုရားမှန်အား သိရှိ ကိုးကွယ်ကြရသည်သာမက သခင်ယေရှု ကြွလာခြင်းကိုလည်း မျှော်လင့်ကြသဖြင့် အသက်မရှိ ရုပ်တုကိုးကွယ်ခြင်းကို စွန့်ပစ်ကြသည်။ ထိုသူများ၏ မျှော်လင့်ခြင်းကို ကြည့်ကြပါစို့။

၁။ ထိုသူ                        – သားတော်
၂။ နေရာ                       – ကောင်းကင်မှ
၃။ အာမခံခြင်း               – သေခြင်းမှရှင်ပြန်ထမြောက်သူ
၄။ နာမတော်                 – ယေရှု
၅။ မျှော်လင့်ချက်                        – အမျက်တော်ရှခြင်းမှကယ်နှုတ်ခြင်း

အပိုဒ်ငယ် ၉နှင့်၁ဝတွင် သက်သာလောနိတ်သားများ၏ မျှော်လင့်ခြင်းသွင်ပြင်လက္ခဏာ(၃)မျိုးကိုတွေ့ရသည်။

ပြန်လှန်ခြင်း                  – ယုံကြည်ခြင်းတွင် (ငယ် ၃)
လုပ်ဆောင်ခြင်း              – ချစ်ခြင်းမေတ္တာအမှုတွင် (ငယ် ၃)
စောင့်မျှော်ခြင်း               – မျှော်လင့်ခြင်း၌စိတ်ရှည်ခြင်း (ငယ် ၃)

C.A.Harding Wood ကအောက်ပါအတိုင်းသုံးသပ်ထားသည်။

နောက်လိုက်ခြင်း                        – ဘုရားသခင်ဘက်သို့
လုပ်ဆောင်ခြင်း              – လယ်ယာလုပ်ငန်းခွင်တွင်
စောင့်မျှော်ခြင်း               – ယေရှုကို

သက်သာလောနိတ်သားများသည် ကောင်းကင်မှဘုရားသားတော်ကို စောင့်မျှော်ကြသည်။ ထိုသူများ အသက်ရှင်နေစဉ် သခင်ယေရှု ကြွရောက်လာမည်ဟု မျှော်လင့်ကြသည်။ ခရစ်တော်ဘုရားကြွလာမည့်အကြောင်းသည် ယုံကြည်သူများ၏ အန္တိမမျှော်လင့်ချက်ဖြစ်၍ ဓမ္မသစ်ကျမ်းတွင် ကျမ်းချက်အများအပြား တွေ့ရသည်။

လု ၁၂:၃၆                     “သခင်လာမည်ကို မျှော်လင့်၍ နေသော ကျွန်ကဲ့သို့နေလော့”

ရော ၈:၂၃                     “သားအရာ၌ ချီးမြှောက်ခြင်းတည်းဟူသော ကိုယ်ခန္ဓာ ရွေးနှုတ်ခြင်းချမ်းသာကို မြှော်လင့်၍”

၁ကော ၁၁:၂၆               “သခင်ဘုရားအသေခံခြင်းကို ကြွလာတော်မမူမီတိုင်အောင်ပြုကြ၏”

၂ကော ၅:၂                    “မြေအိမ်၌ရှိနေစဉ်တွင်၊ ကောင်းကင်အိမ်ထဲသို့ဝင်ခြင်းငှာ၊ အလွန်လိုချင်သောစိတ်ရှိ၍ ညည်းတွားမြည်တမ်းလျက်ရှိကြ၏”

ဂလာ ၅:၅                     “ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်ရာသို့ ရောက်မည်ဟုမျှော်လင့်သော ကျေးဇူးတော်ကို ဝိညာဉ်အားဖြင့် ငံ့လင့်၍နေကြ၏”

ဖိ ၃:၂၀                         “အရှင်သခင်ယေရှုခရစ်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ဟု ငါတို့သည် မျှော်လင့်နေကြ၏”

တိ ၂:၁၃                       “ကယ်တင်တော်မူသောအရှင်သခင် ယေရှုခရစ်၏ ဘုန်းအသရေတော်ထင်ရှားပေါ် ထွန်းခြင်းကို ငါတို့သည် မျှော်လင့်လျှက်”

ဟေဗြဲ ၉:၂                     “ထိုသခင်ကို မျှော်လင့်လျှက်နေသောသူတို့ကို ကယ်တင်ခြင်းအလို့ငှာ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတံ့”

ယာ ၅:၇-၉                    “ကြွလာတော်မူသည့်တိုင်အောင် စောင့်နေကြလော့။  သည်းခံလျှက် စောင့်နေကြလော့။ သခင်ဘုရား ကြွလာတော်မူသောအချိန် ရောက်လုနီးပြီ။ တရားစီရင်ပိုင်သောသူသည် တံခါးနားမှာ ရှိတော်မူ၏”

၁ပေ ၄:၇                       “ခပ်သိမ်းသောအမှုတို့သည် အဆုံးသို့ ရောက်လုသည် ဖြစ်သောကြောင့်”

၁ယော ၃:၃                   “ထိုသို့ မျှော်လင့်သောသူမည်သည်ကား ကိုယ်တော်သန့်ရှင်းတော်မူသည့်နည်းတူ ကိုယ့်ကိုကိုယ် သန့်ရှင်းစေတတ်၏”

ယု ၂၁                           “သခင်ယေရှုခရစ်၏ ကရုဏာတော်ကို မျှော်လင့်၍ နေကြလော့”

ဗျာ ၃:၁၁                       “ငါသည် အလျင်အမြန်လာမည်”

ဗျာ ၂၂:၇                       “ငါသည် အလျင်အမြန်လာမည်”

ဗျာ ၂၂:၁၂                     “ငါသည် အလျင်အမြန်လာမည်”

ဗျာ ၂၂:၂၀                     “ငါသည် အလျင်အမြန်လာမည်မှန်ပေ၏၊အာမင်။သခင်ယေရှု ကြွလာတော်မူပါ”

ခရစ်ယာန်များက ရှင်ပေါလုသည်သေခြင်းမှလွန်မြောက်ရန် ဆုတောင်းလိမ့်မည်ဟု ယုံကြည်သည်။ သို့သော်လည်း ရှင်ပေါလုကမူ ဘုရားသခင်က ကောင်းကင်နိုင်ငံသို့ လာရောက်ခေါ်ဆောင်မည်ဟု ယုံကြည်သည်။

သို့သော်ခရစ်တော်ဘုရား မကြွလာခင်တွင်သူ့လူများအတွက် ပြည့်စုံခြင်းရှိရမည်ဟု ပရောဖက်ပြုချက် ကျမ်းစာတွင် မပါရှိပါ။ နောက်တဆင့် စီမံချက်တွင်သာပါရှိသည်။ သခင်ဘုရား ပြန်လည်ကြွမည့်အကြောင်းကို ရှာကြံစရာမလိုသကဲ့သို့ အနက်ကောက်လွဲစရာလည်း မဟုတ်ပါ။ ဘေးဒဏ်ကြီးအကြို ချီဆောင်ခြင်းကာလတွင်သာ ခရစ်တော်ကြွလာမည့်နေ့ရက်သည် “ယနေ့လား”ဟု ရှာကြံစရာ အကြောင်းရှိသည်။

ယေရှုကိုရှာဖွေခြင်းသည် ကျွန်ုပ်တို့အပေါ်သို့ ကျရောက်လာမည့် အမျက်တော်မှ ကာကွယ်ရန် ဖြစ်သည်။ ခရစ်တော်ဘုရား ကြွလာမည့်အကြောင်းကို (၂)မျိုး နာလည်နိုင်သည်။

၁။ အပြစ်ကြောင့် ထာဝရခံစားရမည့် အပြစ်ဒဏ်မှ ကာကွယ်သည်။ ကားတိုင်ပေါ်တွင် ကျွန်ုပ်တို့ အပြစ်များအတွက် အမျက်တော်ကို သည်းခံခဲ့သည်။ ကိုယ်တော်ကို ယုံကြည်ခြင်း၊ ကိုယ်တော်ပြုသော အမှုတော်ကို သိမှတ်ခြင်းသည် ကျွန်ုပ်တို့ ကောင်းစားရာ ဖြစ်သည်။ ယေရှုခရစ်တော်၌ တည်လျှင် ပြစ်တင်ရှုတ်ချခြင်းမရှိ (ရော ၈:၁)

၂။ သားတော်ကို ငြင်းပယ်သူများအပေါ် ဘုရားသခင်၏အမျက်တော်သွန်းလောင်း၍အပြစ်စီရင်ခြင်းမှ ကွယ်ကာသည်။ ထိုကာလကို ဘေးဒဏ်ကြီးကာလ သို့မဟုတ် ယာကုပ်၏ဒုက္ခဟု ဆိုကြသည် (ဒံ ၉:၂၇၇၊ မ ၂၄:၄-၂၈၊ ၁သက် ၅:၁-၁၁၊ ၂သက်၂:၁-၁၂၊ ဗျာ ၆:၁-၁၉:၁၀)။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။