ရာဇဝင်ချုပ်ပဌမစောင် - ၉
ရာဇဝင်ချုပ်ပဌမစောင် - ၉ (အနက်ဖွင့်)
(ဃ) ဖမ်းဆီးခံရာမှ ပြန်လာကြသူများ (၉:၁–၃၄)
၉:၁–၃၄ အပိုဒ်ငယ် ၂-၉ တွင် ယုဒနှင့် ဗင်္ယာမိန်တို့၏ သားအချို့ ဖခင်အိမ်ယာ ယေရုရှလင် သို့ ပြန်လည်ရောက်ရှိလာသည့်အကြောင်း ရေးမှတ်ထားသည် (ငယ်၉)။ အငယ် ၁၀-၁၃ တွင် ယဇ်ပုရောဟိတ်များ၊ အငယ် ၁၄-၃၄ တွင် အခြားလေဝိအမျိုးသားများနှင့် ဝတ္တရားထမ်းဆောင်ကြပုံ မှတ်တမ်းတင်ထားသည်။ အခြားလူများသည် နေဟမိ လက်ထက်တွင် ပြန်လာကြသည် (နေ ၁၁)။
(င) ရှောလု၏ မျိုးရိုးစဉ်ဆက် (၉:၃၅–၄၄)
၉:၃၅–၄၄ အခန်း(၉)၏ နောက်ဆုံး ကျမ်းပိုဒ် ဆယ်ခုသည် ၈:၂၉-၄၀ နှင့် အတူတူ ဖြစ်သည်။ ရှောလု၏ မျိုးရိုးဗီဇဆင်းသက်လာပုံ မှတ်တမ်းတင်ထားသည်။ ရှောလု၏ အတ္ထုပ္ပတ္တိ ဘဝဖြစ်စဉ်ကို ၁ရာ ၉-၃၁ တွင် သမိုင်းမှတ်တမ်းတင်ထားသည်။ ၅ရာ ၁၀-၂၉ တွင် သမိုင်း၏ တစိတ်တပိုင်း အဖြစ် ကမ္ဗည်းထိုးထားသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။