ရာဇဝင်ချုပ်ပဌမစောင် - ၈
ရာဇဝင်ချုပ်ပဌမစောင် - ၈ (အနက်ဖွင့်)
၁၁။ဗင်္ယာမိန် (အခန်း၈)
၈:၁–၂၈ ဗင်္ယာမိန် ၊ ယုဒ၊ရှိမောင် ၊လူအချို့၊ တောင်ပိုင်းနိုင်ငံရှိ လေဝိအမျိုးသားများသည် ဗာဗုလုန်ပြည်သို့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံကြရသည်။ နေဟမိလက်ထက်တွင် ပြည်တော်ပြန်ဝင်လာသူများအနက် အများစုသည် ဗင်္ယာမိန်အမျိုးဖြစ်သည်။ ထိုသို့ပြန်လာပြီးနောက်ပိုင်းတွင် ဘုရားတရားသိရှိလာကြသဖြင့် ကြီးပွားတိုးတက်လာကြသည်။
ဗင်္ယာမိန်တို့အကြောင်းကို ၇:၆-၁၂ ထက်ပိုမို ကျယ်ပြန့် ပြည့်စုံစွာ ဖော်ပြသည်။ ဤကျမ်းပိုဒ် (၂)ခုအပြင် က ၄၆:၂၁၊ တော ၂၆:၃၈-၄၁ တို့နှင့်ပေါင်းစပ်လေ့လာလျှင် အောက်ပါအတိုင်းနားလည်ရသည်။
၁။အချို့လူများသည် နာမည်တခုမကရှိကြသည်။
၂။ အချို့လူနာမည်များသည် နှစ်ကာလကြာသည်နှင့် အမျှ စာလုံးပေါင်းပြောင်းလဲသည်။
၃။ အချို့လူများသည် ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသောကြောင့် ဆွေမျိုးစုစာရင်းတွင် ချန်လှပ်ထားရသည်။
၄။သား (ben) ဟူသော စကားလုံးသည် မြေး၊ မြစ်၊ တီ၊ တွတ် ဖြစ်နိုင်သည်။
၅။ အချို့လူများမှာ အရေးမပါအရာမရောက်သောကြောင့် သမိုင်းစဉ်တွင် မှတ်တမ်းမတင်။
၈: ၂၉–၄၀ ဣသရေလတို့၏ ပထမဦးဆုံး ဘုရင်ရှောလုမင်းသည် ဗင်္ယာအမျိုးဖြစ်သည်။ မျိုးရိုးဆက်နွယ်ကို ၉:၃၅-၄၄ တွင် ကမ္ဗည်းတင်ထားသည်။ ဒါဝိဒ်၏မိတ်ဆွေကောင်းယောနသန် ရှောလုမင်း၏သားဖြစ်သည်။ အပိုဒ်ငယ် ၃၄ တွင် ပါရှိသည်။ မေရိဗ္ဗာလ သည် မေဖောဗေရှက် ၁၁ ၏ အခြားနာမည်ဖြစ်သည်။
ဒန်လူမျိုးနှင့် ဇေဗုလုန်ကျိုးကြောင်းကို မတွေ့ရ။ (အခြားကျမ်းများတွင်လည်း ဒန်လူမျိုးအကြောင်း အထွေအထူး မတွေ့။ ဗျာ ၇တွင် တချက်တွေ့ရသည်)။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။