ရာဇဝင်ချုပ်ပဌမစောင် - ၆

ယဇ်ပုရောဟိတ်မင်းများ၏ဆွေစဉ်မျိုးဆက်
1လေဝိသားကား ဂေရရှုံ၊ ကောဟတ်၊ မေရာရိတည်း။ 2ကောဟတ်သားကား အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။ 3အာမရံသားကား အာရုန်၊ မောရှေ၊ မိရိအံတည်း။ အာရုန်သားကား နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတည်း။ 4-7ဧလာဇာသားကား ဖိနဟတ်၊ ဖိနဟတ်သား အဘိရွှ၊ အဘိရွှသား ဗုက္ကိ၊ ဗုက္ကိသားဩဇိ၊ ဩဇိသား ဇေရဟိ၊ ဇေရဟိသား မေရာယုတ်၊ မေရာယုတ်သား အာမရိ၊ အာမရိသား အဟိတုပ်၊ 8အဟိတုပ်သား ဇာဒုတ်၊ ဇာဒုတ်သား အဟိမတ်၊ 9အဟိမတ်သား အာဇရိ၊ အာဇရိသား ယောဟန်တည်း။ 10ယောဟန်သားကား၊ ယေရုရှလင်မြို့မှာ ရှောလမုန်တည်သော ဗိမာန်တော်၌ ယဇ်ပုရောဟိတ်ပြုသော အာဇရိတည်း။ 11အာဇရိသားကား အာမရိ၊ အာမရိသားအဟိတုပ်၊ 12အဟိတုပ်သား ဇာဒုတ်၊ ဇာဒုတ်သားရှလ္လုံ၊ 13ရှလ္လုံသား ဟိလခိ၊ ဟိလခိသားအာဇရိ၊ 14အာဇရိသား စရာယ၊ စရာယသားယောဇဒက်တည်း။ 15ယောဇဒက်သည် နေဗုခဒ်နေဇာလက်ဖြင့် ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို ထာဝရဘုရားသိမ်းသွားစေတော်မူသောအခါ ပါသွားသတည်း။
လေဝိ၏အခြားသားမြေးများ
16လေဝိသား ဂေရရှုံ၊ ကောဟတ်၊ မေရာရိတို့တွင်၊ 17ဂေရရှုံသားကား လိဗနိနှင့် ရှိမိတည်း။ 18ကောဟတ်သားကား အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။ 19မေရာရိသားကား မဟာလိနှင့် မုရှိတည်းဟူသော လေဝိအဆွေအမျိုးအသီးအသီး ဖြစ်သတည်း။
20ဂေရရှုံသားကား လိဗနိ၊ လိဗနိသား ယာဟတ်၊ ယာဟတ်သား ဇိမ္မ၊ 21ဇိမ္မသား ယောအာ၊ ယောအာသား ဣဒ္ဒေါ၊ ဣဒေါသား ဇေရ၊ ဇေရသား ယာတရဲတည်း။
22ကောဟတ်သားကား ဣဇဟာတည်းဟူသော အမိနဒပ်၊ အမိနဒပ်သား ကောရ၊ ကောရသား အဿိရ၊ 23အဿိရသား ဧလကာန၊ ဧလကာနသား ဧဗျာသပ်၊ ဧဗျာသပ်သား အဿိရ၊ 24အဿိရသား တာဟတ်၊ တာဟတ်သား ဥရေလ၊ ဥရေလသား ဩဇိ၊ ဩဇိသား ရှောလ၊ 25ရှောလသား ဧလကာန၊ ဧလကာနသား အာမသဲနှင့် အဟိမုတ်၊ 26အာမသဲသား ဇောဖဲ၊ ဇောဖဲသား နာဟတ်၊ 27နာဟတ်သား ဧလျာဘ၊ ဧလျာဘသား ယေရောဟံ၊ ယေရောဟံသား ဧလကာန၊ ဧလကာနသား ရှမွေလတည်း။ 28ရှမွေလသားဦးကား ယောလ၊ ဒုတိယသား အဘိယတည်း။
29မေရာရိသားကား မဟာလိ၊ မဟာလိသား လိဗနိ၊ လိဗနိသား ရှိမိ၊ ရှိမိသား ဩဇ၊ 30ဩဇသား ရှိမာ၊ ရှိမာသား ဟဂ္ဂျာ၊ ဟဂ္ဂျာသား အသာယတည်း။
ဗိမာန်တော်ဂီတပညာသည်များ
31ထာဝရဘုရား၏ သေတ္တာတော်သည် ငြိမ်ဝပ်သောအခါ၊ အိမ်တော်၌ သီချင်းဆိုရာအမှုတော်ကို စောင့်စေခြင်းငှာ၊ ဒါဝိဒ်မင်းခန့်ထားသောသူတို့သည်၊ 32ယေရုရှလင်မြို့၌ ဗိမာန်တော်ကို ရှောလမုန်မတည်မီ ကာလပတ်လုံး၊ ပရိသတ်စည်းဝေးရာ တဲတော်တည်ရာအရပ်၌ သီချင်းဆိုလျက် အမှုတော်ကို စောင့်ကြ၏။ ဗိမာန်တော်ကိုတည်ပြီးသောနောက်၊ မိမိတို့အလှည့်အတိုင်း စောင့်ရသောအမှုကို စောင့်လျက်နေကြ၏။ 33-38ထိုအမှုတော်ကို စောင့်သောသူတို့နှင့် သားစဉ်မြေးဆက် ဟူမူကား၊ ဣသရေလ၊ လေဝိ၊ ကောဟတ်၊ ဣဇဟာ၊ ကောရ၊ ဧဗျာသပ်၊ အဿိရ၊ တာဟတ်၊ ဇေဖနိ၊ အာဇရိ၊ ယောလ၊ ဧလကာန၊ အမာသဲ၊ မာဟတ်၊ ဧလကာန၊ ဇောဖဲ၊ တောအာ၊ ဧလျာဘ၊ ယေရောဟံ၊ ဧလကာန၊ ရှမွေလ၊ ယောလတို့မှ ဆင်းသက်သော ကောဟတ်အမျိုး၊ သီချင်းသည် ဟေမန်တစ်ပါး၊ 39-43လေဝိ၊ ဂေရရှုံ၊ ယာဟတ်၊ ရှိမိ၊ ဇိမ္မ၊ ဧသန်၊ အဒါယ၊ ဇေရ၊ ဧသနိ၊ မာလခိ၊ ဗာသေယ၊ မိက္ခေလ၊ ရှိမာ၊ ဗေရခိတို့မှ ဆင်းသက်သော အာသပ်၊ ဟေမန် လက်ယာဘက်မှာ နေရာရှိသော အပေါင်းအဖော် အာသပ်တစ်ပါး၊ 44-47လေဝိ၊ မေရာရိ၊ မုရှိ၊ မဟာလိ၊ ရှမေရ၊ ဗာနိ၊ အံဇိ၊ ဟိလခိ၊ အာမဇိ၊ ဟာရှဗိ၊ မလ္လုတ်၊ အာဖဒိ၊ ကိရှိတို့မှဆင်းသက်သော ဧသန်တစ်ပါးမှစ၍ လက်ဝဲဘက်မှာနေရာရှိသော အပေါင်းအဖော်၊ မေရာရိအမျိုးသားများတည်း။ 48သူတို့၏ညီအစ်ကိုဖြစ်သော လေဝိသားတို့သည် ဘုရားသခင် ကျိန်းဝပ်တော်မူရာ တဲတော်အမှုအမျိုးမျိုး စောင့်သောအရာ၌ ခန့်ထားခြင်းကို ခံကြ၏။
အာရုန်၏သားမြေးများ
49အာရုန်နှင့် သူ၏သားစဉ်မြေးဆက် မူကား၊ ယဇ်ကောင်ကို မီးရှို့ရာပလ္လင်နှင့်၊ နံ့သာပေါင်းကို မီးရှို့ရာပလ္လင်ပေါ်မှာ ပူဇော်လျက်၊ အလွန်သန့်ရှင်းရာဌာနတော် အမှုအလုံးစုံကို စောင့်လျက်၊ ဘုရားသခင်၏ကျွန်မောရှေ မှာထားသမျှအတိုင်း၊ ဣသရေလအမျိုး၏အပြစ်ကို ဖြေရသောသူ ဖြစ်ကြ၏။ 50အာရုန်၏သားမြေးမှာ၊ အာရုန်သားကား ဧလာဇာ၊ ဧလာဇာသား ဖိနဟတ်၊ ဖိနဟတ်သား အဘိရွှ၊ 51အဘိရွှသား ဗုက္ကိ၊ ဗုက္ကိသား ဩဇိ၊ ဩဇိသား ဇေရဟိ၊ 52ဇေရဟိသား မရာယုတ်၊ မရာယုတ်သား အာမရိ၊ အာမရိသား အဟိတုပ်၊ 53အဟိတုပ်သား ဇာဒုတ်၊ ဇာဒုတ်သား အဟိမတ်တည်း။
လေဝိအနွယ်ဝင်တို့နေထိုင်ရာဒေသ
54အာရုန်၏သားမြေးဖြစ်သော ကောဟတ်အဆွေအမျိုးတို့သည်၊ စာရေးတံပြုသောအားဖြင့် ရ၍ နေရသောမြို့နှင့် မြို့နယ်များဟူမူကား၊ 55ယုဒခရိုင်၌ ဟေဗြုန်မြို့နှင့် မြို့နယ်ကိုရကြ၏။ 56သို့ရာတွင် မြို့နှင့်ဆိုင်သောလယ်များ၊ ရွာများတို့ကို ယေဖုန္နသား ကာလက်သည် ရ၏။ 57ပြေး၍မှီခိုရာ ဟေဗြုန်မြို့မှတစ်ပါး၊ ယုဒခရိုင်ထဲက လိဗနမြို့နှင့် မြို့နယ်၊ ယတ္တိရမြို့နှင့် မြို့နယ်၊ ဧရှတမောမြို့နှင့် မြို့နယ်၊ 58ဟောလုန်မြို့နှင့် မြို့နယ်၊ ဒေဗိရမြို့နှင့် မြို့နယ်၊ 59အဣနမြို့နှင့် မြို့နယ်၊ ယုတ္တမြို့နှင့် မြို့နယ်၊ ဗက်ရှေမက်မြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း၊ 60ဗင်္ယာမိန်ခရိုင်ထဲက ဂိဗောင်မြို့နှင့် မြို့နယ်၊ ဂေဗမြို့နှင့် မြို့နယ်၊ အာလမက်မြို့နှင့် မြို့နယ်၊ အာနသုတ်မြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း၊ အာရုန်၏သားမြေးတို့သည် အဆွေအမျိုးအလိုက်ရ၍၊ မြို့ပေါင်းကား တစ်ဆယ်သုံးမြို့တည်း။ 61ကြွင်းသောကောဟတ်သား အဆွေအမျိုးတို့သည် စာရေးတံအားဖြင့်၊ မနာရှေခရိုင်ဝက်ထဲက မြို့ဆယ်မြို့တို့ကို ရကြ၏။ 62ဂေရရှုံသား အဆွေအမျိုးတို့သည် ဣသခါခရိုင်၊ အာရှာခရိုင်၊ နဿလိခရိုင်၊ ဗာရှန်ပြည်မနာရှေခရိုင်ထဲက မြို့တစ်ဆယ်သုံးမြို့တို့ကို ရကြ၏။ 63မေရာရိသား အဆွေအမျိုးတို့သည် ရုဗင်ခရိုင်၊ ဂဒ်ခရိုင်၊ ဇာဗုလုန်ခရိုင်ထဲက မြို့တစ်ဆယ်နှစ်မြို့တို့ကို ရကြ၏။ 64ဤမည်သောမြို့တို့ကို မြို့နယ်နှင့်တကွ၊ ဣသရေလအမျိုးသားတို့သည် လေဝိသားတို့အား ပေးကြ၏။ 65အထက်ဆိုခဲ့ပြီးသော မြို့တို့ကို စာရေးတံပြု၍၊ ယုဒအမျိုးသားခရိုင်၊ ရှိမောင်အမျိုးသားခရိုင်၊ ဗင်္ယာမိန် အမျိုးသားခရိုင်ထဲက ပေးကြ၏။ 66ကြွင်းသော ကောဟတ်သား အဆွေအမျိုးတို့သည် ဧဖရိမ်ခရိုင်ထဲက ရသည်အတိုင်း၊ 67ပြေး၍ခိုနေရာ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့ကို မြို့နယ်နှင့်တကွ ပေးကြ၏။ 68ထိုမှတစ်ပါး၊ ဂေဇာမြို့နှင့် မြို့နယ်၊ ယောကမံမြို့နှင့် မြို့နယ်၊ ဗက်ဟောရုန်မြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း၊ 69ဒန်ခရိုင်ထဲက ဧလတေကမြို့နှင့် မြို့နယ်၊ ဂိဗ္ဗသုန်မြို့နှင့် မြို့နယ်၊ အာဇလုန်မြို့နှင့် မြို့နယ်၊ ဂါသရိမ္မုန်မြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း၊ 70မနာရှေခရိုင်ဝက်ထဲက အနေရမြို့နှင့် မြို့နယ်၊ ဗိလံမြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း၊ ကြွင်းသောကောဟတ်သား အဆွေအမျိုးတို့အား ပေးကြ၏။ 71ဂေရရှုံသားတို့အားလည်း၊ မနာရှေခရိုင်ဝက်ထဲက ဗာရှန်ပြည် ဂေါလန်မြို့နှင့် မြို့နယ်၊ အာရှတရုတ်မြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း၊ 72ဣသခါခရိုင်ထဲက ကေဒေရှမြို့နှင့် မြို့နယ်၊ ဒါဗရတ်မြို့နှင့် မြို့နယ်၊ 73ရာမုတ်မြို့နှင့် မြို့နယ်၊ အာနင်မြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း၊ 74အာရှာခရိုင်ထဲက မိရှလမြို့နှင့် မြို့နယ်၊ အာဗဒုန်မြို့နှင့် မြို့နယ်၊ 75ဟုကုတ်မြို့နှင့် မြို့နယ်၊ ရဟောဘမြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း၊ 76နဿလိခရိုင်ထဲက ဂါလိလဲပြည် ကေဒေရှမြို့နှင့် မြို့နယ်၊ ဟမ္မုန်မြို့နှင့် မြို့နယ်၊ ကိရယသိမ်မြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း ပေးကြ၏။ 77ကြွင်းသော မေရာရိသားတို့အားလည်း၊ ဇာဗုလုန်ခရိုင်ထဲက ရိမ္မုန်မြို့နှင့် မြို့နယ်၊ တာဗော်မြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း၊ 78ယေရိခေါမြို့အရှေ့၊ ယော်ဒန်မြစ်တစ်ဖက်၊ ရုဗင်ခရိုင်ထဲက တော၌ ဗေဇာမြို့နှင့် မြို့နယ်၊ ယာဇမြို့နှင့် မြို့နယ်၊ 79ကေဒမုတ်မြို့နှင့် မြို့နယ်၊ မေဖတ်မြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း၊ 80ဂဒ်ခရိုင်ထဲက ဂိလဒ်ပြည်၌ ရာမုတ်မြို့နှင့် မြို့နယ်၊ မဟာနိမ်မြို့နှင့် မြို့နယ်၊ 81ဟေရှဘုန်မြို့နှင့် မြို့နယ်၊ ယာဇာမြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း ပေးကြ၏။

ရာဇဝင်ချုပ်ပဌမစောင် - ၆(အနက်ဖွင့်)

၄။လေဝိ (အခန်း၆)

          :၅၃ ယာကုပ်၏ တတိယသားစဉ်မြေးဆက်များ အကြောင်းဖြစ်သည်။ အပိုဒ်ငယ် ၁-၁၅ နှင့် ၄၉-၅၃ တွင် ယာကုပ်အမျိုး၌ အထင်ရှားဆုံးသော မျိုးနွယ်စု အာရုန် အမျိုး ဟုဆိုသည်။ ယဇ်ပုရောဟိတ်ကြီးအရိုက်အရာကို အာရုန်နှင့်သားများသို့ အပ်နှင်းထားပြီးဖြစ်သည်။ ထို့ကြောင့် အာရုန်ဘဝမှ ဖမ်းဆီးခံကြရသည့် ကာလထိ ယဇ်ပုရောဟိတ်များ၏ အခန်းကဏ္ဍသည် အရေးကြီးသည်။

ဧလကာန၏သားရှမွေလ (အငယ် ၂၇၊၂၈) သည် ရှောလုဘုရင်မဖြစ်ခင်ကာလတွင် နောက်ဆုံးတရားသူကြီးနှင့် ပရောဖက်ဖြစ်သည်။ သူ၏ အမှုတော်ထမ်းဆောင်ပုံကို ဓမ္မရာဇဝင် ပထမစောင်တွင် မှတ်တမ်းတင်ထားသည်။

လေဝိ တွင် ဂေရရှုံ၊ ကောဟတ်နှင့် မေရာရိ ဟူသော သားသုံးပါးရှိသညျ။ သားစဉျဘောငျဆကျကို အငယျ ၁၆-၃၀ တှငျရေးမှတျထားသညျ။ အငယျ ၃၁-၄၈ တှငျ မြိုးရိုးစဉျဆကျ (၃) ဆကျတှေ့ရမညျ။ ကောဟပျအမြိုးမှ ဟေမန် (ငယ် ၃၃-၃၈)၊ ဂေရရှုံ အမျိုးမှ အာသပ် (ငယ် ၃၉-၄၃)၊ မေရာရေအမျိုးမှ ဧသန် (ငယ် ၄၄-၄၇)တို့ တွေ့ရမည်။ ထိုသူများသည် ဘုရားသခင်ရှေ့တွင် တေးဂီတဖြင့်ချီးမွမ်းပူဇော် ဖို့ရန် ဒါဝိဒ်မင်းရွေးချယ်ခန့်အပ်သော ဂီတ ဆရာဝိဓိုရ်များဖြစ်သည်။

:၅၄၈၁ ဤအခန်း၏ အဓိကသင်ခန်းစာမှာ အခြားလူမျိုးနွယ်ထဲတွင်ရှိသော လေဝိအမျိုး၏ မြို့ကြီးများ ဖြစ်သည်။ ထိုသို့အခြားလူများအကြားတွင် ရှိနေခြင်းသည် ဘုရားသခင်၏ အမိန့်တော်ဖြစ်သည် (တော ၃၅:၁-၈)။ ဘုရားသခင်က မောရှေသို့ မိန့်ဆိုထားခဲ့ချက်ကို ယောရှုက အကောင်အထည်ဖော်ကျင့် သုံးခြင်းဖြစ်သည် (ယောရှု ၂၁)။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။