ရာဇဝင်ချုပ်ပဌမစောင် - ၂၃
ရာဇဝင်ချုပ်ပဌမစောင် - ၂၃ (အနက်ဖွင့်)
၂။ လေဝိအမျိုးသားများနှင့် တာဝန်များ (အခန်း၂၃–၂၆)
၂၃:၁–၃ ဒါဝိဒ်မင်း နေဝင်ရီတရော ရောက်သောကာလတွင် အသက် (၃၀) ကျော်လွန်သော လေဝိအမျိုးသားပေါင်း သုံးသောင်းရှစ်ထောင် ရှိသည်။ ထိုအရွယ်သည် ယဇ်ပလ္လင် အမှုတော် ထမ်းဆောင်နိုင်သော အရွယ်သတ်မှတ်ချက်ဖြစ်သည်။
၂၃:၄–၅ ထို လူအပေါင်းသုံးသောင်းရှစ်ထောင် ကို ယေဘူယျအားဖြင့် (၄) အုပ်စုခွဲခြား နိုင်သည်။ နှစ်သောင်းလေးထောင်သည် ဗိမာန်တော်စောင့်ရှောက်ကြည့်ရှုသူ၊ ခြောက်ထောင်သည် အရာရှိနှင့် တရားသူကြီးမင်း၊ လေးထောင်သည် တံခါးစောင့်၊ တံခါးမှူး၊ လေးထောင်သည် ဂုဏ်တော်ချီးမွမ်းရသော တူရိယာဂီတပညာရှင် များဖြစ်သည်။ ထိုသို့ စီမံခန့်ခွဲခြင်းသည် ဝိညာဉ်တော်သွန်သင်ချက် ဒါဝိဒ်၏ ပရောဖက်ပြုချက်ဖြစ်သည် (၆ရာ ၂၉:၂၅)။
၂၃:၆–၂၄ အပိုဒ်ငယ် ၆-၂၃ တွင် လေဝိအမျိုး၏ သားစဉ်မြေးဆက်စာရင်း တဖန်ရေးမှတ်ထားသည်။ ဂေရရှုံအနွယ် (ငယ်၇-၁၁)၊ ကောဟတ်အနွယ် (ငယ် ၁၂-၂၀)၊ (လေဝိအမျိုးတွင် အထင်ရှားဆုံးဖြစ်သော မောရှေနှင့် အာရုန်လည်းပါဝင်သည်) နှင့် မေရာရိအနွယ် (ငယ် ၂၁-၂၃) တို့ကို မှတ်တမ်းတင်ထားသည်။
ယဇ်ပရောဟိတ်အမူအရာသည် အာရုန်နှင့်သားများ၏ သားမြေးစဉ်ဆက် အမွေခံဖြစ်သည် (ငယ်၃၃)။ အသန့်ရှင်းဆုံးဌာနတော် ကျက်သရေဆောင်ရှိ ဘုရားသခင်ရှေ့တွင် အမွှေးနံ့သာမီးရှို့ပူဇော်ခြင်း (ယဇ်ပုရောဟိတ်ကြီး တပါးတည်းသာလျှင်) နှင့် ယေဟောဝါဘုရားသခင်၏ နာမတော်ဖြင့်ကောင်းကြီးပေးခြင်း (တော ၆:၂၃-၂၇) များကို ယဇ်ပုရောဟိတ်များပြုလုပ်ခွင့်ရှိသည်။
၂၃:၂၅–၂၇ လေဝိအမျိုးသားများ၏ တာဝန်ဝတ္တရားများကို ဆက်လက်ပြဌာန်းထားသည်။ ယေရုရှလင်မြို့တော်၌ ဘုရားသခင်၏ တိမ်တောင်က ဆောက်လုပ်ခွင့်ပေးသနားတော်မူသောကြောင့် ပဋိညာဉ်သေတ္တာတော်သည် အတည်တကျစိုးစံရသည်။ ထို့ကြောင့် လေဝိအမျိုးသားများသည် မောရှေ ပညတ်တော်အတိုင်း သွားလေရာသို့ ပုခုံးထမ်း သယ်စရာမလိုတော့ပါ။ ဒါဝိဒ်က နောက်ဆုံးအမိန့် ထုတ်ပြန်သည်မှာ အသက် (၂၀) ပြည့် လျှင် အမှုတော် ထမ်းဆောင်ခွင့်ပြုသည်။ အဘယ်ကြောင့်ဆိုသော် ဗိမာန်တော် အမှုထမ်းဆောင်ရန် လူအင်အားလိုအပ်လာသည်။
၂၃:၂၈–၃၂ အခြားလေဝိသားများ ဗိမာန်တော်အမှုထမ်းဆောင်နေချိန်တွင် တရားသူကြီးခြောက်ထောင်တို့သည် ပညတ်တော်နှင့်အညီ လိုက်နာစောင့်ထိန်းကြခြင်းရှိစေကြရန် ဣသရေလလူမျိုးများအား ကြပ်မတ်ရသည်။ ကြည့်ရှု့စောင့်ရှောက်ဖို့ ခန့်အပ်ထားသော လူပေါင်းနှစ်သောင်း လေးထောင်သည် ယဇ်ပုရောဟိတ်များ၏ လိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေး ရသည်။ ဝတ္တရား အသေးစိတ်ကို အငယ် ၂၈-၃၂ တွင် ပြဌာန်းထားသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။