ဗျာဒိတ်ကျမ်း - ၆

1ဘုရားသခင်၏အလိုတော်အားဖြင့် ယေရှုခရစ်၏ တမန်တော်အရာ၌ ခန့်ထားသော ငါပေါလုနှင့် ငါ့ညီသုဿင်သည်၊- 2ယေရှုခရစ်အားဖြင့် အပြစ်နှင့်ကင်းစင်၍ သန့်ရှင်းသူအရာ၌ ခန့်ထားသောသူတည်းဟူသော၊ ကောရိန္သုမြို့၌ရှိသော ဘုရားသခင်၏ အသင်းတော်မှစ၍ ခပ်သိမ်းသောအရပ်၌ ငါတို့သခင်ယေရှုခရစ်ကို ပတ္ထနာပြုသောသူအပေါင်းတို့ကို ကြားလိုက်ပါ၏။-တ၊ ၁၈:၁။ 3ထိုသခင်သည် ငါတို့၏သခင်သာမဟုတ်၊ သင်တို့၏သခင်လည်း ဖြစ်တော်မူ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
ဆုကျေးဇူးတော်များ
4-6အထက်က ခရစ်တော်၏သက်သေကို သင်တို့တွင် တည်စေသည်ရှိသော်၊ သင်တို့သည် ထိုခရစ်တော်အားဖြင့်၊ အရာရာ၌ နှုတ်သတ္တိ၊ ဉာဏ်သတ္တိအပေါင်းနှင့် ကြွယ်ဝပြည့်စုံကြသည်ဖြစ်၍၊ ယေရှုခရစ်အားဖြင့် သင်တို့အားပေးတော်မူသော ဆုကျေးဇူးတော်ကို ငါထောက်၍၊ သင်တို့အကြောင်းကြောင့် ငါ့ဘုရားသခင်၏ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်း၏။- 7ထိုကြောင့်သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ ပေါ်ထွန်းတော်မူခြင်းကို မျှော်လင့်၍နေစဉ်၊ ဆုတော် တစ်စုံတစ်ခုမျှ မလျော့ဘဲ စုံလင်လျက်ရှိကြ၏။- 8သင်တို့သည် ငါတို့သခင် ယေရှုခရစ်၏ နေ့ရက်၌ အပြစ်တင်စရာအခွင့်နှင့် ကင်းလွတ်မည်အကြောင်း၊ သင်တို့ကို အဆုံးတိုင်အောင် ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။- 9ငါတို့သခင်တည်းဟူသော သားတော်မြတ် သခင်ယေရှုခရစ်နှင့် ဆက်ဆံခြင်းကျေးဇူးတော်ကို သင်တို့အား ပေးတော်မူသော ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူ၏။
အသင်းတော်တွင်းကွဲပြားခြင်း
10ညီအစ်ကိုတို့၊ သင်တို့ရှိသမျှသည် စကားတညီတညွတ်တည်းဖြစ်၍ အချင်းချင်းမကွဲပြားဘဲ စိတ်သဘောတစ်သံ တစ်သမတ်တည်း ရှိသည်နှင့် စေ့စပ်စုံလင်ကြမည်အကြောင်း၊ ငါတို့ သခင်ယေရှုခရစ်၏ နာမတော်ကို အမှီပြု၍ သင်တို့ကို ငါနှိုးဆော်တောင်းပန်ပါ၏။- 11အကြောင်းမူကား၊ ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အချင်းချင်းမသင့်၊ ရန်တွေ့ခြင်းရှိသည်ကို၊ ခလောဣ အိမ်သားအချို့တို့သည် ပြောကြ၏။- 12သင်တို့က၊ ငါသည် ပေါလုတပည့်ဖြစ်၏။ ငါသည် အာပေါလုတပည့်ဖြစ်၏။ ငါသည် ကေဖတပည့်ဖြစ်၏။ ငါသည် ခရစ်တော်တပည့်ဖြစ်၏ဟု အသီးအသီး ပြောကြသောကြောင့် ငါဆိုရ၏။-တ၊ ၁၈:၂၄။ 13ခရစ်တော်သည် ကွဲပြားသလော။ ပေါလုသည် သင်တို့အတွက် လက်ဝါးကပ်တိုင်မှာ အသေခံပြီလော။ သို့မဟုတ် သင်တို့သည် ပေါလု၏နာမ၌ ဗတ္တိဇံကို ခံကြပြီလော။- 14ကရိပ္ပုနှင့် ဂါယုမှတစ်ပါး၊ သင်တို့တွင် အဘယ်သူအားမျှ ဗတ္တိဇံကို ငါမပေးသည်ဖြစ်၍ ဘုရားသခင်၏ ကျေးဇူးတော်ရှိပါ၏။-တ၊ ၁၈:၈၊ ၁၉:၂၉။ ရော၊ ၁၆:၂၃ 15သို့ဖြစ်၍ ပေါလုသည် မိမိနာမ၌ ဗတ္တိဇံကိုပေးသည်ဟု အဘယ်သူမျှ ဆိုစရာအကြောင်းမရှိ။- 16သတေဖန်၏ အိမ်သူအိမ်သားတို့အားလည်း ဗတ္တိဇံကို ပေးပြီ။ ထိုမှတစ်ပါး အခြားသောသူအား ဗတ္တိဇံပေးသည်ကို ငါမမှတ်မိ။၁ကော၊ ၁၆:၁၅။
17ဗတ္တိဇံကိုပေးစေခြင်းငှာ ခရစ်တော်သည် ငါ့ကို စေလွှတ်တော်မူသည်မဟုတ်။ ဧဝံဂေလိတရားကို ဟောစေခြင်းငှာ စေလွှတ်တော်မူ၏။ သို့သော်လည်း၊ ခရစ်တော်၏လက်ဝါးကပ်တိုင်ကို အချည်းနှီးမဖြစ်စေခြင်းငှာ၊ နှုတ်ပညာကို အခွင့်မပေးဘဲ နေတော်မူ၏။
ဘုရားသခင်၏တန်ခိုးနှင့်ပညာဖြစ်သောခရစ်တော်
18အကြောင်းမူကား၊ ဆုံးရှုံးခြင်းသို့ရောက်သောသူတို့၌ လက်ဝါးကပ်တိုင်တော်တရားသည် မိုက်သောတရားဖြစ်၏။ ကယ်တင်ခြင်းသို့ ရောက်သောငါတို့၌ ထိုတရားသည် ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏။- 19ကျမ်းစာလာသည်ကား၊ ပညာရှိတို့၏ ပညာကို ငါဖျက်ဆီးမည်။ ဉာဏ်ကောင်းသောသူတို့၏ ဉာဏ်ကိုလည်း ငါပယ်မည်ဟု လာသတည်း။-ဟေရှာ၊ ၂၉:၁၄။ 20ပညာရှိကား အဘယ်မှာရှိသနည်း။ ကျမ်းပြုဆရာကား အဘယ်မှာရှိသနည်း။ ပြဿနာ၌ လေ့ကျက်သောဆရာကား အဘယ်မှာရှိသနည်း။ လောကီပညာကို ဘုရားသခင်သည် မိုက်စေတော်မူသည် မဟုတ်လော။-ယောဘ၊ ၁၂:၁၇။ ဟေရှာ၊ ၁၉:၁၂၊ ၃၃:၁၈၊ ၄၄:၂၅။ 21အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင်၏ ပညာတော်စီရင်သည်နှင့်အညီ၊ လောကီသားတို့သည် မိမိတို့ပညာအားဖြင့် ဘုရားသခင်ကို မသိဘဲနေကြသောအခါ၊ ဘုရားသခင်သည် ယုံကြည်သောသူတို့ကို ဒေသနာတော် မိုက်မဲခြင်းအားဖြင့် ကယ်တင်ခြင်းငှာ စေတနာရှိတော်မူ၏။- 22ယုဒလူတို့သည် နိမိတ်လက္ခဏာကို တောင်းတတ်ကြ၏။ ဟေလသလူတို့သည် ပညာကို ရှာတတ်ကြ၏။- 23ငါတို့မူကား၊ လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော ခရစ်တော်၏ အကြောင်းအရာကို ဟောပြောကြ၏။ ထိုအကြောင်းအရာသည်ကား၊ ယုဒအမျိုးသား ထိမိ၍ လဲစရာအကြောင်းဖြစ်၏။ တစ်ပါးအမျိုးသား၌ကား၊ မိုက်မဲခြင်းဖြစ်၏။- 24သို့သော်လည်း၊ ယုဒလူဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ ခေါ်တော်မူသောသူတို့၌ ဘုရားသခင်၏ တန်ခိုးတော်နှင့် ဘုရားသခင်၏ပညာတော်တည်းဟူသော ခရစ်တော်၏ တရားဖြစ်၏။- 25ဘုရားသခင်၏ မိုက်မဲခြင်းအရာသည် လူတို့၏ ပညာထက်သာ၍ ပညာရှိ၏။ ဘုရားသခင်၏ အားနည်းခြင်းအရာသည် လူတို့၏ အစွမ်းထက်သာ၍ အစွမ်းရှိ၏။
26ညီအစ်ကိုတို့၊ သင်တို့ကို ခေါ်တော်မူခြင်း အကြောင်းအရာကို ဆင်ခြင်ကြလော့။ ခေါ်တော်မူသောသူတို့တွင် လောကီပညာရှိ အများမပါ။ ထင်ရှားသော လူကြီးအများမပါ။ မင်းအမျိုးအနွယ်ဖြစ်သောသူ အများမပါ။- 27ဘုရားသခင်သည် ပညာရှိတို့ကို ရှက်ကြောက်စေခြင်းငှာ၊ လောကီအရာ၌ မိုက်မဲသောသူတို့ကို ရွေးကောက်တော်မူ၏။ အစွမ်းသတ္တိရှိသော သူတို့ကို ရှက်ကြောက်စေခြင်းငှာ၊ လောကီအရာ၌ အားနည်းသော သူတို့ကို ရွေးကောက်တော်မူ၏။- 28မြတ်သောသူတို့ကို ရှက်ကြောက်စေခြင်းငှာ လောကီအရာ၌ ဆင်းရဲသောသူ၊ မရေရာသောသူ၊ ယုတ်သောသူတို့ကို ရွေးကောက်တော်မူ၏။- 29ထိုကြောင့်၊ ဘုရားသခင်ရှေ့၌ အဘယ်သူမျှ ဝါကြွားစရာ အကြောင်းမရှိ။- 30ထိုဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည်နေကြ၏။ ထိုသခင်မူကား၊ ဘုရားသခင် စီရင်တော်မူသည်အတိုင်း၊ ငါတို့၌ ပညာမှစ၍ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနုတ်ခြင်းဖြစ်တော်မူ၏။- 31သို့ဖြစ်၍၊ ကျမ်းစာလာသည်နှင့်အညီ၊ ဝါကြွားသောသူမည်သည်ကား၊ ထာဝရဘုရား၌သာ ဝါကြွားစေ။

ဗျာဒိတ်ကျမ်း - ၆ (အနက်ဖွင့်)

(ဖွင့်ထားသော တံဆိပ် ()ခု (အခန်း )

          : သိုးသူငယ်က ပထမတံဆိပ်ကို ဖွင့်ချသောအခါ သတ္တဝါလေးထဲမှ တပါးက ယောဟန်အားလာ၍ ကြည့်ရှုလော့ ဟု အော်ခေါ်၏ ၁၅။ မြင်းဖြူစီးသောသူသည် လေးကိုလက်ကကိုင်လျက် ထွက်လာသည်။ ထိုမြင်းဖြူနှင့် လေးသည် ယနေ့သိပ္ပံခေတ် စစ်အေးတိုက်ပွဲကို ဆောင်၍ လေးသည်စစ်သဘောဖြစ်သည်။ သို့သော် လေးပါသော်လည်း မြားမပါသောကြောင့် စစ်အေးတိုက်ပွဲဖြစ်သည်။ တနည်းပြောရလျှင် တနေရာနှင့်တနေရာ အဝေးမှ တိုက်ခိုက်နိုင်သော ဒုံးပျံ၊ တိုက်ချင်းပစ်ဒုံး၊ လက်နက်ကြီးတိုက်ပွဲကို ရည်ညွှန်းသည်။ ထိုမြင်းစီးသူရဲသည်လည်း စင်စစ်တိုက်ပွဲ မဝင်သဖြင့် ဒုတိယတံဆိပ် မရှိမခြင်း၊ ငြိမ်သက်ခြင်း မရှိနိုင်သည့် အဓိပ္ပာယ်သက်ရောက်နေသည်။

          : ဒုတိယတံဆိပ်ဖွင့်သောအခါ အခြားသတ္တဝါ တပါးက လာကြည့်လှည့်ပါဟု ခေါ်ပြန်၏။ မြင်းနီတစီး ထွက်လာသည်။ ထိုမြင်းစီးသူရဲသည် တိုက်ပွဲဝင် ဓားမကြီးကို ကိုင်ဆောင်၏။ ထိုတံဆိပ်သည် အချင်းချင်း တဦးကိုတဦး စစ်တိုက်ရမည့် အကြောင်းဖြစ်သည်။ လောကငြိမ်သက်ခြင်းကို ရုတ်သိမ်းဖို့ ပြင်၏။

          : တတိယ သတ္တဝါကလည်း ခေါ်ပြန်၏။ တတိယတံဆိပ်ဖွင့်သောအခါ မြင်းနက်ကြီးတကောင် ထွက်လာသည်။ မြင်းစီးသူရဲသည် ချိန်ခွင်ကိုင်ထွက်လာသည်။ ချိန်ခွင်၏ အနက်မှာ မကြာခဏ တိုက်ပွဲဖြစ်၍ အငတ်ဘေးကြုံရမည့် နိမိတ် လက္ခဏာဖြစ်သည်။ ထိုသတ္တဝါလေးပါး ပြောသည်ကား ဒေနာရီတပြားနှင့် ဂျုံဆန်တခွက်ကိုရ၏။ မုယောဆန် သုံးခွက်ကိုရ၏။ ဂျုံဆန်နှင့် မုယောဆန်ကို ရောင်းဝယ်ခွင့် ပိတ်ထားခြင်းဖြစ်သည်။ ချိန်ခွင်သည် အလေးတင်းတောင်းချိန်တွယ်ရာ ဖြစ်၍ အငတ်ဘေးစိုက်မည့်အကြောင်းဖြစ်သည်။ ဆီနှင့်စပျစ်ရည်ကို မပျက်စေဖို့ ပြောကြသည်။ အချို့က ထိုအမယ်များသည် မရှိဆင်းရဲသားများအစာ ဖြစ်သည်ဟုဆိုသည်။ အကယ်၍ ထိုရိက္ခာများသည် လုံလောက်သော ဒေသထွက်ကုန်မှန်လျှင် ခြိုးခြံချွေတာခိုင်းမည်။ မည်သို့ပင်ဖြစ်စေ၊ လူကုံတံများ အတွက်မူ ဆန်ရေစပါး၊ စားနပ်ရိက္ခာ ဖူလှုံ လုံလောက်နေပေမည်။

          : စတုတ္ထတံဆိပ်ဖွင့်သည်ကို ကြည့်သောအခါ မြင်းမွဲထွက်လာ၏။ ထိုမြင်းစီးသူရဲ၏ အမည်မှာ မရဏဖြစ်၏။ ထိုမရဏသည် ရုပ်အင်္ဂါနှင့် မရဏကို စိတ်ဝိညာဉ်များဖြင့် ဆက်စပ်၏။ စစ်ပွဲ၊ အငတ်ဆင်းရဲ၊ ရောဂါဆိုးများဖြင့် သားရဲဆိုးပမာ လောကကြီးကို ဖျက်စီး၏။ တီဘီရောဂါပိုးသည် ယခုခေတ်တွင် ဆေးသိပ္ပံပညာက အနိုင်ယူသောကြောင့် မူစရာမလို။ သို့သော်လည်း ထို့ထက်ဆိုးဝါးသော ရောဂါဆိုးများ တမျိုးပြီးတမျိုး၊ ကုမစားနိုင်အောင်ပေါ်ထွက်လာသည်။ ဂျက်လေယာဉ်များဖြင့် သယ်ဆောင်ဖြန့်ဝေသည့်အလား ကမ္ဘာတခွင်တွင် ရောဂါပျံနှံ့သက်သာလျက်ရှိသည်။

          : ဤကျမ်းပိုဒ်တွင်ဘေးဒဏ်ကြီးကာလ၌ ပထမဦးဆုံး မာတုရများ (မ ၂၄:၉)၊ နိုင်ငံတော်ဒေသနာအကြောင်းကို ဟောပြောကြသော ယုဒယုံကြည်သူများနှင့် သက်သေခံချက်ကြောင့် အသက်ပေးခဲ့သူများကို တွေ့ရသည်။ သူတို့ဝိညာဉ်များကို ယဇ်ပလ္လင်အောက်၌ တွေ့ရသည်။

          :၁၀ သူတို့အသွေးအတွက် လက်တုံပြန်ပေးရန် အချုပ်အခြာ ဘုရားရှင်တော်အား ဟစ်ကြ၏။ မြေကြီးပေါ်မှာ နေသောသူတို့ဆိုသည်မှာ လောကကြီးကို မိမိအိမ်သဖွယ် မှတ်ယူနေကြသော မယုံကြည်သူများကို ဆိုလိုသည်။

:၁၁ ထိုမာတုရများအား ဖြောင့်မတ်စင်ကြယ်ခြင်း လက္ခဏာ ဖြစ်သော ဝတ်ရုံဖြူပေးထား၏။ ဘေးဒဏ်ကြီးကာလ မာတုရများစုံလင်သည်အထိ စောင့်ဆိုင်းဖို့ ပြောထားရသည်။

          :၁၂၁၃ ဆဠမတံဆိပ်တော်ကို ဖွင့်လှစ်သောအခါ အလွန်တုန်လှုပ် ခြောက်ခြားဖွယ်ရာ တွေ့မြင်ရသည်။ ကုန်းနှင့် ရေပြင်တခုလုံး ငလျင်ကြီးလှုပ်သောကြောင့် မိုးကောင်းကင်ကြယ်များလည်း ဖရိုဖရဲဖြစ်ကုန်သည်။ နေလုံးသည်လည်း မဲမှောင်လျက်၊ လသည်လည်း သွေးခြင်းနီ၏။ ကြယ်များသည်လည်း သင်္ဘောသဖန်း သီးပမာ တဖြုတ်ဖြုတ် ကြွေကြကုန်သည်။

          :၁၄ မိုးကောင်းကင်သည်လည်း ဖျာလိပ်သကဲသို့ လိပ်သွား၏။တောင် တန်းကြီးများနှင့် ရေပေါ်ကျွန်းများသည်လည်း နေရာရွေ့လျားကြ၏။

          :၁၅ လူထုလူတန်းစား အလွှာစုံသည် အလန့်တကြား ထိတ်ထိတ်ပြာဖြစ်ကုန်၏။ ဘုရားသခင်၏ အမျက်ဒေါသဖြစ်ကြောင်း သရှိကြသဖြင့် ပုန်းအောင်းစရာ လှိုဏ်ဂူနှင့် ကျောက်ဆောင်၊ ကျောက်ဂူများ လိုက်ရှာကြသည်။

          :၁၆၁၇ ခိုအောင်းစရာ ကျောက်ဆောင်၊ လိုဏ်ခေါင်း လိုက်ရှာကြသော်လည်း သိုးသူငယ်၏ အမျက်ဒေါသနှင့် ဘုရားသခင်၏ အပြစ်စီရင်ခြင်းကို ပုန်းရှောင်၍ မရပေ။ သိုးသူငယ်၏ အမျက်ဒေါသပြေစေဖို့ရန် အချိန်နောက်ကျသွားပြီ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။