ဆာလံကျမ်း - ၉၇

တန်ခိုးအကြီးဆုံးဘုရင်
1ထာဝရဘုရားသည် စိုးစံတော်မူ၏။ မြေကြီးသည် ဝမ်းမြောက်၍၊ ကျွန်းများတို့သည်လည်း ရွှင်လန်းကြစေ။ 2မိုးတိမ်နှင့် မှောင်မိုက်တို့သည် ထာဝရဘုရား၏ ပတ်ဝန်းကျင်တို့၌ရှိကြ၏။ တရားသဖြင့် စီရင်ခြင်း၊ ဖြောင့်မတ်စွာ ဆုံးဖြတ်ခြင်းသည် ပလ္လင်တော်၏တည်ရာဖြစ်၏။ 3မီးသည် ရှေ့တော်၌သွား၍၊ ရန်သူတို့ကို အလှည့်လှည့် လောင်လေ၏။ 4လျှပ်စစ်တော်သည် လောကဓာတ်ကို လင်းစေ၏။ မြေကြီးသည် မြင်၍တုန်လှုပ်၏။ 5ထာဝရဘုရားရှေ့၊ မြေကြီးတစ်ပြင်လုံးကို အစိုးရတော်မူသော အရှင်၏ရှေ့တော်၌၊ တောင်တို့သည် ဖယောင်းကဲ့သို့ အရည်ဖြစ်ကြ၏။ 6ဖြောင့်မတ်တော်မူခြင်းအကြောင်းကို ကောင်းကင်တို့သည်ထင်ရှားစွာပြ၍၊ လူများအပေါင်းတို့သည် ဘုန်းတော်ကို မြင်ရကြ၏။ 7ရုပ်တုဆင်းတုကို ဝတ်ပြုသောသူ၊ အချည်းနှီးသက်သက်သောအရာ၌ ဝါကြွားသောသူအပေါင်းတို့သည် အရှက်ကွဲခြင်းရှိကြစေ။ ဘုရားအပေါင်းတို့၊ ထာဝရဘုရားကို ပျပ်ဝပ်ကိုးကွယ်ကြလော့။
8အိုထာဝရဘုရား၊ ကိုယ်တော်သည် တရားစီရင်တော်မူချက်တို့ အကြောင်းကြောင့်၊ ဇိအုန်မြို့သည် ကြား၍ ရွှင်လန်းပါ၏။ ယုဒသတို့သမီးတို့လည်း ဝမ်းမြောက်ကြပါ၏။ 9အိုထာဝရဘုရား၊ ကိုယ်တော်သည် မြေကြီးသားအပေါင်းတို့ထက် ကြီးမြင့်တော်မူ၏။ ဘုရားတကာတို့ထက် အလွန်ချီးမြှောက်ခြင်း ရှိတော်မူ၏။ 10ထာဝရဘုရားကို ချစ်သောသူတို့၊ မကောင်းသောအမှုကို ရွံရှာကြလော့။ ကိုယ်တော်၏သန့်ရှင်းသူတို့၏ အသက်ဝိညာဉ်ကို စောင့်မတော်မူ၍၊ မတရားသောသူတို့၏လက်မှလည်း ကယ်နုတ်တော်မူ၏။ 11အလင်းသည် တရားသောသူအဖို့၊ ဝမ်းမြောက်ခြင်းသည် သဘောဖြောင့်သော သူတို့အဖို့ ပျိုးကြဲလျက်ရှိ၏။ 12ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရားကို အမှီပြု၍ ဝမ်းမြောက်ကြလော့။ သန့်ရှင်းသောနာမတော်ကို ချီးမွမ်းကြလော့။

ဆာလံကျမ်း - ၉၇ (အနက်ဖွင့်)

ဆာ ၉၇ ဖြောင့်မတ်သူများအတွက်အလင်းမျိုးစေ့ကြဲခြင်း

၉၇: ဆာလံကျမ်း ပြည်ဖုံးကားဖွင့်လျှင်ဖွင့်ခြင်း ပလ္လင်တော်ပေါ်တွင် စိုးစံတော်မူသော ယေရှုခရစ် တော်ကို မြင်ရသည်။ နန်းတက်ဘိသိက် မင်္ဂလာပွဲပြီးသွားပြီ။ တကမ္ဘာလုံး ရွှင်လန်း၀မ်းမြောက်ကြပြီ။ မကြား မသိသော ဝေးလံခေါင်းဖျားအရပ် သီးသန့်ကျွန်းကလေးဟူ၍မရှိ။

၉၇: ရှင်ဘုရင်ကြွလာသည့်အကြောင်းကို တခမ်းတနား ကျင်းပခဲ့ကြပြီ။ ပထမဆုံး အမှတ်လက္ခဏာ မှာ တိမ်သလ္လာများ ဖယ်ရှားလင်းထိန်စေပြီ။ ဘုရားရှင်သည် လူမျက်စိဖြင့်မမြင်သာအောင် ပုန်းအောင်း လေ့ရှိသည်ကို ဦးစွာသတိပြုပါ။ လူက ဘုရားသခင်အကြောင်း သိရှိသမျှသည် မဖြစ်စလောက်လေးသာ။ တရားသဖြင့်စီရင်ခြင်း၊ ဖြောင့်မတ်စွာဆုံးဖြတ်ခြင်းသည် ပလ္လင်တော်၏ တည်ရာဖြစ်၏။ ထိုဌာနတော်သည် စံပြအုပ်စိုးခြင်းဖြစ်သည်။ အာဏာရှင်စနစ်၊ မတရားမှု၊ ပျောက်ကွယ်သည်။ သစ္စာတရားတည်ရာဖြစ်သည်။

၉၇: ရှေ့တော်တွင် မီးတောက် မီးလျှံဖြာကြီးသည် လောင်ကျွမ်းသည်။ ဘုရားသခင်ကို မသိရှိသူများ၊ သခင်ယေရှု၏ဧဝံဂေလိသတင်းကို လက်မခံသူများအား လောင်ကျွမ်းသည် (၂သက် ၁:၈)။ တရားစီခြင်းမီးတောက်မီးလျှံသည် အရပ်ရှစ်မျက်နှာတခွင်လုံးကို ကူးစက်လောင်ကျွမ်းသည်။ လူများက ကြောက်ဒူးတုန်လျက် ကြည့်နေကြသည်။ မိမိအလှည့် ဘယ်တော့ရောက်မည်လဲဟု တွေးပူကြသည်။ ထိုမြင်ကွင်းသည် ဟေရှာ ၄၀:၄ပါ “တောင်ကြီးတောင်ငယ်ရှိသမျှပြိုမည်” ကျမ်းစကားအတိုင်းဖြစ်သည်။ တနည်းအားဖြင့် ဘုရားသခင်ကို ဆန့်ကျင်အန်တုလာခဲ့သူများ ဒူးထောက်အညံ့ခံကြမည့်အရေးဖြစ်သည်။

၉၇:၆က ဖြောင့်မတ်ခြင်းတရားအကြောင်းကို ကောင်းကင်သို့ ထင်ရှားပြသမည်။ ကောင်းကင်ယံ တိမ်စီး၍ ကြွလာမည် (ဗျာ ၁:၇)။ သန့်ရှင်းသူများကို ချီဆောင်မည် (၁သက် ၃:၁၃)။ ကတိတော်အတိုင်း ဣသရေလလူများအား စုသိမ်းသောအခါ လောကလူသားများက ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ထောမနာ ပြုကြမည်။ ထိုအကြောင်းကို Galineau ကဤသို့ဆိုသည်-

ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို လူပြသက်သေထူဖို့ရန် ယူဆောင်သွားသော သန့်ရှင်းသူများ လိုက်ပါလာကြမည်။ မဟာအမှုတော် ကရာနီကားတိုင်ဖြင့် ကယ်တင်သူများဖြစ်၍ ကိုယ်တော်၏ ဘုန်းတော် ထင်ရှားသက်သေထူကြမည်။၆၅

၉၇:၆ခ လူများအပေါင်းသည် ဘုန်းတော်ကိုမြင်ရကြ၏။

ကိုယ်တော်၏ဘုန်းကျက်သရေ ဖုံးကွယ်ခြင်းမရှိ။ ကလာကာလှစ်ဟပြီ။ သေလွန်သော ခုနှစ်ရက် သားသမီးများလည်း ပျော်ရွှင်ဘွယ်ခရီးနှင်ကြပြီ။ သိုးသငယ်သည် တပ်တော်ခြံရံလျက်၊ ဇိအုန်တောင်ပေါ်မှာ ကြွလာတော်မူပြီ။ ဘုန်းတန်ခိုးကျက်သရေ ပြည့်စုံလျက် ဧမာနွေလဘုရား ခြေတော်ချတော်မူပြီ။

Anne Ross Cousin

၉၇: ထိုမြင်ကွင်းကို ရုပ်တုဘုရားဝါဒီများက မည်သို့ထင်ကြမည်နည်း။ မည်သို့မှ ဆက်စပ် ပေါင်းဖက်နိုင်ကြမည်မဟုတ်။ အဘယ်သို့ဆိုသော် ထိုသူများသည် လူ့မျက်စိဖြင့်မြင်ရသော လူလက်လုပ် ရုပ်၀တ္ထုပစ္စည်းများသာ ကိုးကွယ်ကြသည်။

ဘုရားအပေါင်းတို့ ထာ၀ရဘုရားကို ကိုးကွယ်ကြလော့။ ထိုကျမ်းပိုဒ်ကို Septuagint တွင် “ဘုရာသခင်၏ ကောင်းကင်သားများအားလုံးက ဘုရားရှင်ကို ကိုးကွယ်ကြစေ” ဟုဆိုသည်။ ဟေဗြဲ၁:၆ ကျမ်းပိုဒ်သို့ ဖြစ်ပေမည်။ ဟေဗြဲဝေါဟာရတွင် Elohimဟူသော စကားလုံးသည် ဘုရားသခင်ကို ရည်ညွှန်း လေ့ရှိသော်လည်း ကောင်းကင်တမန်တရားသူကြီး၊ အုပ်စိုးသူမင်း၊ ရုပ်တုဘုရားကိုလည်း ဆိုလိုသည့်အချိန် အခါရှိသည်။

၉၇: ဇိအုန်တောင်သားများသည် ဘုရင်ကြီးက သူပုန်ကန်များနှင့်ရုပ်တုဘုရားတုဝါဒီများအပေါ် အောင်ပွဲခံသည့်သတင်းကြားသည့်အခါ ၀မ်းမြောက်ရွှင်လန်းကြသည်။ ယုဒသတို့သမီးများလည်း ၀မ်းသာကြ သည်။ “ဘုရားသခင်၏တရားသဖြင့် စီရင်ခြင်းကိုကြားသိသော ယုဒမြို့ပြပြည်ရွာများသည် ၀မ်းသာကျေနပ် ကြသည်” (knox)။ နောက်ဆုံးတွင် ဘုရားသခင်သည် မည်သို့သောသူဖြစ်ကြောင်း အထင်အရှား မြင်ကြသည်။ ကမ္ဘာမြေကြီးသားအပေါင်းတို့ထက် မြင့်မြတ်သည်။ လက်လုပ်၊ စက်ရုံထုတ်ဘုရားများထက် တန်ခိုးကြီးသည်။

၉၇:၁၀ ဘုရားသခင်ကို ချစ်ကြောက်သူတိုင်းသည် မကောင်းမှုဒုစရိုက်ကို မုန်းတီးကြသည်။ ထိုအချက်နှစ်ခုသည်  အပြန်အလှန် ဆက်စပ်ဆန့်ကျင်သည်။ ယေဟောဝါဘုရားကို ချစ်ခင်ခြင်းနှင့် မုန်းတီးခြင်းသည် ဖီလာဆန့်ကျင်ဖြစ်သည်။ ထိုစမ်းသပ်ခြင်းကို ကျော်လွှားအောင်မြင်သူများသည် ဘုရားရှင်၏ စောင့်ရှောက်ခြင်းခံကြရသည်။

၉၇:၁၁ ဖြောင့်မတ်သူများအဖို့ အလင်းကို မျိုးစေ့သဖွယ် ကြဲချပေးပါသည်။ ယေရှုခရစ်တော်သည် တဖန်ကြွလာသောအခါ ဖြောင့်မတ်သူများ အလင်း၏သားများ ချီးမြှောက်ဖို့ဖြစ်၍ အတိုင်းမရှိ ရွှင်လန်း၀မ်း မြေက်ကြသည်။ အူလှိုက်သဲလှိုက် ၀မ်းမြောက်ကြမည်။

၉၇:၁၂ ဘုရားသခင်၏ဖြောင့်မတ်သူများ ထာ၀ရဘုရားရှင်၏ဖြောင့်မတ်ခြင်းသီချင်းကို ဟစ်ကြွေး သီဆိုကြဖို့ ခေါင်းလောင်းထိုးနေပြီ။ (NKIV Margin)။ ဆာလံသီချင်း၏ အံ့သြဘွယ်နိဂုံးဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဂရုဏာတော်၊ ကျေးဇူးတော်ဘုန်းတန်ခိုးကို သတိရလျက် ကျေးဇူးစကား ဆိုကြလော့ဟု အဆုံးသတ်မည်ထင်ကြသည်။ သို့သော် ထင်သည့်အတိုင်းမဟုတ်။ ကိုယ်တော်၏သန့်ရှင်းခြင်း ဟုဆိုသည်။   ကိုယ်တော်ရှင်၏ သန့်ရှင်းခြင်းဟုဆိုရာတွင် ကိုယ်တော်စိုးစံရာနေရာ ပါ၀င်ပါသည်။ ယခုအခါ သခင်ယေရှု၏ရွေးနှုတ်ခြင်း အမှုတော်ပြီးပြည့်စုံသွားပြီ။ ဘုရားသခင်နှင့် ဖီလာဆန့်ကျင်ခြင်းမရှိတော့ပါ။ ယေရှုပြုသောအမှုတော် သတိရတိုင်း ပျော်ရွှင်ချမ်းမြေ့ ကြပါသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။