ဆာလံကျမ်း - ၇၇

သောကရောက်ချိန်စိတ်သက်သာမှု
1ငါသည် ဘုရားသခင့်ထံသို့ အသံကိုလွှင့်၍ အော်ဟစ်၏။ ဘုရားသခင့်ထံသို့ အသံကိုလွှင့်၍ ဘုရားသခင်သည် ငါ့စကားကို နားထောင်တော်မူလိမ့်မည်။ 2ဘေးရောက်သည်ကာလ၌ ငါသည် ထာဝရဘုရားကို ရှာရ၏။ ညအချိန်၌ပင် လက်ကိုဆန့်လျက်နေရ၏။ ငါ့ဝိညာဉ်သည် သက်သာခြင်းကို ငြင်းပယ်၏။ 3ဘုရားသခင်ကို အောက်မေ့၍ စိတ်ပူပန်ခြင်းရှိ၏။ ဆင်ခြင်၍ စိတ်ပျက်ခြင်းသို့ ရောက်တတ်၏။ 4မျက်စိမှိတ်၍ မပျော်နိုင်။ လှုပ်ရှားခြင်းရှိသောကြောင့် နှုတ်မမြွက်နိုင်။ 5လွန်လေပြီးသော နေ့ရက်ကိုလည်းကောင်း၊ ရှေးကာလကိုလည်းကောင်း အောက်မေ့၏။ 6ညအခါ၌လည်း ငါသည် ကိုယ်သီချင်းကိုဆင်ခြင်၍၊ ကိုယ်စိတ်နှလုံးနှင့် ဆွေးနွေးသဖြင့်၊ ငါ့ဝိညာဉ်သည် စစ်ဆေးခြင်းကို ပြု၏။ 7ထာဝရဘုရားသည် အစဉ် စွန့်ပစ်တော်မူမည်လော။ နောက်တစ်ဖန် ကျေးဇူးအလျှင်းမပြုဘဲ နေတော်မူမည်လော။ 8ကရုဏာတော်သည် အစဉ်ကုန်ပြီလော။ ကတိတော်လည်း ကာလအစဉ်အဆက် ပျက်လိမ့်မည်လော။ 9ဘုရားသခင်သည် သနားခြင်းငှာ မေ့လျော့တော်မူသလော။ အမျက်ထွက်သဖြင့် စုံစမ်းခြင်းကရုဏာတော်ကို ချုပ်တည်းတော်မူသလော။
10ထိုသို့ဆိုသော် ငါသည် ကိုယ်မိုက်ကြောင်းကို ဝန်ခံရ၏။ ဤအမှုကား၊ အမြင့်ဆုံးသောဘုရား၏ လက်ယာလက်တော်နှင့် ပြုပြင်တော်မူခြင်းပေတည်း။ 11ထာဝရဘုရား၏အမှုတော်တို့ကို အောက်မေ့ပါမည်။ ရှေးကာလ၌ ကိုယ်တော်ပြုဖူးသော အံ့ဩဖွယ်တို့ကို အောက်မေ့ပါမည်။ 12ပြုတော်မူသမျှတို့ကိုဆင်ခြင်၍ စီရင်တော်မူသော အရာတို့ကို မြွက်ဆိုပါမည်။ 13အိုဘုရားသခင်၊ ကိုယ်တော်၏လမ်းသည် သန့်ရှင်းခြင်းနှင့် ယှဉ်ပါ၏။ ဘုရားသခင်ကဲ့သို့ အဘယ်မည်သော ဘုရားသည် ကြီးမြတ်သနည်း။ 14ကိုယ်တော်သည် အံ့ဖွယ်သောအမှုတို့ကို ပြုတတ်သောဘုရား ဖြစ်တော်မူ၏။ လူမျိုးတို့တွင် တန်ခိုးတော်ကို ပြတော်မူပြီ။ 15ကိုယ်တော်၏လူတည်းဟူသော ယာကုပ်နှင့် ယောသပ်၏အမျိုးကို လက်ရုံးတော်နှင့် ကယ်နုတ်တော်မူပြီ။ 16အို ဘုရားသခင်၊ ရေတို့သည် ကိုယ်တော်ကိုမြင်ကြပါ၏။ ရေတို့သည် ကိုယ်တော်ကိုမြင်၍ ကြောက်ရွံ့ကြပါ၏။ ရေနက်နဲရာအရပ်တို့လည်း လှုပ်ရှားကြပါ၏။ 17မိုးတိမ်တို့သည် ရေကိုသွန်းလောင်း၍၊ မိုးကောင်းကင်တို့လည်း အသံဗလံပြုကြပါ၏။ ကိုယ်တော်၏မြားတို့သည် အရပ်ရပ်သို့ ရောက်ကြပါ၏။ 18ကိုယ်တော်၏ မိုးကြိုးသံသည် လေပွေ၌ပါ၍၊ လျှပ်စစ်ပြက်သဖြင့်၊ လောကကို လင်းစေပါ၏။ မြေကြီးသည်လည်း တုန်လှုပ်ပါ၏။ 19ကိုယ်တော်သည် သမုဒ္ဒရာ၌ ကြွတော်မူ၍၊ လမ်းခရီးတော်သည် ကျယ်ဝန်းသော ရေတွင်ရှိသဖြင့်၊ ခြေတော်ရာတို့သည် မထင်ရှားကြပါ။ 20မောရှေနှင့် အာရုန်တို့လက်ဖြင့် ကိုယ်တော်၏လူများတို့ကို သိုးစုကဲ့သို့ ပို့ဆောင်တော်မူ၏။

ဆာလံကျမ်း - ၇၇ (အနက်ဖွင့်)

ဆာ ၇၇၊ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ခြင်း

          ပထမပိုင်း အပိုဒ်ငယ်(၁၀)ခုတွင် အာသပ်သည်မိမိကိုယ်ကို ပြန်လည်ဆန်းစစ်သည်။ ငါ၊ ငါ့ကို၊ ငါ၏ဟူသောနာမ်စားစကားလုံး အကြိမ်ပေါင်း(၂၀)ကျော်သုံးထားသည်။ ဘုရားသခင်၏ နာမတော်ကို (၇)ကြိမ်သုံး၍ ဘုရားသခင်ကိုရည်ညွှန်းသည့်စကားလုံး(၇)ကြမ်သုံးထားသည်။ အပိုဒ်ငယ်(၁၀)တွင်မူ တေးသွားသည်တဆစ်ချိုးပြောင်းလဲသွားသည်။ နောက်ပိုင်းအပိုဒ်ငယ်(၁၀)ခု တွင် ပုဂ္ဂိုလ်ရေးရာနာမ်စားကို (၃)ကြိမ်သာသုံး၍၊ ဘုရားသခင်၏ဇာတိတော်ညွှန်းဆိုသည့်ဝေါဟာရ ကို (၂၀)ကြိမ်တိုင်တိုင်သုံးထားသည်။ ခရစ်တော်၏ အမှုတော်တွင်လည်းသန့်ရှင်းဝိညာဉ်တော်ညွှန်း ဆိုရာတွင် ငါ၊ ငါတို့၊ ငါ၏ဟူသောစကားလုံး သုံးထားသည်။

အသုံးပြုပုံပြုနည်းတချို့ကို လေ့လာကြည့်ပါ။

တွေ့မြင်ခြင်း      (ငယ် ၁-၆)

နစ်မြုပ်ခြင်း       (ငယ် ၇-၁၀)

သီဆိုခြင်း          (ငယ် ၁၁-၁၅)

မြင့်တင်ခြင်း      (ငယ် ၁၆-၂၀)

၇၇: အာသပ်သည်ဦးစွာဘုရားသခင်ထံသို့ ဒုက္ခသုခများတင်ပြသည်။ အမျိုးအမည်မဖေါ် ပြသောဆင်းရဲဒုက္ခဧည့်သည်က တံခါးဝသို့ရောက်နေသည်။ မိမိကိုယ်တိုင်မှတပါး မည်သူမှမစွမ်း ဆောင်နိုင်ဟုယူဆသည်။ မခြားမလပ်ဆုတောင်းနေသော်လည်း ဘုရားသခင်ကိုစောဒကတက်သည်။ ပျော်ရွှင်ခြင်းမရှိဘဲအဘယ်ကြောင့် ဒုက္ခတောမှမွမ်းကြပ်နေသနည်း။ ပိုမိုစဉ်းစားလေ၊ စဉ်းစာရခက် လေ၊ သောကပိုများလေဖြစ်သည်။

၇၇: အိပ်မပျော်စားမဝင်နိုင်အောင် ဘုရားသခင်အကြောင်းချည်းတွေးမိသည်။ ကြားရသောသတင်းစကားများကလည်း ဆောက်တည်ဖွယ်ရာမရှိ။ စိတ်ပျက်အားငယ်ဘွယ်ရာ။ သို့ဖြင့် အတိတ်ကာလာမှအဆင်ပြေကောင်းစာခဲ့သောရက်များကို ပြန်လည်တွေးတောသည်။ သူ၏အောင်မြင်ခဲ့ပုံများကို ပိုမိုတွေးတောလေ၊ ဘုရားသခင်၏ကရုဏာတော်ကို ပိုမိုသံသယဝင်လေ ဖြစ်သည်။ ယုံမှားသံသယစိတ်ပွားများလာသည်နှင့် မေးခွန်း(၅)ခု ပေါ်လာသည်။

၇၇:၁၀ ဘုရားသခင်က သူ့အပေါ်သို့ပြုစရာကောင်းသော အမှုအရာများကုန်ဆုံးသွားပြီ လား။ ဒုတိယမေးခွန်းမှာ ဘုရားသခင်ကသူ့အပေါ်သို့အချစ်ကုန်ခမ်းသွားသလား။ ဘုရားသခင်က ကတိတော်များပြန်လည်ရုတ်သိမ်းသွားတာလား။ နောက်တချက်က ဘုရားသခင်က ကျေးဇူးတော် မေ့ပျောက်ကုန်ပြီလား။ နောက်ဆုံးမေးခွန်းမှာ အမျက်တော်ထွက်သဖြင့် ဉပေက္ခာပြုလေရော့သ လား။ ထိုသံသယမေးခွန်းများကို ကိုယ်တိုင်ပြန်ဖြေသည်။ အမြင့်ဆုံးသောညာလက်ရုံးသည် ပြောင်းလဲပြီ။ ဘုရားသခင်လက်ထဲသို့ ဆက်ကပ်အပ်နှံလျှင် ဆင်းရဲဒုက္ခများတမျိုးတဖုံ ပြောင်းလဲ သွားမည်။

၇၇:၁၁၁၃ ရော ၇မှ၈သို့ ဝိညာဉ်ရေးရာတဆစ်ချိုးပြောင်းလဲသကဲ့သို့ပင် ပိုဒ်ငယ် ၁၁သည် သင်ခန်းစာအလှည့်အပြောင်းဖြစ်သည်။ အာသပ်သည်မိမိကိုယ်ကို အလေးအနက်ပြန်လည်ဆန်းစစ် ပြီးနောက် ကောင်းကင်ဘက်သို့ မျက်လုံးစုံမော့ကြည့်သည် ။အတိတ်ကာလတွင် သူ့လူများထံသို့ ဘုရားသခင်၏ ကောင်းမြတ်ပုံကို ပြန်လည်တွေးတောသည်။ ထို့သို့ပြန်လည်စားမြုံ့ပြန်သောအခါ ဘုရားသခင်သည် မြင့်မြတ်သည်။ လုပ်ဆောင်သမျှပြီးပြည့်စံသည်။ ဖြောင့်မတ်သည်။ ကောင်းမြတ်သည်။ အမှားအယွင်မရှိခဲ့။

၇၇:၁၄၁၅ ဘုရားသခင်က သူ့လူများအားအဲဂုတ္တုပြည်မှ ခေါ်ထုတ်လာပုံကိုပြန်စဉ်းစား သောအခါအံ့သြမိသည်။ ဘုရားရှင်ကိုမချီးမွမ်းဘဲမနေနိုင်။ ထိုအကြောင်းစဉ်းစားမိသောအခါ စိတ်ဓါတ်တက်ကြွလာသည်။ မိမိအစွမ်းအစကို ရှေးတန်းတင်စဉ်းစားသောအခါ စိတ်ပျက်အားငယ် ခြင်းသာတွေ့၌သည်။ ယခုမိမိအရေးမှ ဘုရားသခင်အရေးကို ဦးစားပေးသောအခါ စိတ်ဓါတ်တက် လာသည်။ ခွန်အားပြည့်ဖြိုးလာသည်။ ဘုရားသခင်၏ခွန်အားကို ယုံကြည်ကိုးစားလာသည်။

၇၇:၁၆၁၈ စာကဗျာဖြင့်ဆိုရလျှင် ပင်လယ်နီမှသမုဒ္ဒရာရေပြင်က ဖန်ဆင်းရှင်ကိုနာခံ ကန်တော့ကြသည်။ လေပြင်းမုန်တိုင်းနှင့်လှိုင်းလုံးကြီးများကလည်း ထိုနည်းတူပြုကြသည်။ အာကာမိုးဝလာရွာသွန်းသည်။ မိုးကြိုးမိုးလျှပ်များ လင်းလက်ကြသည်။ လျှပ်ပန်းလျှပ်နွယ်များဖြင့် လောကမြေတခွင် အလင်းဖြာကြသည်။ ထိုအခိုက်တွင် သြကာသလောက တစ်ခုလုံးတုန်လှုပ်ကြသည်။ ကိုယ်တော်၏ စကားတော်ကို မြေဝယ်မကျနာခံကြသည်။

 

 ၇၇:၁၉

၇၇:၁၉-၂၀        ဘုရားသခင်ကိုယ်တိုင် ကြွချီတော်မူ၍ ပင်လယ်သမုဒ္ဒရာတွင် တာလမ်းမကြီး ဖြစ်ပေါ်စေပြီ။ သူ့လူများသည် တာလမ်းပေါ်မှာ လျှောက်လှမ်းသည့်ပမာ ခြေထောက်ရေမစိုဘဲ ဖြတ်သွားကြရပြီ။ ကိုယ်တော်၏ ခြေရာတော်ကို မည်သူမျှမမြင်ကြ။ ကိုယ်တော်သည် သူ့လူများနှင့်အတူနေ၍ အံ့ဘွယ်နိမိတ် လက္ခဏာများ မကြာခဏပြခဲ့သော်လည်း ကိုယ်တိုင်မှာမူ အရိပ်ပမာရှိနေသဖြင့် လူ့မျက်စိဖြင့် မမြင်နိုင်ကြ။

ဆာလံဆရာက တေးကဗျာကို သပ်သပ်ယပ်ယပ် အဆုံးသတ်သည်။ မောရှေနှင့်အာရုန်တို့က သူ့လူများအား သိုးထိန်းပမာ ကန္တာရတောတလျှောက် ထိန်းကျောင်းပုံဖြင့်ပုံဥပမာပေးသွားသည်။ သို့ဖြင့် အာသပ်သည် စိတ်ရောဂါဆေးရုံမှ ကျန်းမာရွင်လန်းစွာဖြင့်ဆေးရုံဆင်းလာသည်။ သို့ဖြင့် ဤဆာလံ ကျမ်းကို ဤသို့ဖြင့်ခွန်အားရယူကြသည်။

မိမိအရေးဦးစားပေးက စိတ်ပျက်အားငယ်စရာ

ပတ်၀န်းကျင်က စိတ်ဓါတ်ကျစရာ

ခရစ်တော်ကြည့်မှသာ ရွှင်လန်းအားတက်ဘွယ်ရာ

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။