ဆာလံကျမ်း - ၇၅

တရားစီရင်တော်မူသောဘုရားသခင်
1အိုဘုရားသခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါ၏။ နာမတော်နီးကြောင်းကို အံ့ဖွယ်သော အမှုတော်တို့သည် သက်သေခံကြသည်ဖြစ်၍၊ ကိုယ်တော်ကို ချီးမွမ်းကြပါ၏။
2ချိန်းချက်သော အချိန်ကာလနှင့် ငါတွေ့ကြုံသောအခါ ဖြောင့်မတ်စွာ တရားစီရင်မည်။ 3မြေကြီးနှင့် မြေကြီးသားအပေါင်းတို့သည် လှုပ်ရှားခြင်းရှိသည်ဖြစ်၍၊ မြေကြီးတည်သောတိုင်တို့ကို ငါထောက်ခံရ၏။ 4မိုက်သောအကျင့်ကို မကျင့်ကြနှင့်ဟု မိုက်သောသူတို့အားလည်းကောင်း၊ ဦးချိုကို မမြှောက်ကြနှင့်။ 5သင်တို့၏ ဦးချိုကို မချီးမြှောက်ကြနှင့်။ လည်ပင်းခိုင်မာလျက် မပြောကြနှင့်ဟု မတရားသောသူတို့အားလည်းကောင်း ငါပြောထား၏။ 6အရှေ့၊ အနောက်၊ တောင်အရပ်တို့တွင် အဘယ်အရပ်မျှကျေးဇူးမပြုနိုင်။ 7ဘုရားသခင်သည် စီရင်ပိုင်တော်မူ၏။ တစ်ယောက်ကိုနှိမ့်ချ၍၊ တစ်ယောက်ကို ချီးမြှောက်တော်မူ၏။ 8ထာဝရဘုရား၏လက်တော်၌ ဖလားရှိ၏။ နီသောစပျစ်ရည်ပါ၏။ ဆေးမျိုးနှင့် ရောလျက်ရှိ၏။ ထိုစပျစ်ရည်ကို လောင်းတော်မူ၏။ အနည်အဖတ်ကိုလည်း မတရားသော မြေသားအပေါင်းတို့သည် ညှစ်၍သောက်ရကြ၏။ 9ငါမူကား အစဉ်မပြတ်ချီးမွမ်း၍၊ ယာကုပ်အမျိုး၏ဘုရားသခင်ကို ထောမနာသီချင်းဆိုပါမည်။ 10မတရားသောသူတို့၏ ဦးချိုအပေါင်းကို ငါချိုးမည်။ တရားသောသူ၏ ဦးချိုတို့မူကား၊ ချီးမြှောက်ခြင်းသို့ ရောက်ရကြလိမ့်မည်။

ဆာလံကျမ်း - ၇၅ (အနက်ဖွင့်)

ဆာ ၇၅၊ နာမတော်ချီးမြောက်ခြင်းအကြောင်းရင်း

          ဆာ ၇၄၊ ဆုတောင်းချက်ကို ဆာ ၇၅တွင် အဖြေပေးသည်။ ဘုရားသခင်သည် ထတော်မူ၍ လျှောက်လဲသံများကို (ဆာ ၇၄:၂၂) အဖြေပေးတော်မူပြီ။ ဤဆာလံသီချင်း သည် လူ့လောကသို့သခင်ခရစ်တော်ပြန်လည်ကြွလာ၍ နိုင်ငံတော်တည်ဆောက်အုပ်စိုးမည့် နိမိတ်ပုံရိပ်ဖြစ်သည်။

၇၅: ကယ်တင်ရှင်သခင် ဦးဆောင်၍သူ့လူများက ဘုရားသခင်ကိုချီမွမ်းစကား ဆိုကြသည်။ နီးကပ်စွာရှိတော်မူကြောင်း အံ့သြဘွယ်ရာအမှုလက္ခဏာများဖြင့် အထင်အရှား ပြသသည်။ မိမိလူများကိုရွေးနှုတ်၍ ရန်သူများကိုအပြစ်ဒဏ်ပေးမည်။ အံ့ဘွယ်လက္ခဏာ များဖြင့်ထင်ရှားစေပြီ။

          ၇၅: ချိန်းချက်သောအချိန်ကာလတွေ့ကြုံသောအခါ ဖြောင့်မတ်စွာတရားစီရင်မည် ဟုသခင်ဘုရားက ဆက်ပြောသည် ။ထိုအချိန်အခါအကိုဘုရားရှင်တော်က ပရောဖက်ပြုချက် “မင်းသားမှူးမတ်တို့သည် တရားသဖြင့်စီရင်ကြလိမ့်မည်” (ဟေရှာ ၃၂:၁) အတိုင်းပြည့်စုံ စေမည်။

၇၅: ထိုချိန်းဆိုသောကာလရောက်သောအခါ လူ့အဖွဲ့အစည်းအစိုးရမင်းများ ရွေ့လျားသွား ကြပြီး၊ မဖောက်ပြန်မပျက်စီးနိုင်သော နိုင်ငံတော်သစ်ထူထောင်မည်။ လူ့အဖွဲ့အစည်းများ သည် စိတ်ဓါတ်ရေးရာ၊ အကျင့်စာရိတ္တရေးရာ၊ နိုင်ငံရေးရာများယိုယွင်းပျက်စီးသွားသော် လည်း ဘုရားသခင်၏အုပ်စိုခြင်း မဏ္ဍိုင်သည်ယိမ်းယိုင်ချိနဲ့ခြင်းမရှိပဲ ခိုင်ခံ့နေမည်။

၇၅: လူမိုက်လူသွမ်းများအား “မဆိုးကြနှင့်၊ မရမ်းကားကြနှင့်”ဟု သတိပေးသည်။ လူမိုက်တို့မိမိကိုယ်ကို ဘာထင်ကြသလဲ။ မဝါကြွားနှင့်။ မထောင်လွှားနှင့်။ တနေ့ဘာမှမဖြစ်နိုင်သကဲ့သို့ မနေကြနှင့်။ မိမိကိုယ်ကိုမလှည့်စားကြနှင့်။

          ၇၅: ဂုဏ်သတင်းကြီးမားခြင်းသည် ထိုကဲ့သို့မိမိကိုယ်ကိုချီးမြှောက်ဝါကြွားခြင်းနည်း လမ်းမဟုတ်။ အမှန်တကယ် ဂုဏ်သတင်းကြီးသူသည် အရှေ့အနောက်တောင် အရပ်လေးမျက်နှာမှ လာသည်။ မြောက်အရပ်မပါသည်ကို သတိပြုပါ။ မြောက်အရပ်သည်ကျူးကျော်စော်ကားသူများ ရောက်လာရာအရပ်ဖြစ်သည်။ ချီးမြှောက်ခြင်းထက် စစ်ရေးစစ်ရာစကားဆိုသည်။ တခါတရံမူ ဘုရားသခင်စိုးစံရာဌာနတော် (ဟေရှာ ၁၄:၁၃၊ဆာ ၄၈:၂)အဖြစ်သုံးသည်။ တနည်းအားဖြင့် လူ့နှုတ်ဖျားဖြင့် မြောက်စားခြင်သည်မာန်ဝင့်စရာမဟုတ်။ ဘုရားသခင်၏ချီးမြှောက်ခြင်းကိုသာ ဂုဏ်ယူရသည်။ ကိုယ်တော်သာလျှင် အကြီးမားဆုံးသောအရှင်သခင်၊ ခိုကိုးရာဖြစ်သည်။ ကိုယ်တော် မှတပါး အခြားသောသူ ခိုကိုးရာမရှိ။

:၉က ကိုယ်တော်သည်ကြီးမြတ်တော်မူသည့်အတိုင်း လက်တော်ထဲတွင်ဖလားကိုင်ထား သည်။ ထိုခွက်ဖလားထဲတွင် တရားစီရင်ခြင်း ဝိုင်အရက်ဖြည့်သည်။ အနီရောင်ရှိ၍ အမြှုပ်တစီစီ ဗလောင်ကိုလောင်းချသောအခါ လောကငမိုက်သားများက အငမ်းမရသောက်သုံးကြသည်။

၇၅:၉ခ၁၀  နောက်ဆုံးကျမ်းပိုဒ်(၂)ခုကိုလည်း သခင်ယေရှု၏စကားတော်များဖြစ်သည်။ နောက်ဆုံးကာလတိုင်အောင် ယာကုပ်၏ဘုရားကိုချီးမွမ်းစကားဆိုပါမည်။ မရှိဆင်းရဲသားများကို ချီးမြှောက်တော်မူသော ဘုရားသခင်ကိုချီးမွမ်းမည်။ လူဆိုးလူမိုက်တို့၏ဝါကြွားထောင်လွှားရာ ဦးချို ကိုချိုးပစ်မည်။ ဖြောင့်မတ်သူများ၏တန်ခိုးနှင့်ကျက်သရေမူကားတက်နေဝန်းပမာ တိုးပွားလာမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။