ဆာလံကျမ်း - ၇၃

အတွဲ ၃
(ဆာလံ၊ ၇၃-၈၉)
ဖိနှိပ်မှုအတွက်တောင်းလျှောက်ခြင်း
1အကယ်စင်စစ် ဘုရားသခင်သည် နှလုံးသန့်ရှင်းသောသူတည်းဟူသော ဣသရေလအမျိုး၌ ကျေးဇူးကြီးတော်မူ၏။ 2ငါမူကား၊ ခြေချော်လုလျက်၊ ခြေရာလွဲလုလျက် ရှိမိပြီ။ 3အကြောင်းမူကား၊ မတရားသောသူတို့၏ စည်းစိမ်ကိုမြင်သောအခါ၊ မိုက်သောသူတို့ကိုပင် ငါငြူစူမိပြီ။ 4ထိုသူတို့သည် မသေမီတိုင်အောင် နာကြင်ခြင်းဝေဒနာမရှိ။ ခိုင်မာသောအစွမ်းသတ္တိ ရှိကြ၏။ 5သူတို့သည် လောကဓံဒုက္ခ မရှိ။ လူများကဲ့သို့ အနှောင့်အယှက်ကိုမခံရကြ။ 6ထိုကြောင့် မာနကို လည်ဆွဲတန်ဆာကဲ့သို့ဆင်၍၊ ညှဉ်းဆဲခြင်းအဝတ်ကိုလည်း ဝတ်တတ်ကြ၏။ 7ဆူဝသောကြောင့် မျက်နှာမော်လျက်ရှိကြ၏။ စိတ်နှလုံးကြံစည်ခြင်းအားဖြင့် လွန်ကျူးတတ်ကြ၏။ 8ဆိုးသောညှဉ်းဆဲခြင်းကိုပင် ပြက်ရယ်ပြု၍ ပြောတတ်ကြ၏။ ထောင်လွှားသောစကားကိုလည်း သုံးတတ်ကြ၏။ 9သူတို့နှုတ်သည် ကောင်းကင်နှင့် ဆန့်ကျင်ဘက်ပြု၍၊ လျှာသည်လည်း မြေကြီးကို လှည့်လည်တတ်၏။ 10ထိုကြောင့် ဘုရားသခင်၏လူတို့သည် သူတို့ထံသို့ ပြန်သွား၍ များစွာသောရေကို မျိုရကြ၏။ 11ဘုရားသခင်သည် အဘယ်သို့သိတော်မူမည်နည်း။ အမြင့်ဆုံးသောဘုရား၌ ဉာဏ်ရှိပါလိမ့်မည်လောဟု ဆိုတတ်ကြ၏။ 12ထိုမတရားသောသူတို့သည် အစဉ်ကောင်းစား၍ ဥစ္စာပွားများကြ၏။ 13အကယ်စင်စစ် ငါ့နှလုံးကို ငါသန့်ရှင်းစေသော်လည်း အကျိုးမရှိ။ အပြစ်ကင်းခြင်းနှင့် ငါ့လက်ကို ဆေးကြောသော်လည်း အကျိုးမရှိ။ 14နေ့တိုင်း နှောင့်ယှက်ခြင်းနှင့် နံနက်တိုင်းဆုံးမခြင်းကိုငါခံရ၏။
15ထိုသို့သဘောကျမည်ဟု အကျွန်ုပ်ဆိုလျှင်၊ ကိုယ်တော်၏အမျိုးသားတို့ကို ပြစ်မှားရာသို့ ရောက်ပါလိမ့်မည်။ 16ထိုအမှုကိုနားလည်ရအောင် ဆင်ခြင်သောအခါ အလွန်ခက်သည်ဟု ထင်ပါ၏။ 17နောက်မှ ဘုရားသခင်၏ သန့်ရှင်းရာဌာနထဲသို့ဝင်၍၊ သူတို့၏အဆုံးကို နားလည်ရပါ၏။ 18အကယ်စင်စစ် ကိုယ်တော်သည် သူတို့ကို ချောသောအရပ်၌ ထားတော်မူပြီ။ ဖျက်ဆီးရာအရပ်သို့ ချတော်မူ၏။ 19တစ်ခဏချင်းတွင် အကျိုးနည်းကြပါပြီတကား။ ဘေးဥပဒ်များအားဖြင့် ရှင်းရှင်းပယ်ပျောက်လျက် ရှိကြပါပြီတကား။ 20အိုထာဝရဘုရား၊ လူသည် နိုးသောအခါ အိပ်မက်ကိုမှတ်သကဲ့သို့ သူတို့ကို နှိုးတော်မူသောအခါ၊ သူတို့အကြံအစည်ကို မထီမဲ့မြင်ပြုတော်မူမည်။ 21ထိုသို့ အကျွန်ုပ်သည်နှလုံးနာလျက်၊ ကျောက်ကပ်မွှေနှောက်လျက်ရှိ၍၊ 22မိုက်သောသူ၊ ပညာမဲ့သောသူ ဖြစ်ပါ၏။ ရှေ့တော်၌ တိရစ္ဆာန်ကဲ့သို့ ဖြစ်ပါ၏။ 23သို့သော်လည်း အကျွန်ုပ်သည် ကိုယ်တော်ထံမှာအစဉ်ရှိ၍၊ အကျွန်ုပ်၏လက်ယာလက်ကို ဆွဲကိုင်တော်မူ၏။ 24အကျွန်ုပ်ကို ဉာဏ်ပေး၍ ပဲ့ပြင်တော်မူမည်။ နောက်တစ်ဖန် ဘုန်းအသရေ၌ သိမ်းယူတော်မူမည်။ 25ကိုယ်တော်မှတစ်ပါး၊ ကောင်းကင်ဘုံမှာ အကျွန်ုပ်၌ အဘယ်သူရှိပါသနည်း။ ကိုယ်တော်ကိုအလိုရှိသည်နှင့်အမျှ မြေကြီးပေါ်မှာအကျွန်ုပ်သည် အဘယ်အလိုရှိပါသနည်း။ 26အကျွန်ုပ်၏အသားနှင့် နှလုံးသည်ပျက်ကြပါ၏။ သို့သော်လည်း၊ ဘုရားသခင်သည် အကျွန်ုပ်နှလုံး၏ အစွမ်းသတ္တိ၊ အကျွန်ုပ်အစဉ်အမြဲ ခံစားရာအဖို့ ဖြစ်တော်မူ၏။ 27အကယ်စင်စစ် ကိုယ်တော်နှင့် ဝေးဝေးနေသောသူတို့သည် ပျက်စီးခြင်းသို့ ရောက်ရကြပါ၏။ ကိုယ်တော်နှင့်ကွာ၍ မှားယွင်းသောသူအပေါင်းတို့ကို ပယ်ရှင်းတော်မူ၏။ 28အကျွန်ုပ်မူကား၊ ဘုရားသခင့်ထံတော်သို့ ချဉ်းကပ်၍ အကျိုးရှိပါ၏။ အမှုတော်ရှိသမျှတို့ကို ကြားပြောခြင်းအလိုငှာ၊ အရှင်ထာဝရဘုရား၌ ခိုလှုံလျက်နေပါ၏။

ဆာလံကျမ်း - ၇၃ (အနက်ဖွင့်)

အပိုင်း()ဆာ၇၃၈၉ ဆာ ၇၃ ယုံကြည်ခြင်းအကြပ်ရိုက်မှု

          ၇၃: အာသပ်၏စကားဖြစ်သည်။ ဘုရားသခင်သည်ဣသရေလလူမျိုးအပေါ်သို့ ကောင်းမြတ်သည့်စိတ်နှလုံးဖြူစင်စွာ ယုံစားအပ်သည်ဟုဆိုသည်။ ထိုစကားကိုမည်သူမှ စောဒကတက်မည်မဟုတ်ကြောင်း သေချာသည်။

၇၃: သို့သော် အံ့သြမိသည့်အကြောင်းအချက်ရှိသည်။ မတရားသူများကြွယ်ဝချမ်းသာပုံ မြင်ရသည့်အခါယုံကြည်ခြင်းလှုပ်ခတ်ယိမ်းယိုင်မိသည်။ မတော်မတရားဝိသမလောဘသမားများ သည်ကျိကျိတက်ချမ်းသာကြသည်။ ပျော်ရွှင်သာယာကြသည်။ ပူပင်သောကကင်းမဲ့ကြသည်။ ထိုသူများကဲ့သို့ဖြစ်ချင်စမ်းပါဘိ။

၇၃: အရာခပ်သိမ်းသည် သူ့အကြောင်းနှင့်သူရှိကြသည်။ ယုံကြည်သူများကဲ့သို့ ခန္ဓာကိုယ်ပင်ပန်းဆင်းရဲခြင်းမခံရကြ။ ကျန်းမာကြံ့ခိုင်၍ ဆုံးရှုံးမှုကြုံတွေ့လျင်လည်း ချက်ခြင်းပြန် လည်ဖြည့်ဆည်းနိုင်ကြသည်။ သို့ကြောင့်မိမိကိုယ်ကို ကိုးစားကြသည်။ ခန္ဓာကိုယ်စိုပြေသည့်အတိုင်း ဦးနှောက်လည်းသွက်လက်သည်။ တွေးကြောင်ငေးမှိုင်သည်ဟူ၍မရှိ။ ဆန့်ကျင်ဉပေက္ခာပြုသူများကို စိတ်ကြိုက်ပြင်ဆင်ဆက်ဆံနိုင်ကြသည်။ ဘုရားသခင်ကလည်း ထိုသူတို့၏မတော်မတရားမှုများကို အရေးမယူ။ ပြောစကားများကလည်း သူတပါးကိုမထီမဲ့မြင်ပြု၍ အထက်စီးစကားများဖြစ်သည်။ ကောင်းကင်ကိုဆန့်ကျင်ဘက်ပြု၍ မြေကြီးကိုလည်းလှည့်စားကြသည်။ “ငါလမ်းငါသွားတယ်။ ဘာဖြစ်လဲ”ဟုဆိုကြသည်။

          ၇၃:၁၀၁၂ သာမန်လူများက လူတွင်ကျယ်ဟုထင်မှတ်ကြသည်။ သွင်ပြင်ဟန်ပန်နှင့် အဆောင်အယောင်များက လေးစာလောက်သည်။ ပတ်ဝန်းကျင်ကသူတို့အပြစ်ဒုစရိုက်ကိုမမြင်ကြ။ သို့ကြောင့်ငါတကောကောနိုင်ကြသည်။ ဘုရားသခင်ရှိမှန်းကိုလည်းမသိကြ။ သူတို့လုပ်ဆောင်ချက် အားဘုရားသခင်အကြည့်အရှုနေသည်ကို နားမလည်ကြ။ ဘေးကင်းလုံခြုံသည်ဟုထင်နေကြသည်။ ဘဝတသက်လုံးဇိမ်ရှိရှိအသက်ရှင်နေမည်ဟု ထင်မြင်ကြသည်။

၇၃:၁၃၁၄ တစ်ခုစဉ်းစားလိုက်မိသည်မှာလည်းထိုသူများသည် သူတပါးကောင်းကျိုးဘာလုပ် ကြပါသလဲ။ အကျွန်ုပ်သည်လည်းသူများကောင်းကျိုးဘာလုပ်ပါသလဲ။ စုဆောင်းသည်။ နှုတ်ကပတ်တော်လေ့လာခြင်း၌ မွေ့လျော်သည်။ အလှူငွေပါဝင်သည်။ အမှုတော်မြတ်၍ တက်ကြွစွာ ပါဝင်သည်။ ထိုသို့နေစဉ်လုပ်ဆောင်သမျှသည် တကယ်အကျိုးရှိပါသလား။ မိမိကိုယ်ကိုနှိပ်စက်ခြင်း များလား။ ယုံကြည်သူသည်ကြွယ်ဝချမ်းသာသည်မဟုတ်လား။

၇၃:၁၅ သို့သော်အကျွန်ုပ်၏ယုံကြည်သူများသံသယကိုအခြားယုံကြည်သူ မိတ်ဆွေများသို့မပြောစဘူး ပါ။ ထို့ထက်ကောင်းသောအကြံအစည်ရှိပါသည်။ လူများကို “ငါ့မှာ စိတ်လှုပ်ရှားနေတယ်။ သင့်ခိုင်မားမှုကိုမျှဝေပါဦး”ဟု တောင်းခံလေ့ရှိပါသည်။ သို့ဖြင့်အကျွန်ုပ်၏ယုံမှားမှုများကို ချုပ်တည်းထားပါသည်။ အောက်ကျို့ရိုကျိုးစွာနေပါသည်။ စိတ်ဝိညာဉ်ကိုတည်ငြိမ်စေပါသည်။

၇၃:၁၆ ကဏှာမငြိမ်နိုင်ပါ။ ဖြောင့်မတ်သူများဆင်းရဲမွဲတေ၍မတရားသူများ ကြွယ်ဝချမ်း သာပုံမြင်တိုင်း စိတ်မကောင်းဖြစ်မိသည်။ ထိုအကြောင်းကိုဂဃနဏနားမလည်နိုင်ပါ။ အဖြေရှာ စဉ်းစားတိုင်း ခေါင်းပိုကိုက်ပါသည်။

၇၃:၁၇ ထိုအခိုက်ထူးခြားဖြစ်စဉ်ကြုံရသည်။ ဘုရားသခင်၏သန့်ရှင်းရာဌာနတော်သို့ မြန်းခိုက် (ယေရုရှလင်ဗိမာန်တော်မဟုတ်၊ ကောင်းကင်ပုံရိပ်သွင်းခံယူခြင်းဖြစ်သည်ကြုံရသည်။ ယုံကြည်ခြင်းဖြင့်ဝင်ရောက်သည်။ လူ့လောကတွင်မတော်မတရားသူများ ချမ်းသာသည့်အကြောင်း ဆင်ခြေဆင်လက်ပေးလိုက် လျှပ်ကနဲအတွေးဝင်လာသည်။ “အကျွန်ုပ်ဘဝအတွက်ဘာဖြစ်သလဲ”။ ထိုသူများ၏ထာဝရအရေးတွေးကြည့်လျှင် ပိုမိုပီပြင်လာသည်။

၇၃:၁၈၂၀ ဘုရားသခင်ထံတော်သို့လျှောက်လဲသည်။ ဘုရားရှင်ထိုလူဆိုး၏ဘဝကံကြမ္မာ သဘောပေါက်ပါပြီ။ ထိုသူများသည် ချောလဲနိုင်သောနေရာတွင် လျှောက်လှမ်းကြပါသည်။ မကြာခင်မှာ ချော်လဲကြ၍ပျက်စီးကြဦ:မည်။ မျက်စိတမှိတ်လျှပ်တပြက်မှာ ကြောက်မက်ဘွယ်ရာ လှိုင်းလုံးများအကြား၍ ပျောက်ကွယ်သွားကြမည်။ အိမ်မက်ပမာပျောက်ကွယ်သွားကြမည်။ အိမ်မက်ပမာပျောက်ကွယ်တတ်သော လောကစည်းစိမ်ပါတကား။ ထိုလောကရတနားများကြောင့် နှစ်ခြိုက်စွာအိပ်မပျော်သည့် ညဉ့်ပေါင်းများခဲ့ပြီ။

၇၃:၂၁၂၂ ထိုသူများကိုမနာလိုစရာအကြောင်းမရှိတော့ပါ။ ဘုရားတရားမသိသူများ၏ စည်းစိမ်ဉစ္စာမနာလိုခြင်းသည် အဟိတ်တိရစ္ဆာန်သို့နှယ် အသိခေါက်ခက်အဝင်နက်ခြင်းပါပဲလား။ ကျွန်ုပ်သည် တိရစ္ဆာန်ထက်မိုက်မဲသည်ဟု ကိုယ်တော်ကဲ့ရဲ့သည်ကို ဝန်ခံပါသည်။

၇၃:၂၃၂၄ အကျွန်ုပ်သည် ထိုမျှမိုက်မဲပါသော်လည်းကိုယ်တော်က စွန့်ပစ်ခြင်းမပြု။ ဖခင်က သားသမီးများကို လက်တွဲ၍လမ်းလျှောက်သည့်နှယ် ကိုယ်တော်သည်အကျွန်ုပ်ကိုဂရုစိုက်သည်။ အကျွန်ုပ်နှင့်အတူ ရှိတော်မူသည်။ ဘဝတစ်ခုလုံးပဲ့ပြင်လမ်းပြသည်သာမက ဘုန်းတစ်ခုးကိုလည်း ပေးဦးမည်။

၇၃:၂၅၂၆ ကိုယ်တော်နှင့်အတူကောင်းကင်ဘုံတွင် စံမြန်းရလျှင်ကျေနပ်လုံလောက်ပါသည်။ ထိုသည်သာလျှင် အကျွန်ုပ်၏အန္တိမရည်မှန်းချက်၊ ဘဝမျှော်လင့်ချက်ဖြစ်ပါသည် ။ကိုယ်တော်မှ တပါးလူ့လောကမှာ တပ်မက်စရာမရှိတော့ပါ။ ဘုရားတရားမသိသူများ၏ လောကစည်းစိမ်ကို နားလည်ပါပြီ။ ကိုယ်တော်သာလျှင်အကျွန်ုပ်ဘဝ၏ လိုအပ်ချက်ဖြစ်ပါသည်။ အကျွန်ုပ်၏ရုပ်ခန္ဓာ ပျောက်လွှင့်၍ ဆံချည်မျှင်ကျလျှင်လည်း ကိုယ်တော်သိသည်။ ဘုရားသခင်သည်သာလျှင် လူ့ဘဝ၏အရှင်သခင် ၊ထာဝရလိုအပ်ချက်ဖြစ်ပါသည်။

          ၇၃:၂၇၂၈ ကိုယ်တော်နှင့်ဝေးလံသူများသည် မလွဲဧကန်ပျက်စီးပုပ်သိုးကြမှာပါ။ ကိုယ်တော် နှင့်ဝေးရာအရပမှာ ရုပ်တုဆင်းတု ဘုရားတုကိုးကွယ်သူများသည် ဧကန်မုချပုပ်ဆွေးကြမည်။ အကျွန်ုပ်သည် ကိုယ်တော်နှင့်ဝေးရာအရပ်မှာမနေနိုင်။ အနီးဆုံးနေရာမှာနေရပါလို၏။ ကိုယ်တော်၏ အကွယ်အကာခိုလှုံပါရစေ။ အမှုတော်ဟူသမျှကို သူသတပါးထံသို့ ပြောကြားနိုင်ဖို့ ကိုယ်တော်အကြောင်းသိပါရစေ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။