ဆာလံကျမ်း - ၇၃
ဆာလံကျမ်း - ၇၃ (အနက်ဖွင့်)
အပိုင်း(၃)ဆာ၇၃–၈၉ ဆာ ၇၃ ယုံကြည်ခြင်းအကြပ်ရိုက်မှု
၇၃:၁ အာသပ်၏စကားဖြစ်သည်။ ဘုရားသခင်သည်ဣသရေလလူမျိုးအပေါ်သို့ ကောင်းမြတ်သည့်စိတ်နှလုံးဖြူစင်စွာ ယုံစားအပ်သည်ဟုဆိုသည်။ ထိုစကားကိုမည်သူမှ စောဒကတက်မည်မဟုတ်ကြောင်း သေချာသည်။
၇၃:၂–၃ သို့သော် အံ့သြမိသည့်အကြောင်းအချက်ရှိသည်။ မတရားသူများကြွယ်ဝချမ်းသာပုံ မြင်ရသည့်အခါယုံကြည်ခြင်းလှုပ်ခတ်ယိမ်းယိုင်မိသည်။ မတော်မတရားဝိသမလောဘသမားများ သည်ကျိကျိတက်ချမ်းသာကြသည်။ ပျော်ရွှင်သာယာကြသည်။ ပူပင်သောကကင်းမဲ့ကြသည်။ ထိုသူများကဲ့သို့ဖြစ်ချင်စမ်းပါဘိ။
၇၃:၄–၉ အရာခပ်သိမ်းသည် သူ့အကြောင်းနှင့်သူရှိကြသည်။ ယုံကြည်သူများကဲ့သို့ ခန္ဓာကိုယ်ပင်ပန်းဆင်းရဲခြင်းမခံရကြ။ ကျန်းမာကြံ့ခိုင်၍ ဆုံးရှုံးမှုကြုံတွေ့လျင်လည်း ချက်ခြင်းပြန် လည်ဖြည့်ဆည်းနိုင်ကြသည်။ သို့ကြောင့်မိမိကိုယ်ကို ကိုးစားကြသည်။ ခန္ဓာကိုယ်စိုပြေသည့်အတိုင်း ဦးနှောက်လည်းသွက်လက်သည်။ တွေးကြောင်ငေးမှိုင်သည်ဟူ၍မရှိ။ ဆန့်ကျင်ဉပေက္ခာပြုသူများကို စိတ်ကြိုက်ပြင်ဆင်ဆက်ဆံနိုင်ကြသည်။ ဘုရားသခင်ကလည်း ထိုသူတို့၏မတော်မတရားမှုများကို အရေးမယူ။ ပြောစကားများကလည်း သူတပါးကိုမထီမဲ့မြင်ပြု၍ အထက်စီးစကားများဖြစ်သည်။ ကောင်းကင်ကိုဆန့်ကျင်ဘက်ပြု၍ မြေကြီးကိုလည်းလှည့်စားကြသည်။ “ငါလမ်းငါသွားတယ်။ ဘာဖြစ်လဲ”ဟုဆိုကြသည်။
၇၃:၁၀–၁၂ သာမန်လူများက လူတွင်ကျယ်ဟုထင်မှတ်ကြသည်။ သွင်ပြင်ဟန်ပန်နှင့် အဆောင်အယောင်များက လေးစာလောက်သည်။ ပတ်ဝန်းကျင်ကသူတို့အပြစ်ဒုစရိုက်ကိုမမြင်ကြ။ သို့ကြောင့်ငါတကောကောနိုင်ကြသည်။ ဘုရားသခင်ရှိမှန်းကိုလည်းမသိကြ။ သူတို့လုပ်ဆောင်ချက် အားဘုရားသခင်အကြည့်အရှုနေသည်ကို နားမလည်ကြ။ ဘေးကင်းလုံခြုံသည်ဟုထင်နေကြသည်။ ဘဝတသက်လုံးဇိမ်ရှိရှိအသက်ရှင်နေမည်ဟု ထင်မြင်ကြသည်။
၇၃:၁၃–၁၄ တစ်ခုစဉ်းစားလိုက်မိသည်မှာလည်းထိုသူများသည် သူတပါးကောင်းကျိုးဘာလုပ် ကြပါသလဲ။ အကျွန်ုပ်သည်လည်းသူများကောင်းကျိုးဘာလုပ်ပါသလဲ။ စုဆောင်းသည်။ နှုတ်ကပတ်တော်လေ့လာခြင်း၌ မွေ့လျော်သည်။ အလှူငွေပါဝင်သည်။ အမှုတော်မြတ်၍ တက်ကြွစွာ ပါဝင်သည်။ ထိုသို့နေစဉ်လုပ်ဆောင်သမျှသည် တကယ်အကျိုးရှိပါသလား။ မိမိကိုယ်ကိုနှိပ်စက်ခြင်း များလား။ ယုံကြည်သူသည်ကြွယ်ဝချမ်းသာသည်မဟုတ်လား။
၇၃:၁၅ သို့သော်အကျွန်ုပ်၏ယုံကြည်သူများသံသယကိုအခြားယုံကြည်သူ မိတ်ဆွေများသို့မပြောစဘူး ပါ။ ထို့ထက်ကောင်းသောအကြံအစည်ရှိပါသည်။ လူများကို “ငါ့မှာ စိတ်လှုပ်ရှားနေတယ်။ သင့်ခိုင်မားမှုကိုမျှဝေပါဦး”ဟု တောင်းခံလေ့ရှိပါသည်။ သို့ဖြင့်အကျွန်ုပ်၏ယုံမှားမှုများကို ချုပ်တည်းထားပါသည်။ အောက်ကျို့ရိုကျိုးစွာနေပါသည်။ စိတ်ဝိညာဉ်ကိုတည်ငြိမ်စေပါသည်။
၇၃:၁၆ ကဏှာမငြိမ်နိုင်ပါ။ ဖြောင့်မတ်သူများဆင်းရဲမွဲတေ၍မတရားသူများ ကြွယ်ဝချမ်း သာပုံမြင်တိုင်း စိတ်မကောင်းဖြစ်မိသည်။ ထိုအကြောင်းကိုဂဃနဏနားမလည်နိုင်ပါ။ အဖြေရှာ စဉ်းစားတိုင်း ခေါင်းပိုကိုက်ပါသည်။
၇၃:၁၇ ထိုအခိုက်ထူးခြားဖြစ်စဉ်ကြုံရသည်။ ဘုရားသခင်၏သန့်ရှင်းရာဌာနတော်သို့ မြန်းခိုက် (ယေရုရှလင်ဗိမာန်တော်မဟုတ်၊ ကောင်းကင်ပုံရိပ်သွင်းခံယူခြင်းဖြစ်သည်ကြုံရသည်။ ယုံကြည်ခြင်းဖြင့်ဝင်ရောက်သည်။ လူ့လောကတွင်မတော်မတရားသူများ ချမ်းသာသည့်အကြောင်း ဆင်ခြေဆင်လက်ပေးလိုက် လျှပ်ကနဲအတွေးဝင်လာသည်။ “အကျွန်ုပ်ဘဝအတွက်ဘာဖြစ်သလဲ”။ ထိုသူများ၏ထာဝရအရေးတွေးကြည့်လျှင် ပိုမိုပီပြင်လာသည်။
၇၃:၁၈–၂၀ ဘုရားသခင်ထံတော်သို့လျှောက်လဲသည်။ ဘုရားရှင်ထိုလူဆိုး၏ဘဝကံကြမ္မာ သဘောပေါက်ပါပြီ။ ထိုသူများသည် ချောလဲနိုင်သောနေရာတွင် လျှောက်လှမ်းကြပါသည်။ မကြာခင်မှာ ချော်လဲကြ၍ပျက်စီးကြဦ:မည်။ မျက်စိတမှိတ်လျှပ်တပြက်မှာ ကြောက်မက်ဘွယ်ရာ လှိုင်းလုံးများအကြား၍ ပျောက်ကွယ်သွားကြမည်။ အိမ်မက်ပမာပျောက်ကွယ်သွားကြမည်။ အိမ်မက်ပမာပျောက်ကွယ်တတ်သော လောကစည်းစိမ်ပါတကား။ ထိုလောကရတနားများကြောင့် နှစ်ခြိုက်စွာအိပ်မပျော်သည့် ညဉ့်ပေါင်းများခဲ့ပြီ။
၇၃:၂၁–၂၂ ထိုသူများကိုမနာလိုစရာအကြောင်းမရှိတော့ပါ။ ဘုရားတရားမသိသူများ၏ စည်းစိမ်ဉစ္စာမနာလိုခြင်းသည် အဟိတ်တိရစ္ဆာန်သို့နှယ် အသိခေါက်ခက်အဝင်နက်ခြင်းပါပဲလား။ ကျွန်ုပ်သည် တိရစ္ဆာန်ထက်မိုက်မဲသည်ဟု ကိုယ်တော်ကဲ့ရဲ့သည်ကို ဝန်ခံပါသည်။
၇၃:၂၃–၂၄ အကျွန်ုပ်သည် ထိုမျှမိုက်မဲပါသော်လည်းကိုယ်တော်က စွန့်ပစ်ခြင်းမပြု။ ဖခင်က သားသမီးများကို လက်တွဲ၍လမ်းလျှောက်သည့်နှယ် ကိုယ်တော်သည်အကျွန်ုပ်ကိုဂရုစိုက်သည်။ အကျွန်ုပ်နှင့်အတူ ရှိတော်မူသည်။ ဘဝတစ်ခုလုံးပဲ့ပြင်လမ်းပြသည်သာမက ဘုန်းတစ်ခုးကိုလည်း ပေးဦးမည်။
၇၃:၂၅–၂၆ ကိုယ်တော်နှင့်အတူကောင်းကင်ဘုံတွင် စံမြန်းရလျှင်ကျေနပ်လုံလောက်ပါသည်။ ထိုသည်သာလျှင် အကျွန်ုပ်၏အန္တိမရည်မှန်းချက်၊ ဘဝမျှော်လင့်ချက်ဖြစ်ပါသည် ။ကိုယ်တော်မှ တပါးလူ့လောကမှာ တပ်မက်စရာမရှိတော့ပါ။ ဘုရားတရားမသိသူများ၏ လောကစည်းစိမ်ကို နားလည်ပါပြီ။ ကိုယ်တော်သာလျှင်အကျွန်ုပ်ဘဝ၏ လိုအပ်ချက်ဖြစ်ပါသည်။ အကျွန်ုပ်၏ရုပ်ခန္ဓာ ပျောက်လွှင့်၍ ဆံချည်မျှင်ကျလျှင်လည်း ကိုယ်တော်သိသည်။ ဘုရားသခင်သည်သာလျှင် လူ့ဘဝ၏အရှင်သခင် ၊ထာဝရလိုအပ်ချက်ဖြစ်ပါသည်။
၇၃:၂၇–၂၈ ကိုယ်တော်နှင့်ဝေးလံသူများသည် မလွဲဧကန်ပျက်စီးပုပ်သိုးကြမှာပါ။ ကိုယ်တော် နှင့်ဝေးရာအရပမှာ ရုပ်တုဆင်းတု ဘုရားတုကိုးကွယ်သူများသည် ဧကန်မုချပုပ်ဆွေးကြမည်။ အကျွန်ုပ်သည် ကိုယ်တော်နှင့်ဝေးရာအရပ်မှာမနေနိုင်။ အနီးဆုံးနေရာမှာနေရပါလို၏။ ကိုယ်တော်၏ အကွယ်အကာခိုလှုံပါရစေ။ အမှုတော်ဟူသမျှကို သူသတပါးထံသို့ ပြောကြားနိုင်ဖို့ ကိုယ်တော်အကြောင်းသိပါရစေ။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။