ဆာလံကျမ်း - ၇၀

ကူမတော်မူရန်ဆုတောင်း
“အောက်မေ့စေခြင်းငှာ စပ်ဆိုသောဆာလံ။”
(ဆာလံ၊ ၄၀း၁၃-၁၇)
1အိုဘုရားသခင်၊ အကျွန်ုပ်ကို နုတ်ယူတော်မူပါ။ အိုထာဝရဘုရား၊ အကျွန်ုပ်ကိုမစခြင်းငှာ အလျင်အမြန် ပြုတော်မူပါ။ 2အကျွန်ုပ်အသက်ကို သတ်ခြင်းငှာ ရှာကြံသောသူတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါစေသော။ အကျွန်ုပ်၌ အန္တရာယ်ပြုချင်သောသူတို့သည် လှန်ခြင်းကိုခံရ၍၊ ရှက်ကြောက်ခြင်းသို့ ရောက်ကြပါစေသော။ 3အကျွန်ုပ်ကို အေ့ဟေ၊ အေ့ဟေဟု ဆိုသောသူတို့သည် အရှက်ကွဲခြင်းအားဖြင့် နောက်သို့လှန်ခြင်းကို ခံရကြပါစေသော။ 4ကိုယ်တော်ကို ရှာသောသူအပေါင်းတို့သည် ကိုယ်တော်၌ ဝမ်းမြောက်ရွှင်လန်းကြပါစေသော။ ကယ်တင်တော်မူခြင်းကျေးဇူးကို နှစ်သက်သောသူတို့သည်၊ ဘုရားသခင်ဘုန်းကြီးတော်မူစေသတည်းဟု အစဉ်မပြတ် ပြောကြပါစေသော။ 5အကျွန်ုပ်မူကား၊ ဆင်းရဲငတ်မွတ်ပါ၏။ အိုဘုရားသခင်၊ အကျွန်ုပ်ရှိရာသို့ အလျင်အမြန် ကြွတော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကို မစသောသူ၊ ကယ်တင်သောသူ ဖြစ်တော်မူ၏။ အို ထာဝရဘုရား၊ ဆိုင်းလင့်တော်မမူပါနှင့်။

ဆာလံကျမ်း - ၇၀ (အနက်ဖွင့်)

ဆာ ၇၀ အမြန်ကယ်တော်မူပါ

          ဆာ ၇၀ သည် ဆာ ၄သ:၁၃-၁၇ကိုပြန်ကြော့ခြင်းဖြစ်သည်။ ဒါဝိဒ်မင်း၏ဆာလံသီချင်းဖြစ် ၍အပိုင်း ၄ပိုင်းခွဲခြားလေ့လာနိုင်သည်။

အမြန်ကယ်တော်မူပါ (၇၀:)

          ဆရာကြီး Morgan က “အရေးပေါ်စိုးရိမ်ရသောအခြေအနေဖြစ်သည်”ဟုဆိုသည်။ အပိုဒ်ငယ် ၁တွင်ဒါဝိဒ်သည် အသဲအသန်အော်သံကြားနေရသည်။ အမြန်ဆုံးကယ်တင်ရန် ဘုရားသခင်ထံဆုတောင်းသည်။

အရေးယူအပြစ်ပေး ပေးပါရန် (၇၀:)

          ရန်သူများကတဖက်စောင်းနင်း ဖိစီးနေကြပြီ။ သတ်ဖြတ်ဖို့ကြိုးစားနေကြသည်။ ဘေးရန်ပြု ကြသည်။ တရားရေလွှတ်ဒုက္ခအမျိုးမျိုးပေးကြသည်။ ထိုသို့ဘေးရန်ကြုံရသည်ကိုမြင်ကြရသော် လည်း ဖေးမကူညီခြင်းမပြုဘဲ ရှောင်ကြဉ်ကြသူများလည်းရှိသည်။ ထိုလူများအားလုံးကိုဘုရား သခင်က အရေးယူပေးပါ။ အပြစ်ပေးတော်မူပါ။ တရားသဖြင့်စီရင်ပေးပါ။ အရှက်တကွဲအကျိုးနည်း ဖြစ်ကြပါစေ။

အဆက်မပြတ်ချီးမွမ်းကိုးကွယ်ပါရစေ (၇၀:)

          ဆာလံဆရာဆုတောင်းသည့်အတိုင်း ဘုရားသခင်ကအမြန်ကယ်တော်မူပြီးလျှင် ဆာလံဆရာ ကဘုရားရှင်အား ပီတိလှိုင်းလုံးကြီးများဖြင့် ချီးမွမ်းပါမည်။ ဘုရားသခင်ကို ရှာဖွေသူတိုင်း ကူညီမစ ခြင်းခံကြရပါမည် ။မဟာကယ်တင်ရှင်အဖြစ်ချီးမွမ်းထောမနာ ပြုကြပါသည်။

အမြန်ကူညီတော်မူပါ (၇၀:)

          ဆင်းရဲဒုက္ခတွင်းမှ အမြန်ကယ်တင်ပါရန်ထပ်ခါထပ်ခါဆင့်ခေါ်သည်။ ဒါဝိဒ်သည်ယုံကြည်မှု ကျဆင်းခြင်းမရှိသော်လည်း သေချာခိုင်မာအောင်ထပ်ဆိုသည်။ ဘုရားသခင်၏ ကူညီမှုရွေးနှုတ်မှု မရဘဲမနေဟု ယုံကြည်စိတ်ချပြီးသားဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။