ဆာလံကျမ်း - ၆၆
ဆာလံကျမ်း - ၆၆ (အနက်ဖွင့်)
ဆာ ၆၆ လာလော့၊ ကြည့်လော့၊ နားဆင်လော့
၆၆:၁–၄ ပထမအပိုဒ်ငယ် (၄)ခုတွင် ဆာလံဆရာက ဘုရားသခင်၏နာမတော်ချီးမွမ်းသီဆို ကြဖို့လောကသားများအားလုံး ဖိတ်ခေါ်သည်။ နာမတော်ချီးမွမ်းပွဲသည် ခြိမ့်ခြိမ့်သဲပျော်ရွှင်ဘွယ် ဖြစ်မှာသေချာသည်။ ဘုရားသခင်သည် ချီးမွမ်းထိုက်သူဖြစ်သောကြောင့် ချီးမွမ်းထောမနာပြုရ သည်။ စကားလုံးတိုင်းဝါကျတိုင်းသည် ဝတ်ပြုကိုးကွယ်ထိုက်သည့် အကြောင်းဖြစ်သည်။ အနည်း ငယ်ကြည့်ရှုကြပါစို့။
နာမတော်ကိုဂုဏ်ပြုသီချင်းဆိုလော့
ချီးမွမ်းခြင်း၏ဂုဏ်အသရေပြကြလော့
ကိုယ်တော်စီရင်သောအမှုသည်အံ့သြဘွယ်ရာ
ရန်သူတို့ကတောင်းပန်ကြလိမ့်မည်။
နာမတော်အား သီချင်းဆိုကြစေသောဟု
ဘုရားသခင်းအားလျှောက်ထားကြလော့။
ဘုရားသခင်၏နိုင်ငံတော်တည်ဆောက်သောအခါ ဤဆာလံသီချင်းသည်မလွဲမသွေ လူကြိုက်အများဆုံးဖြစ်လာမည်။
၆၆:၅–၇ အပိုဒ်ငယ် ၅-၇ပါကျွန်ုပ်တို့၏ နှင့် ကျွန်ုပ်တို့ကို ဟူသောဝေါဟာရသည်နောက်ဆုံး သောနေ့ရက်များ၌ ဣသရေလလူမျိုးများသို့ ဧဝံဂေလိတရားပျံနှံ့သည့်အကြောင်းနှင့် ဣသရေလူများ ကတိုင်းနိုင်ငံသားများ ဖိတ်ခေါ်သည့်အကြောင်းဖြစ်သည်။ အံ့သြဘွယ်ရာကြောက်လန့်ဘွယ်ရာအ ဖြစ်အပျက်နှစ်ခုကြုံတွေ့ခဲ့ကြဘူးသည်။ ပင်လယ်နီဖြတ်သန်းခဲ့ကြစဉ် ကုန်းမြေချောက်ချောက်ပေါ် တွင်ခြေချဖြတ်သန်းခဲ့ကြသည်။ နောက်မကြာမှီ ယော်ဒန်မြစ်အားတဖန်ဖြတ်သန်းကြစဉ် ထိုနည်း အတိုင်းမြေခြောက်ခြောက်ပေါ်တွင် နင်းလျှောက်ရပြန်သည်။ ဣသရေလသမိုင်းကြောင်းတွင် အဘယ်မျှ ထူးဆန်းအံ့သြဘွယ်ရာနည်း။ ထိုဘုရားရှင်ကို သိမြင်သူတိုင်းတိုင်းနိုင်ငံသားများကိုလည်း ကြည့်ရှုနေကြောင်းနားလည်ကြသည်။ ထိုအဖြစ်အပျက်ကို မယုံကြည်ငြင်းပယ်သူများသည် လူမိုက် ဖြစ်သည်။
၆၆:၈–၁၂ ဣသရေလလူမျိုးကိုကောင်းချီးပေးသကဲ့သို့ ဘုရားသခင်ကတပါးအမျိုးသားများ ကိုလည်းတနည်းတဖုံစောင့်ရှောက်ပါသည်။ ထိုသို့ကြည့်ရှုစောင့်ရှောက်ပုံကို အောက်ပါကျမ်းစကား များဖြင့်နားလည်ရသည်-
ငွေကိုစစ်ဆေးသကဲ့သို့ကျွန်ုပ်ကိုစစ်ဆေးတော်မူပြီ (ငယ်၁၀)
ကျော့ကွင်းထဲမှာကျော့မိစေသည် (ငယ်၁၁က)။
လေးသောဝန်ကိုတင်တော်မူပြီ (ငယ်၁၁ခ)။
ခေါင်းပေါ်မှာသူတပါးကို စီးစေတော်မူပြီ (ငယ်၁၂က)။
မီး၌၎င်း၊ရေ၌၎င်းသွားရသောလည်းကျေးဇူးတော်ကြောင့်ကြွယ်ဝခြင်းသို့ရောက်၏ (ငယ်၁၂ခ)
သို့သော်လည်းဘုရားသခင်ကထိုလူများအားစုန်းစုန်းမမြှုပ်စေလိုပါ။ ကြွယ်ဝချမ်းသာ စေမည်။ အနှစ်တထောင်တိုင်းပြည်တွင် ဣသရေလလူများကြွယ်ဝချမ်းသာကြမည်။ ထိုအကြောင်း ကို William ကဤသို့ဆိုသည်-
စာတန်နှင့်လူများက ဣသရေလလူမျိုးကိုမျိုးတုံးစေလို၍တစိုက်မတ်မတ်ကြိုးစားပြသော် လည်းအနှစ်တထောင်တိုင်းပြည်တည်သောနံနက်ခင်း၌ဇိအုန်တောင်ပေါ်တွင် ဣသရေလလူ(၂)မျိုး ပေါ်ပေါက်လာကြသည်။ ဤကျမ်းပိုဒ်အခန်းငယ် ၉ကိုသက်သေထူကြမည်။ ချစ်ခြင်းမေတ္တာနှင့် ဉာဏ်ပညာရှိကြကြောင်း အစစ်ဆေးခံသက်သေထူကြမည် (ငယ် ၁၀-၁၂)။၄၆
၆၆:၁၃–၁၅ အပိုဒ်ငယ် ၁၃-၂၀မှ အကျွန်ုပ်နှင့်အကျွန်ုပ်၏ဟူသောဝေါဟာရသည် တကိုယ် တော်ပင်တိုင်ဆိုသည့်အပိုဒ်ဖြစ်သည်။ ကျမ်းစာသုတေသီအများအပြားက တေးသံရှင်သည်ဣသရေ လတို့၏ယဇ်ပုရောဟိတ်ကြီး သခင်ယေရှုဖြစ်သည်ဟုမှတ်ချက်ပြုကြသည်။ အဘဘုရားသခင်ထံသို့ မီးရှို့ရာယဇ်ယူဆောင်လာသည်။ ဆင်းရဲဒုက္ခရောက်စဉ် ပြုထားသောကတိတော်ပြည့်စုံကြောင်း ချီးမွမ်းသည်။ လက်ဝါးကပ်တိုင်ပေါ်မှာ ကိုယ်တော်ခံစားရသည့် ဆင်းရဲဒုက္ခ၊ သူ့လူများအတွက် ကိုယ်တော်ခံစားရသည့်ဝေဒနာ “အမှုရောက်လေရာရာ၌ သူတို့ကိုညှဉ်းဆဲတော်မမူ” (ဟေရှာ ၆၃:၉) လည်းဖြစ်နိုင်သည်။
မီးရှို့ယဇ်၊ နွာဆိတ်၊ သိုးများမီးရှို့ပူဇော်သည့်အကြောင်းဖတ်ရှုသည့်အခါ စာသားပါအတိုင်း အတိအကျကောက်ယူရန်မဟုတ်မ။ မေရှိယသခင်ကသူ့လူများအတွက် ဝိညာဉ်ရေးရာယဇ်ပူဇော် ခြင်းကိုဆိုလိုသည်။ ရွေးကောက်ထားသောလူနည်းစုကို ရည်ညွှန်းသည်။ ဘုရားသခင်၏နိုင်ငံတော် ပြန်လည်တည်ဆောက်သောအခါ ယဇ်ပူဇော်ရမည့်ပုံစံဖြစ်ပါသည်။
၆၆:၁၆–၁၉ အပိုဒ်ငယ် ၅တွင် “လာလော၊ ကြည့်လော့”ဟုဖိတ်ခေါ်၍ ယခုအပိုဒ်ငယ်၁၆တွင် “လာလော့၊ နားထောင်လော့” ဟုဖိတ်ခေါ်သည်။ ဘုရားသခင်၏လက်တော်ရာများကို မျက်စိဖြင့် မြင်နိုင်ကြသော်လည်း စကားတော်များမှာဝိညာဉ်တော်ဖြင့်သာ ကြားသိနိုင်သည်။ မေရှိယသခင်က ဘုရားသခင်ချစ်ကြောက်သူများကိုပင့်ဖိတ်သည်။ ထိုသူများ၏ဆုတောင်းသံများအံ့သြဘွယ်ရာအဖြေ ပေးပုံကိုကြည့်ရှုစေချင်သည်။ ကိုယ်တော်ထံသို့အော်ဟစ်ဆုတောင်းခဲ့ကြသည်မဟုတ်ပါ။ ထိုအကြောင်းကို ဟေဗြဲ ၅:၇တွင် “ထိုခရစ်တော်သည်လူ့ဇာတိအဖြစ်၌ နေစဉ်ကာလ၊ သေခြင်းမှ ကင်းလွှတ်နိုင်တော်မူသောသူကို ကြီးစွာသောကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်းဖြင့်ဆုတောင်း ပဌနာပြု၌ကြောက်ရွံ့ခြင်းအမှု၌ ချမ်းသာရ၏”ဟုဆိုသည်။ စိတ်နှလုံးထဲတွင် အပြစ်ရှိနေလျှင် ထိုဆုတောင်းသံအားဘုရားရှင်နားညောင်းမည်မဟုတ်။ အပြစ်ဒုစရိုက်မပြုလျှင် ဘုရားသခင်က နာညောင်းတော်မူသည် (ဟေဗြဲ ၅:၇)။
၆၆:၂၀ နိဂုံးကျမ်းစကားဖြင့်ခွန်အားယူကြပါစို့။
ငါမြွတ်ဆိုသောပဌာနကိုပယ်တော်မမူ။
ကျေးဇူးတော်ကိုရုပ်သိမ်းခြင်းမပြုသော
ဘုရားသခင်သည်မင်္ဂလာရှိတော်မူစေသတည်း။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။