ဆာလံကျမ်း - ၆၅

ဖန်ဆင်းခြင်းများအတွက်ချီးမွမ်းခြင်း
1အို ဘုရားသခင်၊ ဇိအုန်မြို့၌ ကိုယ်တော်ရှေ့မှာ ငြိမ်ဝပ်စွာနေ၍ ချီးမွမ်းရပါ၏။ ကိုယ်တော်အားလည်း သစ္စာဝတ်ကိုဖြေရပါ၏။ 2ပတ္ထနာစကားကို နားထောင်တော်မူသောဘုရား၊ ကိုယ်တော်ထံသို့ လူသားအပေါင်းတို့သည် ချဉ်းကပ်ရကြလိမ့်မည်။ 3မတရားသောအမှုသည် အလွန်များ၍ အကျွန်ုပ်သည် မတတ်နိုင်ပါ။ သို့သော်လည်း၊ အကျွန်ုပ်တို့ ပြစ်မှားခြင်း အပြစ်များကို ကိုယ်တော်ဖြေရှင်းတော်မူမည်။ 4တံတိုင်းတော်အတွင်း၌ နေ၍၊ အထံတော်သို့ ချဉ်းကပ်စေခြင်းငှာ၊ ကိုယ်တော် ရွေးကောက်တော်မူသော သူသည် မင်္ဂလာရှိပါ၏။ သန့်ရှင်းသော ဗိမာန်တော်တည်းဟူသော အိမ်တော်၌ ကောင်းသောအရာတို့နှင့် အကျွန်ုပ်တို့သည် ဝပြောကြပါစေသော။
5အကျွန်ုပ်တို့ကို ကယ်တင်တော်မူသော ဘုရား၊ အကျွန်ုပ်တို့၏ ပတ္ထနာကိုနားထောင်၍ အံ့ဖွယ်သောအမှုတို့ကို တရားတော်နှင့်အညီ ပြတော်မူ၏။ ကိုယ်တော်သည် ဝေးစွာသောမြေကြီးစွန်းနှင့်၊ ပင်လယ်စွန်းတို့၌ နေသောသူတို့၏ ကိုးစားရာ ဖြစ်တော်မူ၏။ 6ကိုယ်တော်သည် တန်ခိုးနှင့်ပြည့်စုံသဖြင့်၊ အားကြီး၍ တောင်များကိုတည်စေတော်မူ၏။ 7သမုဒ္ဒရာမြည်သံ၊ လှိုင်းတံပိုးဟုန်းသံ၊ လူတို့ ရုန်းရင်းခတ်သံများကိုလည်း ငြိမ်းစေတော်မူ၏။ 8အဝေးဆုံးသောအရပ်တို့၌ နေသောသူတို့သည် ကိုယ်တော်၏နိမိတ်များကိုမြင်၍ ကြောက်ရွံ့ကြပါ၏။ နေထွက်ရာအရပ်နှင့် နေဝင်ရာအရပ်တို့ကို ရွှင်လန်းစေတော်မူ၏။ 9မြေကြီးကို အကြည့်အရှုကြွလာ၍၊ မိုးကိုများစွာရွာစေလျက်၊ ရေနှင့်ပြည့်သော ဘုရားသခင်၏ မြစ်အားဖြင့် အလွန်ကြွယ်ဝစေတော်မူ၏။ ထိုသို့မြေကိုပြုပြင်ပြီးမှ၊ မြေသားတို့အဖို့ စပါးကို ပြုပြင်တော်မူ၏။ 10မြေရိုးတို့ကို စိုစွတ်စေ၍၊ လယ်ပြင်ကို တညီတည်းစီရင်ပြီးမှ၊ မိုးရွာသောအားဖြင့် ပျော့စေ၍၊ ပေါက်သောအပင်များကို ကောင်းချီးပေးတော်မူ၏။ 11နှစ်တို့ကို ကျေးဇူးတော်နှင့် ပတ်ရစ်တော်မူ၍၊ ခြေတော်ရာတို့သည် ဆီဥယိုတတ်ကြပါ၏။ 12သာယာသော တောအရပ်တို့လည်းယို၍၊ တောင်တို့သည်လည်း ပီတိခါးစည်းနှင့် စည်းလျက်ရှိကြပါ၏။ 13ကျက်စားရာအရပ်တို့သည် သိုးဆိတ်စုတို့နှင့် ပြည့်စုံလျက်၊ လယ်ပြင်တို့လည်း စပါးပင်နှင့် လွှမ်းမိုးလျက်ရှိ၍၊ ကျူးဧသောအသံနှင့် သီချင်းဆိုကြပါ၏။

ဆာလံကျမ်း - ၆၅ (အနက်ဖွင့်)

ဆာ ၆၅အနှစ်တထောင်ကောက်ရိတ်တေး

          ဆာ ၆၅ကိုအိမ်ပြန်ကောက်ရိတ်တေးအဖြစ်လူသိများသည်။ သခင်ဘုရားဒုတိယအကြိမ်ပြန် လည်ကြွလာခြင်းနှင့်ပတ်သက်သည်ဟု အနက်ဖွင့်ဆိုကြသည်။

၆၅: ဣသရေလလူများသည်ရာစုနှစ်ချီ၍ဘုရားသခင်နှင့်စိမ်းကားကြသောအခါ ဇိအုန်တောင် သည်လည်းခြောက်သွေ့ခဲ့သည်။ သို့သော်ဘုရားသခင်၏ရှေးဦးလူများသည် အထံတော် တွင်ပြန်လည်စုစည်း၍ကိုယ်တော်ကို ချီးမွမ်းကြမည့်အချိန်အခါစောင့်မျှော်ကြသည်။ နောက်ဆုံးတွင် ကတိတော်စကားသည်ပြည့်စုံရစမြဲ။ ဆိုလိုသည်မှာ လူတိုင်းကတိတော်အားဒူးထောက်အညံ့ခံ ရသည် (ဟေရှာ ၄၅:၂၃)။ ထိုစကားမှာမေရှိယကတိတော်လာ ဆာ ၂၂:၂၂ “ပရိတ်သတ်အလယ်မှာ ကိုယ်တော်ကိုချီးမွမ်းမည်” ကိုရည်ညွှန်းသည်။ သို့မဟုတ် ဘေးဒဏ်ကြီးကာလတွင်ရွေးကောက်ခံ ထားသောလူနာည်းစုတို့ကမေတ္တာတော် ဆက်ကပ်ခြင်း၊ ကိုးကွယ်ခြင်း၊ နှီးနွယ်ပတ်သက်သည့် အကြောင်းဖြစ်နိုင်သည်။

၆၅: မည်သို့ဖြစ်စေ၊ အပိုဒ်ငယ် ၁ သည်ဣသရေလူမျိုးကို အဓိကထားသည်မှန်သော်လည်း လူသားအားလုံးနှင့်သက်ဆိုင်သည်။ ဘုရားသခင်သည် ယုံကြည်စွာဆုတောင်းသံကို နားညောင်း သောဘုရားဖြစ်သည်။ အသက်တာပြောင်းလဲသောတိုင်းနိုင်ငံသားများသည် ကိုယ်တော်ထံသို့ ယုံကြည်စွာဆုတောင်းကြပါသည်။

၆၅: ဤကျမ်းပိုဒ်တွင်စကားပြောသူပြောင်းလဲသည်ကို အထူးမှတ်သားရမည်။ ပထမပိုင်း စကားစုတွင်မေရှိယသခင်သည် အပြစ်ဝန်ထုပ်ဝန်ပိုးအောက်တွင် ကရာနီတောင်ကုန်း၌ရှိနေသည်။ ရွေးကောက်ထားသောယုဒလူနည်းစုတို့က အဖြစ်မှန်သိရှိလာသည်နှင့်တပြိုင်နက် ကျွန်ုပ်တို့အပြစ်ပါ ဟုဝန်ခံလာကြသည်။ ထိုသူသည်ငါတို့ကျူးသောအပြစ်များကြောင့် နာကျင်စွာထိုးခြင်း၊ နှိပ်စက်ခြင်း ကိုခံရလေ၏။ ငါတို့ငြိမ်သက်ခြင်းချမ်းသာကို ဖြစ်သောဆုံးမခြင်းသည် သူ့အပေါ်သို့ရောက်၍ သူခံရသောဒဏ်ချက်အားဖြင့် ငါတို့သည်အနာပျောက်လျက်ရှိကြပြီ (ဟေရှာ ၅၃:၅)။ ဣသရေလလူ များသည် မိမိအပြစ်ကိုဝန်ခံကြသည်နှင့်တပြိုင်နက် ထာဝရအပြစ်ခွင့်လွှတ်ခြင်းရရှိကြသည်။

၆၅: ပထမပိုင်းသည် မေရှိသခင်ယေရှု၏စကားဖြစ်သည်ဟုသိရှိပြီးသော် ဒုတိယပိုင်းသည် ရွေးနှုတ်ခံဣသရေလလူတို့၏စကားဖြစ်ကြောင်း နားလည်နိုင်သည်။ ဘုရားသခင်ဘိသတ်ပေးထား သောသားတော်အကြောင်းကို ဟေရှာ ၄၂:၁တွင် “ငါနှစ်သက်မြတ်နိုးရာ ငါရွေးချယ်သောသူ” ဟုဆို ထားသည်။ ထိုမေရှိယသခင်သည် အထံတော်သို့ချဉ်းကပ်သောသူ လည်းဖြစ်နိုင်သည်။ မေလခိဇဒက်ကဲ့သို့သော ထာဝရယဇ်ပုရောဟိတ်ကြီးလည်း ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော် တွင်တည်လျက် အထံတော်တွင်နီးစပ်ပူးကပ်စွာနေထိုင်သည်။

ရွေးကောက်ထားသောလူနည်းစုသည် ဘုရားသခင်၏အိမ်တော်တွင် သန့်ရှင်းသောဗိမာန်တော်တွင် ဘုရားသခင်၏ကောင်းမြတ်ခြင်းကိုခံစားကြရသည်။ ဤကျမ်းချက်ကို ဓမ္မဆရာများကစောဒက တက်ကြလေ့ရှိသည်။ အဘယ်သို့ဆိုသော် ဒါဝိဒ်မင်းသည် သေလွန်သည့်တိုင်အောင်ဗိမာန်တော် မဆောက်ဖြစ်။ မည်သို့ဆိုစေ ဗိမာန်တော်ဆိုသည်မှာ စကားအသုံးအနှုန်းဖြစ်၍ တခါတရံတဲတော်ကို ရည်ညွှန်းပါသည်။ ရှောလမုန်မင်းလက်ထက်တွင်သာလျှင် ဗိမာန်တော်ဆောက်ဖြစ်သည် (၁ရာ ၁:၉၊ ၃:၃၊ ၂ရာ ၂၂:၇)။

၆၅: ရွေးနှုတ်ခံလူနည်းစုအကြောင်းဖြစ်သည်။ ဘုရားသခင်ကထိုသူများ၏ ဆုတောင်းသံကိုနားညောင်း၍ ရန်သူများကိုဖြိုခွင်းပေးသည်။ ဘုရားသခင်သည်လူများ၏ ကယ်တင်ခြင်း၊ ယုံကြည်အားထားရာဖြစ်ကြောင်း၊ ပင်လယ်ရပ်ခြားဒေသသို့သတင်းပျံ့နှံ့သွားသည်။ ဘုရားသခင်သည်ကြီးမြတ်ပါပေသည်။ တန်ခိုးကြီးတော်မူသည့်အတိုင်း တောင်ကုန်းတောင်တန်း ကြီးများကိုလည်းတည်စေတော်မူ၏။ ပင်လယ်လှိုင်းလုံးကြီးများနှင့်ဒီရေများသည်လည်း ကိုယ်တော် ဖန်ဆင်းရာလက်အောက်၌ရှိသည်။ (ဂါလိလဲပင်လယ်အဖြစ်အပျက်ကိုသတိရပါ)။ တပါးအမျိုးသား များကလည်းကိုယ်တော်အား တမဟုတ်ခြင်းသိရှိသွားကြသည်။

၆၅: ကိုယ်တော်၏သတင်းစကားမကြားဘူးသူ မယုံကြည်သူများသည်ကိုယ်တော်ရောက် လာသည့်နိမိတ်လက္ခဏာမျိုးကြားသိသည့်အခါ အံ့သြတုန်လှုပ်ကြသည်။ ယုံကြည်သူများ၏ အရပ်ဒေသတွင်မူကား နေထွက်ရာမှနေဝင်သည့်တိုင်အောင် ပျော်ရွှင်ကြသည်။

၆၅: အပိုဒ်ငယ် ၉-၁၃ သည်မျိုးစေ့ကြဲချိန်မှကောက်ရိတ်သိမ်းသည့်ကာလ၊ အထူးသဖြင့် ယခင်ကျိန်ဆဲခြင်းခံရသူ အနှစ်တထောင်ကာလ၌ ချီးမြှောက်ခြင်းခံရမည့်အကြောင်း သစ်ငုတ်တို မြက်ငုတ်တိုများကောင်းစားမည့်အကြောင်းဖြစ်သည်။

နွေဦးရာသီကဲ့သို့ဘုရားသခင်အလည်အပတ်ရောက်လာမည်။ မြစ်ရိုးကမ်းပါးတလျှောက် မျိုးကြဲပြီး၍သိမ်သလ္လာများဖုံးအုပ်မည်။ မြေကြီးကိုပြင်ဆင်ပြီးလျှင် မျိုးစေ့များအပင်ပေါက်လာကြ မည်။

          ၆၅:၁၀ မျိုးစေ့ပေါက်သည့်ကာလ၌ လယ်ယာမြေသည်ပျော့ပျောင်းသည်။ မြေကြီးကအစို ဓါတ်ပေးသည်။ မြေဆွေးများကအစိုဓါတ်ထိန်းပေးသဖြင့် မြေသြဇာပျော့၍ မျိုးစေ့ပေါက်ရောက် လာသည်။

၆၅:၁၁၁၃ ဘုရားသခင်သည် ကောင်းမြတ်တော်မူသည့်အတိုင်းထိုမျိုးစေ့ကိုအညှောင်ထွက် အပင်ပေါက်စေသည်။ ခြေလှမ်းကြွလေရာတိုင်းမှာ မြစ်ရေစီးဆင်းစေသည် (Knox ကမူ) မြက်ခင်း လွင်ပြင် တို့သည်စိမ်းစိုလျက်ပနာတင့်တယ်ကြ၏။ တောင်ကုန်းတောင်နွယ်များတွင် အပင်ပေါက်ရာ မျိုးစေ့ပွားကြသည်မှာ မင်္ဂလာတရားတပါးတည်း။ တောင်ကုန်းတောင်တန်းတစ်ခုလုံးသို့ သရေခြုံကြ သည်မှာငေးမောလောက်ဘွယ် ပသာဒလှပါဘိ။ တဖန်မှည့်ချိန်တန်လျှင် လွင်ပြင်တစ်ခုလုံးမှည့်ဝင်း၍ ပျော်မဆုံးမော်မဆုံး တပြုံးပြုံးရိတ်ကြရပြန်သည်။မေရှိယသခင်နေ့ရက်ရောက်တော့မည့် နိမိတ်ပုံ ဆောင်ခြင်းတည်း။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။