ဆာလံကျမ်း - ၆၀

ကယ်ဆယ်တော်မူရန်ဆုတောင်း
“ဒါဝိဒ်သည် မေသောပေါတာမိရုရိဇောတမှလူတို့ကို တိုက်ခိုက်ရာ၊ ယွာဘသည်ပြန်လှည့်၍ ဧဒုံလူ တစ်သောင်းနှစ်ထောင်တို့ကို ဆားချိုင့်တွင်သတ်ပြီးနောက် သွန်သင်ရန်ဒါဝိဒ်စပ်ဆိုသောဆာလံ။”
(၂ရာ၊ ၈း၁၃၊ ၅ရာ၊ ၁၈း၁၂)
1အိုဘုရားသခင်၊ ကိုယ်တော်သည် အမျက်ထွက်သဖြင့်၊ အကျွန်ုပ်တို့ကို စွန့်ပစ်၍ အရပ်ရပ်သို့ ကွဲပြားစေတော်မူပြီ။ တစ်ဖန် အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူပါ။ 2မြေကြီးကို လှုပ်၍ ခွဲတော်မူပြီ။ ကွဲအက်ရာတို့ကို တစ်ဖန် စေ့စပ်စေတော်မူပါ။ တုန်လှုပ်လျက် ရှိပါသေး၏။ 3ကိုယ်တော်၏လူတို့ကို ခက်ထန်စွာစီရင်၍၊ မှိုင်တွေခြင်း စပျစ်ရည်ကိုတိုက်တော်မူပြီ။ 4ကိုယ်တော်ကို ကြောက်ရွံ့သော သူတို့သည် သစ္စာတရားကြောင့် ထူရသောအလံကို ပေးသနားတော်မူပြီ။ 5ချစ်တော်မူသော သူတို့သည် ချမ်းသာရမည်အကြောင်း၊ အကျွန်ုပ်စကားကိုနားထောင်၍၊ လက်ယာလက်ရုံးတော်အားဖြင့် ကယ်တင်တော်မူပါ။
6သန့်ရှင်းခြင်းပါရမီတော်ကို တိုင်တည်၍ ဘုရားသခင်သည် ဗျာဒိတ်ထားတော်မူသောကြောင့်၊ ငါသည် ဝမ်းမြောက်မည်။ ရှေခင်မြို့ကို ပိုင်းခြားမည်။ သုကုတ်လယ်ပြင်ကို တိုင်းထွာမည်။ 7ဂိလဒ်ပြည်ကို ငါပိုင်ရ၏။ မနာရှေပြည်ကိုလည်း ငါပိုင်ရ၏။ ဧဖရိမ်ပြည်ကား၊ ငါ့ဦးခေါင်း၏အစွမ်းဖြစ်ရ၏။ ယုဒပြည်ကား၊ ငါ၏လွှတ်တော်ဖြစ်ရ၏။ 8မောဘပြည်ကား၊ ငါ့ရေချိုးအိုးဖြစ်ရ၏။ ဧဒုံပြည်ကား၊ ငါ့ခြေနင်းရာ ဖြစ်ရ၏။ ဖိလိတ္တိပြည်အပေါ်မှာ အောင်သံနှင့် ကြွေးကြော်မည်။ 9အားကြီးသော မြို့ထဲသို့ ငါ့ကို အဘယ်သူ သွင်းပေးမည်နည်း။ ဧဒုံပြည်သို့ ငါ့ကို အဘယ်သူလမ်းပြမည်နည်း။ 10အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မူသော ကိုယ်တော်သည် ပြုတော်မူမည် မဟုတ်လော။ အိုဘုရားသခင်၊ အကျွန်ုပ်တို့ဗိုလ်ခြေနှင့်အတူ ကြွတော်မမူသော ကိုယ်တော်သည် ပြုတော်မူမည် မဟုတ်လော။ 11ဒုက္ခနှင့် ကင်းလွတ်စေခြင်းငှာ မစတော်မူပါ။ လူတို့သည် ကယ်တင်ခြင်းငှာ မတတ်နိုင်ကြပါ။ 12ဘုရားသခင်အားဖြင့် ငါတို့သည် ရဲရင့်စွာ ပြုကြမည်။ ငါတို့၏ ရန်သူများကို ကိုယ်တော်တိုင်နင်းတော်မူမည်။

ဆာလံကျမ်း - ၆၀ (အနက်ဖွင့်)

ဆာ ၆၀ ဘုရားရှင်သာမျှော်လင့်ရာ

          ဤဆာလံကျမ်း၏နောက်ခံသမိုင်းအကြောင်းမှာ ဒါဝိဒ်သည်မေသောပေါတာမိနှင့် ရှုရိဘုရင် ဇောဘမင်းတို့အား တိုက်ခိုက်ပြီးနောက်၎င်းစစ်သူကြီးယွာဘသည် ဆားချိုင့်ဝှမ်းတွင်ဧဒုံရန်သူပေါင်း တသောင်းနှစ်ထောင်ကိုသုတ်သင်ပြီးနောက်၎င်းအောင်ပွဲခံသည့် အချိန်ကာလဖြစ်သည်။ သို့သော်ထိုအောင်ပွဲသည်ယာယီအခိုက်အတန့် (၂ရာ ၈:၃-၁၄) မျှသာဖြစ်သည်။ သို့ကြောင့်ဒါဝိဒ်မင်းက ကောင်းကင်တံခါးပေါက်တိုင်အောင် တက်ရောက်တောင်းလျှောက်ခဲ့သည်။

ဆာလံကျမ်းပါအောက်ပါအချက်များကိုကြည့်ပါ-

၁။ ဣသရေလတို့၏အောင်မြင်ခြင်းသည် ဘုရားပေးလက်ဆောင် (ငယ်၁-၄)

၂။ ဣသရေလတို့မျှော်လင့်ချက်သည် ဘုရားသခင် (ငယ် ၅)

၃။ နောက်ပိတ်ဆုံးအောင်ပွဲဆင်ခြင်းသည် ဘုရားပေးကတိတော် (ငယ် ၆-၈)

၄။ ဣသရေလတို့လိုအပ်ချက်သည် ဘုရားရှင်အတွက် (ငယ် ၉-၁၁)

၅။ ဣသရေလတို့အားထားရာသည် ဘုရားရှင် (ငယ် ၁၂)

ဣသရေလတို့အောင်မြင်ခြင်းသည် ဘုရားပေးလက်ဆောင် (ငယ် )

          ၆၀: ဧဒုံရှုရိလူများ၏ လက်ချက်ဖြင့်စစ်သည်ပေါင်းများစွာဒဏ်ရာရရှိကြောင်း စစ်မြေပြင်သတင်းရရှိသောအခါ ဒါဝိဒ်ကဤသို့အဓိပ္ပါယ်ကောက်ယူသည်။ ဘုရားသခင်က အမျက်ဒေါသထွက်သောကြောင့် သူ့လူများမရှုမလှသွေးထွက်သံယိုဖြစ်ကြသည်။ ဘုရားသခင်က ဣသရေလလူမျိုးကို ပစ်ပယ်၍ဖြစ်ပေမည်။ အမျက်ဒေါသထွက်သောကြောင့် သူ့လူများကိုဂရုမစိုက် ရန်သူများကတိုက်ခိုက်ခြင်းဖြစ်သည်။ ဘုရားသခင်၏ကရုဏာတော်သင့်ဖို့ အချိန်မကျသေးဘူး လား။ စစ်တပ်အင်အားမပေးတော့ဘူးလား။

ငလျင်ဒဏ်ရာကဲ့သို့တိုင်းပြည်လည်းကွဲအက်ကုန်ပြီ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေခံ အဆောက်အအုံများ ပျက်စီးကုန်ပြီ။ လူမှုရေးမျက်နှာစာတွင်လည်း အပေါက်ဟောင်းလောင်းဖြစ်ကုန် ပြီ။ ဘုရားသခင်တပါးတည်းသာလျှင် ပုံမှန်အတိုင်းပြန်လည်ပြုပြင်ပေးနိုင်သည်။

တိုင်းသူပြည်သားလူအများကလည်းအကျင့်ပျက်ပြားကုန်ပြီ။ အရက်မူသမားများနှယ် ပြန်မပြောနားမထောင်ထုံပေပေ ပေကပ်ကပ်လုပ်နေကြသည်။

၆၀: မူရင်းကျမ်းတွင် ဤကျမ်းပိုဒ်သည်အဓိပ္ပါယ်ငုပ်နေသည်။ NKJV ကျမ်းမူက ဘုရားသခင်ကိုကြောက်ရွံ့သူများသည် အောင်လံထူကြသည်။ အဘယ်ကြောင့်ဆိုသော် သစ္စာတရား တည်ကြသည် ဟုဆိုသည်။ R.V ကျမ်းမူတွင် ဆန့်ကျင်ဘက်အဓိပ္ပါယ်ထွက်သည်။

အောင်လံထူသူများသည် ကြောက်ရွံ့ကြသဖြင့်အောင်လံမလွှင့်ရဲတော့ဘဲ ထွက်ပြေးတိမ်း ရှောင်ကြသည်။

ဘုရားသခင်၏လူများ အောင်ပွဲခံရသောကြောင့်အောင်လံလွှင့်ထူခြင်းမဟုတ်။ ရန်သူများချီ တက်တိုက်ခိုက်လာကြသည့်အမှတ်အသား အလံလှုပ်ပြခြင်းဖြစ်သည် ။သို့ဖြင့် ဒါဝိဒ်သည်နဝေတိမ် တောင်ဖြစ်နေသည်။

ဣသရေလတို့မျှော်လင့်ချက်သည်ဘုရားသခင် (ငယ်၅)

          ဆုတောင်းခြင်းသည်မိမိကိုယ်ကိုခြေသုတ်ပုဆိုးမြေစွယ်ကျိုးသို့ ရိုကျိုးအောက်ကျို့ခြင်းမှ ဖွားမြင်ပါသည်။ ဆာလံဆရာသည်ထိုစိတ်ထားဖြင့် သူ့ကိုယ်တိုင်နှင့်သူ့လူများအတွက်ဆုတောင်း သည်။ ချစ်တော်မူသောသူဟုဆိုသည်။ ဤကျမ်းပိုဒ်ကို Gelineau က “ညာလက်ရုံးတော်ဆန့်တန်း ၍ကိုယ်တော်၏မိတ်ဆွေများကို လာကယ်လှုပ်လော့” ဟုရေးသားသည်။

နောက်ပိတ်ဆုံးအောင်ပွဲဆင်ခြင်းသည် ဘုရားပေးကတိတော် (၆၀:)

          ၆၀: အငယ် ၆-၈သည် ဘုရားသခင်၏နှုတ်တော်ထွက်စကားဗျာဒိတ်တော်ဖြစ်သည်။ သန့်ရှင်းရာဌာနတော်မှ မိန့်တော်မူသည်။ ဣသရေလမြေပေါ်ရှိတပါးအမျိုးသားများအပေါ်သို့ စစ်အောင်မြင်မည့်အကြောင်းဖြစ်သည်။

ထိုကာလ၌ယုဒမြေပေါ်တွင် ရှေခင်၊ သုကုတ်၊ဂိလဒ်၊ မနာရှေ၊ ဧဖရိမ်နှင့်ယုဒလူများရှိကြ သည်။ ဘုရားသခင်က ထိုသူတို့ပိုင်မြေအဖြစ် ပြဌာန်းပေးသည်။ ရှေခင်လူများကို ယော်ဒန်မြစ် အနောက်ကမ်းနှင့်သူကုတ်ချိုင့်ဝှမ်းအရှေ့ကိုပေးထားသည်။ မနာရှေလူများသည် ယော်ဒန်မြစ်တဖက် ကမ်းဆီကိုခွယူထားကြသည်။

ဧဖရိမ်သည် ဣသရေလဗဟိုချက်ခြာနေရာယူသည်။ ဣသရေလလူမျိုး၏သံခမောက် ဖြစ်သည်။ တမျိုးသားလုံး၏တပ်အင်အားစုဖြစ်သည်။ ယုဒလူမျိုးသည် ယာကုပ်သေခါနီးပရောဖက် ပြုခံသည့်အတိုင်း (က၄၉:၁၀) ရာဇလှံတံကိုင်ဆောင်သူဖြစ်သည်။ အုပ်စိုးသူမင်းအာဏာ ပိုင်စားသည်။

၆၀: သုံးဖက်သုံးတန်ဝိုင်ရံထားသောရန်သူများကို ဘုရားသခင်ကသိမ်းပိုက်စေသည်။ အရှေ့တောင်အရပ်ရှိ ပင်လယ်ကမ်းခြေဒေသမှ မောဘပြည်ကိုရေချိုးရာအရပ်၊ ဧဒုံပြည်ကိုခြေဆေး ရာအရပ်၊ ဖိလိတ္တိပြည်ကို စခန်းသိမ်းအောင်ပွဲခံရာအရပ် ဟုသတ်မှတ်သည်။

၆၀: ဤနေရာတွင် ကျမ်းစကားပြောသူသည်နောက်တယောက်ဖြစ်သည်။၄၄ဘုရားသခင်၏ အသံတော်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ခိုင်ခံ့သောမြို့တော်ထဲသို့ မည်သူကမှ မသယ်ပိုးပေးနိုင် ကြ။ ဒါဝိဒ်သို့ရည်ရွယ်ပြောဆိုသည်။ ဧဒုံမြို့ကြီးပြကြီးများဖြစ်ခဲ့သော (ဗောဇရ၊ သိလနှင့်ပေတရာမြို့ များ) သည်ဣသရေလတို့လက်ထဲသို့ ရောက်ဦးမည်။ အဘယ်သို့ဆိုသော် ထိုမြို့များသည် ဧဒုံလူမျိုး တို့နေထိုင်ရာဖြစ်သည်။ ဒါဝိဒ်သည်ဘုရားသခင်၏ အသုံးတော်ခံကိရိယာတန်ဆာပလာဖြစ်နိုင်သည်။

၆၀:၁၀ သို့သော် ထိုမျှော်လင့်ချက်သည် သဲထဲရေသွန်ဖြစ်ခဲ့သည်။ ဘုရားသခင်ကသူ့လူမျိုး များအပေါ်သို့မျက်နှာသာမပေး။ မျက်နှာလွှဲလေပြီ။ ဣသရေလစစ်တပ်နှင့်အတူမနေ။ အောင်ပွဲအာ မခံချက်မပေး။

၆၀:၁၁ သို့ကြောင့်ဒုက္ခပင်လယ်ဝေနေသော ဣသရေလများဘက်မှတဖန်စစ်တိုက်ပေးပါရန် ဘုရားသခင်အားအသနားခံသည်။ ဘုရားသခင်ကူညီမှဖြစ်မည်။ လူကူညီမူကို အားကိုး၍မရ။

ဣသရေလတို့အားထားရာသည်ဘုရားသခင် (၆၀:၁၂)

          ယုံကြည်အားထားမှုဖြင့် နိဂုံးချုပ်သည်။ ဘုရားပေးကတိတော်အရဣသရေလစစ်တပ်သည် အဆုံးတွင်အောင်ပွဲခံရမည်။ ရန်သူများကို ဖဝါးအောက်သို့ ပြားပြားဝပ်စေရမည်။

လက်တွေ့လောက

          ယုံကြည်သူများ၏ရန်သူသည်အသွေးအသား၊ ဒုစရိုက်နှင့်လောကီဖြစ်သည်။ ယုံကြည်သူ ကိုယ်တိုင်၌အောင်နိုင်စွမ်းရန်သတ္တိသွေးမရှိပါ။ အခြားလူများ၏စစ်ကူလည်းမလုံလောက်။ ယေရှုခရစ် တော်တပါးတည်းသာလျှင် အောင်နိုင်သူကြီးဖြစ်သည်။ ထိုယေရှုသခင်ကိုယုံကြည်ကိုးစားသူတိုင်း စိတ်ပျက်အားငယ်ခြင်းမပြုရ။

ဆာ ၆၀ သည်နောက်ဆုံးကာလနေ့ရက်များ၌စိတ်ပျက်အားငယ်နေသူများအား မေရှိယသခင် ၏ကယ်တင်ခြင်း၌ အောင်ပွဲခံကြရမည့်အကြောင်းဖြစ်သည်။ ဣသရေလပိုင်မြေယာပြဌာန်းသည်နှင့် ထိုမြေပေါ်ရှိတိုင်းတပါးသားရန်သူများ ရှောင်ရှားသွားကြရမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။