ဆာလံကျမ်း - ၅၈

လူဆိုးတို့ကိုဒဏ်ခတ်ရန်ဆုတောင်း
1အိုလူသားတို့၊ အကယ်စင်စစ် သင်တို့သည် စကားဖြောင့်ကြသလော။ 2တရားသဖြင့် စီရင်ကြသလော။ အကယ်စင်စစ် သင်တို့သည် မတရားသောအကြံကို ကြံစည်၍ မြေကြီးပေါ်မှာ ကိုယ်လက်နှင့်ပြုသော ညှဉ်းဆဲခြင်းကို ချိန်တတ်ကြ၏။ 3မတရားသော သူတို့သည် အမိဝမ်းထဲမှစ၍ ရိုင်းသောသဘောရှိကြ၏။ မွေးကတည်းက လမ်းလွှဲ၍ မုသားစကားကို ပြောတတ်ကြ၏။ 4သူတို့အဆိပ်သည် မြွေအဆိပ်နှင့် တူ၏။ နားပင်းသောမြွေဆိုးသည် မိမိနားကိုပိတ်၍၊ 5လိမ္မာသောအလမ္ပယ်မြွက်ဆိုသော မန္တရားစကားကို နားမထောင်ဘဲနေသကဲ့သို့ ဖြစ်ကြ၏။
6အိုဘုရားသခင်၊ သူတို့ပါးစပ်ထဲမှာ သွားများကိုချိုးတော်မူပါ။ အို ထာဝရဘုရား၊ ခြင်္သေ့တို့၏ အံသွားများကို ချိုးတော်မူပါ။ 7ထိုသူတို့သည် စီးသောရေကဲ့သို့ ကွယ်ပျောက်ကြပါစေသော။ လေးကိုတင်သောအခါ မြားတို့သည် ကျိုးသကဲ့သို့ ဖြစ်ကြပါစေသော။ 8ခရုသည်သွားစဉ်တွင် ရွေ့လျော့သကဲ့သို့လည်းကောင်း၊ ပျက်သောကိုယ်ဝန်သည် နေရောင်ကို မမြင်ရသကဲ့သို့လည်းကောင်း ဖြစ်ကြပါစေသော။ 9ဆူးပင်နှင့် မွေးသောမီးပူမှန်းကို အိုးတို့သည်မသိမီ၊ အသက်ရှင်သောဆူးပင်နှင့် မီးလောင်လျက်ရှိသော ဆူးပင်တို့ကို လေပွေတိုက်သွားပါစေသော။ 10ဖြောင့်မတ်သောသူသည် ထိုသို့သောဒဏ်ပေးခြင်းကို မြင်၍ ဝမ်းမြောက်ပါလိမ့်မည်။ မတရားသောသူတို့၏ အသွေး၌ မိမိခြေတို့ကို ဆေးပါလိမ့်မည်။ 11သူတစ်ပါးကလည်း၊ ဖြောင့်မတ်သောသူသည် အကျိုးကို ဧကန်အမှန်ခံရ၏။ မြေကြီးပေါ်မှာ တရားစီရင်သော ဘုရားသခင်သည် ဧကန်အမှန်ရှိတော်မူသည်ဟု ဝန်ခံကြပါလိမ့်မည်။

ဆာလံကျမ်း - ၅၈ (အနက်ဖွင့်)

ဆာ၅၈ တရားသူကြီးတို့တရားစီရင်ပြီ

          ၅၈: ဆာလံဆရာတရားမျှတမှုကင်းမဲ့စွာစီရင်တတ်သော အုပ်စိုးသူများနှင့်တရားသူကြီး များကို သတိပေးဆုံးမသည်။ လူ့လောကအုပ်စိုးသူများသည် စိတ်ထင်သည့်အတိုင်းစီရင်အုပ်ချုပ်ကြ သည်။ ထိုသူများ၏ဆုံးဖြတ်ချက်များသည် တရားမျှတပါသလား။ လူအများ၏သဘောဆန္ဒနှင့် လိုက်လျှောညီထွေကိုက်ညီပါသလား။ မကိုက်ညီကြပါ။ သူတို့စိတ်နှလုံးထဲတွင်ငါတကောကော နေကြသည် ။စိတ်ထင်သည့်အတိုင်းလက်ပါကြသည် ။ရက်စက်ကြသည်။ ရုန်းရင်းဆန်ခတ်မှုဖန်တီး ကြသည်။ မြေတပြင်လုံးတွင်တရားမျှတမှု ရှိပါစေလေ။

၅၈: မရိုးသားမှုနှင့်မဖြောင့်မတ်သောအုပ်စိုးခြင်းက လူဆိုးလူသွမ်းများမွေးထုတ်ပါသည်။ ထိုသို့မောက်မာကြမ်းတမ်းခြင်းသည် ဘဝပေးအခြေအနေအရမဟုတ်။ ငယ်မွေးခြံပေါက်အကျင့်ဗီဇ ဖြစ်သည်။ မွေးကတည်းကစည်းကမ်းမဲ့ခြင်းကိုနှစ်သက်သည်။ စကားပြောသည့်အခါမိုက်ရိုင်းလာ၍ ကြီးလာသောအခါမုသားစကားဆိုလာကြသည်။

၅၈: ထိုသူတို့ပြောသောစကားသည်မြွေအဆိပ်ကဲ့သို့ဖြစ်၏။ သူတပါးဆောက်တည်စရာ စကားမပြော။ နားပင်းသောမြွေကဲ့သို့ သူများစကားကိုလည်းနားမထောင်။ ငါ့စကားနွားရဟု တဘက်သတ်ပြောချင်ရာပြောကြသည် ။ဘုရားစကားတော်ကိုလည်းနားမထောင်။ မြွေအလိမ္မာကဲ့ သို့သောမန္တရားစကားကိုလည်း နားထောင်ရကောင်းမှန်းမသိ။

၅၈: ဒါဝိဒ်မင်းကထိုသူများအားလူ့သဘောသဘာဝနှင့် ကိုက်ညီအောင်လိမ္မာယဉ်ကျေးဖို့ တောင်းဆိုထားသည်။  ခြေင်္သေ့တို့၏အစွယ်သွားများကိုချိုးတော်မူပါ။ အံဆွယ်များကိုကျိုးစေတော် မူပါ။ တောင်ကျချောင်းရေများလျင်မြန်စွာ စီးဆင်းပျောက်ကွယ်သွားသကဲ့သို့ မာန်မာနများအလျင် အမြန်ကွယ်ပျောက်ပါစေ။

အပိုဒ် ၇ခသည်မရှင်းလင်းပါ။ “မြှားသည်မပစ်ခတ်မီကျိုးပြတ်ပါစေ” ဟုဆိုလိုဟန်ရှိသည်။

၅၈: ခရုပတ်ကျိကမ္ဘာရောက်လာပြန်ပြီ။ ပတ်ကျိများသည်သွားပါများလျှင် လုံးပါးပါး၍ ကုန်ဆုံးသွားကြသဖြင့် ရှာမတွေ့ကြရတော့ပါ။ မီးခိုးပျောက်လွှင့်သကဲ့သို့ဟုဆိုလျှင် ပိုမိုသဘော ပေါက်လွယ်ကြမည်။ သမ္မာကျမ်းစာအဘယ်ကြောင့်ထိုသို့ရေးသားခဲ့သည်ကို မသိပါ။

နောက်တစ်ခုမှထိုဒုစရိုက်သမားများသည်မွေးရာပါအသေကောင်ကဲ့သို့ ရက်လမစေ့မီလျှော်မွေး ကြပါစေလားဟုဆိုသည်။ Scroggie က “မတရားသောသူများသည်ဘယ်သောအခါမှ လူ့ကျင့်ဝတ် နားမလည်။ ပတ်ဝန်းကျင်ကိုမကြည့်တတ်။ လိုတရသည်ဟုမရှိ။ ဘယ်သောအခါမှကတိမတည်ကျ” ဟုဆိုသည်။

၅၈: ထိုမတရားသောသူများသည် ဆူးခြောက်မီးခိုးကိုလေတိုက်ခတ်သကဲ့သို့ အိုးလည်းမပူ။ မီးလည်းမတောက်မီပျောက်လွှင့်ကြသည်။ ထိုအကြောင်းကို Maclaren ကဤသို့ရှင်း ပြသည်-

ခရီးသည်တသိုက်သည်စခန်းချ၍ဗိုက်ဆာဆာဖြင့်မီးမွှေးချက်ပြုတ်ကြသည်။ ထင်းမီးမရှိ သဖြင့်ရရာဆူးပင်များဖြင့် မီးမွှေးကြသည်။ မီးခိုးကတလူလူထွက်နေသည်။ အိုးကနွေးရုံသာနွေး သည်။ ရေမပွက်သေး။ ဘာမှမချက်ရသေး။ ထိုအခိုက်တွင်လေပြင်းဝှေ့လာသဖြင့် အိုးရောမီပါ လေထဲလွှင့်ပါသွားကြသည်။၄၂

          ၅၈:၁၀၁၁ ဟေဗြဲကျမ်းမူတွင် ဤကျမ်းပိုဒ်သည်အဓိပ္ပါယ်မရှင်းလင်းပါ။ မတရားသောသူ များသည်အရေးယူအပြစ်ဒဏ်ခတ်ခြင်းခံရသည်။ ထိုမတရားသူများ၏သွေးဖြင့် ဘုရားသခင်၏လူ များခြေထောက်ဆေးကြောကြမည်ဟုဆိုလျှင်မမှားယွင်းနိုင်ပါဟု ခံယူပါမည်။ ထိုစကားကိုခရစ်ယာန် များလက်ခံပါက J.G.Bellet ပြောသည့်အတိုင်း မျက်မှောက်ကျေးဇူးတော်ကာလ၌ မပျော်ရွှင်နိုင်ကြ သော်လည်းဘုရားသခင်၏ ကလဲ့စားချေရာနေ့ရက် (ဒုစရိုက်သမားများတရားစီရင်ရာနေ့ရက်) ၌ ယုံကြည်သူများပျော်ရွှင်ဝမ်းမြောက်ကြမည်ဟူသောစကားကို လက်ခံကြပေမည်။ ဆရာကြီး Morgan ကမူ “ဘုရားသခင်၏အမျက်ဒေါသထက် မတရားသူများ၏ကိုယ်ချင်းစာတရားကင်းမဲ့ မူက ကြောက်ခမန်းလိလိဖြစ်သည်”၄၃ဟုဆိုသည်။

၅၈:၁၂ ဘုရားတရားမသိသူများအား ဘုရားသခင်ကတရားစီရင်ဉီးမည်။ ဖြောင့်မတ်သူများ ကဆုတောင်းရရှိကြမည်။ ဘုရားသခင်ကဤကမ္ဘာလောကအား အမှန်တကယ်တရားစီရင်မည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။