ဆာလံကျမ်း - ၄၉

စည်းစိမ်ကိုအားကိုးသည့်မိုက်မဲမှု
1လူများအပေါင်းတို့၊ ကြားကြလော့။ ခပ်သိမ်းသော လောကသား၊ 2အယုတ်အမြတ်၊ ကြွယ်ဝသောသူ၊ ဆင်းရဲသောသူတို့၊ တညီတညွတ်တည်း နားထောင်ကြလော့။ 3ငါ့နှုတ်သည် ပညာကိုမြွက်ဆိုမည်။ ငါ့နှလုံးသည် ဉာဏ်နှင့်ဆိုင်သောအရာကို ဆင်ခြင်မည်။ 4ပုံစကားသို့ ကိုယ်နားကိုလှည့်လျက် နက်နဲသောအရာကို စောင်းတီး၍ ဖွင့်ပြပေအံ့။
5ခဲယဉ်းဆိုးယုတ်သောကာလ၌ ငါ၏အရာတို့ကို လုယူချင်သောသူတို့၏ ဒုစရိုက်အမှုသည် ငါ့ကိုဝိုင်းသော်လည်း၊ ငါသည် အဘယ်ကြောင့် ကြောက်ရမည်နည်း။ 6ထိုသူတို့သည် ကိုယ်ဥစ္စာကို ကိုးစား၍၊ ကိုယ်စည်းစိမ်များသောကြောင့် ဝါကြွားသော်လည်း၊ 7မိမိညီအစ်ကိုကို အဘယ်သူမျှ အလျှင်းမရွေးနိုင်။ ရွေးရန်အဖိုးကို ဘုရားသခင်၌ မပေးနိုင်။ 8သူတို့အသက်ဝိညာဉ်၏ ရွေးရန်အဖိုးကြီးလှပေ၏။ သို့ဖြစ်၍ အစဉ်ရှုံးလျက်နေရမည်။ 9ရွေးလျှင် အစဉ်အမြဲ အသက်ရှင်ရာ၏။ ပုပ်စပ်ခြင်းသို့ မရောက်ရာ။ 10ထင်ရှားသောအရာဟူမူကား၊ ပညာရှိသောသူတို့သည် သေတတ်ကြ၏။ ထိုအတူ မိုက်သောသူနှင့် တိရစ္ဆာန်သဘောရှိသော သူတို့သည် ပျက်စီးခြင်းသို့ရောက်၍၊ မိမိတို့ဥစ္စာကို သူတစ်ပါးတို့၌ ချန်ထားကြ၏။ 11မိမိတို့အိမ်သည် ထာဝရဖြစ်လိမ့်မည်။ မိမိတို့နေရာလည်း လူမျိုးအစဉ်အဆက် တည်လိမ့်မည်။ မိမိတို့နာမသည် မြေပေါ်မှာ ကျော်စောလိမ့်မည်ဟု သူတို့စိတ်ထင်ရှိကြ၏။ 12သို့ရာတွင် လူသည်ဂုဏ်အသရေ၌ မတည်မနေတတ်။ ပျက်စီးခြင်းသို့ ရောက်တတ်သော တိရစ္ဆာန်နှင့်တူ၏။ 13ထိုသို့ပြုမူခြင်းအရာသည် သူတို့၏ကိုးစားရာဖြစ်၍၊ သူတို့သားမြေးတို့သည် သူတို့စကားကို နှစ်သက်တတ်ကြ၏။ 14ထိုသူတို့ကို သိုးများကဲ့သို့ မရဏနိုင်ငံ၌ချထား၍ သေမင်းစားလိမ့်မည်။ ကာလမကြာမမြင့်မီ ဖြောင့်မတ်သောသူတို့သည် အုပ်စိုးရကြလိမ့်မည်။ သူတို့၏ကိုယ်ခန္ဓာသည် ဖောက်ပြန်ဖို့ရာဖြစ်၏။ မရဏနိုင်ငံသည် သူတို့၏နေရာဖြစ်၏။ 15ငါ့ကိုမူကား၊ ဘုရားသခင်သိမ်းယူတော်မူသောကြောင့်၊ ငါ၏ဝိညာဉ်ကို မရဏနိုင်ငံ၏တန်ခိုးမှ ရွေးတော်မူမည်။
16သူတစ်ပါးသည် ဥစ္စာကြွယ်ဝ၍၊ အိမ်၏ဂုဏ်အသရေတိုးပွားသောအခါ သင်သည် မစိုးရိမ်နှင့်။ 17ထိုသူသည် သေသောအခါ၊ အဘယ်ဥစ္စာမျှ မပါရ။ သူ၏ဂုဏ်အသရေသည် သူ့နောက်သို့ မဆင်းသက်ရ။ 18ထိုသူသည် အသက်ရှင်စဉ်အခါ၊ မိမိဝိညာဉ်ကို ကောင်းချီးပေးတတ်၏။ မိမိအကျိုးကို ပြုစုသောအခါ သူတစ်ပါးတို့သည် ချီးမွမ်းတတ်ကြ၏။ 19သို့သော်လည်း၊ သူသည် သူ၏ဘိုးဘေးအမျိုးရှိရာသို့ သွားရလိမ့်မည်။ ကာလအစဉ်အဆက် သူတို့သည် အလင်းကို မမြင်ရကြ။ 20ဂုဏ်အသရေနှင့် ပြည့်စုံလျက် ပညာသတိမရှိသောသူသည်ကား၊ ပျက်စီးခြင်းသို့ရောက်တတ်သော တိရစ္ဆာန်နှင့်တူ၏။

ဆာလံကျမ်း - ၄၉ (အနက်ဖွင့်)

ဆာ ၄၉ မတရားသောသူများနှင့်ဥစ္စာဓန

လူ့လောကပတ်ဝန်းကျင်တွင် သာမန်သူများဘဝင်ကျင်အောင် ရှင်းမပြနိုင်သည့်စကားမှာ ယုံကြည်သူများဆင်းရဲမွဲတေ၍ မယုံကြည်သူများဥစ္စဓနပေါကြွယ်ဝသည့် အကြောင်းဖြစ်သည်။ သို့ သော်ထိုစကားသည်အပြည့်အစုံ မဟုတ်သေး။ ဘုရားတရားမသိသူများ၏ ကြွယ်ဝချမ်းသာခြင်း သည်ခွေးရူးကောင်းတမွန်းတည့်သာ ခံပါသည်။ မိုးကောင်းတုန်းရွာခြင်းဖြစ်သည်။ သေရွာပါမသွား ပါ။ ထိုဥစ္စာဘဏ္ဍာများကို ထာဝရမသုံးစွဲနိုင်ပါ။ သင်္ချိုင်းကုန်းမရောက်အောင်မတားဆီးနိုင်ပါ။ ကုန်လွန်ခဲ့သော အခွင့်တရားများကိုလည်း ပြန်မရွေးပေးနိုင်ပါ။ ဘုရားသခင်ထက်လောကဥစ္စဓန နောက်သို့လိုက်ခြင်းသည် လူမိုက်သူရူးအလုပ်ဖြစ်ကြောင်းကို ဆာ ၄၉ကသွန်သင်ထားသည်။

၄၉:                  ဤကျမ်းစကားသည် ဆင်းရဲချမ်းသာမရွေး၊ လူကြီးသူငယ်မတူ၊ လူတိုင်း နှင့်သက်ဆိုင်သည်။ ဉာဏ်ပညာစကားဖြစ်၍ နှလုံးဘဏ္ဍာသိုက်တွင် သိမ်းထားရသည်။ ကောရ၏ သားများသည်ဤအကြောင်းကို အသက်၏တန်ဘိုးအဖြစ်ခံယူကြ၍ စောင်းနှင့်တွဲဖက်ကာသီဆိုခဲ့ ကြသည်။

၄၉:           ထိုခေတ်ကာလတွင် ဖိနှိပ်သူလူတန်းစားကဖိစီးကြသည်။ ဘေးပတ်လည် တွင်ညှဉ်းပန်းနှိပ်စက်ခြင်းခံ နေကြရသည်။ ဒုက္ခပြဿနာအမျိုးမျိုးပေးကြသည်။ သို့သော်လည်း ဘုရားသခင်၏လူများသည် ရွှေငွေရတနာကိုတန်ဘိုးထား ကိုးကွယ်ကြသည်။ ရာထူးအရှိန်အဟုန် ကိုဝါကြွားကြသည်။ လတ်တလောအမြင်တွင်ဟုတ်သယောင် ရှိသော်လည်းထိုစည်းစိမ်ငွေကြေးဘ ဏ္ဍာကသေခြင်းမှမကာကွယ်နိုင်ပါ။ သူတို့ကိုလည်း လုံခြုံမှုမပေးနိုင်ပါ။ လူ့ဘဝသည်တန်ဘိုးကြီးမား လှပါသည်။ လူ့လောကမှာသင်္ချိုင်းကုန်းနှင့် ကင်းလွတ်သူဟူ၍ တယောက်မှမရှိ။

ဤကျမ်းချက်တွင် အပိုဒ်ငယ် ၈ သည်ကြားညှပ်စကားဖြစ်၍အပိုဒ်ငယ် ၇ နှင့် ၃ ကို တဆက် တည်းဖတ်ကြည့်ပါ။

မိမိညီအစ်ကိုကို အဘယ်သူမျှမရွေးနိုင်။ ရွေးရန်အဘို့ကိုလည်း ဘုရားသခင်ထံသို့ မပေးနိုင်။ ရွေးလျှင်အစဉ်အမြဲအသက်ရှင်ရာ၏။ ပုပ်စပ်ခြင်းသို့မရောက်။

၄၉:၁၀            ပညာရှင်သည်လည်း အနှေးနှင့်အမြန်သေရပါသည်။ ထိုကဲ့သို့ပင်လူမိုက်လူ့ဗာလ သည်လည်းသေရစမြဲ။ ဤနေရာတွင်ပညာရှိသည် သူ့ပညာဖြင့်အခြားသူများကို လုပ်ကျွေးသည်ဟု မဆိုပါ။ ဤသို့ဆိုထားသည်။

စိတ်ကောင်းနှလုံးကောင်းရှိသော ပညာရှိသည်အသက်ရှင်နေခိုက်တွင် သူ့ငွေကြေးများကို ဘုရားသခင်ထံသို့ဆက်ကပ်သည်။

၄၉:၁၁၁၂ လူများသည်မသေတော့မည့် အတိုင်းပင်မိမိတို့အနာဂတ်ကို လူ့ကမ္ဘာတွင်တည် ဆောက်နေကြသည်။ မိမိစည်းစိမ်နေအိမ်များကို ထာဝရတည်လိမ့်မည်ဟု  ထင်မှတ်ကြသည်။ စိတ်ချ လက်ချနေထိုင်ကြသည်။ ဘဝလွန်မြောက်လျှင်လည်း ရှိနေဦးမည်မထင်မြင်။ မြို့နာမည်၊ လမ်းနာ မည်များကိုသူတို့နာမည်မှည့်ကြသည်။ တကယ်တွင်မူလူ့တသက်သာခံသည်။ ထိုသို့သောအတွေးအ ခေါ်သည် တိရစ္ဆာန်ဘာသာမျှသာရှိသည်။ လူသည်အဟိံတိရစ္ဆာန်မဟုတ်ပါ။ ဥပမာအားဖြင့်သေလွန် သည့်အခါရုပ်အလောင်းသည် သင်္ချိုင်းထဲသို့ရောက်သော်လည်း စိတ်ဝိညာဉ်သည် ပျက်စီးခြင်းမရှိ။ ထာဝရကောင်းချီးခံစားဖို့သို့မဟုတ် ထာဝရတရားစီရင်ခြင်းခံရန် ရုပ်ခန္ဓာကိုယ်သည် တဖန်ပြန်လည် ထမြောက်ပါသည်။ တိရစ္ဆာန်သည် သေသည်နှင့်ဘဝဇာတ်သိမ်းသော်လည်း လူသည်မပြီးဆုံးသေး ပါ။

၄၉:၁၃၁၄ ဘုရားသခင်ထက် မိမိဉစ္စာကိုအားကိုးခြင်းသည် မလိမ်းမိုးမလိမ္မာ မိမိဘ၀ပျက်စီးခြင်းဖြစ်သည်။ ဘယ်သောအခါမှ မသေတော့မည်အတိုင်းထင်ရာကြဲကြသည်။ ဆွေးမျိုးသားချင်းများကလည်း ထိုအတိုင်းမြင်ကြသည်။ သို့သော်တနေ့သောအခါမလွဲမသွေသေရ ပါသည်။ ထိုသူသည်သချိုင်းကုန်းသေတွင်းသို့လဤတ်ထားသောသိုးနှင့်တူသည်။ ကာလမကြာမီ ဖြေင့်မတ်သောသူတို့သည်အုပ်စိုးကြလိမ့်မည်။ သူဌေးကြီးနှင့်လာဇရုကဲ့သို့ကြမ္မာရဟတ်က ၀ဋ်လည် မည့်အကြောင်းဖြစ်သည်။ အာဗြဟံက သူဌေးကြီးထံသို့ပြောစကားကို သတိရပါ။

၄၉:၁၅ ဤနေရာတွင်ဓမ္မဟောင်းကျမ်းမှ ရှင်ပြန်ထမြောက်ခြင်းအကြောင်းလျှပ်တပြက် အလင်းမြင်ရသည်။ ဓမ္မဟောင်းကျမ်းစီရင်ရေးသားသူများသည် သေခြင်းနှင့်သေခြင်းအလွန် အကြောင်းကိုရေးခဲ့ကြသည်။ သို့သော်ဆာလံဆရာက ငါ့၏ဝိညာဉ်ကိုမရဏာနိုင်ငံမှ ရွေးတော်မူမည် ဟု ဘုရားသခင်ကို ယုံကြည်စိတ်ချသည်။ ဘုရားသခင်က သချိုင်းဂူရှိရုပ်ခန္ဓာကိုယ်အားပြန်လည်ထ မြောက်စေပြီး စိတ်ဝိညာဉ်နှင့်ပြန်လည်ပူးပေါင်းစေမည်။ ငါ့ကိုမူကားဘုရားသခင်က သိမ်းယူတော်မူ သည် ဆိုသည်မှာဘုရားသခင်က ဧနောင်နှင့်ဧလိတို့အားသိမ်းယူခြင်းမျိုးကိုဆိုလိုသည်။

၄၉:၁၆၁၉ သို့ကြောင့်ယုံကြည်သူသည် မယုံကြည်သူ၏စည်းစိမ်ဉစ္စာကြွယ်ဝခြင်းနှင့် အိမ်ယာစည်ပင်ဝပြောခြင်းအား ကြည့်ရှု၍မိမိကိုယ်ကိုစိတ်ပျက်အားငယ်စရာမလို။ ဤလူ့ဘဝသည် အစဉ်တည့်တံ့သည်မဟုတ်။ သေလွန်သည့်တနေ့သောအခါအကုန်းလုံးချန်ထားပစ်ခဲ့သည်။ လက်ဟောင်းလောင်းဖြင့် သချိုင်းကုန်းသို့ပြန်သွားရပေသည်။ အခြွေအရံလည်းမပါသွားပါ။ ဘယ်သူမှ မလုယူနိုင်၊မဆုံးရှုံးနိုင်ဟုထင်ခဲ့သော ပျော်ရွှင်မှု၊ လူ့လက်ခုပ်သြဘာသံများ ချုပ်ငြိမ်းလျက် ကွယ်ကုန်ပြီ။ ရှေးဘိုးဘွားများသွားရာလမ်းအတိုင်း သေလွန်၍အမှောင်ညရှည်ထဲ့သို့ ဝင်သွားပါသည်။

၄၉:၂၀ လူသည်လူ့လောကစည်းစိမ်ဉစ္စာများဖြင့်ဘဝတင့်တယ်သည်မဟုတ်။ တနေ့သော အခါမြေကြီးလက်ခတ်မလွဲ သေပွဲဝင်ရမည်။ ဂုဏ်အသရေပြည့်စုံပါသော်လည်း ပညာမရှိလျှင် တိရစ္ဆာန်များသို့နှယ် သေကြေပျက်စီးမည်။

          အချို့ကပညာရှိလျှင်လည်း မတရားသောသူများကဲ့သို့သေရသည်မဟုတ်လားဟု လျှာရှည်ကြ သည်။ မှန်ပါသည်။ ခရစ်တော်ဘုရားပြန်လည်မကြွလာသေးလျှင် လူသေကြရဦးမည်။ မတရားသော သူများသည်ထာဝရဆုလက်ဆောင်ရရှိကြသည်။

နောက်ဆုံးမြင်ကွင်းတစ်ခု၊ သမ္မာကျမ်းစာတွင်ဆန့်ကျင်နေကြပုံ မကြာခဏဖတ်ရှုရသည်။ စဉ်းစားဆင်ခြင်ရသည်။ ချမ်းသာခြင်းသည် အပြစ်ဖြစ်သည်ဟုကျမ်းစာကမဆိုပါ။ အသက်ရှိသော ဘုရားသခင်ထက်လောကစည်းစိမ်ဉစ္စာကိုစားခြင်းသာလျှင် အပြစ်ဖြစ်သည်ဟုဆိုပါသည်။ သမ္မာကျမ်းစာက ငွေကြေးရမက်လောဘတက်ခြင်းကို ရှုတ်ချပါသည်။ မရိုးဖြောင့်သောသဘောဖြင့် ငွေကြေးတစ်ခုဖြင့် တရားမျှတမှုမပြုဘဲအတ္တကိုရှေ့ရှုသူများအား ပြစ်တင်ရှုတ်ချသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။