ဆာလံကျမ်း - ၄၇

တန်ခိုးအကြီးဆုံးဘုရင်
1လူများအပေါင်းတို့၊ လက်ခုပ်တီးကြလော့။ ဘုရားသခင်ထံသို့ အောင်သံကိုလွှင့်၍ ကြွေးကြော်ကြလော့။ 2အကြောင်းမူကား၊ အမြင့်ဆုံးသောထာဝရဘုရားသည် ကြောက်မက်ဖွယ်သောဘုရား၊ မြေကြီးတစ်ပြင်လုံးကို အစိုးရသော မဟာမင်းကြီးဖြစ်တော်မူ၏။ 3လူစုတို့ကို ငါတို့အောက်၌လည်းကောင်း၊ လူမျိုးတို့ကို ငါတို့ခြေအောက်၌လည်းကောင်း နှိမ့်ချတော်မူ၏။ 4ချစ်တော်မူသောယာကုပ်၏ဘုန်းဖြစ်သော ငါတို့အမွေကို ငါတို့အဖို့ ရွေးပေးတော်မူ၏။
5ကြွေးကြော်ခြင်းအသံနှင့် ဘုရားသခင်တက်တော်မူ၏။ တံပိုးမှုတ်ခြင်းအသံနှင့် ထာဝရဘုရား တက်တော်မူ၏။ 6ဘုရားသခင်ကို ချီးမွမ်း၍ သီချင်းဆိုကြလော့။ သီချင်းဆိုကြလော့။ ငါတို့၏ရှင်ဘုရင်ကို ချီးမွမ်း၍ သီချင်းဆိုကြလော့။ သီချင်းဆိုကြလော့။ 7အကြောင်းမူကား၊ ဘုရားသခင်သည် မြေကြီး တစ်ပြင်လုံးကိုအစိုးရသော မင်းဖြစ်တော်မူ၏။ ချီးမွမ်းခြင်း ထောမနာသီချင်းကို ဆိုကြလော့။ 8ဘုရားသခင်သည် လူမျိုးတို့တွင်စိုးစံတော်မူ၏။ ဘုရားသခင်သည် သန့်ရှင်းသော ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူ၏။ 9လူမျိုးတို့၏အကြီးအကဲတို့သည် အာဗြဟံ ကိုးကွယ်သော ဘုရားသခင်၏လူမျိုးထံမှာ စုဝေးလျက်ရှိကြ၏။ အကြောင်းမူကား၊ မြေကြီးတန်ခိုးများကို ဘုရားသခင်ပိုင်တော်မူ၏။ အထူးသဖြင့် ချီးမြှောက်ခြင်းရှိတော်မူ၏။

ဆာလံကျမ်း - ၄၇ (အနက်ဖွင့်)

ဆာ ၄၇ နှစ်သစ်ကူးမင်္ဂလာ

ယေရုရှလင်သည် ရွှေခေတ်ပထမနေ့ရက်တွင် မေရှိယသခင်သည် အမျိုးသားကဇာတ်ရုံကြီး၌ ပွဲလမ်းသဘင်ကျင်းပနေပြီ။ ပွဲတော်မင်္ဂလာ၏အဓိက အစီအစဉ်မှာဆာ ၄၇ အတိုင်းဖြစ်သည်။ ကမ္ဘာ အရပ်ရပ်မှတိုင်းနိုင်ငံသားများရောက်လာ၍ လက်ခုတ်သြဘာပေးချီးမြှင့်ကြသည်။

၄၇:                     ဆာလံဆရာကမ္ဘာအရပ်ရပ်ရှိတပါးအမျိုးသားများရောက်လာကြ၍ ညီညာဖျ ဖျလက်ခုတ်သြဘာတီးကြပြီးဘုရားသခင်အား ချီးမွမ်းကြသည်။ ဂုဏ်ပြုသီချင်းဖြင့် အခမ်းအနား ဖွင့်သည်။ စိတ်ပါလက်ပါဖြင့် ပါဝင်ဆင်နွှဲကြသဖြင့် ပသာဒရှိလှသည်။ စာဆိုတော်များက အမြင့်ဆုံး သောထာဝရဘုရားသည် ချစ်ကြောက်ဘွယ်ရာ” ဟုသီကျူးကြသောအခါ ပရိသတ်များသည် ခြေတော်ရင်းတွင် ပျပ်ဝပ်ကိုးကွယ်ကြသည်။ မကြာသောကာလတုန်းကလည်း ယေရှုခရစ်တော်သည် တကမ္ဘာလုံးကို အုပ်စိုးသော ကြီးမြတ်သခင်” ဟုကြွေးကြော်ခဲ့ကြသေးသည်။ ပြဇာတ်ရုံတစ်ခုလုံးသည် မိုးဟိန်းညံအောင်ဤသို့သီဆိုကြသည်

ချစ်သောမူသောယာကုပ်၏ ဘုန်းဖြစ်သောငါတို့အမွေကိုငါတို့အဘို့ ရွေးပေးတော်မူပြီ။

Selah

၄၇:   ရန်သူများ၏ပြုမူချက်များကို သီးခံခွင့်လွှတ်တတ်ရန် ပြသဖို့လူ့လောကသို့လူ့ဇာတိခံ ယူတော်မူခဲ့သော မေရှိယသခင်သည် ယခုအခါယေရုရှလင်ရှိရာဇပလ္လင်ပေါ်တွင် စိုးစံ၍အောင်စည် အောင်မောင်းခြိမ့်ခြိမ့်သဲလျက် အောင်ပွဲခံတော်မူပြီ။

၄၇:                     ထိုခဏတွင် ဣသရေလလူမျိုးများသည် ထာဝရဘုရားသခင်သည် ငါတို့ ဘုရားသခင် ဖြစ်သည်ဟု ဂုဏ်ပြုသီချင်းသံ ပြိုင်သီဆိုကြသည်။ ကရာနီကုန်းပေါ်တွင် ရရှိခဲ့သောလက်ဖ ဝါးတော်မှ လှံဒဏ်ရာအမာရွတ်ကြီး ဖြင့်စကြဝဠာမိုးမြေတစ်ခုလုံး အုပ်စိုးသည့် အထိမ်းအမှတ်သံလျက်တော် ကိုင်တော်မူပြီ။ ကြွလာသောပရိသတ်များက ကိုယ်တော်ကိုမှတ်မိကြသည်။ ထောမနာသီချင်း ပြုကြသည်။

၄၇:  ထို့နောက်မေရှိယဘုရင်၏ဇာတိတော်ကို ချီးမွမ်းဂုဏ်ပြုကြသည်။ ထိုဘုရားသခင်က လူမျိုးတကာတို့ကို အုပ်စိုးတော်မူသည်။ သန့်ရှင်းသောပလ္လင်တော်ပေါ်မှ အုပ်စိုးတော်မူသည်။

၄၇: အောက်ပါကျမ်းစကားအရ လူမျိုးအကြီးအကဲတော်များသည် စုစည်းလာကြကြောင်း နားလည်ရသည်။

လူမျိုးတို့၏အကြီးအကဲတို့သည် ဘုရားရှင်ထံ စုဝေးလျက်ရှိကြ၏။

ယခင်လူမျိုးအကြီးအကဲများသည် ဣသရေလလူမျိုးတို့မကြာခဏ ပင်လယ်ထဲသို့မောင်းချဖို့ ကြိုးစားခဲ့ကြသည်။ ယခုအခါတွင်အခြေအနေပြောင်းလဲကုန်ပြီ။ လူမျိုးတို့၏အကြီးအကဲများသည် အာဗြဟံဘုရားထံသို့ စုဝေးကြသည်။ ဣသရေလတို့၏ဘုရားဖြစ်သော ဘုရင်တကာတို့၏ဘုရင် သခင်တကာတို့၏ သခင် ဤသို့လက်ဆောင်ပဏ္ဏာများယူဆောင်လာလျက် ချဉ်းကပ်ကြပြီ။

အုပ်စိုးသူမင်းများ၏ ဒိုင်းလွှားကို လူတိုင်းသိရှိနားလည်နိုင်ကြသည်မဟုတ်။မိမိကိုယ်ကိုခုခံ နိုင်စွမ်းမရှိကြ။ ယခုမူဘုရားသခင် ပိုင်ဆိုင်ကြပြီ၊ ကမ္ဘာလောက အရာခပ်သိမ်းထက် မြင့်မားသောအ ရှင်သခင်ကို ပိုင်ဆိုင်ကြပြီ။

ဆာလံသီချင်းကို Rosh Hashanah ဟူသောစကားလုံးဖြင့်နိဂုံးချုပ်ထားသည်။ အနက်အဓိ ပ္ပာယ်မှာဘုရားသခင်အား နိစ္စထာဝရချီးမွမ်းသည့်အကြောင်း ဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။