ဆာလံကျမ်း - ၄၇
ဆာလံကျမ်း - ၄၇ (အနက်ဖွင့်)
ဆာ ၄၇ နှစ်သစ်ကူးမင်္ဂလာ
ယေရုရှလင်သည် ရွှေခေတ်ပထမနေ့ရက်တွင် မေရှိယသခင်သည် အမျိုးသားကဇာတ်ရုံကြီး၌ ပွဲလမ်းသဘင်ကျင်းပနေပြီ။ ပွဲတော်မင်္ဂလာ၏အဓိက အစီအစဉ်မှာဆာ ၄၇ အတိုင်းဖြစ်သည်။ ကမ္ဘာ အရပ်ရပ်မှတိုင်းနိုင်ငံသားများရောက်လာ၍ လက်ခုတ်သြဘာပေးချီးမြှင့်ကြသည်။
၄၇:၁–၄ ဆာလံဆရာကမ္ဘာအရပ်ရပ်ရှိတပါးအမျိုးသားများရောက်လာကြ၍ ညီညာဖျ ဖျလက်ခုတ်သြဘာတီးကြပြီးဘုရားသခင်အား ချီးမွမ်းကြသည်။ ဂုဏ်ပြုသီချင်းဖြင့် အခမ်းအနား ဖွင့်သည်။ စိတ်ပါလက်ပါဖြင့် ပါဝင်ဆင်နွှဲကြသဖြင့် ပသာဒရှိလှသည်။ စာဆိုတော်များက “အမြင့်ဆုံး သောထာဝရဘုရားသည် ချစ်ကြောက်ဘွယ်ရာ” ဟုသီကျူးကြသောအခါ ပရိသတ်များသည် ခြေတော်ရင်းတွင် ပျပ်ဝပ်ကိုးကွယ်ကြသည်။ မကြာသောကာလတုန်းကလည်း “ယေရှုခရစ်တော်သည် တကမ္ဘာလုံးကို အုပ်စိုးသော ကြီးမြတ်သခင်” ဟုကြွေးကြော်ခဲ့ကြသေးသည်။ ပြဇာတ်ရုံတစ်ခုလုံးသည် မိုးဟိန်းညံအောင်ဤသို့သီဆိုကြသည်
ချစ်သောမူသောယာကုပ်၏ ဘုန်းဖြစ်သောငါတို့အမွေကိုငါတို့အဘို့ ရွေးပေးတော်မူပြီ။
Selah
၄၇:၅ ရန်သူများ၏ပြုမူချက်များကို သီးခံခွင့်လွှတ်တတ်ရန် ပြသဖို့လူ့လောကသို့လူ့ဇာတိခံ ယူတော်မူခဲ့သော မေရှိယသခင်သည် ယခုအခါယေရုရှလင်ရှိရာဇပလ္လင်ပေါ်တွင် စိုးစံ၍အောင်စည် အောင်မောင်းခြိမ့်ခြိမ့်သဲလျက် အောင်ပွဲခံတော်မူပြီ။
၄၇:၆–၇ ထိုခဏတွင် ဣသရေလလူမျိုးများသည် ထာဝရဘုရားသခင်သည် ငါတို့ ဘုရားသခင် ဖြစ်သည်ဟု ဂုဏ်ပြုသီချင်းသံ ပြိုင်သီဆိုကြသည်။ ကရာနီကုန်းပေါ်တွင် ရရှိခဲ့သောလက်ဖ ဝါးတော်မှ လှံဒဏ်ရာအမာရွတ်ကြီး ဖြင့်စကြဝဠာမိုးမြေတစ်ခုလုံး အုပ်စိုးသည့် အထိမ်းအမှတ်သံလျက်တော် ကိုင်တော်မူပြီ။ ကြွလာသောပရိသတ်များက ကိုယ်တော်ကိုမှတ်မိကြသည်။ ထောမနာသီချင်း ပြုကြသည်။
၄၇:၈ ထို့နောက်မေရှိယဘုရင်၏ဇာတိတော်ကို ချီးမွမ်းဂုဏ်ပြုကြသည်။ ထိုဘုရားသခင်က လူမျိုးတကာတို့ကို အုပ်စိုးတော်မူသည်။ သန့်ရှင်းသောပလ္လင်တော်ပေါ်မှ အုပ်စိုးတော်မူသည်။
၄၇:၉ အောက်ပါကျမ်းစကားအရ လူမျိုးအကြီးအကဲတော်များသည် စုစည်းလာကြကြောင်း နားလည်ရသည်။
လူမျိုးတို့၏အကြီးအကဲတို့သည် ဘုရားရှင်ထံ စုဝေးလျက်ရှိကြ၏။
ယခင်လူမျိုးအကြီးအကဲများသည် ဣသရေလလူမျိုးတို့မကြာခဏ ပင်လယ်ထဲသို့မောင်းချဖို့ ကြိုးစားခဲ့ကြသည်။ ယခုအခါတွင်အခြေအနေပြောင်းလဲကုန်ပြီ။ လူမျိုးတို့၏အကြီးအကဲများသည် အာဗြဟံဘုရားထံသို့ စုဝေးကြသည်။ ဣသရေလတို့၏ဘုရားဖြစ်သော ဘုရင်တကာတို့၏ဘုရင် သခင်တကာတို့၏ သခင် ဤသို့လက်ဆောင်ပဏ္ဏာများယူဆောင်လာလျက် ချဉ်းကပ်ကြပြီ။
အုပ်စိုးသူမင်းများ၏ ဒိုင်းလွှားကို လူတိုင်းသိရှိနားလည်နိုင်ကြသည်မဟုတ်။မိမိကိုယ်ကိုခုခံ နိုင်စွမ်းမရှိကြ။ ယခုမူဘုရားသခင် ပိုင်ဆိုင်ကြပြီ၊ ကမ္ဘာလောက အရာခပ်သိမ်းထက် မြင့်မားသောအ ရှင်သခင်ကို ပိုင်ဆိုင်ကြပြီ။
ဆာလံသီချင်းကို Rosh Hashanah ဟူသောစကားလုံးဖြင့်နိဂုံးချုပ်ထားသည်။ အနက်အဓိ ပ္ပာယ်မှာဘုရားသခင်အား နိစ္စထာဝရချီးမွမ်းသည့်အကြောင်း ဖြစ်သည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။