ဆာလံကျမ်း - ၃၆

လူ၏ယုတ်မာခြင်း
1ဘုရားသခင်ကို ကြောက်ရွံ့ရသောအကြောင်းသည် မတရားသောသူ၏ မျက်စိ၌မထင်ဟု၊ ထိုသူပြုတတ်သော ဒုစရိုက်ကို ငါထောက်၍ သဘောကျ၏။ 2သူ၏အပြစ်ကို တွေ့တော်မမူ၊ ရွံရှာတော်မမူဟု ကိုယ်မျက်စိရှေ့၌ ကိုယ်ကောင်းသော အယောင်ကို ဆောင်တတ်၏။ 3သူပြောသောစကားသည် အဓမ္မစကား၊ လှည့်စားသောစကားဖြစ်၏။ ကောင်းသောအကျင့်ကို ကျင့်စေတတ်သောပညာကို စွန့်လေပြီ။ 4အိပ်ရာပေါ်မှာ မကောင်းသောအမှုကို ကြံစည်တတ်၏။ မကောင်းသောလမ်းသို့ အမြဲလိုက်၍၊ ဆိုးယုတ်သောအကျင့်ကို ရွံရှာခြင်းမရှိ။
ထာဝရဘုရား၏ကောင်းမြတ်ခြင်း
5အိုထာဝရဘုရား၊ ကရုဏာတော်သည် ကောင်းကင်သို့လည်းကောင်း၊ သစ္စာတော်သည် မိုးတိမ်သို့လည်းကောင်း မီပါ၏။ 6ဖြောင့်မတ်တော်မူခြင်းတရားသည် ကြီးမားစွာသောတောင်ရိုးနှင့် တူပါ၏။ တရားစီရင်တော်မူချက်တို့သည် အလွန်နက်နဲရာ ဖြစ်ကြပါ၏။ အိုထာဝရဘုရား၊ ကိုယ်တော်သည် လူမျိုးနှင့် တိရစ္ဆာန်မျိုးကို စောင့်မတော်မူ၏။ 7အိုဘုရားသခင်၊ ကရုဏာတော်သည် အလွန်မြတ်နိုးဖွယ်ဖြစ်ပါ၏။ ထိုကြောင့် လူသားတို့သည် အတောင်တော်အရိပ်ကို ခိုလှုံလျက်နေရကြပါ၏။ 8အိမ်တော်၏ကြွယ်ဝခြင်းနှင့် ရောင့်ရဲလျက်နေ၍၊ ကိုယ်တော်၏ချမ်းသာမြစ်ရေကို သောက်စေခြင်းငှာ အခွင့်ပေးတော်မူ၏။ 9အကြောင်းမူကား၊ ကိုယ်တော်ထံမှာ အသက်စမ်းရေတွင်းရှိပါ၏။ အလင်းတော်ထဲမှာ အကျွန်ုပ်တို့သည် အလင်းကိုရကြပါ၏။
10ကိုယ်တော်ကို သိသောသူတို့အား၊ ကရုဏာတော်ကိုလည်းကောင်း၊ သဘောဖြောင့်သောသူတို့အား ဖြောင့်မတ်တော်မူခြင်း တရားကိုလည်းကောင်း တည်မြဲတည်စေတော်မူပါ။ 11မာန၏ခြေသည် အကျွန်ုပ်ကို မနင်းပါစေနှင့်။ မတရားသောသူတို့သည် အကျွန်ုပ်ကို နေရာမရွေ့ကြပါစေနှင့်။ 12ဒုစရိုက်ကို ပြုသောသူတို့သည် ထိုအရပ်၌ပင် လဲလျက်နေရကြပါ၏။ လှဲခြင်းကိုခံရသောကြောင့်၊ တစ်ဖန်ထခြင်းငှာ မတတ်နိုင်ကြပါ။

ဆာလံကျမ်း - ၃၆ (အနက်ဖွင့်)

ဆာ ၃၆ အပြစ်ကြီးလေ၊ကျေးဇူးတော်ပိုကြီးလေ
၃၆း၁-၄ ဒါဝိဒ်၏ စိတ်ကူးပုံရိပ်တွင် အဓမ္မ သမားများကို မြင်ယောင်သည်။ အပြစ်ဒုစရိုက်သမား များသည်ဘုရားသခင်ကိုချစ်ကြောက်ရမှန်းမသိကြ။ ကျူးလွန်ခဲ့ကြသော အပြစ်ဒုစရိုက်များသည်လည်း ထိုအတိုင်း ပြီးဆုံးသွားမည်ဟု ထင်ကြသည်။ ဝဋ်လည် မည်ကိုမသိကြ။ သို့ကြောင့် နှုတ်ဖျားမှ ပြောစကားများ သည် လိမ်လည်လှည့်ဖျားမှုနှင့် မတရားမှုများသာဖြစ် သည်။ ပညတ်တရားကို ရိုသေလိုက်နာရကောင်းမှန်း လည်းမသိကြ။ အိပ်ယာဝင်သည့် အခါတွင်လည်း မကောင်းသောအမှုအရာများကိုသာ ကြံစည်သည်။ အပြစ်လုပ်ဖို့ ဖိတ်ခေါ်ကြလျှင်လည်း တွန့်ဆုတ်ခြင်း မရှိ။ မနှေးအမြန်လက်ခံလိုက်လုပ်သည်။
၃၆း၅ အပြစ်ဒုစရိုက်သမားများသည် ဘုရား သခင်ကို မည်မျှ ဆန့်ကျင်ကြပါစေ ကရုဏာတော် သည် ပိုမိုကြီးမားလေဖြစ်သည်။ ကောင်းကင်သမျှကြီး မားသည်။ ထိုအကြောင်းကို Barnes က ဤသို့ဆို ထားသည်။လူတို့၏စိတ်ကူးသည် မိုးလုံးပြည့်မြင့်မားကြီးထွား ပါသည်။ဘု ရားသခင်၏ကရုဏာတော်သည်ကောင်းကင်မျှသာ ကြီးမားသည်မဟုတ်။ လူတို့ နားလည်သဘောပေါက်အောင် အကြီးမားဆုံး ထုထယ်ကို ပုံဥပမာပေးခြင်းဖြစ်သည်။ လူတို့၏ မိုးလုံးပြည့်စိတ်ကူးထက် ကြီးမားသည်။ မြင့်မား သည်။ ပမာဏကြီးထွားသည်။ သစ္စာတော်သည်မိုးတိမ်သို့ မီပါ၏။ ထိုစကား မှာ အတိုင်းအဆပမာဏမရှိဟုဆိုလိုပါသည်။ ကိုအကြောင်းကို A.W. Pink က ဤသို့ဆိုသည်။
ဘယ်လို စကားပါလိမ့်။ သစ္စာတော်သည် မိုးတိမ်သို့မှီပါ၏ဟုဆိုထားသည်။ ဘုရားသခင်၏ သစ္စာတော်သည်ဘယ်သောအခါမှ ပြောင်းလဲခြင်း မရှိ။ အရာခပ်သိမ်းထက်ကြီးမားနိုင်ခဲ့ သည်။ ဘုရားသခင်သည် တုနှိုင်းဘွယ်မရှိ ကြီးမားသည်။ စကားတော်သည် ဘယ်သောအခါမှ ဖောက်ပြန် ခြင်းမပြည့်စုံခြင်း၊ ပြောင်းလဲခြင်းမရှိ။ ကတိတော် ပြုသမျှ ပရောဖက်ပြုသမျှသည် ကောင်းသော အမှုအရာများနှင့်သာ သက်ဆိုင်သည်။“ဘုရား သခင်သည် မုသားကားပြောအံ့သောငှါ လူဖြစ်တော်မူသည်မဟုတ်။ နောင်တရအံ့သောငှါ လူသားဖြစ်တော်မူသည်မဟုတ်။ စကားတော် အတိုင်းမပြုဘဲမနေ။ကတိတော်မမည်ဘဲနေတော် မမူ”တော၂၃း၁၉)။ သို့ကြောင့် ယုံကြည်သူများ “လို” ကရုဏာတော်မကုန်သောကြောင့် ဆုံးရှုံး ခြင်းသို့မရောက်ဘဲနေကြ၏။နံနက်တိုင်းကရုဏာ တော်သစ် ခံရကြ၏။ သစ္စာတော်သည် ကြီးမြတ်ပါ ၏” (မြည် ၃:၂၂-၂၃)။
၃၆း၆ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းသည် တောင်ရိုးတောင်ကုန်းကြီးများ သို့နှယ် တည်ကြည် ခိုင်ခံ့သည်။ မားမားမတ်မတ်ရပ်တည်သည်။ တုန်လှုပ် ရွေ့လျားခြင်းမရှိ။ မှန်ကန်သည့်အတိုင်း တသွေမတိမ်း လုပ်ဆောင်သည်။ ထိုအကြောင်းကို လက်ဝါးကပ်တိုင် ပေါ်တွင် အထင်အရှားတွေ့ရသည်။ ဘုရားသခင်သည်အပြစ်ကို မုန်းတီးသည့် အတိုင်း အပြစ်ပေးစီရင်ခဲ့ သည်။ လူသားများသည် မိမိတို့ အပြစ်အတိုင်း တရားစီရင်ခြင်းခံရမည်ဆိုလျှင် ထာဝရပျက်စီးကုန် မည်။ ထိုသို့ မဖြစ်စေနိုင်သောကြောင့် ဘုရားသခင် သည် တပါးတည်းသားတော်ကို လူတို့ အပြစ်များအား သယ်ပိုးခွင့်ပြုသည်။ ဘုရားသခင်သည် ဖြောင့်မတ်တော်မူသည့်အတိုင်း လူတို့ အပြစ်ကို သယ်ထမ်းသော သားတော်အား အပြစ်တရားစီရင်ခဲ့သည်။ သို့ဖြင့် ဘုရားတရားမသိသောအပြစ်သားများကို သခင်ယေရှု ၏ ကိုယ်စားအသေခံခြင်းဖြင့် ဖြောင့်မတ်သူများဟု မှတ်ယူသွားသည်။ ) ဘုရားရှင်တော်၏ပြီးပြည့်စုံလင်မှုကိုကိုယ်တော်၏အသွေးတော်ဖြင့်သက်သေခံခဲ့ပြီ။ ခရစ်တော်၏လက်ဝါးကပ်တိုင်အပေါ် အံ့ဘွယ် ကျေးဇူးတော်နှင့်ဖြောင့်မတ်ဖြူစင်မှုတွေ့ရပြီ။
Albert Midlane. ဘုရားသခင်၏ တရားစီရင်ချက်သည် နက်နဲ သည်။ ဆိုလိုသည်မှာ စီရင်ချက်၊ ဆုံးဖြတ်ချက်၊ အကြံအစည်တော်နှင့် စီမံချက်များသည် အံ့ဩဘွယ်ရာကောင်းလောက်အောင် ပညာပါရှိ သည်။ ထို အကြောင်းကို ရှင်ပေါလုက ရော ၁၁း၃၃ တွင် “ဘုရားသခင်၏ ပညာနှင့်ဉာဏ်တော်သည် အလွန် ကျယ်ဝန်းနက်နဲစွတကား။ စီရင်တော်မူချက်တို့ကို အဘယ်မျှစစ်၍ မကုန်နိုင်။ ကြွတော်မူရာလမ်းကို လိုက်ရှာသော်လည်း မတွေ့မမီနိုင်”ဟုဆိုထားသည်။
“အို ထာဝရဘု ရား ကိုယ်တော် သည် သည် လူမျိုးနှင့် တိရစ္ဆာန်မျိုးကို စောင်မတော်မူ၏” ထိုစကားသည် လူလောကကမ္ဘာမြေပေါ်မှာရှိနေကြ စဉ် ဖန်ဆင်းထားသောသတ္တဝါများ ကျွေးမွေးစောင့် ရှောက်သည့်အကြောင်းဖြစ်သည်။ ကရုဏာတော်သည် ကြီးမြတ်လှပေစွ။ ထွေပြားများမြောင်လှသော လူမျိုးများ၊ တိရစ္ဆာန်များ၊ ကျေးငှက်သာရကာများနှင့်ရေနေ သတ္တဝါပေါင်းစုံကို ကျွေးမွေးစောင့်ရှောက် သည်။ ဘုရားရှင်က လူဦးခေါင်းပေါ်မှ ဆံခြည် တမျှင် မျှပင်အလွတ်မထား။ ရေတွက်သည်။ ကောင်းကင် ဘုံ ရှင် ခမည်းတော်ဘုရား၏ ခွင့်ပြုချက်မရှိဘဲ စာကလေးတကောင်မျှပင် မြေမခရ။
၃၆း၇ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော် သည် လူ့ဘဝတွင် တန်ဘိုးအကြီးမားဆုံးဖြစ်သည်။ ထာဝရ အချုပ်အခြာ အတိအကျသက်ရောက်သည်။ ပြောင်းလဲခြင်းမရှိ၊ ယုတ်လျော့ခြင်းမရှိ။ ဘုရားသခင် က သူ့သားသမီးများအပေါ် ထားရှိသည့်မေတ္တာတော် ကို မည်သူကမှ မခွဲခြား၊ မပျက်ဆီးနိုင်။ ထိုအကြောင်း ကို John Brine က ၁၇၄၃ ခုနှစ်တွင် ဤသို့ ရေး သားထားသည်။
ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်ကို မည်သည့် လူမျိုးဘာသာစကားကမှ ပြီးပြည့်စုံအောင် မဖော် ပြနိုင်။ ဖော်ပြနိုင်စွမ်းမရှိကြ။ ဧ ၃း၁၉ တွင်မူ “လူ့ဉာဏ်ဖြင့်မသိနိုင်သော ခရစ်တော်၏မေတ္တာတော်”ဟုဆိုသည်။ ဒါဝိဒ်၏ချစ်ခြင်းမေတ္တာသည် ကြီးမားလာသည်ဆိုသော်လည်း နှိုင်းအပ်ဘွယ်ရာ မရှိ။ ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို မိုးနှင့်မြေဖြင့် တုနှိုင်းဘွယ်ရာမရှိ။ တောင်ကုန်းတောင် စွယ်များကို ပင်လယ်သမုဒ္ဒရာထဲသို့ ပစ်ချသည့် နှယ် နစ်မြှုပ်သွားမည်။ လူတို့၏ လိုအပ်ချက် သမျှသည် ထိုဘုရားရှင်တော်ထံမှ စီးဆင်းရောက် ရှိလာပါသည်။သို့ကြောင့်လည်းလူသားများသည် ဘုရားသခင် ၏ အတောင်တော်အောက်တွင် ခိုလှုံကြခြင်းဖြစ် သည်။ သို့ပေသော်လည်း လူတိုင်းက ဘုရားသခင်၏ မေတ္တာတော်ရိပ်ကို မခိုလှုံချင်ကြ။ ဘုရားရှင်တော်ကမူ တိုင်းနိုင်ငံသားတိုင်း၊ လူတန်းစားမရွေး၊ ယဉ်ကျေးမှု မဆို၊ အတောင်တော်အောက်တွင် ခိုလှုံစေချင်သည်။
၃၆း၈ ဘေးရန်လုံခြုံစေသည်သာမက ကျွေးမွေးထောက်ပံ့ပါသည်။ “အိမ်တော်၏ကြွယ်ဝခြင်းနှင့် ရောင့်ရဲလျက်နေ၍ကိုယ်တော်ချမ်းသာ မြစ်ရေကို သောက်စေခြင်းငှါအခွင့်ပေးတော်မူ၏”ဘုရားသခင်၏ အိမ်တော်တွင် မည်သို့ သောအစားအစာကို မည်မျှ မှီဝဲ၍ ချမ်းသာကြရမည်နည်း။ အဘယ်မျှမင်္ဂလာရှိပါ သနည်း။ F.B.Meyer က “ဘုရားရှင်က လူများကို ဝမ်းနည်းခြင်းတဖလားမျှပေး၍ ပျော်ရွှင်ခြင်း မြစ်ရေ အပြည့်ပေးသနားသည်”ဟုဆိုသည်။
၃၆း၉ ခရစ်တော်သည် အသက်မြစ်ဖျားခံရာ၊ အသက်စမ်းရေတွင်းဖြစ်သည်။ “ထိုနှုတ်ကပတ်တော် ၌အသက်ရှိ၏။ ထိုအသက်သည်လည်း လူတို့၏အလင်း ဖြစ်၏။”(ယော ၁း၄)။ ထို အလင်းကို မြင်ကြရ၏။ အလင်းရောင်အောက်တွင် မူလသဘာဝအတိုင်း တွေ့ မြင်ရသည့်နှယ် ဘုရားသခင်၏အလင်းထဲတွင် ရှိနေသူ များက ဘုရားပြုတော်မူသောအမှုအရာများကို တွေ့ မြင်ကြသည်။ အသိမှန်အမြင်မှန်ရှိ၍ အခြားသူများကို သော်၎င်း၊ မိမိကိုယ်သော်၎င်း သိမြင်ကြရမည်။ ပန်းချီဆရာကြီး Corot က ဤသို့ဆိုဘူးသည်။ “သဘာဝရှုခင်းလှလှအကြားမှာ မိမိပုံကို မြင်ရသော် စိတ်ဆိုးမိသည်။“ပန်းချီစတိုဒီယိုခန်း မှာမူ မိမိကိုယ်ကို ပန်းချီဖန်တီးရှင်ဟု အထင်ကြီး ခဲ့သည်။ တခါတရံပတ်ဝန်းကျင်နှင့်ယှဉ်သည့်အခါ မိမိကိုယ်ကိုကျေနပ်ကြသော်လည်း ဘုရားရှင်၏ အလင်းထဲမှာ ဘုရားရှင်၏ စံချိန်စံညွှန်းနှင့် တိုင်းတာလျှင် ဝမ်းနည်းစရာရှက်စရာ မာန် မာနများ တွေ့နေရသည်(သီသန့် ရှင်းပြချက်)။
၃း၁၀-၁၁ ယေရှု၏သားသည် ဘုရားရှင်တော် ၏ ပြီးပြည့်စုံခြင်းကို ဟိမဝန္တာချီးမွမ်းခန်းဖွင့်ပြီးနောက် လူဆိုးသူခိုးများ၏ ဘေးရန်မှ ကွယ်ကာစောင့်ရှောက် ပါရန် တဖန်ဆုတောင်းသည်။ လူတို့၏ လိုအင်ဆန္ဒချိုင့် ဝှမ်းကြီးကို ဖြည့်ဆည်းပေးရန်ပူဆာပြန်သည်။ အငယ် ၁၁ သည် အငယ် ၁၀ ကို ထပ်မံရှင်းပြချက်ဖြစ်သည်။
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်ကို မပြတ်ခံစား ကြသည့်အတိုင်း မတရားသောလူများ၏ခြေဖဝါးအောက်သို့ မကျရောက်ဖို့၊ လူဆိုးတို့၏လက်ချက်၊ဒဏ် ချက်မှ ကင်းလွတ်ဖို့ ဆုတောင်းသည်။
၃၆း၁၂သူ့၏ကယ်တင်ခြင်းသည် ပြည်စုံပါသည် ယုံကြည်ခြင်းကြီးမားသည် အတိုင်း မတရားသောသူ များသည် ပြိုလဲပျက်စီးကြသည်။ နောက်တဖန် ထခြင်းငှာမတတ်နိုင်ကြ လာမထူနိုင်အောင်ပျက်စီး သွားကြသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။