ဆာလံကျမ်း - ၃၃
ဆာလံကျမ်း - ၃၃ (အနက်ဖွင့်)
ဆာ ၃၃၊ အသစ်သောသီချင်း
အထက်ကျမ်းချက်မှ နောက်ဆုံးအပိုဒ်နှင့်ဤ ကျမ်းချက်မှ ပထမအပိုဒ်သည်ဆက်စပ်သည်။ ကျမ်းပိုဒ်နှစ်ခုစလုံးတွင် ဖြောင့်မတ်သူများက ဘုရားသခင်အား ဝမ်းမြောက်ရွှင်လန်းစွာသီဆိုကြမည့်အကြောင်း ရေး ထားသည်။ ဤဆာလံကျမ်းပိုဒ်တွင် အဘယ့်ကြောင့်ထိုသို့ချီးမွမ်း သီဆိုရသည့်အကြောင်း ရှင်းပြထားသည်။
ရန်သူများ၏ လှုပ်ရှားမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ဘေးဒုက္ခပေးခြင်းများ မတွေ့ရပါ။ ဣသရေလလူများသည် ထာဝရဘုရားသခင်၏အုပ်စိုးမှုအောက်တွင် ဘေးရန်ကင်းရှင်းစွာ သာယာစိုပြေနေကြသည်။ ဆာလံဆရာက ခရစ်တော်၏နိုင်ငံတော် အစပျိုးထားသည်။ ဖိစည်းနှိပ်စက်တတ်သောနတပါးအမျိုးသားများသည်ယာကုတ်၏ ဘေးဒုက္ခမတိုင်မှီခုတ်ပိုင်းခြင်းခံရပြီ။
` ၃၃:၁–၂ ပထမအပိုဒ်(၇) တွင် ဣသရေလလူမျိုးအား ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ဘို့ ဖိတ် ခေါ်၍ အပိုဒ်ငယ်(၈) တွင်တပါးအမျိုးသားအားဖိတ်ခေါ်ထားသည်။ ချီးမွမ်းကိုးကွယ်ခြင်းသည် သုမင်္ဂလာဖြစ်၍ ဂီတတူရိယာ များဖြင့်တွဲဖက်၍ ချီးမွမ်းသီဆိုရမည်။ စောင်း ကြိုးဆယ်ပင်တပ်တူရိယာ များတီးခတ်၍ သီဆိုချီးမွမ်းရသည်။
၃၃:၃ အသစ်သောသီချင်းဆိုသည်မှာ ကယ်လွှတ်ရွှေးနှုတ်ခြင်း သီချင်းဖြစ်သည်။ အပြစ်များခွင့် လွှတ်ခြင်း(ဆာ ၃၂)၏ နောက်ဆက်တွဲဖြစ်၍၊ ခရစ်တော်၏ အသွေးတော်ဖြင့်အပြစ်မျာဆေးကြောခြင်း ခံရသူ များက သီဆိုကြရသည်။ ဤကျမ်းချက်တွင်မူ အနှစ်တထောင်တိုင်းပြည်၌ ရွေးနှုတ်ခြင်းခံရသော ဣသရေလလူ နည်းစုတို့ သီဆိုကြမည့်သီချင်း(ဗျာ ၁၄:၃)ကိုရည်ညွှန်းသည်။
၃၃:၄ ထိုသီချင်းသစ်တွင် ဘုရားသခင်၏ စကားတော်နှင့်အမှုတော်များ ရေးစပ်သီဖွဲ့ထားသည်။ စကားတော်သည်အကြွင်းမဲ့ ဖြောင့်မတ်မှန်ကန်၍ ဘယ်သောအခါမှဖောက်ပြန်ပြောင်းလဲခြင်းမရှိ။ ပရမတ္တ သစ္စာ စကားဖြစ်သည်။ ပြုတော်မူသောအမှုများသည် သစ္စာတရား၌ တည်သည်။ ဖန်ဆင်းခြင်းကိုကြည့်ပါ “ မျိုးကြဲချိန် နှင့် ရုတ်သိမ်းချိန်၊ အေးသော အချိန်နှင့် ပူသောအချိန်၊ ဆောင်းရာသီနှင့် နွေရာသီ၊ နေ့နှင့်ည ” (က-၈:၂၂)ရှိ နေသည်။ ကိုယ်တော်၏ကျွေးမွေးထောက်ပံ့မှု ကိုလည်းကြည့်ပါ။ “ ဘုရားသခင်ကို ချစ်သောသူတည်း ဟူသော ကြံစည်တော်မူခြင်း အတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာ တို့သည်တညီတညွှတ် တည်းပြုကြသည် ” (ရော ၈:၂၈)။ ရွှေးနှုတ်ခြင်းအကြောင်းကို ၁ ယော ၁:၉ တွင် “ မိမိအပြစ်ရှိသမျှကို ဖော်ပြ တောင်းပန်လျှင် ဘုရားသခင်သည် ၎င်းသစ္စာတရားနှင့် လည်းကောင်းပြည့်စုံ၏ဟု ဆိုထားပါသည်။
၃၃:၅ ဘုရားသခင်သည်တိကျ၍ သစ္စာရှိသည်သာမက၊ ဖြောင့်မတ်ခြင်းနှင့်၎င်း၊ တရားမျှတခြင်းနှင့် ၎င်း ပြီးပြည့်စုံသည်။ နေရာတိုင်းတွင် ဘုရားရှင်၏ကောင်းမြတ်ခြင်းကို တွေ့မြင်နိုင်သည်။
၃၃:၆–၇ ဘုရားသခင်၏ကြီးမြတ်ခြင်းကို ကောင်းကင်အရာများနှင့် ဂြိုလ်နက္ခတ်တာရာများ ဖန်ဆင်းသည့်လက်ရာတွင် တွေ့မြင်နိုင်သည်။ ပင်လယ်သမုဒ္ဒရာ များကို လည်း အကန့်အသတ်ထား၍ ဖန်ဆင်းထားသည်။ တချို့လူများက ဣသရေလလူ များကို မိုးကောင်းကင်၏ ကြယ်တာရာများ (က၁၅:၅) ဟုခေါ်ကြ၍ တပါးအမျိုးသားများကို ပင်လယ်ကမ်းခြေရှိသဲမှုန်များ ဟုခေါ်ကြသည်။ သခင်ယေရှု ဒုတိယ အကြိမ် ပြန်လည် ကြွလာသည့် မြင်ကွင်းအဖြစ် ဖေါ်ဆောင်ကြသည်။
၃၃:၈–၉ ဘုရားသခင်သည်လူ့အတွေးအမြင်ဖြင့် ဉာဏ်စွမ်းမမီနိုင်အောင်ကြီးမြတ်ရကား၊ အကြွင်းမဲ့ရိုသေလေးမြတ်ရသည်။ စကားတော်များသည် တည်ကြည်လေးနက်၍ ဆောက်တည်ဖွယ်ရာဖြစ် သည်။ အမိန့်တော်ရှိသမျှ အတိုင်းဖန်ဆင်းသမျှ ဖြစ်ပေါ်လာကြသည်။
၃၃:၁၀–၁၁ လူ့သမိုင်းတလျှောက်တွင် ဘုရားတရားမဲ့ဝါဒီ များက ဘုရားသခင်ကို ဆန့်ကျင်ကြ သည်။ ဘုရားသခင်၏ လူများကိုလည်း ဖျက်လို ဖျက်ဆီးလုပ်ကြသည်။ ဆရာကြီး Burns က “ မိမိ ကိုယ်ကို လူကြီးသူမဟု ထင်ကြရသော်လည်း ကောက်ရိုးမီးဖြစ်ကြသည် ” ဟုဆိုသည်။ ဘုရားသခင်၏ အကြံအစည် တော်ကိုမည်သည့်အရာကမျှ မတားဆီးနိုင်ပါ။ စကားတော်သည် နိစ္စထာဝရ တည်၍ အစီအစဉ်တော်ရှိသမျှ ဖြစ်ပေါ်လာရစမြဲ။
၃၃:၁၂ ဘုရားရှင် တည်သူများသည်ကောင်းချီးမင်္ဂလာ လမ်းလျှောက်လှမ်းသူများဖြစ်သည်။ ထိုသူ များသည်ပျော်ရွှင်သောတိုင်းနိုင်ငံသားများ ဖြစ်ကြ၍ ယေဟောဝါ ဘုရားကို ဘုရားရှင်တော်အဖြစ်သိရှိကြ သည်။ ရွေးကောက်ထားသူများဖြစ်၍ အမွေဥစ္စာလည်း ခံယူတော်မူကြသည်။
၃၃:၁၃–၁၇ ကောင်းကင်ဘုံယံမှ ဘုရားရှင်က လူအများကိုကြည့်ရှုသော အခါ အကုန်အစင်တွေ့ မြင်သည်။ တယောက်မှပုန်းခို၍ မလွတ်။ လူတို့၏ ပြုမူလုပ်ဆောင်ပုံနှင့် ကြံစည်သမျှသော စိတ်ထားများကို လည်းသိမြင်သည်။ လူသတ်လက်နက်စွဲကိုင်ကြသည်ကိုလည်းမြင်သည်။ ထို လူမိုက်များကိုလည်း သိမြင်သည်။ ဘုရားရှင်ထက် ကြည်း၊ ရေ၊ လေ စစ်တပ်အင်အားကို အားကိုးကြသည်ကိုလည်းတွေ့မြင်သည်။ ကရာနီတောင် ကုန်းသစ္စာက အားလုံးကိုအနိုင်ယူကြောင်းမသိကြသေးပါလား။
၃၃:၁၈–၁၉ ကိုယ်တော်ကိုယုံကြည်ကိုးစား၍ ကယ်တင်ခြင်းရရှိသူ၊ ဂရုဏာတော်ကိုမျှော်လင့်၍ ကျွေးမွေးခြင်းခံရသူများကိုလည်းကိုယ်တော်တွေ့မြင်သည်။ ထိုလူများသည် ကိုယ်တော်အားဝမ်းသာစေသူ များဖြစ်သည်။ ကိုယ်တော်၏အမွေတော်ခံယူကြသူများဖြစ်သည်။
၃၃:၂၀–၂၂ ဆာလံဆရာနှင့် လူများအကြားတွင် မေးခွန်းထုတ်စရာ ကွဲပြားခြားနားမှုမရှိပါ။ ယေဟောဝါ ဘုရားရှင်ကို ကူညီမစသူနှင့် ထောက်ပံ့ကျွေးမွေးသူ အဖြစ်ယုံကြည်လက်ခံကြသည်။ ပျော်ရွှင်ခြင်း အမှန်ခံစားကြ၍ နာမတော်ကိုယုံကြည်အားထားကြသည်။ ကိုယ်တော်ချစ်ခြင်းမေတ္တာကို နေရောင်ခြည်ခွန်အား အဖြစ်ရယူကြသည်။ ကိုယ်တော်ကိုသာတည်မှီကြသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။