ဆာလံကျမ်း - ၃၂

အပြစ်လွှတ်ခြင်းကျေးဇူး
1အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ ရောက်သောသူသည် မင်္ဂလာရှိ၏။ 2ထာဝရဘုရားအပြစ်တင်တော်မူခြင်းနှင့် လွတ်၍၊ လှည့်စားတတ်သော စိတ်သဘောနှင့် ကင်းစင်သောသူသည် မင်္ဂလာရှိ၏။
3ငါသည် အပြစ်ကိုမဖော်မပြဘဲ နေစဉ်အခါ၊ တစ်နေ့လုံး ညည်းတွားသောအားဖြင့်၊ ငါ့အရိုးတို့သည် ဆွေးမြေ့ခြင်းသို့ ရောက်ကြ၏။ 4နေ့ညမပြတ် ကိုယ်တော်၏လက်သည် အကျွန်ုပ်အပေါ်မှာလေး၍၊ အကျွန်ုပ်၏ချွေးရည်သည် နွေကာလ၌ သွေ့ခြောက်ခြင်းကဲ့သို့ ဖြစ်ပါ၏။ 5တစ်ဖန် အကျွန်ုပ်သည် ကိုယ်အပြစ်ကို ရှေ့တော်၌ ဝန်ချပါ၏။ ပြုမိသော ဒုစရိုက်ကို ဝှက်၍မထားပါ။ ငါလွန်ကျူးသောအရာကို ထာဝရဘုရားအား ဖော်ပြတောင်းပန်မည်ဟု ပြောဆိုသောအခါ၊ ကိုယ်တော်သည် အကျွန်ုပ်ပြစ်မှားခြင်းအပြစ်ကို လွှတ်တော်မူ၏။ 6ထိုကြောင့် ကိုယ်တော်ကို တွေ့သင့်သောအချိန်ကာလ၌၊ သန့်ရှင်းသူအပေါင်းတို့သည် ရှေ့တော်၌ တောင်းလျှောက်ကြပါလိမ့်မည်။ အကယ်စင်စစ် လွှမ်းမိုးတတ်သောရေကြီးသည် သူတို့ထံသို့ မချဉ်းရပါ။ 7ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာဖြစ်တော်မူ၏။ အကျွန်ုပ်ကို ဘေးလွတ်စေခြင်းငှာ ကွယ်ကာစောင့်မတော်မူ၏။ ကယ်လွှတ်ကြောင်းကို ဆိုသောသီချင်းနှင့် အကျွန်ုပ်ကို ခြံရံစေတော်မူ၏။
8သင့်ကို ငါသွန်သင်မည်။ သင်သွားရမည့်လမ်းကိုပြညွှန်မည်။ သင့်ကို ကြည့်ရှုပြုစုမည်။ ဉာဏ်ပညာမဲ့သော မြင်းလားကဲ့သို့ မဖြစ်နှင့်။ 9သူသည် သင့်ထံသို့ မချဉ်းကပ်သောကြောင့်၊ ပါးစပ်ကို ဇက်ခွံ့၍၊ ဇက်ကြိုးနှင့် ဆွဲရမည်။ 10မတရားသောသူသည် များစွာသောဒုက္ခကိုခံရ၏။ ထာဝရဘုရား၌ ကိုးစားသောသူကိုကား၊ ကရုဏာတော်သည် ဝန်းရံတတ်၏။ 11ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရား၌ ဝမ်းမြောက်ရွှင်လန်းကြလော့။ သဘောဖြောင့်သောသူတို့၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့။

ဆာလံကျမ်း - ၃၂ (အနက်ဖွင့်)

ဆာ ၃၂၊ အပြစ်ခွင့်လွှတ်ခြင်း

 

အပြစ်ခွင့်လွှတ်ခြင်းသည် နှစ်ဦးနှစ်ဖက်ပျော်ရွှင်ဖွယ်ရာဖြစ်သည်။ နောက်တဖန်ပြန်ပြောစရာမလို၊။ ဝန်ထုပ်ဝန်ပိုးပစ်ချခြင်း၊ ကြွေးမြီပယ်ဖျက်ခြင်းဖြစ်၍ စိတ်အေးနားအေးသည်။ အပြစ်ခဝါချ လိုက်ပြီ၊ စစ်ပွဲပြီးဆုံး ပြီ၊ ပျော်ရွှင်ငြိမ်သက်ခြင်း ရောက်လာပြီ။ ဒါဝိဒ် သည် သူ့အပြစ်များကို မလိမ့်တပတ်လိမ်လည်လှည့်ဖျားခြင်း မပြု။ အပြစ်ကိုဖုံးကွယ်ခြင်းသည် အမြဲတန်း ပျောက်မသွား၊ အပြစ်ဖေါ်ပြခွင့်လွှတ်ခြင်းသာလျှင် လိပ်ပြာသန့် သည်။ စိတ်အေးသည်။ ယနေ့ယုံကြည်သူများသည်လည်း ရှေးဦးသန့်ရှင်းသူများကဲ့သို့ပင် အပြစ်ကိုဖုံးကွယ် ခြင်းမပြုဘဲ၊ ပြစ်မှုဖေါ်ပြတောင်းပန်၍ အပြစ်ခွင့်လွှတ်ခြင်း တောင်းခံရသည်။ ထိုခေတ်ကာလက ယုံကြည်သူများ သည် ထိုသို့ပြစ်မှုဖေါ်ပြတောင်းပန်လျှင် ထာဝရဘုရားသခင်ကအပြစ်များကို ဖုံးအုပ်မေ့လျှော့ပေးသည်။ လုံးဝ ခွင့်လွှတ် ခဝါချပေးသည်ဟု ခံယူကြသည်။

 

၃၂:                       ရှင်ပေါလုက ဆာ၃၂:၁ ကိုကိုးကား၍ ရော ၄:၇-၈ တွင် ရှေးဦးကာလတွင် ယုံကြည် ခြင်းရှိမှသာလျှင် ဖြောင့်မတ်ရာသို့ ရောက်နိုင်သည်ဟုဆိုသည်။ သို့သော် ဒါဝိဒ်၏စကားတွင် လုံးလုံးအဖြေ တည်သည်မဟုတ်။ ဖြောင့်မတ်ခြင်း တစ်ခုတည်းနှင့်လည်း ကယ်တင်ခြင်းရရှိသည် မဟုတ်။ ထိုစကားသည်အ ပြစ်ခွင့်လွှတ်ခြင်း ကို အဓိကဆိုလိုသည်။ အပြစ်ခွင့်လွှတ်ခြင်း ခံရသူများသည် မင်္ဂလာရှိသည်။ သန့်ရှင်း ဝိညာဉ် တော်၏ အသိ ဉာဏ်ပေးခြင်းဖြင့် ပေါလုကာဒါဝိဒ် အကြောင်းကို ရော ၄:၆ တွင် “ ဘုရားသခင်သည် အကျင့်ကို မထောက်ဘဲလျှက်။ ပေးတော်မူသောဖြောင့်မတ်ခြင်းကိုရသော သူ၏မင်္ဂလာကို ဒါဝိဒ်သည်ရည်မှတ်သည် ’’ဟု ဆိုထားသည်။

 

၃၂:                     အဓိကသော့ချက်ကို ထပ်ကိုင်ထားသည်။ ဒါဝိဒ် သည် သူတပါးကြင်ယာ ဗေသ ရှေဘအား ကာမေသုမေစ္ဆာကျူးလွန်သည့်အပြင် သူ့ခင်ပွန်းဥရိယ ကိုလည်းသေကြောင်းကြံစည်ခဲ့သည်။ သို့သော်ထိုအ ပြစ်များကို ဝန်ခံခြင်းမပြု။ အမှိုက်ပုံထဲတွင် ဖုံးကွယ်ချင်သည်။ အချိန်ကာလကြာလာလျှင် မေ့လျှော့ကြမည်ဟု ထင်သည်။ ထိုသို့ မထုံတတ်တေး၊ ခေါင်းမာမှု လူ့အပြုအမူများသည် ဘုရားရှင်နှင့် လုံးလုံးလျားလျားဖီလာဆန့်ကျင်သည်။ အတွင်းစိတ်ဓာတ် ပုပ်ပျက်သောကြောင့် ခန္ဓာကိုယ်လည်းထိပါး လာ သည်။ ကျန်းမာရေးထိခိုက်လာ သည်။ သူ့အပေါ်သို့ ဘုရားသခင် ထက်မြက်သည့်ဓါး လေးလံစွာ ကျရောက် ပါသည်။ လုပ်ဆောင်သမျှသည် အမှားချည်းဖြစ်သည်။ အရာရာနှင့် အကြောင်းကြောင်းထပ်လာသည်။ ဘဝ လမ်းကြောင်းသည် မူမမှန်။ လိပ်ပြာ မသန့်။ စိတ်ဓါတ်မကြည်လင်။ တောရိုင်းထဲတွင် ဆင်ကန်းတောတိုးခြင်း မျိုးဖြစ်လာသည်။

 

၃၂:   ထိုသို့ထင်ရာမြင်ရာစိုင်းပြီးနောက်တနှစ်ကြာသောအခါဘုရားသခင်ရှေ့တော်သို့ ပြန်လာ၍ “ မှားပါပြီ ’’ဟုဝန်ချတောင်းပန်သည်။ ရှက်ဖွယ်ဇာတ်လမ်းသည် ပြည်တည်ရာမှ အနာစိမ်းဖြစ်လာပြီ။  ဖုံးကွယ် လျှို့ဝှက်ဖို့ မကြိုးစားတော့ပါ။ မှန်မှန်ကန်ကန်ထုတ်ဖော်ဝန်ခံသည်။ “ ကိုယ်ပြုမိသော ဒုစရိုက်၊ လွန်ကျူးသော အပြစ် ’’ ဟု ဝန်ခံသည်။ ထိုသို့မိမိ အပြစ်ကိုထုတ်ဖော် ဝန်ခံသည်နှင့် တပြိုင်နက် ဘုရားရှင်က အပြစ်များကို ခွင့်လွှတ်ပေး သည်။ ခွင့်လွှတ်ကြောင်းလည်း အာမခံပေးသည်။

 

၃၂:   ဒါဝိဒ်အပြုအမူ၊ ဆုတောင်းချက်အား ဘုရားရှင်က အဖြေပေးပုံများကို သိရှိတွေ့မြင်ကြသော ဘုရားသခင်၏ လူများကလည်း ဘုရားရှင်ကိုချီးမွမ်းကြသည်။ ဘုရားရှင်နှင့် မိဿဟာယဖွဲ့သူများသည် စိတ် ပျက်အားငယ်ခြင်းမှ ကယ်နှုတ်ခြင်းခံကြ

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။