ဆာလံကျမ်း - ၁၆

ဘုရားရှင်ကိုကိုးစားခြင်း
1အကျွန်ုပ်ကို စောင့်မတော်မူပါဘုရား။ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏။ 2ကိုယ်တော်သည် အကျွန်ုပ်၏သခင် ဖြစ်တော်မူသည်ဟု ထာဝရဘုရားကို အကျွန်ုပ်လျှောက်ဆိုပါပြီ။ ကျေးဇူးတော်မှတစ်ပါး အခြားသောမင်္ဂလာသည် အကျွန်ုပ်၌ မရှိပါ။ 3ပြည်တော်၌နေသောသန့်ရှင်းသူနှင့် ထူးဆန်းသောသူတို့ကိုသာ နှစ်သက်ပါ၏။ 4အခြားသောလမ်းသို့ လိုက်ပြေးသောသူတို့သည် များစွာသောဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ ငါသည် သူတို့သွန်းလောင်းရာ ပူဇော်သကာအသွေးကို မလှူမဆက်လို။ သူတို့ဘုရား၏နာမကို မမြွက်လို။ 5ထာဝရဘုရားသည် ငါအမွေခံရာအဖို့၊ ငါစားသောက်ရာအဖို့ ဖြစ်တော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်အမွေအနှစ်ကို စောင့်ရှောက်တော်မူ၏။ 6ငါပိုင်ထိုက်သော နယ်နိမိတ်သည် သာယာသောအရပ်တွင်ကျ၍၊ ကောင်းမွန်သော အမွေကို ငါခံရပြီ။
7ငါ့ကိုပြုစုတော်မူသော ထာဝရဘုရားကို ကောင်းချီးပေးမည်။ ညအချိန်၌ပင် ငါ့နှလုံးသည် ငါ့ကိုနှိုးဆော်တတ်၏။ 8ငါသည် ထာဝရဘုရားကို အစဉ်မပြတ် မျက်မှောက်ပြု၏။ အကြောင်းမူကား၊ ငါလက်ယာဘက်၌ တည်ရှိတော်မူသည်ဖြစ်၍၊ ငါသည်လှုပ်ရှားခြင်းမရှိရ။ ထိုကြောင့် ငါ့စိတ်နှလုံးသည်သာယာခြင်း၊ 9ငါ့ဝိညာဉ်သည်လည်း ရွှင်လန်းခြင်းရှိ၏။ ထိုမှတစ်ပါး၊ ငါ့အသားသည် မျှော်လင့်လျက် ကျိန်းဝပ်လိမ့်မည်။ 10အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်၏ဝိညာဉ်ကို မရဏနိုင်ငံ၌ ပစ်ထားတော်မမူ။ ကိုယ်တော်၏ သန့်ရှင်းသောသူအားလည်း ပုပ်စပ်ခြင်းကိုရှိစေတော်မမူဘဲလျက်၊ 11အသက်ရှင်ခြင်းလမ်းကို ပြညွှန်တော်မူလိမ့်မည်။ အထံတော်၌ စုံလင်သောဝမ်းမြောက်ခြင်းအခွင့်နှင့် လက်ယာတော်နားမှာ အစဉ်အမြဲပျော်မွေ့ခြင်းအခွင့်ရှိပါ၏။

ဆာလံကျမ်း - ၁၆ (အနက်ဖွင့်)

၁၆း၁-၂ ခရစ်တော်သည် ပြီးပြည့်စုံသောလူသားတော်၊ ဘုရားသခင်ကို အကြွင်းမဲ့မှီခိုသူဖြစ်သည့် အလျှောက် သူ၏အော်သံကို ဘုရားရှင်ကနားထောင်သည်။ လူ့လောကတွင် နှစ်ပေါင်း(၃၀)ကြာသီတင်းသုံးခဲ့သည့် ကာလတွင် ဘုရားရှင်ကို အရှင်သခင်အဖြစ် သိကျွမ်းသည်သာမက သက်တော်စဉ်တခုလုံးကို ကြိုးကိုင်သူဖြစ်ကြောင်း ဝန်ခံသည်။ ကျေးဇူးတော် မှ တပါး အခြားမင်္ဂလာ သည်အကျွန်ုပ်၌မရှိ ဆိုသည်မှာ ကိုယ်တော်၌ အပြစ်မကင်းဟုမဆိုလို။ ခရစ်တော်၏ဘဝဖြစ်စဉ် တခုလုံးသည်ဘုရားရှင်တော်၌ တည်ပါသည်။ ထိုအကြောင်းကို ဆာ၇၃း ၂၅ “ကိုယ်တော်မှတပါး ကောင်းကင်ဘုံမှာအကျွန်ုပ်၌ ဘယ်သူရှိပါသနည်း။ ကိုယ်တော်ကို အလိုရှိသည်နှင့်အမျှ မြေကြီးပေါ်မှာ အကျွန်ုပ်သည် အဘယ်အလိုရှိပါသနည်း” ဟူသော ကျမ်းချက်နှင့် ယှဉ်ဖတ်ကြည့်ပါ။

၁၆း၃ မေရှိယသခင် သက်တော်စဉ်တွင် ဘုရားရှင်အလေးအနက်ထားသည် ဆိုသည်မှာ မြေကြီးပေါ်ရှိသန့်ရှင်းသူများ အလေးထားသည့် အကြောင်းဖြစ်သည်။ ထိုနှစ်ချက်သည် အပြန်အလှန် ဆက်စပ်နေသည်။ ဘုရားသခင်ကို အမှန်တကယ်ချစ်ခင်လျှင်ဘုရားရှင်၏လူများကို ချစ်ရသည် (၁ယော ၅း၁-၂)။သခင်ယေရှု၏ သန့်ရှင်းသူများသည် လူ့လောကတွင်ကိုယ်တော်၏ဂုဏ်ဆောင်သူများ ဖြစ်၍အထံတော်တွင် တည်မှီသူများသည် ကိုယ်တော်အား ဝမ်းမြောက်ရွှင်လန်းစေသူများဖြစ်သည်။ ဘုရားသခင်၏ ရှေးဦးသန့်ရှင်းသူများသည်လည်း ထိုအတိုင်းဖြစ်သည်။ငါမွေးဖွားရာနေ့ရက်မှ သည်ယနေ့တိုင်အောင်သေခြင်းတရားနှင့် အပြစ်သားများ ကောင်းစားရေးကို လိုလားနှစ်သက်သည်။ လောကသားများစွာ လိုတရမဿဟာယပြုရ၍၊ ထိုလူသားတိုင်းအပေါ်၌ ဘုရားသခင်၏ နာမတော်အဘို့အလို့ငှါ တန်ခိုးအစွမ်းနှင့် ဂရုဏာတော်ဖူးမြင်နေရသည်။

၁၆း၄ စစ်မှန်သော ဘုရားရှင်ကို ရှိခိုးကိုးကွယ်နေစဉ်အခိုက်တွင် အခြားအဘက်ရှိ လူများသည် အခြားသောဘုရားကို ကိုးကွယ်ကြသည်။ ရုပ်တုဘုရားတုကိုးကွယ်ခြင်းသည် ဝမ်းနည်းကြေကွဲ ရာဖြစ်သည်။ ထိုသို့သော ရုပ်တုဆင်းတုဘုရားတု ကိုးကွယ်ခြင်းကြောင့် အကြီးမားဆုံးတရားစီရင်ခြင်း ခံကြရဦးမည်။ ဘုရားသခင်၏သားတော်သည် ထိုသို့သောသူများ၏ ယဇ်ပူဇော်ခြင်း၊ အသွေးပေးဆက်ခြင်းကိုလက်မခံ။ ထိုသူတို့ကိုးကွယ်သော ဘုရားတုများကိုလည်း မကြားလိုမနာလို။ လမ်းလွဲလမ်းမှားသို့ သွေဖီသောတရားလမ်းကိုလည်း မသိလို။

၁၆း၅-၆ ခရစ်တော်သည် ခမည်းတော် ဘုရားချပေးသော ခွက်ဖလားကိုဝေစုအဖြစ် ရွေးချယ်တော်မူသည်။ ကိုယ်တော်၏ စည်းစိမ်ချမ်းသာနှင့် လာဘ်လာဘဟူသမျှသည် ဘုရားရှင်တော်ဖြစ်သည်။ ဘုရားရှင်ချမှတ်ပေးထားသော အမွေခံပတ်ဝန်းကျင်ကို ခံယူသည်။ခမည်းတော်ဘုရားက အသေးစိပ်စီစဉ်ပေးထားသမျှသည် ပညာပြည့်စုံ၍ အံ့ဩဖွယ်ရာဖြစ်ပါသည်။အမွေတော်များသည် ပျော်ရွှင်ဘွယ်ရာဖြစ်၍ အဘိုးထိုက်တန်လှပါသည်။ ထိုနည်းတူ ဘုရားရှင်နှင့်မိဿဟာယဖွဲ့သူများသည် နာမတော်ချီးမွမ်းခြင်း၌မွေ့လျော်ကြသည်။ စောဒကတက်လျှင် မူကားဘုရားရှင်ယုံကြည်ခြင်း ဖေါက်ဖျက်သည်။ ဉာဏ်ပညာတော်၊ချစ်ခြင်းမေတ္တာနှင့် တန်ခိုးဆုံးရှုံးကြသည်။

၁၆း၇ ခရစ်တော်သည် ဘုရားရှင်အား သစ္စာရှိရှိချီးမွမ်းသည်။ သက်တော်စဉ်ကိုလမ်းပြ၍ ဘဝတလျှောက်လုံး တိုင်ပင်နှီးနှောသည်။ အိပ်မပျော်သောအချိန်တွင်နှုတ်ကပတ်တော်ကို ဆင်ခြင်အောက်မေ့သည်။ ခမည်းတော်ဘုရား၏ လမ်းညွှန်ချက်ကိုမဖြုန်းတီး ခရစ်တော်၏ ဘဝသက်တော်စဉ်သည် ယုံကြည်သူများအသက်တာတွင် လက်တွေ့ကျင့်ဆောင် ဘွယ်ရာဖြစ်သည်။ခြေသလုံးအိမ်တိုင်သီချင်းသည်များနှင့်အလင်း၏ သားများအလယ်ဝယ်ချိုတေးသံသာသီချင်းညဉ့်၏အလှတေးဖြစ်ပါစေသား။လူအများ ကြွေးကြော်ချီတက်လျှက်ညဉ့်အမှောင်ခန်းထဲတွင် ဇာတ်တိုက်နေရခမည်းတော်ဘုရားအိမ်တော်သို့ ဝင်ဖို့အရေး။

ရှေးစာဆိုတော်တဦး

ဆာ ၁၆ကို ရည်ညွှန်း၍ ခရစ်တော်ရှင်ပြန်ထမြောက်မည့်အကြောင်း ပေတရုက ပင်တေကုတ္တေနေ့တွင် တရားတော်ဟောပြောခဲ့သည်။

“ထိုသူကို အကြောင်းပြု၍ ဒါဝိဒ်မင်းကငါသည် ထာဝရဘုရားကို အစဉ်မပြတ်မျက်မှောက်ပြု၏။ အကြောင်းမူကား လက်ရာဘက်၌ တည်ရှိတော်မူသည်ဖြစ်၍၊ ထိုသူလှုပ်ရှားခြင်းမရှိရ။ ထို့ကြောင့် စိတ်နှလုံးသည် သာယာခြင်း၊ ငါ့ဝိညာဉ်သည် ရွှင်လန်းခြင်းရှိ၏။ထိုမှတပါး ငါ့အသားသည် မျှော်လင့်လျှက်ကိန်းဝပ်လိမ့် မည်။ အကြောင်းမူကားကိုယ်တော်သည် အကျွန်ုပ်၏ ဝိညာဉ်ကို မရဏနိုင်ငံ၌ ပစ်ထားတော်မမူ။ ကိုယ်တော်၏သန့်ရှင်းသူများလည်း ပုပ်ခပ်ခြင်းရှိစေတော်မမူဘဲလျှက်၊ အသက်ရှင်ခြင်းလမ်းကို ပြညွှန်းတော်မူလိမ့်မည်။ မျက်နှာတော်ကို ဖူးမြင်ရသောအားဖြင့် ဝမ်းမြောက်သောစိတ်နှင့် အကျွန်ုပ်ကိုပြည့်စုံစေတော်မူလိမ့်မည်ဟု ဒါဝိဒ်ဆိုသတည်း။ညီအစ်ကိုတို့ အမျိုး၏အဘဖြစ်သောဒါဝိဒ်၏အကြောင်းကို ငါသည်သင်တို့အားအတည့်အလင်းပြောပါရစေ။ ထိုဒါဝိဒ်သဂြိုဟ်သောတွင်းသည် ယခုတိုင်အောင် ငါတို့၌ရှိ၏။ထိုသူသည် မိမိအမျိုးအနွယ်ထဲက လူ့ဇာတိအားဖြင့် ခရစ်တော်ကို ဘုရားသခင်ထမြောက်စေ၍၊ မိမိပလ္လင်ပေါ်မှာ တင်တော်မူမည့် အကြောင်းကို ရည်မှတ်လျှက် ထိုခရစ်တော်၏စိတ်ဝိညာဉ်ကို မရဏနိုင်ငံ၌ ပစ်ထားတော်မမူ။ အသားလည်းပုပ်ခပ်ခြင်းသို့ မရောက်ဟုအနာဂတိသညာဏ်နှင့် ဆိုလေ၏။ ထိုယေရှုကိုဘုရားသခင်က ထမြောက်စေကြောင်း ငါတို့သိကြ၏။ ထိုသို့ဘုရားသခင်သည် ဂတိတော်နှင့်ယှဉ်သည့်သန့်ရှင်းဝိညာဉ်တော်ကို ခမည်းတော်ထံမှ ခံပြီဖြစ်၍၊ သင်တို့ သိမြင်ကြား ရသောအရာကို ညွှန်းလောင်းတော်မူ၏။

(တ ၂း ၂၅-၃၃)

ပေတရုမိန့်ဆိုသော စကားများထဲမှ အချက်အလက်များကို ကောက်ယူကြည့်ကြပါစို့။

၁။ ဒါဝိဒ်၏စကားသည် ခရစ်တော်အကြောင်းဖြစ်သည် (ငယ် ၂၅)။ ဒါဝိဒ်က သူ့အကြောင်းကိုမပြောနိုင် ပါ။ သူ့ရုပ်ခန္ဓာကိုယ်အပေါင်းသည်ယေရုရှလင်ရှိ အုတ်ဂူတွင်ရှိနေပါသည်။

၂။ ဆာလံဆရာသည် ပရောဖက်ဖြစ်သည်နှင့်အညီဘုရားရှင်ကခရစ်တော်အား အချိန်တန်ချိန်တွင်ရှင်ပြန်ထမြောက်စေပြီး ပလ္လင်တော်ပေါ်တွင်စိုးစံစေမည်။

၃။ ထို့ကြောင့် ဒါဝိဒ်ကဤသို့ဆိုသည်။ ဘုရားသခင်က ခရစ်တော်၏ဝိညာဉ်အား မရဏနိုင်ငံတွင်ပစ်မထား၊ ခရစ်တော်၏ခန္ဓာကိုယ်ကို လည်းပုပ်ပွပျက်စီးစေခြင်း မဖြစ်စေပါ။

၄။ ဘုရားရှင်ကခရစ်တော်အား ပြန်လည် ထမြောက်စေပြီးသကာလ၊ လက်ယာတော်၌ စိုးစံတော်မူကြောင်း ပင်တေကုတ္တေနေ့တွင် ဘုန်းတန်ခိုးထင်ရှားစေတော်မူပြီ။

၁၆း၈ မေရှိယသခင်သည် ထာဝရဘုရားသခင်ကို အစဉ်မပြတ်မျက်မှောက်ပြုတော်မူ၏။ယေဟောဝါဘုရားရှင် တပါးတည်းသာလျှင် သူ၏အသက်ရှင်ရာ အကြောင်းတရားဖြစ်သည်။ ဘယ်သောအခါကမှ မိမိသဘောဆန္ဒအတိုင်းမပြု။ ပြုလေသမျှတိုင်း၌ ခမည်းတော်ဘုရား၏ အလိုတော်အတိုင်းဖြစ်ရသည်။“အကြောင်းမူ ကား ၊ ငါ့ လက် ယာဘက်၌တည်ရှိတော်မူသည်ဖြစ်၍ ငါသည် လှုပ်ရှားခြင်းမရှိ ရ။ သမ္မာကျမ်းစာတွင် လက်ယာဘက်သည်အောက်ပါအတိုင်း အဓိပ္ပါယ်ရှိသည် –

တန်ခိုး (ဆာ ၈၉း ၂၃)

လုံခွုံမှု (ဆာ ၂၀း၆)

ဂုဏျသိက်ခာ (ဆာ ၄၅း၉၊၁၀း၁)

နှစျသကျရာ (ဆာ ၈၀း၁၇)

အကူအမ (ဆာ ၁၈း၃၅)

ဤကျမ်းပိုဒ်တွင်မူ ဘေးကင်းမှုနှင့် လုံခြုံမှုအကြောင်း ပြဆိုထားသည်။

၁၆း၉-၁၀ ဘုရားသခင်၏ စောင့်ရှောက်မှုနှင့်ကွယ်ကာမှု ရရှိထားသောကြောင့် ကယ်တင်ရှင်သခင်၏ အနာဂတ်အရေးသည် လုံခြုံစိတ်ချရသည်။ စိတ်နှလုံးရွှင်လန်းရသည်။ စိတ်ဝိညာဉ်ချမ်းမြေ့၍ ခန္ဓာကိုယ် ဘေးရန်ကင်းရှင်းသည်။ ဘုရားသခင်က သူစိတ်ဝိညာဉ်အား မရဏနိုင်ငံတွင် ပစ်မထားခဲ့ကြောင်း၊ သူ့ခန္ဓာကိုယ်သည်လည်း ပုပ်ပျက်ခြင်းမရှိနိုင်ကြောင်း ယုံကြည်စိတ်ချသည်။ တနည်းအားဖြင့် ခရစ်တော်သည်သေခြင်းမှ ပြန်လည်ထမြောက်ပြီ။မရဏနိုင်ငံ (Sheol)ဟူသော စကားလုံးကို ရှင်းပြပါမည်။ ဓမ္မဟောင်းကျမ်းတွင် ဝေါဟာရကို အုတ်ဂူအဖြစ်သုံးသည်။ အလောင်းတော်များ မြုပ်နှံရာတစပြင်သုသာန်မြေဖြစ်သည်။ ဓမ္မသစ်ကျမ်းကို ဝေါဟာရတွင်Hadesနှင့် အတူတူဖြစ်သည်။ Sheol ဟု ဆိုသောအခါမြေနေရာကို အဓိကမဆိုလို။ လူသေများရှိသောနေရာ၊ လူရှင်များနှင့် မသက်ဆိုင် မပက်သက်ပုံကိုဆိုလိုသည်။ ယုံကြည်သူဖြစ်စေ၊ မယုံကြည်သူဖြစ်စေ၊သေလွန်သည့်အခါ ရောက်ရှိသည့်နေရာ ဘဝကိုဆိုလိုသည်။ အခြားတဘက်တွင် ဓမ္မသစ်ကျမ်းမှ Hadesသည် မယုံကြည်သူများနှင့်သာ သက်ဆိုင်သည်။ Sheolဟူသော ဝေါဟာရသည် ကျယ်ပြန့်သည်။ သေခြင်းအလွန် ရောက်ရှိသည့်နေရာဖြစ်သည်။ လူ့အသိတရားဖြင့်သတ်မှတ်သော နေရာထက် ကျယ်ပြန့်သည်။ဓမ္မသစ်ကျမ်းအယူအဆတွင် ပြောင်းလဲ သွားသည်။ သခင်ခရစ်တော်က အသက်ယူဆောင်လာသောကြောင့် သေခြင်းကင်းသော ဧဝံဂေလိအလင်းသတင်းကောင်းဟောပြောနေရပြီ (၂ တိ ၁း၁၀)။ ယခုခေတ်ကာလ ယုံကြည်ချက်တွင် မယုံကြည်သူသည်သေလွန်သည့်အခါ သူ့စိတ်နှင့်ဝိညာဉ်သည် Hadesတွင် ဆင်းရဲဒုက္ခခံနေရသည်။ (လု ၁၆း၂၃)။

ထိုအချိန်တွင် သူ့ခန္ဓာကိုယ်သူ အုတ်ဂူထဲတည်ရှိနေသည်။ ယုံကြည်သူ၏စိတ်နှင့် ဝိညာဉ်များအားကောင်းကင်နိုင်ငံရှိ ခရစ်တော်ထံသို့ ရောက်သွားသည်(၂ကော ၅း၈၊ ဖိ ၁း၂၃)။ ထိုအချိန်တွင် ရုပ်ခန္ဓာကိုယ်သည် သင်္ချိုင်းဂူထဲတွင် ရှိနေသည်။ကယ်တင်သောအရှင်က “ကိုယ် တော် သည်အကျွန်ုပ်၏ ဝိညာဉ်ကို မရဏနိုင်ငံ၌ပစ်ထားတော်မမူ”ဟု ဆိုသည်။ ထိုစကားတော်မှာ ဘုရားသခင်၏ပြုမူလုပ်ဆောင်တော်မူချက်များ သိရှိနားလည်ကြောင်းခရစ်တော်၏      ညာဏ်ပညာကြီးမားပုံကို ထုတ်ဖေါ်ပြသသည်။ မရဏနိုင်ငံသို့ ရောက်သော်လည်း ပုပ်ပျက်သွားအောင်ပစ်မထား။ဘုရားရှင်က ကိုယ်တော်အား ပတ်ဝန်းကျင်ဖြစ်မြဲဓမ္မတာအတိုင်း ဖြစ်ပျက်စေဖို့ ခွင့်မပြု။ ခရစ်တော်ခန္ဓာကိုယ်သည် သုံးရက်သုံးညလုံးလုံး အုတ်ဂူထဲ၌ ရှိခဲ့သော်လည်း ပုပ်ဆွေးခြင်းအလျဉ်းမရှိ။ အံ့ဩဘွယ်ရာထိန်းသိမ်းစောင့်ရှောက်မူပေတည်း။

၁၆း၁၁ နောက်ဆုံးကျမ်းပိုဒ်တွင် သခင်ဘုရားက အပြည့်အဝယုံကြည်ကြောင်း၊ အသက်လမ်းကိုပြသမည်ဟု စိတ်ချကြောင်း ဝန်ခံထားသည်။ သေရွာလမ်းမှအသက်ရှင်ရာလမ်းကို ပြသမည်။ ထိုလမ်းအတိုင်း လိုက်လျှောက်လျှင် ဘုရားသခင်စိုးစံတော်မူရာကောင်းကင်ဘုံသို့ သက်ရောက်မည်။ အထံတော်တွင်စုံလင်သောဝမ်းမြောက်ခြင်းဖြင့် လက်ယာတော်နားတွင် အစဉ်ပျော်ရွှင်မွေ့လျော်သွားပေမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။