ဆာလံကျမ်း - ၁၃၈

ကျေးဇူးတော်ချီးမွမ်းခြင်း
1အိုထာဝရဘုရား၊ ကိုယ်တော်ကိုစိတ်နှလုံးအကြွင်းမဲ့ အကျွန်ုပ်ချီးမွမ်းပါမည်။ အခြားတစ်ပါးသော ဘုရားတို့ရှေ့မှာ ကိုယ်တော်ကို ထောမနာသီချင်းဆိုပါမည်။ 2သန့်ရှင်းသော ဗိမာန်တော်သို့ မျက်နှာပြုလျက် ပျပ်ဝပ်ကိုးကွယ်၍ ကရုဏာတော်နှင့် သစ္စာတော်ကြောင့် နာမတော်ကိုချီးမွမ်းပါမည်။ အကြောင်းမူကား၊ ကတိတော်ကို သတင်းတော်ရှိသမျှထက် ချီးမြှောက်တော်မူပြီ။ 3အကျွန်ုပ်အော်ဟစ်သောနေ့တွင် နားထောင်တော်မူ၍၊ စိတ်ဝိညာဉ်ထဲသို့ ခွန်အားကိုသွင်းသဖြင့်၊ အကျွန်ုပ်ကို ခိုင်မာစေတော်မူ၏။ 4အိုထာဝရဘုရား၊ လောကီရှင်ဘုရင်အပေါင်းတို့သည် နှုတ်တော်ထွက်စကားတို့ကို ကြားရသည်ဖြစ်၍၊ ဂုဏ်တော်ကို ချီးမွမ်းကြပါလိမ့်မည်။ 5ထာဝရဘုရား၏လမ်းခရီးတော်တို့၌ လိုက်၍ သီချင်းဆိုကြပါလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဘုန်းကြီးတော်မူ၏။ 6ထာဝရဘုရားသည် မြင့်မြတ်တော်မူသော်လည်း၊ စိတ်နှိမ့်ချသော သူတို့ကို ကြည့်ရှုတော်မူ၏။ စိတ်မြင့်သော သူတို့ကိုကား၊ အဝေးကသိတော်မူ၏။ 7အကျွန်ုပ်သည် ဆင်းရဲဒုက္ခများ၌ ကျင်လည်သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို အသက်ရှင်စေတော်မူလိမ့်မည်။ လက်တော်ကိုဆန့်လျက်၊ ရန်သူတို့၏ အမျက်ဒေါသကိုဆီးတား၍၊ လက်ယာလက်တော်အားဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူလိမ့်မည်။ 8ထာဝရဘုရားသည် ငါ၏အမှုကို ပြီးစီးစေတော်မူမည်။ အိုထာဝရဘုရား၊ ကရုဏာတော်သည် အစဉ်အမြဲ တည်ပါသည်ဖြစ်၍၊ ကိုယ်တော်၏လက်နှင့်ပြုစုသော အမှုတို့ကို စွန့်ပစ်တော်မမူပါနှင့်။

ဆာလံကျမ်း - ၁၃၈ (အနက်ဖွင့်)

ဆာ ၁၃၈၊ ဘုရားရှင်၏ သစ္စာစကားတော်

ဘုရားသခင်က ဆုတောင်းချက်များအဖြေပေးသောကြောင့် ဒါဝိဒ်သည် ဝမ်းသာလုံးဆို့နေသည်။ ထိုကဲ့သို့ပင် ယနေ့ယုံကြည်သူများသည်လည်း အောင်မြင်သောအချိန်အခါတိုင်း ကျေးဇူးတော် ချီးမွမ်းသင့် သည်။ ဤဆာလံတေးသည် မေရှိယသခင်ယေရှုရှင် တိုင်းနိုင်ငံထူထောင်သည့်အခါ ဣသရေလလူများ ခေါင်းမော့ရင်ကော့ကြမည့်အကြောင်း ဖြစ်သည်။

၁၃၈: ဒါဝိဒ်သည်မယုံတဝက် ယုံတဝက်ဖြင့် ကိုးကွယ်ခြင်းမပြု။ စိတ်နှလုံးအကြွင်းမဲ့ဖြင့်၊ အစွမ်းရှိသမျှဖြင့် ယေဟောဝါဘုရားရှင်ကို ချီးမွမ်းကိုးကွယ်သည်။

ဝတ်ပြုကိုးကွယ်ရာတွင် အနှောင်အဖွဲ့မရှိ။ နောက်ဆံတင်းစရာကင်းမဲ့သည်။ လောကမင်းများ၊ ရုပ်တုဘုရားများကို ငဲ့ကွက်စရာမရှိ၊ အရှက်အကြောက် ကင်းမဲ့စွာ သီဆိုကခုန်၍ ဘုရားရှင်ကို ချီးမွမ်းသည်။ ရုပ်တု ဘုရားတုဆိုသည်မှာ လူ့လက်လုပ်ဘုရားများနှင့် ပတ်ဝန်းကျင်ကို နှောင့်ယှက်နိုင်သော နတ်ဒေဝါများ အုပ်စိုးသူမင်းများလည်းပါဝင်သည်။

၁၃၈: ဘုရားတရားကိုင်းရှိုင်းသော ယုဒများက ဒါဝိဒ်သည် ဗိမာန်တော်ဘက်သို့မျက်နှာမူလျှက် ပြပ်ဝပ်ကိုးကွယ်သည်ဟု ဆိုလေ့ရှိသည်။ (ထိုအချိန်ကာလတွင် ဗိမာန်တော်မဆောက်လုပ်သေးပါ)၉၇။ ယေဟောဝါဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်နှင့် သစ္စာတော်ကို ရည်ညွှန်းသည်။ မေတ္တာတော်ကြီးမား သောကြောင့် အပြစ်သားများကို ချစ်ခင်တန်ဘိုးထားနိုင်သည်။ “ကတိတော်သည် တန်ဘိုးကြီးမားခိုင်ခံပါပေ သည်။ ကတိတော်သည်လည်း သားသမီးတိုင်းအပေါ်သို့ သက်ရောက်ပါသည်။

ကရုဏာတော်နှင့် သစ္စာတော်ကြောင့် နာမတော်ကို ချီးမွမ်းပါမည်။ ဆိုလိုသည်မှာ ဘုရားသခင်က ဗျာဒိတ်တော်ပြုထားသည့်အတိုင်းသာမက စီရင်ပေးသည်မဟုတ်။ ထို့ထက်ကောင်းအောင် လုပ်ဆောင်ပေး သည်။ ကတိတော်သည် အလျှံပယ်ပြည့်စုံကြွယ်၀သည်။ ဗျာဒိတ်တော်ဟူသမျှအား ကိုယ်တိုင်စီရင်ပေးသည်။ ထို့ထက်ကျယ်အောင် ဖွင့်ဆိုလျှင် ဘုရားရှင်သည် လူ့လောကအား ကတိတော်အတိုင်းသာ စီရင်သည်မဟုတ်။ သခင်ယေရှုကိုယ်တိုင် လူ့လောကသို့ကြွလာခဲ့သည်။

၁၃၈: အပိုဒ်ငယ် (၃)သည် ဆာလံဆရာ၏ချီးမွမ်းခြင်းပေါက်ကွဲမှု သံစဉ်ဖြစ်သည်။ နေ့ရက်စဉ်တိုင်း ဆုတောင်းနေစဉ် တရက်တွင် ဘုရားရှင်က အဖြေပေးလိုက်သဖြင့် ဝမ်းသာအားရအော်မိသည်။ ကြောက်စိတ် ကို ဖယ်ရှား၍ လာမည့်ဘေးပြေးတွေ့သည်။ စိတ်ဓါတ်ထဲသို့ သတ္တိသွေးတန်ခိုး သွန်းလောင်းအားဖြည့်သည်။

၁၃၈: ဘုရားရှင်က ဒါဝိဒ်၏ဆုတောင်းချက်အား သစ္စာရှိရှိအဖြေပေးပုံသည် လောကရှင်ဘုရင် များသို့ သက်သေခံခြင်းဖြစ်သည်။ ပရောဖက်ပြုချက်များပြည့်စုံလာပုံ တွေ့မြင်ကြရသဖြင့် ယေဟောဝါ ဘုရားသခင်ကြီးမြတ်ပုံ သိရှိသွားကြသည်။ ဘုရားသခင်သည် ကြီးမြတ်တော်မူ၍ ဒါဝိဒ်ကဲ့သို့ ရို့ကျိုး အောက်ကျို့ကြောင်း ဒါဝိဒ်၏ရန်သူများကဲ့သို့ မာနာတခွဲသားဖြင့် မထောင်လွှားအပ်ကြောင်း သဘော ပေါက်သွားကြသည်။

၁၃၈: ကျက်သရေမင်္ဂလာရှိသော မြင်ကွင်းဖြစ်သည်။ ရန်သူပေါင်းစုံ ဝိုင်းရံ၍ ပြဿနာပေါင်းစုံ တက်နေသည်။ စိတ်ပျက်အားငယ်ဖွယ်ရာ အဖုံဖုံရှိနေသည်။ သို့သော် ဒါဝိဒ်သည် ဒူးမထောက် လက်မမြောက် သာ။ ရန်သူများအား ဖုတ်လေသည့်ငါးပိရှိသည်ဟု မအောက်မေ့။ ခပ်တည်တည်ဖြင့်လျှောက် သွားသည်။ ရန်သူများကို နှိမ်နှင်းပေးသော ထိုလက်အောက်က ဒါဝိဒ်ကို ကယ်မ၍ ချမ်းသာသုခပေးပါမည်။

၁၃၈: ဒါဝိဒ်၏ယုံကြည်စိတ်ချမှုသည် ခိုင်မာမြဲမြံသည်။ ထာဝရဘုရားသည် ငါ၏အမှုကိုပြီးစီး စေတော်မူမည်ဟု ဆိုသည်။ ပေါလု၏ ယုံကြည်ချက်မျိုးဖြစ်သည်။ “ကောင်းသောအမှုကို ပြုစေတော်မူသော သူသည် ယေရှုခရစ်တော်၏နေ့ရက်တိုင်အောင် ပြီးစီးလျှက် ပြုတော်မူမည်” (ဖိ ၁:၆)။

ကောင်းမတ်သောအမှုတော် အစပြုသူကို ပြီးစီးအောင် ခွန်အားပေးတော်မူမည်။

ကတိတော်အတိုင်း တည်မြဲပါစေသော်။ ဘယ်သောအခါမှမဖောက်ပြန်။

အတိတ်၊ပစ္စပ္ပန်၊ အနာဂတ်သုံးပါးစလုံးတွင်

ပတ်ဝန်းကျင်မပျက်၊ ရှေ့ဆက်ဦးတည်သွား

ဝိညာဉ်များကို ချစ်သောကြောင့်။

Augustus M.Toplady

ကိုယ်တော်၏ချစ်ခြင်းမေတ္တာတော်သည် ဖောက်ပြန်ခြင်းကင်းမဲ့၍ နိစ္စထာဝရတည်တံ့သည်။ ဒါဝိဒ်ကဲ့သို့ အိုထာဝရဘုရား၊ ကရုဏာတော်သည် အစဉ်အမြဲတည်သည်ဖြစ်၍ ကိုယ်တော်၏လက်နှင့် ပြုစုသောအမှုကို စွန့်ပစ်တော်မမူပါနှင့်” ဟုဆုတောင်းနိုင်ရသည်။ ကတိတော်သည် ဘယ်သောအခါမှ မပျက်ခဲ့ သလို နောင်ကာလတွင်လည်း တည်မြဲနေဦးမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။