ဆာလံကျမ်း - ၁၂၂

ယေရုရှလင်မြို့ငြိမ်ဝပ်ရန်ဆုတောင်း
1ငါတို့သည် ထာဝရဘုရား၏အိမ်တော်သို့ သွားကြကုန်အံ့ဟု သူတစ်ပါးတို့သည် ပြောကြသောအခါ၊ ငါသည် ဝမ်းမြောက်ခြင်းရှိ၏။ 2အို ယေရုရှလင်မြို့၊ သင်၏တံခါးတို့အတွင်း၌ ငါတို့သည်ရပ်၍ နေကြလိမ့်မည်။ 3ယေရုရှလင်မြို့သည် စေ့စပ်သောမြို့ကဲ့သို့ တည်၏။ 4အမျိုးအနွယ်တို့သည် ထိုမြို့သို့တက်ကြ၏။ ဣသရေလအမျိုးထုံးစံရှိသည်အတိုင်း၊ ထာဝရဘုရား၏ အမျိုးအနွယ်တို့သည် ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းခြင်းငှာ တက်သွားကြ၏။ 5ထိုမြို့၌ တရားစီရင်ရာပလ္လင်၊ ဒါဝိဒ်မင်းမျိုး၏ ရာဇပလ္လင်တို့သည် တည်ကြ၏။ 6ယေရုရှလင်မြို့ ငြိမ်ဝပ်မည်အကြောင်း ဆုတောင်းကြလော့။ ထိုမြို့ကို မြတ်နိုးစုံမက်သောသူတို့သည် ချမ်းသာရကြပါစေသော။ 7သင်၏မြို့ရိုးအတွင်း၌ ငြိမ်ဝပ်ခြင်း၊ သင်၏ဘုံဗိမာန်တို့၌ ချမ်းသာခြင်း ရှိပါစေသော။ 8သင်၌ ငြိမ်ဝပ်ခြင်းရှိပါစေသောဟု ငါသည် ညီအစ်ကိုအတွက်၊ အဆွေခင်ပွန်းတို့အတွက် ပြောဆိုပါမည်။ 9ငါတို့ဘုရားသခင် ထာဝရဘုရား၏အိမ်တော်ကို ထောက်၍၊ သင်၏အကျိုးကို ရှာပါမည်။

ဆာလံကျမ်း - ၁ (အနက်ဖွင့်)

ဆာ ၁၂၂၊ ငြိမ်သက်ချမ်းမြေ့ခြင်းမြို့တော်

ပလ္လင်တော်ရှေ့မှာ နေရသည့်ကာလသည်

ရွှင်လန်းချမ်းမြေ့အတိပြည့်စုံ၏

ဒူးထောက်ဆုတောင်းစဉ်အခါ

မိတ်ကောင်းဆွေသဟာရောက်လာ၏။

Fanny J.Crosby

၁၂၂:၁။ ဘုရားသခင်ကို ချစ်ကြောက်ရိုသေသူများ၏ ယေရုရှလင်ပွဲတော်သို့ သွားကြစို့ဟူသော အချင်းချင်းလှုံ့ဆော်စည်းရုံးသံကြားရသောအခါ ဒါဝိဒ်သည် ရွှင်လန်းတက်ကြွသည်။ တယောက်တည်း ကြွတက်နေသည်။ အပူအပင်မရှိ၊ ဘေးရန်မတွေး။ ဗိမာန်တော်တွင် ဘုရားရှိခိုးခြင်းသာ တွေးမျှော်သည်။ ထိုသို့ စိတ်ကူးတိုင်းသာယာသည်။

၁၂၂:၂။ ပြောရင်းဆိုရင်း ယုံကြည်သူသာ၀ကခရီးသည်များသည် တံခါး၀မှာရပ်စောင့်နေကြသည်။ အို၊ ယေရုရှလင်၊ သင်၏တံခါးတွင်း၌ ငါတို့သည်ရပ်၍ နေကြလိမ့်မည် ဘုရားသခင် ရွေးကောက်ထားမူသော လူမျိုးတော်ဖြစ်ကြသည့်အတိုင်း အချိန်တန် အိမ်ပြန်ကြရမည်။ အံ့သြမိန်းမော ဘွယ်ရာ ကြုံတွေ့ကြဦးမည်။

၁၂၂:၄။ ယေရုရှလင်မြို့သည် နှစ်လိုဖွယ်ရာကောင်းသည်။ သိပ်သည်းကျစ်လစ်စွာ ဖွဲ့တည်ထား သည်။ နေရောင်ခြည်အောက်မှာ မြို့ရိုးသည်။ မနာတင့်တယ်လျက် အိမ်ခေါင်မိုးများသည်လည်း အဝေးက အထင်အရှားတွေ့မြင်နိုင်သည်။ ထိုဗိသုကာအဆောက်အဦးများအ နက် ထူထုပရိသတ်၏ စိတ်နှလုံးဆွဲ၀င် သောအဆောက်အဦးမှာဗိမာန်တော်ဖြစ်သည်။ ဗိမာန်တော်သည် ယေရုရှလင်မြို့တော်၏ ကျက်သရေဆောင်၊ နှလုံးသဲစိုင်ဖြစ်သည်။

ထိုဗိမာန်တော်သို့ ဣသရေလလူမျိုးနွယ်ပေါင်းစုံ လာရောက်ဆုံစည်းကြသည်။ ဘုရားသခင်၏သာ၀ ကခရီးသည်များအဖြစ် ရောက်လာကြသည်။ ဘုရားသခင်က ရွေးချယ်ထားသော လူမျိုးတော်တို့ဆုံစည်းရာ နေရာအဖြစ် သတ်မှတ်ထားသော ကမ္ဘာမြေနေရာဖြစ်သည်။ နာမတော်အလို့ငှါ ဆုံစည်းကြ၍ အတူတကွ ချီးမွမ်းကိုးကွယ်ကြသည်။

၁၂၂:၅။ ထိုမျှသာမက ယေရုရှလင်သည် ဣသရေလတို့၏ နိုင်ငံရေးမြို့တော်လည်းဖြစ်သည်။ ဒါဝိဒ် မင်းနန်းစံရာ ဖြစ်သည်။ တရားမျှတစွာစီရင်အုပ်ချုပ်ခြင်းဇာတိမြေလည်းဖြစ်သည်။

၁၂၂:၆။ ထို့ကြောင့်လည်း ငြိမ်သက်ချမ်းမြေ့ခြင်းမြို့တော်ဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်ပါပေသည်။ ထိုအမည်ဖြင့် ခေါ်ဝေါ်ခြင်းနည်းပါးသော်လည်း သိရှိကြသည်။ ယေရုရှလင်မြို့ကို ထိုသို့မသိမှတ်ဘဲ ဆင်းရဲ ဒုက္ခကြုံတွေ့သည့်မြို့ဟုလည်း သိမှတ်ကြမှတ်တမ်းတင်ကြသည်။

ယေရုရှလင်၏မြင့်မြတ်စင်ကြယ်ခြင်းကို ညစ်နွမ်းစေသောဘာသာရေး ရက်စက်ကြမ်းကြုတ်မှု၊ သတ်ဖြတ်ညှဉ်းပန်းခြင်း အစွန်းအထင်းများသည် မြို့ရိုးကျောက်ဆောင်နံရံများတွင် ညစ်စွန်းကမ္ပည်း တင်ကျန်နေသည်။ ဒါဝိဒ်နှင့်ဖာရောမှစ၍ သနာခရိပ်နှင့် နေဗုခပ်နေဇာ၊ တော်လမီနှင့်ဟေရုဒ်၊ တိတုနှင့် ဂေါဖရီဒီဘွီလုန်၏ ခရူးဆိတ်စစ်သည်များ၊ ထာမလိန်း(တိမူးရ်)နှင့် ဆလာဒင် ဆာရာစင်စစ်သည်များမှာ ဤနေရာ၌ တိုက်ခိုက်ရင်း သေကြေအသက်စွန့် သွေးချောင်းစီးသော သမိုင်းတွင် ရစ်ခဲ့သည်။၉၃

ယေရုရှလင်မြို့ငြိမ်ဝပ်မည့်အကြောင်းဆုတောင်းကြပါ ဟူသောကျမ်းစကားသည် ပရောဖက်ပြုချက် ဖြစ်သကဲ့သို့ လူ့သမိုင်းကြောင်းမှာလည်း အထင်အရှားရှိသည်။ မှောင်ရက်များက ရှိနေဆဲ။ မြို့လယ်လမ်းမ ကြီးများတွင် တပါးအမျိုးသားများ၏ကျူးကျော်တိုက်ခိုက်သံ ဆူညံနေဆဲ၊ ဣသရေလတို့၏မေရှိယသခင်၊ ငြိမ်းချမ်းရေးသခင် အုပ်စိုးမှုရောက်မလာမချင်းကြားနေဦးမည် (လု ၂၁:၂၄)။

F.B.Meyerက အပိုဒ်ငယ်(၆)ကို ဤသို့မှတ်ချက်ပြုသည်။ ငြိမ်သက်ခြင်းမြို့တော်မှာ ငြိမ်သက် ချမ်းမြေ့နေပြီ။ ယေရုရှလင်ကို ချစ်ခင်သူတိုင်း ငြိမ်းသက်ချမ်းမြေ့ကြမည်။

ရှင်ဘုရင်ကြီး၏ မြို့တော်ကို ချစ်ခင်သူတိုင်း ကောင်းချီးပေးကြသည်။ ဆုမွန်ကောင်းပို့သကြသည်။

၁၂၂:၉။ မြို့ရိုးပြရိုးမျှော်ဆင်အတွင်း မှီတင်းနေကြသော မြို့သူမြို့သားများအားလုံး ငြိမ်သက်ချမ်း မြေ့ကြပါစေဟု မေတ္တာဖက်၍ ဆုပဏာချွေသည်။ ယေရုရှလင်မြို့ကို ငြိမ်သက်စေချင်သည်။ ယနေ့ယုံကြည် သူများက ယေရုရှလင်မြို့ကို ငြိမ်သက်စေချင်သည်။ ယနေ့ယုံကြည်သူများက အသင်းတော်ကို ခင်တွယ်သကဲ့ သို့ ဆာလံဆရာက ယေရုရှလင်ကို သံယောဇဉ်ဖွဲ့နှောင်သည်။ ဝိညာဉ်တော်၌ စည်းလုံးသူများသည် ငြိမ်သက် ခြင်း၌ ဖွဲ့နှောင်ကြသည် (ဧ ၄:၃) အသင်းတော်၏ ထိုငြိမ်သက်ချမ်းမြေ့ခြင်း ရတနာသည် ကမ္ဘာအနှံ့အပြားသို့ စီးရစ်လေပါစေဦး။

ထိုငြိမ်သက်ချမ်းမြေ့ခြင်းသည် အဆွေခင်ပွန်းများနှင့် မိတ်သဟာများသို့ စီးဆင်းပါစေ။ အတွင်းကြေ ဒဏ်ရာများကို ကုစားပါစေ၊ အသင်းတော်၏ အတွင်းရေး အခက်အခဲများပြေလည်ပါစေ။ ထိုအကြောင်းကို Barnesက ဤသို့ရှင်းပြသည်။-

လောကသားများ၏ သနားစဖွယ်အကြောင်းဖြစ်သည်။ ဘုရားသခင်၏မိတ်ဆွေများက အသင်းတော် ပေါ်သို့ ထားရှိသည့်ခံယူချက်သဘောထားများလည်းပါသည်။ စိတ်နှလုံးထဲတွင် အသင်းတော်ကိုသာ စွဲမှတ် ကြသည်။ ကယ်တင်ခြင်းရရှိရာ ဌါနတော်ဟု ခံယူကြသည်။၉၄

အထက်တွင်ဆိုခဲ့ပြီးသည့်အတိုင်း မြို့တော်၏ဂုဏ်ကျက်သရေမှာ ဘုရားသခင်၏ အိမ်တော်စိုးစံခြင်း ဖြစ်သည်။ မြို့တော်၏တည်နေရာပထဝီ၊ ဗိသူကာအဆောက်အဦး၊ ကြေကွဲဘွယ်ရာ သမိုင်းကြောင်းတို့ ကြောင့် ထင်ရှားသည်မဟုတ်။ အဓိကအချက်မှာ ဘုရားသခင်ရွေးချယ်တော်မူရာ ဖြစ်သည့်အတိုင်းဗိမာန် တော်တင့်တယ်သည်။ ဘုရားရှင်တော်စိုးစံရာဌါနတော်ဖြစ်၍ တက်သစ်စနေ၀န်းပမာ ဘုန်းအသရေဖြာဝေ သည်။

နှစ်ပေါင်းရာချီ ကြာလာသောအခါ သခင်ယေရှုက ဖါရိရှဲများနှင့် ကျမ်းတတ်ပုဂ္ဂိုလ်များသို့ သတိ ပေးသည်။ ဗိမာန်တော်ထက်ဗိမာန်တော်ရှိရွှေ၊ ယဇ်ပလ္လင်ထက် ယဇ်ပလ္လင်ပေါ်ရှိ လှူဘွယ်တို့ကို တန်ဘိုးထား လာကြသောကြောင့် ပြင်းထန်စွာ သတိပေးခဲ့ဘူးသည်။ သခင်ယေရှုက ဗိမာန်တော်ကရွှေကို ကိုးကွယ်ရသ လား။ ယဇ်ပလ္လင်ပေါ်ကလက်ဆောင်ကို မက်မောရသလား (မ ၂၃:၁၆-၂၂)ဟု ဆိုသည်။ သို့ကြောင့်ဘုရား ရှင်သည် ယေရုရှလင်တွင်စိုးစံရာမှ ကမ္ဘာအနှံ့အပြားရှိ မြို့ပြည်ရွာများသို့ သီတင်းသုံးသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။