ဆာလံကျမ်း - ၁၀၄
ဆာလံကျမ်း - ၁၀၄ (အနက်ဖွင့်)
ဆာ ၁၀၄ ဖန်ဆင်းရှင်စောင့်ရှောက်သခင်
နယူးယော့၊ လန်ဒန်၊ တိုကျိုစသည့်မြို့ကြီးများတွင် လူသန်းပေါင်းများစွာတို့ စား၀တ်နေရေးအဖို့ နေစဉ်ပျားပန်းခတ်မျှ ပြေးလွှားနေကြပုံကို မြင်ယောင်ကြည့်ပါ။ ထိုသူများ စားဝတ်နေရေးပြေလည်ဖို့ ရေပေး ဝေစနစ်၊ အဆောက်အဦး နေရာထိုင်ခင်းပြဿနာ၊ ဗိုက်ဖြည့်ရေးနှင့် အခြားလူ့အရေးကိစ္စ ဗာဟီရများကို မည်သို့ လုပ်ဆောင်ကြသနည်း။
ထိုမျှမက ထုထယ်ပမာဏကြီးမားသော လူ့လောကကြီးက ဘုရားသခင်က စနစ်တကျ ကိုင်တွယ် စီမံပါသည်။ ဖန်ဆင်းထားသော သတ္တဝါများအတွက် ရေအလုံအလောက်ပေးပါသည်။ လူ့အစားအစာ သားရဲ တိရစ္ဆာန်များ၊ ရေပျော်ငါးနှင့် ကျေးငှက်များအတွက် ဖူလုံအောင်စီစဉ်ပေးသည်။ ခိုလှုံစရာနေရာနှင့် နေအိမ်များပြင်ဆင်ပေးသည်။ ထိုအချက်များကို စဉ်းစားတွေးတောလျှင် ဘုရားရှင်၏ ဉာဏ်ပညာတော်သည် ကြီးမား၍ ဖန်ဆင်းရှင် စောင့်ရှောက်သခင် ပီသပါပေသည်။
၁၀၄:၁–၃ ဘုရားသခင်အား နေရာတိုင်းမှာ ချီးမွမ်းကိုးကွယ်ရမည့်ကြောင်း လှုံ့ဆော်ပြီးနောက် နာမည်မသိသော ဆာလံဆရာက ဘုရားသခင်၏ဘုန်းတော် ဘွဲ့ဟိမဝန္တာ ချီးမွမ်းဖွင့်ထားသည်။ အစွမ်းအစ ရှိသမျှ ဘာသာစကားရှိသမျှ ချီးမွမ်းပါသည်။ မျက်စိဖြင့်မြင်နိုင်သောဘုရားရှင်သည် ထိုချီးမွမ်းခန်းမက ပိုမိုကြီးကျယ်ပါသည်။ ကိုယ်တော်၏ကြီးမြတ်ခြင်းကို နှုတ်ဖြင့်မြွက်ဆိုမမီနိုင်ပါ။
ဆာလံဆရာသည် အရှေ့အနောက် ဘယ်ညာကြည့်ရှုဆင်ခြင်ပြီး “အကျွန်ုပ်၏ဘုရားသခင် ထာ၀ရ ဘုရားသခင်သည် ကြီးမြတ်တော်မူပါပေသည်“ဟု ၀န်ခံချီးမွမ်းသည်။ ထို့နောက် တွေ့မြင်ရသမျှ အသေးစိတ် ချယ်မှုန်းသည်။ ကိုယ်တော်၏ဝတ်ရုံတော်သည် ဘုန်းတန်ခိုးပြည့်စုံသည်။ အလင်းရောင်ကို ဝတ်ရုံတော်တွင် တန်ဆာဆင်သည်။ ထိုအလင်းရောင်သည် ဖြောင့်မတ်စင်ကြယ်ခြင်း အမှတ်အသားဖြစ်သည်။ ကောင်းကင် အထက်ဘုံနန်းတွင် စံမြန်းတော်မူ၍ လူ့လောကကို ဇာခန်းစည်ကုလားကာဖြင့် ခြားထားပါသည်။ ကောင်းကင်ထောက်တိုင်များကို ရေများဖုံးလွှမ်းရာ ကမ္ဘာမြေပေါ်တွင် ပန္နက်တည်ထားပါသည်။ ယေဟော ဝါဘုရားရှင်သည် တိမ်လွှာရထားကိုစီး၍ လေတောင်ပန်များဖြင့် လှုပ်ရှားသွားလာပါသည်။
၁၀၄:၄ ကောင်းကင်တမန်များကို လေကဲ့သို့၎င်း၊ အစေအပါးများကို မီးလျှံကဲ့သို့၎င်း ဖန်ဆင်းထား ပါသည်။ ဟေဗြဲကျမ်းမူတွင် လေနှင့်ဝိညာဉ်သည် စကားလုံးအတူတူဖြစ်၍ ကောင်းကင်တမန်နှင့် စေတမန်ဟု ပြန်ဆိုထားသည်။ ဤစည်းကမ်းချက်၏သဘောသဘာကို ဟေဗြဲ ၁:၇တွင်ကြည့်ရှုပါ။ (ဂရိဘာသာစကားတွင် လည်း ဟေဗြဲစကားကဲ့သို့ပင် အဓိပ္ပါယ်နှစ်ခွ သက်ရောက်သည်)။
၁၀၄:၅–၉ ဆာလံဆရာက ကမ္ဘာဦးကျမ်းအခန်းကြီး(၁)ဖန်ဆင်းခြင်းအစသို့ ပြန်ခေါ်သွားသည်။ တနေ့ပြီးတနေ့ ဖန်ဆင်းခြင်းသတ္တဝါများကို ကျွေးမွေးစောင့်ရှောက်ပုံအကြောင်းဖြစ်၏။ မနုဿလူသားများ နှင့် အဟိတ်တိရစ္ဆာန်များ ကျွေးမွေးမစပုံရှင်းပြသည်။
ပထမတွင် ကမ္ဘာမြေကြီးအား ခိုင်ခံ့မြဲမြံအောင်မည်သို့ အုတ်မြက်ပန္နက်တည်ကြောင်းရှင်းပြသည်။ အပြင်ပန်းသဏ္ဍာန်တွင် ကမ္ဘာမြေကြီးကိုရေဖြင့်လွှမ်းခြုံထားသည်။ တောင်ကုန်းတောင်တန်းများပေါ်လွင် စေသည်။ “တတိယနေ့တွင်ဘုရားသခင်က မြေကြီးတပိုင်းရေတပိုင်းရှိစေဟု အမိန့်ရှိသည်နှင့် ကုန်းမြေပေါ် လာသည်” (က ၁:၉)။ ရေပြင်သည် ရုတ်ခြည်းတနေရာတွင် စုစည်းသဖြင့် ကုန်းမြင့်ဒေသနှင့်ရေပြင်ချိုင့်ဝှမ်း ဒေသ တခုစီပေါ်ထွန်းလာသည်။ ပင်လယ်သမုဒ္ဒရာ ရေပြင်နေရာကို သီးသန့်သတ်မှတ်ပေးလိုက်သဖြင့် ကုန်းမြေကို ကျူးကျော်သိမ်းပိုက်ခြင်းမပြုနိုင်။
၁၀၄:၁၀–၁၃ ဘုရားသခင်၏ ရေထုတ်ဝေရေးနည်းစနစ်သည် အံ့သြဘွယ်ရာ ကောင်းပါပေသည်။ စမ်းရေထွက်များဖြစ်စေ၍ ရေကိုအလျှံပယ်ထုတ်ပေးသည်။ မြစ်ချောင်းရေများသည်လည်း မြစ်ဖျားခံရာ မြင့်ရာကုန်းမြေအရပ်မှ နိမ့်ရာအရပ်သို့ စီးဆင်း၍ ပင်လယ်သမုဒ္ဒရာထဲသို့ စီး၀င်သွားကြသည်။ ရေငတ်နေ သော သတ္တဝါများသည် ထိုချောင်းရေ၊ မြစ်ရေကို သောက်သုံးကြသည်။ ရေများမရောက်နိုင်ရာ သစ်ပင် ပေါ်တွင် ငှက်များအသိုက်ဖွဲ့ကြသည်။ အခြားရေပေးဝေရေး နည်းစနစ်တခုမှာ မိုးရွာခြင်းဖြစ်သည်။ ဧလိဟု ထောက်ပြသည့်အတိုင်း “ရေကို သုန်ဖျင်းစေ၍ အထက်သို့ဆွဲယူတော်မူစေသဖြင့် ရေငွေ့ရှိသည့်အတိုင်း မိုးရွာတတ်၏” (ယော ၃၆:၂၇)။ ကိုယ်တော်ရေပေးဝေစနစ်သည် စနစ်ကောင်းမွန်လှပါသည်။ တောင်ကုန်း တောင်တန်းများမှ စီးဆင်းလာသောရေများကို လယ်တောယာမြေ၊ မြေပြန့်လွင်ပြင်တွင် အိုင်မနေပဲ၊ မြစ်ချောင်းရေမြောင်းများဖြင့် စီးဆင်းစေသည်။
၁၀၄:၁၄–၁၅ နောက်တချက်မှာ ထောက်ပံ့ရေးစနစ်ဖြစ်သည်။ ကောက်ပဲသီးနှံ သစ်သီးဝလံအမျိုးမျိုး ဖြစ်ထွန်းစေပြီ။ တိရစ္ဆာန်များအတွက် အစာဖြစ်စေသည်။ လူများအတွက် ဂျုံစပါးဖြစ်ထွန်းစေသည်။ ထိုသို့ဖြင့် လူနှင့်တိရစ္ဆာန်များအတွက် တမျိုးစီအားထောက်ပံ့သည်။ မြေကြီးထဲက အစာရေစာ ပေါ်ထွက် စေသည်။ မြေကြီးထဲက ပေါက်ရောက်သောစပျစ်ပင်မှ စပျစ်သီးကို လူများက စပျစ်ရည်အဖြစ် ထုတ်လုပ်ကာ သောက်သုံးပျော်မြူးကြသည်။ သံလွင်သီးမှ သံလွင်ဆီထုတ်ယူ၍ သုံးစွဲကြသည်။ ကျန်းမာရေးအတွက် သုံးရုံမက မင်္ဂလာအခန်းအနားတွင်လည်း အသုံးပြုသည်။ မြေကြီးထဲမှ မုန့်ထုတ်ဖော်ကြသည့်အတိုင်း အသက်ဆက်ကြ၍ ခွန်အားလည်းဖြည့်ကြသည်။
၁၀၄:၁၆–၁၈ သစ်တောဝါတောကြီးတွင် စိမ့်စမ်းမြိုင်တောများ တွဲဖက်ပေးသည်။ သစ်သားများ ထုတ်လုပ်ပေးသည်သာမက စိမ့်စမ်းရေများဖြစ်ပေါ်စေသည်။ လေဗနုန်တောင်ပေါ်က အာရဇ်ပင်ကြီးများ သည် လူတို့စိုက်ပျိုးသောအပင်များမဟုတ်။ ထိုအပင်ကြီးများပေါ်တွင် ကျေးငှက်သာရကာတို့ သိုက်မြုံယံ ဆောက်တည်ကြသည်။ ထင်းရှုးပင်ကြီးများသည် တောငန်းကြီးတို့ ပျော်စံမှီခိုရာဖြစ်သည်။ မြင့်မားသော တောင်ထိပ်များသည် တောင်ဆိတ်တို့ကျက်စားရာ၊ ကျောက်တောင်များသည် ရှာဖန်ယုန်တို့ ကျင်လည်ရာ အရပ်အဖြစ် ပေးထားသည်။
၁၀၄:၁၉–၂၃ ရာသီငှက်ပန်းလည်း အလှည့်ကျပြောင်းလဲစေသည်။ သူ့ရာသီခွင်အလိုက် ချိန်ခါ တိုင်းတာအလိုက် ၀င်ထွက်သွားလာစေသည်။ အချိန်ကာလတာရေတွက်ဖို့ နေ့နှင့်ည တနေတာရေတွက်နိုင်ဖို့ နေဝင်နေထွက် အမှတ်အသားပေးမည်။ သို့ဖြင့် လူနှင့်တိရစ္ဆာန်များသည် နေ့ညဉ့်အတိုင်းအတာဖြင့် ဝမ်းစာ လှည့်လည် လှည့်ပတ်ရှာဖွေစေသည်။ မှောင်မိုက်ညဉ့်နက်ချိန်ကာလတွင် တောတိရစ္ဆာန်များသည် အစာ ရှာထွက်ကြသည်။ အရုဏ်အလင်းသစ်လာလျှင် ဂူထဲသို့ ပြန်အောင်းပြန်သည်။ ထိုသားရဲတိရစ္ဆာန်များ ဂူအောင်းအနားယူသည့်နေ့အချိန်တွင် လူများအလုပ်လုပ်ကြသည်။
၁၀၄:၂၄–၂၆ ဘုရားသခင်စီရင်သော အမှုတော်သည် များပြားလှပါသည်။ “ဘုရားရှင်၏ဉာဏ်ပညာ သည် ကျယ်ပြန့်ပါဘိ” (Knox)။ ဖန်ဆင်းထားသော သတ္တဝါများသည် ကမ္ဘာအနှံပျံ့နှံ့သော်လည်း တကောင် တလေမှ ငတ်မွတ်ခေါင်းပါးခြင်းမရှိ။ အသေးစိတ်ကြည့်ရှု စောင့်ရှောက်ကျွေးမွေးပေးသည်။ ပင်လယ် ထဲတွင်လည်း အမှုံအမွှား အကောင်ငယ်ကလေးများမှစ၍ ဝေလငါးတိုင်အောင် ကြီးငယ်မဟူ သတ္တဝါ အမျိုးမျိုးရှိကြသည်။ ထိုရေနေသတ္တဝါများလည်း ကိုယ်စီအစာရှာကြသည်။
အပိုဒ်ငယ် (၂၆)ပါ သင်္ဘောသမျှ ကြီးမားသော ရေသတ္တဝါကြီးများကို ဆိုလိုသည်။ တချို့က ပင်လယ်သတ္တဝါတမျိုး (က ၁:၂၁)ဟု ခေါ်သည်။ မည်သို့ဆိုစေ ကျမ်းစာသားပါအတိုင်း သင်္ဘောဟု ဖတ်ကြပါစို့။ လဝိသန်ဆိုသည်မှာလည်း ပင်လယ်ပျော်သတ္တဝါကြီးဟု ယူဆရပါသည်။ (ယောဘ ၄၁ကိုလည်း ကြည့်ပါ)။
၁၀၄:၂၇–၃၀ ထိုသို့ သက်ရှိသတ္တဝါအမျိုးမျိုး စုံလင်လှသော်လည်း ဘုရားသခင်က ကိုယ်စီ အစားအစာ ကျွေးထားသည်။ ကိုယ်တော်ကို မှီခိုကြရသည်။ လက်တော်ဖြန့်သည်နှင့် အစာရေစာ ဖူလုံကြသည်။ အထက်အပိုဒ်ငယ် (၁၃)တွင် မိုးရွာသဖြင့် ကမ္ဘာမြေစိမ်းလန်းစိုပြေသည်ဟု ဆိုခဲ့သည်။ အပိုဒ်ငယ် ၁၆တွင် သစ်တော၊ ဝါးတောများ ခိုင်ခံ့တည်ကြည်စေသည်။ ယခုအပိုဒ်ငယ်(၂၇၊၂၈)တွင် သတ္တဝါများ ဗိုက်ပြဿနာ ဖြေရှင်းပေးသည်။
ဘုရားသခင်၏ ကျွေးမွေးထောက်ပံ့ခြင်း အစီအစဉ်သည် အံ့သြဘွယ်ပြည့်စုံသည်။ ဆွေမျိုးတဆက် လွန်မြောက်၍ နောက်တဆက်ပေါ်ထွန်းလာသည့်တိုင်အောင် စားသောက်မှီဝဲနိုင်ကြသည်။ အကြောင်းအမျိုး မျိုးကြောင့် ဖန်ဆင်းထားသော တိရစ္ဆာန်တကောင်တိမ်းပါးလျှင်လည်း မျက်နှာတော်ဖုံးအုပ်တော်မူသည်။ အသက်ရုပ်သိမ်းလျှင် မြေမှုန့်ပြန်ဖြစ်သွားကြသည်။ ကမ္ဘာမြေပေါ်တွင် ပင်ပန်းနွမ်းနွယ်လွန်းအားကြီးသည် ဟု မြင်လျှင် အသက်ဇီ၀ရုပ်သိမ်းတော်မူသည်။ တဘက်တွင် ပျောက်ဆုံးခြင်းဖြစ်သော်လည်း အခြားတဘက်တွင် မြေကြီးမျက်နှာသစ်ပြုပြင်ခြင်းဖြစ်၏။
၁၀၄:၃၂ ဆာလံဆရာက သူ့တေးကို ဖန်ဆင်းခြင်းအကြောင်းဖြင့် ဖွင့်လှစ်၍ အပြစ်များချုပ်ငြိမ်းရာ ရွှေခေတ်တွင် ဘုရားသစ်ကို ဂုဏ်ပြုကြည်ညို ချီးမွမ်းကြမည့်အကြောင်းဖြင့် နိဂုံးချုပ်ထားသည်။ ဘုရားသခင် ၏ ကောင်းမြတ်ခြင်းနှင့် ကြီးမြတ်ခြင်းကို ထုတ်ဖော်အမွှမ်းတင်သည်။
ဆာလံဆရာက ဖန်ဆင်းစ သမိုင်းဦးကို ပြန်လည်လွမ်းဆွတ်သည်။ ဖန်ဆင်းထားသော သတ္တဝါများ အလယ်တွင် မိမိကိုယ်ကို ပြန်လည်စစ်ဆေးသည်။ ဥပုသ်နေ့အသစ် ကျင်းပလာတော့မည်။ ဘုရားရှင်သည် ဖန်ဆင်းထားသောအရာများကို သမင်လည်ပြန် ပြန်ကြည့်ခါ အားရကျေနပ်သည်။ စကြဝဋ္ဌာကြီးလည်း ဗိမာန် တော်ဖြစ်လာပြီး ကိုယ်တော်ကို ချီးမွမ်းထောမနာပြုကြမည်။၇၀
ဘုရားသခင်၏ဘုန်းတန်ခိုးအာနုဘော်သည် ကမ္ဘာအဆက်ဆက်တည်မြဲပါစေ။ ဘုရားရှင်သည် ပြုခဲ့သော အမှုတော်အပေါ်တွင် ရွှင်လန်းပါစေ။ ထိုဘုရားရှင်သည် ကြီးမြတ်သော အရှင်သစ်ဖြစ်သည့်အတိုင်း မြေငလျင်ကို လှုပ်စေနိုင်သည်။ မီးတောင်များကိုလည်း ပေါက်ကွဲစေနိုင်သည်။
၁၀၄:၃၃–၃၅ အမည်မသိဆာလံဆရာက သူသည် အသက်ရှင်နေသရွေ့ကာလပတ်လုံး ဘုရား သခင်၏ ကြီးမြတ်ခြင်းကို တေးဖွဲ့ဆိုမည်။ သူ့အတွေးအကြံသည် ယေဟောဝါဘုရား၌ ပျော်ရွှင်မှု စုံမက် ပါရစေဟု ဆုမွန်တောင်းချွေသည်။
ဘုရားသခင်၏ဖန်ဆင်းထားသောလက်ရာတော်၊သတ္တဝါများကို ဖျက်လိုဖျက်ဆီးပြုသောအပြစ်သား များကို ကမ္ဘာမြေပေါ်မှ သုတ်သင်ခြင်းခံကြရပါစေ။ ထိုဆုတောင်းချက်သည် ဘုရားသခင်၏အလိုတော်နှင့် ကိုက်ညီပါပေသည်။
ကျွန်ုပ်တို့ယုံကြည်သူများမှာ အထံတော်၌ခစားသူများဖြစ်သောကြောင့် ကောင်းချီးမင်္ဂလာပြည့်ဝ ကြပါမည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။