တောလည်ရာကျမ်း - ၁

ပထမဆုံးသန်းခေါင်စာရင်း
1ဣသရေလအမျိုးသားတို့သည်၊ အဲဂုတ္တုပြည်မှထွက်၍ ဒုတိယနှစ်၊ ဒုတိယလ၊ ပထမနေ့၌ သိနာတောတွင် ပရိသတ်စည်းဝေးရာတဲတော်မှာ ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊တော၊ ၂၆:၁-၅၁။ 2သင်နှင့်အာရုန်သည် ဣသရေလအမျိုးသားပရိသတ်တို့တွင်၊ အသက်နှစ်ဆယ်လွန်၍၊ 3စစ်တိုက်နိုင်သောယောက်ျားအပေါင်းတို့ကို သူတို့အဆွေအမျိုး အသီးအသီးအလိုက်စာရင်းယူလျက်၊ တပ်ခင်းကျင်း၍ ရေတွက်လော့။ 4အမျိုးအနွယ်အသီးအသီး တစ်မျိုးတစ်ယောက်စီ မိမိတို့အဆွေအမျိုး၌ သူကြီးဖြစ်သောလူတို့သည် သင်တို့နှင့်အတူကူညီ၍ အမှုကိုဆောင်ရကြမည်။ 5သင်တို့နှင့်အတူကူညီ၍ အမှုကိုဆောင်ရသောသူဟူမူကား၊ ရုဗင်အမျိုး၊ ရှေဒုရသားဧလိဇုရ။ 6ရှိမောင်အမျိုး၊ ဇုရိရှဒ္ဒဲသားရှေလုမျေလ။ 7ယုဒအမျိုး၊ အမိနဒပ်သားနာရှုန်။ 8ဣသခါအမျိုး ဇုအာသားနာသနေလ။ 9ဇာဗုလုန်အမျိုး၊ ဟေလုန်သားဧလျာဘ။ 10ယောသပ်သားတွင်၊ ဧဖရိမ်အမျိုး အမိဟုဒ်သားဧလိရှမာ၊ မနာရှေအမျိုး၊ ပေဒါဇုရသားဂါမလျေလ။ 11ဗင်္ယာမိန်အမျိုး၊ ဂိဒေါနိသားအဘိဒန်။ 12ဒန်အမျိုး၊ အမိရှဒ္ဒဲသားအဟေဇာ။ 13အာရှာအမျိုး၊ ဩကရန်သားပါဂျေလ။ 14ဂဒ်အမျိုး၊ ဒွေလသားဧလျာသပ်၊ 15နဿလိအမျိုး၊ ဧနန်သားအဟိရတည်း။ 16ဤသူတို့သည် ပရိသတ်တွင်ကျော်စောသောသူ၊ အဆွေအမျိုးသူကြီးမင်းဖြစ်၍ ဣသရေလအမျိုး၌ လူတစ်ထောင်စီအုပ်ရသောသူ ဖြစ်ကြသတည်း။
17ထိုသို့နာမည်ဖြင့်ရွေးတော်မူသော ထိုသူတို့ကို၊ မောရှေနှင့်အာရုန်သည် ခေါ်၍၊ 18ဒုတိယလ၊ ပထမနေ့၌ ပရိသတ်အပေါင်းကိုစည်းဝေးစေပြီးမှ၊ အဆွေအမျိုးစာရင်းကိုဖော်ပြ၍ အနှစ်နှစ်ဆယ်လွန်သောသူတို့၏ နာမည်ပေါင်းကိုမှတ်သဖြင့်၊ 19ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း၊ သိနာတော၌ ဣသရေလအမျိုးသားတို့ကို ရေတွက်လေ၏။ 20ဣသရေလ၏သားဦး၊ ရုဗင်၏အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊ 21အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း လေးသောင်းခြောက်ထောင်ငါးရာ ရှိကြ၏။ 22ရှိမောင်အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊ 23အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း ငါးသောင်းကိုးထောင်သုံးရာ ရှိကြ၏။ 24ဂဒ်အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊ 25အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း လေးသောင်းငါးထောင်ခြောက်ရာငါးဆယ်ရှိကြ၏။ 26ယုဒအမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊ 27အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း ခုနစ်သောင်းလေးထောင်ခြောက်ရာ ရှိကြ၏။ 28ဣသခါအမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးကိုလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊ 29အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း ငါးသောင်းလေးထောင်လေးရာ ရှိကြ၏။ 30ဇာဗုလုန်အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊ 31အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း ငါးသောင်းခုနစ်ထောင်လေးရာ ရှိကြ၏။ 32ယောသပ်မှဆင်းသက်သော ဧဖရိမ်အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊ 33အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း လေးသောင်းငါးရာရှိကြ၏။ 34မနာရှေအမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊ 35အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း သုံးသောင်းနှစ်ထောင်နှစ်ရာ ရှိကြ၏။ 36ဗင်္ယာမိန်အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊ 37အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း သုံးသောင်းငါးထောင်လေးရာ ရှိကြ၏။ 38ဒန်အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊ 39အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း ခြောက်သောင်းနှစ်ထောင်ခုနစ်ရာ ရှိကြ၏။ 40အာရှာအမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊ 41အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း လေးသောင်းတစ်ထောင်ငါးရာ ရှိကြ၏။ 42နဿလိအမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊ 43အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း ငါးသောင်းသုံးထောင်လေးရာ ရှိကြ၏။ 44ထိုသို့မောရှေနှင့် အာရုန်အစရှိသောဣသရေလအမျိုး၌ အဆွေအမျိုးသူကြီးဖြစ်သော မင်းဆယ်နှစ်ပါးတို့သည် 45ဣသရေလအမျိုးသားအပေါင်းတို့ကို အဆွေအမျိုးအလိုက်ရေတွက်၍ စာရင်းယူသည်အတိုင်း၊ 46အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောလူပေါင်းကား ခြောက်သိန်းသုံးထောင်ငါးရာငါးဆယ် ရှိသတည်း။
47လေဝိသားတို့သည်၊ ဘိုးဘအမျိုးအလိုက် စာရင်းမဝင်ရသည်အမှုမှာ၊ 48ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား 49လေဝိသားတို့ကို၊ ဣသရေလအမျိုးသားတို့နှင့် ရောနှော၍မရေတွက်ရ။ စာရင်းထဲ၌မသွင်းရ။ 50လေဝိသားတို့အား သက်သေခံချက်တဲတော်ကိုလည်းကောင်း၊ တဲတော်တန်ဆာ ရှိသမျှကိုလည်းကောင်း၊ တဲတော်နှင့်ဆိုင်သမျှတို့ကိုလည်းကောင်းအပ်၍၊ သူတို့သည် တဲတော်နှင့် တဲတော်တန်ဆာအလုံးစုံကို ဆောင်ရွက်ရကြမည်။ တဲတော်မှုကိုလည်း ထမ်းရကြမည်။ တပ်ချသောအခါ တဲတော်ပတ်လည်၌ မိမိတို့နေရာချရကြမည်။ 51တဲတော်ကို ယူသွားချိန်ရောက်သောအခါ၊ လေဝိသားတို့သည်ရုပ်သိမ်းရမည်။ နေရာချချိန်ရောက်သောအခါ ထူထောင်ပြန်ရမည်။ လေဝိအမျိုးသားမှတစ်ပါး အခြားသောအမျိုးသားသည် ချဉ်းကပ်လျှင်၊ အသေသတ်ခြင်းကိုခံရမည်။ 52ဣသရေလအမျိုးသားတို့သည် တပ်ချသောအခါ၊ အလုံးအရင်းတစ်လျှောက်လုံး၊ လူတိုင်း မိမိဆိုင်သောတပ်တွင် မိမိဆိုင်သောအလံနားမှာ မိမိတဲကိုဆောက်ရမည်။ 53ဣသရေလအမျိုးသားစည်းဝေးရာ၊ ပရိသတ်အပေါ်မှာ အမျက်တော်မသက်ရောက်စေခြင်းငှာ၊ လေဝိသားတို့သည် သက်သေခံချက် တဲတော်ပတ်လည်၌ နေရာချ၍ သက်သေခံချက်တဲတော်ကို စောင့်ရှောက်ရမည်ဟု၊ 54မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း ဣသရေလအမျိုးသားတို့သည် ပြုကြ၏။

တောလည်ရာကျမ်း - ၁ (အနက်ဖွင့်)

၁။ သိနာတောင်ပေါ်မှ နောက်ဆုံးနေ့ရက်များ (:၁၀:၁၀)

(ကသန်းခေါင်စာရင်းကောက်ယူခြင်းနှင့် လူမျိုးအလိုက်စုဖွဲ့ခြင်း (အခန်း )

          : အဲဂုတ္တုပြည်မှ ထွက်မြောက်လာကြပြီး တစ်နှစ်နှင့် တစ်လအကြား တဲတော် တည်ဆောက်ပြီး တစ်လအကြာတွင် သန်းခေါင်စာရင်း(၂)ခါ ကောက်ကြသည် (ထွ ၄၀:၁၇)။ သန်းခေါင်စာရင်း (၂)ခါကောက်ကြောင်း (အခန်း ၁-၂၆)တွင် တွေ့ရသည်။ ဤနေရာတွင် ဖော်ပြသော သန်းခေါင်စာရင်းသည် (ထွ ၃၀:၁၁-၁၆)တွင် ပါရှိသည့် အကြိမ်အခါနှင့်မတူပါ။ သန်းခေါင်စာရင်း ကောက်ယူချိန် မတူညီသကဲ့သို့ ရည်ရွယ်ချက်လည်း မတူညီကြ။ ယခုအခါ (တော၁) ကောက်ခံခြင်းသည်။ ယခင်ကောက်ယူသည့် စာရင်းအပေါ်တွင် အခြေခံသည်။ အရေအတွက်လည်း ဆင်တူရိုးမှားဖြစ်သည်။

: သန်းခေါင်စာရင်းကောက်ယူပြီးသော အခါ ဣသရေလတို့သည် သိနာတောင်မှ ကတိတော်မြေသို့ ခရီးရှည်စတင်ချီတက်ကြသည်။ ထိုသို့ ချီတက်ရာတွင် စစ်တပ်ကဲ့သို့ ဖွဲ့စည်း၍ စစ်ကြောင်းပုံဖြင့် စနစ်တကျ ချီတက်ကြသည်။ ထိုသို့စုဖွဲ့နိုင်ရန် ဘုရားရှင်က သန်းခေါင်စာရင်း ကောက်ယူခိုင်းခြင်းဖြစ်သည်။ သန်းခေါင်စာရင်းတွင် တိုက်ပွဲဝင်နိုင်သောအရည်အချင်း ပြည့်စုံသည့် အသက်နှစ်ဆယ်အထက် ယောက်ျားများကိုသာ ကောက်ယူသည်။

:၁၇ မောရှေား အထောက်အကူပြုနိုင်ရန် လူမျိုးအလိုက် ခေါင်းဆောင် တစ်ဦးစီခန့်ထားသည်။ ခေါင်းဆောင်များ နာမည်ကို (အငယ် ၅-၁၆)တွင် မှတ်တမ်းတင်ထားသည်။ အငယ် ၁၇တွင် မောရှေနှင့်အာရုန်သည် လူမျိုးနွယ်စုအလိုက် နာမည်စာရင်းမှတ်ယူ၍ စစ်ကြောင်းပုံစုဖွဲ့သည်။ လူမျိုးလိုက် ခေါင်းဆောင်များကို ကြီးကြပ်ကွပ်ကဲစေသည်ဟု ဖေါ်ပြထားသည်။

:၁၈၄၆ သန်းခေါင်စာရင်းဇယားမှာ အောက်ပါအတိုင်းဖြစ်သည်။

လူမျိုးဦးရေကျမ်းကိုး
ရုဗင်၄၆,၅၀၀ငယ် ၂၀-၂၁
ရှိမောင်ငယ် ၂၂-၂၃၅၉,၃၀၀
ဂဒ်ငယ် ၂၄-၂၅၄၅,၆၅၀
ယုဒငယ် ၂၆-၂၇၇၄,၆၀၀
ဣသခါငယ် ၂၈-၂၉၅၄,၄၀၀
ဇေဗုလုန်ငယ် ၃၀-၃၁၅၇,၄၀၀
မနာရှေငယ် ၃၄-၃၅၃၂,၂၀၀
ဗင်္ယာမိန်ငယ် ၃၆-၃၇၃၅,၄၀၀
ဒန်ငယ် ၃၈-၃၉၆၂,၇၀၀
အာရှာငယ် ၄၀-၄၁၄၁,၅၀၀
နဿလိငယ် ၄၂-၄၃၅၃,၄၀၀
စုစုပေါင်း ၆၀၃,၅၅၀

ဧဖရိမ်အမျိုးသည် မနာရှေအမျိုးထက် များပြားကြောင်း တွေ့ရသည်။ က ၄၈:၁၉-၂၀ တွင် ယာကုပ်၏ ကောင်းကြီးပေးသည့်အတိုင်း ခံစားကြသည်။ လူမျိုးနွယ်စုစာရင်းကို ဩရဿသားကြီး ရုဗင်အမျိုးမှ စတင်ဖော်ပြသည်။ ရုဗင်အမျိုး၏တပ်သည်။  တောင်ဘက်အရပ်တွင် ရှိ၍၊ ယုဒအမျိုးသည် အရှေ့ဘက်၊ ဒန်အမျိုးသည် မြောက်ဘက်၊ ဧဖရိမ်အမျိုးသည် အနောက်ဘက်တွင် ရှိသည်။

:၄၇၅၄ လေဝိအမျိုးသည် လက်နက်ကိုင် အဖွဲ့အစည်း မဟုတ်သောကြောင့် ဣသရေလတိုက်ခိုက်ရေး အင်အားတွင် ပါဝင်သည့်သွင်းခြင်းမပြု (ငယ် ၄၇)။ တဲတော် ဆောက်လုပ်ခြင်း၊ ဖျက်သိမ်းခြင်း၊ ရွှေ့ပြောင်းသယ်ဆောင်ခြင်းတာဝန်ယူရသည်။ ဘုရားသခင်နှင့် ဣသရေလအမျိုးအား ဆက်သွယ်ရေးတာဝန်ယူရသည်။ တပ်ချလျှင်လည်း တဲတော်ပတ်ဝန်းကျင်တွင် အနီးကပ် လုံခြုံရေး တာဝန်ယူရသည် (ငယ် ၅၃)။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။