နေဟမိမှတ်စာ - ၁၀
နေဟမိမှတ်စာ - ၁၀ (အနက်ဖွင့်)
၁၀:၁–၂၇ ဤကျမ်းချက်တွင် လူထုပရိသတ်ကိုယ်စား ပဋိညာဉ်ဖွဲ့သူများ အမည်စာရင်းတွင် တွေ့ရသည် (၉:၃၈)။ နေဟမိ၏ နာမည်ကို ထိပ်ဆုံးတင်ထားသည် (ငယ် ၁)။ သူ့နောက်မှ ယဇ်ပုရောဟိတ်များ (ငယ် ၂-၈)၊ လေဝိအမျိုးသားများ (ငယ် ၉-၁၃)၊ လူမျိုးနွယ်စုခေါင်းဆောင်များ (၄-၂၇)ဟူ၍ အစဉ်လိုက် ဖော်ပြထားသည်။
၁၀:၂၈–၂၉ လက်ရှိလူများနှင့်တကွ နောင်လာနောက်သားသမီးများသည်လည်း ဘုရားသခင်၏ ပညတ်တော်များကို လိုက်နာမည့်အကြောင်းနှင့် အမိန့်တော်များအား တသွေမသိမ်း စောင့်ထိန်းကြမည့်အကြောင်း ပဋိညာဉ်ပြုချက်ဖြစ်သည်။
၁၀:၃၀–၃၈ အငယ် (၃၀)တွင်အထူးသဖြင့် မိမိတို့သားသမီးများအား လူမျိုးခြားနှင့် အိမ်ထောင်မပြုရန် ကြပ်တည်းစွာတားမြစ်သည်။ ဥပုသ်နေ့နှင့် ဥပုသ်နှစ်ကိုလည်း မကျိုးစေရ (ငယ် ၃၁)။ ဗိမာန်တော် အလှူတော်ငွေများကိုလည်း သစ္စာရှိစွာ ပေးလှူရသည် (ငယ် ၃၂၊၃၃)။ ယဇ်ပုလ္လင်မီးရှို့ရာ ထင်းကိုလည်း အလုံအလောက်ပံ့ပိုးရသည် (ငယ် ၃၄)။ သားဦ: ပူဇော်ခြင်း ရွေးနှုတ်ခ အဖိုးငွေနှင့် အဦးသီးများကို ဗိမာန်တော်သို့ မှန်ကန်စွာ ယူဆောင်လာ၍ ယဇ်ပုရောဟိတ်များနှင့် လေဝိသားများကို ထောက်ပံ့ရသည်။ ဆယ်ဘို့တဘို့ကိုလည်း မချို့ယွင်းစေရ (ငယ်၃၅-၃၉)။
ယုံကြည်ခြင်း ခိုင်မြဲစေရန် ပဋိညာဉ်ဖြင့် ဖွဲ့နှောင်ကြသည်။ အငယ် ၃၀၊ ၃၁မှလွဲ၍ ကျန်အချက်များသည် ဗိမာန်တော်နှင့် သက်ဆိုင်သည်။
၁၀:၃၉ “ဘုရားသခင်၏ အိမ်တော်ကို စွန့်ပစ်မထားရကြ“ ဟူသော ပဋိညာဥ်သည် ယုဒတမျိုးသားလုံးနှင့် သက်ဆိုင်သည်။ ထိုစဉ်ကာလ လူသားများမှ လွဲ၍နောင်လာနောက်သားများသည် အပြင်ပန်း သဏ္ဍာန်အားဖြင့် ယုံကြည်ခြင်းရှိကြဟန်တူသော်လည်း ပဋိညာဉ်ဖွဲ့ချက် လေးလံလွန်းသောကြောင့် မရှူနိုင် မကယ်နိုင်၊ ချို့ယွင်းယိမ်းသည်။ သို့ကြောင့် ခရစ်တော်က ကရုဏာတော်သက်ရောက်ခဲ့သည်။ မည်သို့ပင်စေကာမူ၊ အပြစ်ကင်းစင်၍ ဘုရားတရားကိုင်းရှိုင်းခြင်းသည် ယေဟောဝါဘုရား၏ စိတ်တော်နှင့် ထိတွေ့ပျော်ရွှင်စေရာ ဖြစ်သည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။