မိက္ခာအနာဂတ္တိကျမ်း - ၅
မိက္ခာအနာဂတ္တိကျမ်း - ၅ (အနက်ဖွင့်)
၆။ မေရှိယကြွလာမည့်အကြောင်းကတိတော်(အခန်း၅)
၅:၁ ဤကျမ်းပိုဒ်သည် မိက္ခာအနာဂတ္တိကျမ်းရေးချိန်တွင် တိုင်းသူပြည်သားများ၏ ဘဝမြင်ကွင်းဖြစ်သည်။ ဣသရေလဟူသော ယုဒများ ဗာဗုလုန်စစ်သားများက ဝိုင်းရန်ဖို့ပြင်ဆင်နေပုံ၊ ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံမည့်အကြောင်းဖြစ်သည်။ သနာခရိပ်မင်းက ပြက်ရယ်ပြုသော ဟေဇကိမင်း၊ ဟို့မဟုတ် နေဗုခပ်နေဇာမင်း ချိုးနှိမ်သော ဇေဒကိမင်းကို ရည်ညွှန်းခြင်းဖြစ်နိုင်သည်။
၅:၂ ဤကျမ်းပိုဒ်သည် ဣရေလတို့၏ အရှင်သခင်၊ ရှေးကပ်ကမ္ဘာမှစ၍ နိစ္စထာဝရပေါ်ထွန်းတော်မူသောသူ ဖွားမြင်တော်မူမည့်အကြောင်း ဗျာဒိတ်တော်ဖြစ်သည်။ ဤကျမ်းစကားအားဖြင် နိစ္စထာဝရစိုးစံသော မေရှိယသခင်၏ဇာတိတော်ကို သိရှိခွင့်ရသည်။ ထိုခေတ်ကာလ၌ ဗက်လင်မြို့ နှစ်မြို့ရှိခဲ့သည်။ ထိုကြောင့်ကွဲပြားအောင်မိက္ခာက ရှင်းပြခြင်းဖြစ်သည်။ ဗက်လင်ဧဖရတ်မှာ ယေရုရှလင် မြို့တောင်ဘက်(၆)မိုင်အကွာတွင် ရှိသည်။ ဤကျမ်းပိုဒ်သည် အပိုဒ်ငယ်(၁)နှင့် အခြေအနေပြောင်းပြန်ဖြစ်စေ၏။ လတ်တလောကာလတွင် ဣသရေလတို့သည် မျက်စိသူငယ် နားသူငယ်ဖြစ်ကြသေ်လည်း မေရှိယသခင်ပေါ်ထွန်းလာသောအခါ အခြေအနေက ဇောက်ထိုးပြောင်းပြန် ဖြ်သွားမည်။
၅:၃ ဣသရေလသမိုင်းကို (၃)ဆင့် ခွဲခြားထာသည်။ (၁) ယေရှုခရစ်တော်ကို ငြင်းပယ်ခဲ့သောကြောင့် စွန့်ပစ်ခံရသည်။ သို့ဖြင့်မျက်မှောက်ကာလဖြင့်သည့် ကျေးဇူးတော်ကာလဖြစ်ပေါ်စေ်စေ။ (၂) လူမျိုးတော်အား ဒုက္ခဆင်းရဲခံရမည့် အချိန်ကာလကစောင့်နေသည်။ ဘေးဒဏ်ကြီးကာလပင် ဖြစ်သည်။ (၃)ထိုနှစ်ဆင့်ပြီးနောက် ဣသရေလလူမျိုးပြန်လည်မွေးဖွားမည်။ ၎င်းမှာမယုံကြည်သူများထဲမှ ကျန်ကြွင်းသောယုံကြည်သူများ ဖြစ်သည်(Scofield)။ ကျန်ကြွင်းသောဣသရေလများကို ဘူမိနက်သန်သို့ ပြန်လည်စုစည်းစေလျက် ခရစ်တော်အုပ်စိုးလိမ့်မည်။
၅:၄–၆ ခရစ်တော်၏သိုးထိန်းများ ကမ္ဘာတဝှမ်းရှိ ဣသရေလများကို စောင့်ရှောက် ဂရုစိုက်ကြမည်။ အာရှုရိစစ်သားများက ယေရုရှလင် လာရောက်တိုက်ခိုက်လျှင်လည်း မေရှိယသခင်က တွန်းလှန်ချေမှုန်းနိုင်ဖို့ အင်အားကို အလုံအလောက်ပေးမည်။ “သိုးထိန်းခုနှစ်ပါးနှင့် လူကြီးရှစ်ပါး” ဆိုသည်မှာ အာရှုရိရန်ကို ခုခံတွန်းလှန်နိုင်မည့် ခေါင်းဆောင် တစ်ဆယ့်ငါးပါးပေါ်ထွန်းလာမည်ဟု အတိအကျဆိုလိုခြင်းမဟုတ်။ လင်္ကာဗေဒအရ ကိန်းဂဏန်းတွဲလိုက်လာလျှင် အထူးအဓိပ္ပါယ်ရှိသည်။၄၎င်းမှာ လုံလောက်သော အရေအတွက်ရှိခြင်း၊ ပြည့်စုံကုံလုံခြင်းကို ရည်ညွှန်းသည်။
၅:၇–၉ ထိုအခါ ဣသရေလတို့သည် ကောင်းချီးနှင့် ပြည့်ဝကြမည်။ ခြင်္သေ့မင်းနှယ် ရို့ကျိုးခန့်ညားခံရမည်။ ဘုရားသခင်အားတုပြိုင်လာသမျှ ရန်သူများအား ချေမှုန်းနိုင်လိမ့်မည်။
၅:၁၀–၁၅ ထိုကာလ၌ ဣသရေလတို့သည် သန့်ရှင်းစင်ကြယ်ခံရကြမည်။ တိုက်မြင်းများစစ်ရထားများနှင့် အုတ်မြို့ရိုးတို့ကိုလည်း လိုအပ်တော့မည်မဟုတ်။ စုန်း၊ မှော်အတတ်နှင့် ရှေ့ဖြစ်နောက်ဖြစ်ဟောသူများ ပယ်ရှင်းမည်။ လက်လုပ်ဘုရားရုပ်တုများ နတ်ကွန်းများကို ဖြိုလှဲဖျက်ဆီးပစ်မည်။ ဘုရားသခင်၏အငြိုးအတေးသည် ရန်သူတိုင်းနိုင်ငံ လူမျိုးတို့အပေါ်ကြရောက်မည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။